iMyanmarHouse.com - Best Property Website for Myanmar
×


လူတိုင္း လူတိုင္းမွာ မတူညီတဲ့ ကိုယ္ပိုင္ အစြမ္းအစတမ်ိဳးစီ ရွိေနတတ္ၾကၿပီး တခါတရံမွာေတာ့ မိမိရဲ႕အမူအက်င့္တခ်ိဳ႕ဟာ ကိုယ္ပိုင္အစြမ္းအစေတြကို ဖ်က္ဆီးမိသလို ျဖစ္ေနတတ္ပါတယ္။ ဘဝမွာ ေအာင္ျမင္ေပ်ာ္႐ႊင္ေနေစဖို႔အတြက္ မိမိရဲ႕ ကိုယ္ပိုင္ အစြမ္းအစေတြကို ဖ်က္ဆီးေနတဲ့ ဒီအမူအက်င့္ေတြကို စြန႔္လႊတ္သင့္ပါတယ္။

(၁) ပ်င္းရိျခင္း

မိမိဟာ ဘယ္ေလာက္ပဲေတာ္ေန၊ တတ္ေနသူ တဦးပဲျဖစ္ပါေစ ပ်င္းရိေနမယ္ဆိုရင္ေတာ့ တိုးတက္သင့္သေလာက္ မတိုးတက္ဘဲ ျဖစ္ေနမွာအမွန္ပါပဲ။ ပ်င္းရိတဲ့ အက်င့္ဟာ သင့္ကိုယ္ပိုင္အစြမ္းအစေတြကို အဟန႔္အတားျဖစ္ေစတာေၾကာင့္ အျမန္ဆုံးစြန႔္လႊတ္သင့္တဲ့ အက်င့္ဆိုးတခုပဲျဖစ္ပါတယ္။

(၂) မိမိကိုယ္ကို သူတပါးနဲ႔ ႏႈိင္းယွဥ္ျခင္း

ဒါကေတာ့ လူေတာ္ေတာ္မ်ားမ်ားမွာ ျဖစ္တတ္တဲ့ စိတ္ပိုင္းဆိုင္ရာအားနည္းခ်က္ တခုပဲျဖစ္ၿပီး ဒါဟာဆိုရင္လည္း ငယ္စဥ္တည္းက လူႀကီးမိဘေတြရဲ႕ သူတပါးနဲ႔ ႏႈိင္းယွဥ္ေျပာဆိုခံရမႈေတြရဲ႕ စိတ္ဒဏ္ရာတခုလို ျဖစ္ေနတာေၾကာင့္လည္း ပါပါတယ္။ ဒီလိုႏႈိင္းယွဥ္ျခင္းဟာ မိမိအတြက္ ဘာအက်ိဳးရလဒ္မွ မရရွိေစႏိုင္တဲ့အျပင္ သိမ္ငယ္စိတ္ေတြပါ ဝင္လာႏိုင္ေစတာေၾကာင့္ ႀကိဳးစားၿပီးစြန႔္လႊတ္သင့္တဲ့ အေလ့အက်င့္တခုပဲ ျဖစ္ပါတယ္။

(၃) ကိုယ့္ကိုယ္ကို ႏွိမ့္ခ်လြန္းျခင္း

ကိုယ့္ကိုယ္ကိုႏွိမ့္ခ်ၿပီး ေျပာဆိုဆက္ဆံတယ္ဆိုတာဟာ ေကာင္းတဲ့အေလ့အက်င့္တခုလု႔ိ ေျပာလို႔ရေပမယ့္ လိုတာထက္ပိုၿပီး ႏွိမ့္ခ်လြန္းရင္ေတာ့ ဒါဟာအက်င့္တခုလိုျဖစ္သြားၿပီး ဘယ္အရာမဆို အရႈံးေပးခ်င္စိတ္ေတြပါ ဝင္လာႏိုင္ပါတယ္။ စိတ္ပညာရွင္ေတြရဲ႕အဆိုအရ မိမိကိုယ္ကို အရႈံးသမားတဦးအျဖစ္ျမင္ၿပီး စိတ္က်ေဝဒနာခံစားေနရသူေတြဟာ ကိုယ့္ကိုယ္ကို လိုတာထက္ပိုၿပီး ႏွိမ့္ခ်လြန္းတာေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။

(၄) အေတြးလြန္ျခင္း

ဘယ္ကိစၥမဆို အေတြးလြန္ျခင္းဟာ ေကာင္းတဲ့အရာေတြ ျဖစ္လာဖို႔ထက္ စိတ္ဓာတ္က်အားငယ္ျခင္းေတြကိုသာ ျဖစ္ေပၚေစႏိုင္တာေၾကာင့္ မိမိရဲ႕ကိုယ္ပိုင္အစြမ္းအေစေတြကို မထိခိုက္ေစဖို႔ အေတြးလြန္တတ္တဲ့အက်င့္ကိုလည္း ႀကိဳးစားၿပီး ေဖ်ာက္ဖ်က္သင့္ပါတယ္။

(၅) အခ်ိန္ဆြဲျခင္း

အခ်ိန္ဆြဲျခင္းဟာ ေခတၱခဏေတာ့ အနည္းငယ္ သက္ေသာင့္သက္သာျဖစ္သြားတယ္လို႔ ထင္ရေပမယ့္ ေရရွည္မွာဆိုရင္ေတာ့ ကိုယ့္ကိုယ္ကို ယုံၾကည္မႈေလ်ာ့နည္းလာေစႏိုင္တာေၾကာင့္ စြန႔္လြတ္သင့္တဲ့ အက်င့္ဆိုးတခုပဲ ျဖစ္ပါတယ္။

Credit: irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

လူတိုင်း လူတိုင်းမှာ မတူညီတဲ့ ကိုယ်ပိုင် အစွမ်းအစတမျိုးစီ ရှိနေတတ်ကြပြီး တခါတရံမှာတော့ မိမိရဲ့အမူအကျင့်တချို့ဟာ ကိုယ်ပိုင်အစွမ်းအစတွေကို ဖျက်ဆီးမိသလို ဖြစ်နေတတ်ပါတယ်။ ဘဝမှာ အောင်မြင်ပျော်ရွှင်နေစေဖို့အတွက် မိမိရဲ့ ကိုယ်ပိုင် အစွမ်းအစတွေကို ဖျက်ဆီးနေတဲ့ ဒီအမူအကျင့်တွေကို စွန့်လွှတ်သင့်ပါတယ်။

(၁) ပျင်းရိခြင်း

မိမိဟာ ဘယ်လောက်ပဲတော်နေ၊ တတ်နေသူ တဦးပဲဖြစ်ပါစေ ပျင်းရိနေမယ်ဆိုရင်တော့ တိုးတက်သင့်သလောက် မတိုးတက်ဘဲ ဖြစ်နေမှာအမှန်ပါပဲ။ ပျင်းရိတဲ့ အကျင့်ဟာ သင့်ကိုယ်ပိုင်အစွမ်းအစတွေကို အဟန့်အတားဖြစ်စေတာကြောင့် အမြန်ဆုံးစွန့်လွှတ်သင့်တဲ့ အကျင့်ဆိုးတခုပဲဖြစ်ပါတယ်။

(၂) မိမိကိုယ်ကို သူတပါးနဲ့ နှိုင်းယှဉ်ခြင်း

ဒါကတော့ လူတော်တော်များများမှာ ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းချက် တခုပဲဖြစ်ပြီး ဒါဟာဆိုရင်လည်း ငယ်စဉ်တည်းက လူကြီးမိဘတွေရဲ့ သူတပါးနဲ့ နှိုင်းယှဉ်ပြောဆိုခံရမှုတွေရဲ့ စိတ်ဒဏ်ရာတခုလို ဖြစ်နေတာကြောင့်လည်း ပါပါတယ်။ ဒီလိုနှိုင်းယှဉ်ခြင်းဟာ မိမိအတွက် ဘာအကျိုးရလဒ်မှ မရရှိစေနိုင်တဲ့အပြင် သိမ်ငယ်စိတ်တွေပါ ဝင်လာနိုင်စေတာကြောင့် ကြိုးစားပြီးစွန့်လွှတ်သင့်တဲ့ အလေ့အကျင့်တခုပဲ ဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကို နှိမ့်ချလွန်းခြင်း

ကိုယ့်ကိုယ်ကိုနှိမ့်ချပြီး ပြောဆိုဆက်ဆံတယ်ဆိုတာဟာ ကောင်းတဲ့အလေ့အကျင့်တခုလု့ိ ပြောလို့ရပေမယ့် လိုတာထက်ပိုပြီး နှိမ့်ချလွန်းရင်တော့ ဒါဟာအကျင့်တခုလိုဖြစ်သွားပြီး ဘယ်အရာမဆို အရှုံးပေးချင်စိတ်တွေပါ ဝင်လာနိုင်ပါတယ်။ စိတ်ပညာရှင်တွေရဲ့အဆိုအရ မိမိကိုယ်ကို အရှုံးသမားတဦးအဖြစ်မြင်ပြီး စိတ်ကျဝေဒနာခံစားနေရသူတွေဟာ ကိုယ့်ကိုယ်ကို လိုတာထက်ပိုပြီး နှိမ့်ချလွန်းတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

(၄) အတွေးလွန်ခြင်း

ဘယ်ကိစ္စမဆို အတွေးလွန်ခြင်းဟာ ကောင်းတဲ့အရာတွေ ဖြစ်လာဖို့ထက် စိတ်ဓာတ်ကျအားငယ်ခြင်းတွေကိုသာ ဖြစ်ပေါ်စေနိုင်တာကြောင့် မိမိရဲ့ကိုယ်ပိုင်အစွမ်းအစေတွေကို မထိခိုက်စေဖို့ အတွေးလွန်တတ်တဲ့အကျင့်ကိုလည်း ကြိုးစားပြီး ဖျောက်ဖျက်သင့်ပါတယ်။

(၅) အချိန်ဆွဲခြင်း

အချိန်ဆွဲခြင်းဟာ ခေတ္တခဏတော့ အနည်းငယ် သက်သောင့်သက်သာဖြစ်သွားတယ်လို့ ထင်ရပေမယ့် ရေရှည်မှာဆိုရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းလာစေနိုင်တာကြောင့် စွန့်လွတ်သင့်တဲ့ အကျင့်ဆိုးတခုပဲ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top