iMyanmarHouse.com - Best Property Website for Myanmar
×



G-Fatt တစ္ေယာက္ ကေလာမွာ သီခ်င္းေရးရတဲ့ ခံစားခ်က္ေလးက ရန္ကုန္မွာေတာင္ေရးလို႔ မရတဲ့ ခံစားခ်က္ မ်ိဳးပါတဲ့။ ၂၀၁၉ ခုႏွစ္မွာ အသစ္ထြက္လာမယ့္ သူ႔ရဲ႕ သီခ်င္းေလးကိုလည္း ပရိသတ္ေတြက စိတ္ဝင္စားလို႔ ေနပါတယ္။

အဆိုေတာ္ G-Fatt ရဲ႕ သီခ်င္းအသစ္ကေတာ့ တကယ္ကို ဆန္းက်ယ္ပါတယ္။ ရန္ကုန္မွာ ေရးလို႔ မရတဲ့ သီခ်င္းကို ကေလာ မွာ ေရးခဲ့တဲ့ သီခ်င္း အသစ္ေလးက ပရိသတ္ေတြအတြက္ ခံစားမႈအသစ္ျဖစ္ေစမယ္လို႔ သူကဆိုပါတယ္။

'' ၂၀၁၉ ရဲ႕ ပထမဆုံး သီခ်င္းအသစ္ တစ္ပုဒ္ကို ကေလာမွာေရးခဲ့တယ္။ ကြၽန္ေတာ္တည္းတဲ့ အခန္းရဲ႕အျပင္က ေတာင္တန္း ေတြ ပတ္ပတ္လည္ပဲ။ အဲ့ေတာင္တန္းေတြေၾကာင့္ပဲ။ သီခ်င္းအရမ္းေရးခ်င္လာတာနဲ႔ ဂစ္တာငွားၿပီး ေရးလိုက္တာ ကေလာ မွာေနတဲ့ ႏွစ္ရက္အတြင္း တစ္ပုဒ္လုံးၿပီးသြားတယ္'' ဆိုၿပီးေတာ့ ဇန္နဝါရီလ ၉ ရက္ေန႔ မနက္ပိုင္းက သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

သီခ်င္းေလးအတြက္ သံစဥ္ေတြကိုေတာ့ ရန္ကုန္ျပန္ေရာက္မွ လုပ္ေတာ့မယ္လို႔ ဆိုပါတယ္။ လက္ရွိမွာေတာ့ G-Fatt နဲ႔ နန္းဆုရတီစိုးတို႔ ခ်စ္သူ ႏွစ္ဦးဟာ မိသားစုနဲ႔ အတူ ကေလာၿမိဳ႕ေလးကို ခရီး ထြက္ေနတာျဖစ္ပါတယ္။


''အခုရန္ကုန္ေရာက္မွ တီးလုံးအတြက္ ထပ္ေခါင္းစားရဦးမယ္ေပါ့ ေသခ်ာတာေတာ့ ဒီသီခ်င္းအၾကာင္းအရာ ဟာ (ကြၽန္ေတာ့္ အတြက္) ရန္ကုန္မွာ ေရးလို႔ မရႏိုင္ ဘူးဆိုတာပဲ။ ကဲ .. ၫႊန္းတာေတြလဲ သိပ္မ်ားသြားၿပီဗ်ာ။ အေခြထဲထည့္ ျဖစ္မလား။ ဒီတိုင္းထုတ္ျဖစ္မလား၊ မသိေသးဘူး သီခ်င္းထြက္လာမွပဲ ခံစားၾကည့္ေပးၾကေတာ့ဗ်ာ'' ဆိုၿပီးေတာ့လည္း ဆက္လက္ေရးသား ခဲ့ပါေသးတယ္။

အဆိုေတာ္ G Fatt နဲ႔ နန္းဆုရတီစိုးတို႔ရဲ႕ အခ်စ္ေရးက လက္ရွိမွာ သာသာယာယာပါပဲ။နားလည္မႈေတြနဲ႔ တည္ေဆာက္ထားတဲ့ သူတို႔ရဲ႕ အခ်စ္ေရးေလးက ပရိသတ္ေတြအားက်ရတဲ့ အခ်စ္ေရးေလး တစ္ခုျဖစ္ပါတယ္။ အခ်စ္ေရးနဲ႔ ပတ္သက္လာရင္ေတာ့ အဆိုေတာ္ G-Fatt က လူေကာင္းတစ္ေယာက္လည္း မဟုတ္သလို၊ လူဆိုး တစ္ေယာက္လည္း မဟုတ္ ဘူး လို႔ မီဒီယာေတြကို ေျဖဆိုဖူးပါတယ္။


'' အခ်ိန္တိုင္းမွာ လူေကာင္းဆိုတာေတာ့ မရွိပါဘူးခင္ဗ်ာ။ အခ်ိန္တိုင္းမွာလည္း လူဆိုး ဆိုတာေတာ့ မရွိပါဘူး။ ကြၽန္ေတာ္ ထင္တာ ကေတာ့ ကြၽန္ေတာ္ကလည္း ေကာင္းလိုက္ ဆိုးလိုက္ပါပဲ။ ျပႆနာတစ္ခုမွာ ဆုံးျဖတ္တာေကာင္းသြားေပမယ့္ ေနာက္ျပႆနာ တစ္ခုမွာ ကြၽန္ေတာ္ လူဆိုးျဖစ္ရင္ ျဖစ္သြားႏိုင္တာပဲ'' လို႔ သူကဆိုပါတယ္။

နန္းဆုရတီစိုးရဲ႕ အခ်စ္ေရးကို ၂၀၁၇ခုႏွစ္ စက္တင္ဘာ(၂၅) ရက္က ထြက္ရွိထားတဲ့ ႐ူးေအာင္ခ်စ္ရသူ သီခ်င္းနဲ႔ ဆက္စပ္ၿပီး ပရိသတ္ေတြ စိတ္ဝင္စားခဲ့တာျဖစ္ပါတယ္။ နန္းဆုရတီစိုးက လက္ရွိမွာ သီခ်င္းမ်ား ဖန္တီးေနၿပီး သီခ်င္းေခြအသစ္ထြက္ဖို႔လည္း စီစဥ္ေနတယ္လို႔ သိရပါတယ္။ သူ႔ရဲ႕ ခ်စ္သူ G Fatt ကလည္း ဂီတေလာကထဲမွာ လူငယ္ေကာင္မေလးေတြရဲ႕ အားေပးမႈ အခိုင္အမာရရွိထားသူ တစ္ဦးျဖစ္ ပါတယ္။

Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

G-Fatt တစ်ယောက် ကလောမှာ သီချင်းရေးရတဲ့ ခံစားချက်လေးက ရန်ကုန်မှာတောင်ရေးလို့ မရတဲ့ ခံစားချက် မျိုးပါတဲ့။ ၂၀၁၉ ခုနှစ်မှာ အသစ်ထွက်လာမယ့် သူ့ရဲ့ သီချင်းလေးကိုလည်း ပရိသတ်တွေက စိတ်ဝင်စားလို့ နေပါတယ်။

အဆိုတော် G-Fatt ရဲ့ သီချင်းအသစ်ကတော့ တကယ်ကို ဆန်းကျယ်ပါတယ်။ ရန်ကုန်မှာ ရေးလို့ မရတဲ့ သီချင်းကို ကလော မှာ ရေးခဲ့တဲ့ သီချင်း အသစ်လေးက ပရိသတ်တွေအတွက် ခံစားမှုအသစ်ဖြစ်စေမယ်လို့ သူကဆိုပါတယ်။

'' ၂၀၁၉ ရဲ့ ပထမဆုံး သီချင်းအသစ် တစ်ပုဒ်ကို ကလောမှာရေးခဲ့တယ်။ ကျွန်တော်တည်းတဲ့ အခန်းရဲ့အပြင်က တောင်တန်း တွေ ပတ်ပတ်လည်ပဲ။ အဲ့တောင်တန်းတွေကြောင့်ပဲ။ သီချင်းအရမ်းရေးချင်လာတာနဲ့ ဂစ်တာငှားပြီး ရေးလိုက်တာ ကလော မှာနေတဲ့ နှစ်ရက်အတွင်း တစ်ပုဒ်လုံးပြီးသွားတယ်'' ဆိုပြီးတော့ ဇန်နဝါရီလ ၉ ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

သီချင်းလေးအတွက် သံစဉ်တွေကိုတော့ ရန်ကုန်ပြန်ရောက်မှ လုပ်တော့မယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ G-Fatt နဲ့ နန်းဆုရတီစိုးတို့ ချစ်သူ နှစ်ဦးဟာ မိသားစုနဲ့ အတူ ကလောမြို့လေးကို ခရီး ထွက်နေတာဖြစ်ပါတယ်။

''အခုရန်ကုန်ရောက်မှ တီးလုံးအတွက် ထပ်ခေါင်းစားရဦးမယ်ပေါ့ သေချာတာတော့ ဒီသီချင်းအကြာင်းအရာ ဟာ (ကျွန်တော့် အတွက်) ရန်ကုန်မှာ ရေးလို့ မရနိုင် ဘူးဆိုတာပဲ။ ကဲ .. ညွှန်းတာတွေလဲ သိပ်များသွားပြီဗျာ။ အခွေထဲထည့် ဖြစ်မလား။ ဒီတိုင်းထုတ်ဖြစ်မလား၊ မသိသေးဘူး သီချင်းထွက်လာမှပဲ ခံစားကြည့်ပေးကြတော့ဗျာ'' ဆိုပြီးတော့လည်း ဆက်လက်ရေးသား ခဲ့ပါသေးတယ်။

အဆိုတော် G Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးက လက်ရှိမှာ သာသာယာယာပါပဲ။နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့ရဲ့ အချစ်ရေးလေးက ပရိသတ်တွေအားကျရတဲ့ အချစ်ရေးလေး တစ်ခုဖြစ်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ အဆိုတော် G-Fatt က လူကောင်းတစ်ယောက်လည်း မဟုတ်သလို၊ လူဆိုး တစ်ယောက်လည်း မဟုတ် ဘူး လို့ မီဒီယာတွေကို ဖြေဆိုဖူးပါတယ်။

'' အချိန်တိုင်းမှာ လူကောင်းဆိုတာတော့ မရှိပါဘူးခင်ဗျာ။ အချိန်တိုင်းမှာလည်း လူဆိုး ဆိုတာတော့ မရှိပါဘူး။ ကျွန်တော် ထင်တာ ကတော့ ကျွန်တော်ကလည်း ကောင်းလိုက် ဆိုးလိုက်ပါပဲ။ ပြဿနာတစ်ခုမှာ ဆုံးဖြတ်တာကောင်းသွားပေမယ့် နောက်ပြဿနာ တစ်ခုမှာ ကျွန်တော် လူဆိုးဖြစ်ရင် ဖြစ်သွားနိုင်တာပဲ'' လို့ သူကဆိုပါတယ်။

နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး ပရိသတ်တွေ စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ် ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top