iMyanmarHouse.com - Best Property Website for Myanmar
×


ျဖစ္ရပ္မွန္ဇာတ္လမ္းကို အေျခခံျပီး ရိုက္ကူးထားတဲ့ မုန္းစြဲ ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးကေတာ့ ပရိသတ္ေတြၾကားမွာ ေတာ္ေတာ္ေလးကို ေရပန္းစားျပီး ေအာင္ျမင္မႈ ၾကီးၾကီးမားမား ရရွိခဲ့တဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။ လက္ရွိမွာလည္း မုန္းစြဲ ဇာတ္လမ္းကို ပရိသတ္ေတာင္းဆိုမႈေၾကာင့္ ရံုတင္ထားဆဲျဖစ္ပါတယ္။ ျပီးေတာ့ မုန္းစြဲ ဇာတ္လမ္းထဲက သရုပ္ေဆာင္ေတာ္ေတာ္မ်ားမ်ားကလည္း ဒီဇာတ္လမ္းကို ေသခ်ာေလး ျပင္ဆင္ရိုက္ကူးခဲ့တာေၾကာင့္ အကယ္ဒမီအတြက္ တစ္ေျပးေနၾကတာလည္း ျဖစ္ပါတယ္။ အကယ္ဒမီတစ္ေျပးတဲ့ စာရင္းထဲမွာေတာ့ မုန္းစြဲ ဇာတ္ကားထဲမွာ အဓိက ပါဝင္ထားတဲ့ ေအးဝတ္ရည္ေသာင္းလည္းပါဝင္ပါတယ္။


အကယ္ဒမီ ရင္ခုန္သံေတြနဲ႔ အတူ ေအးဝတ္ရည္ေသာင္းကေတာ့ “အကယ္ဒမီမွန္းေပးၾကတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ဒီလိုေပးတဲ့ အကယ္ဒမီနဲ႔တင္ ေတာ္ေတာ္ေလးကို ေပ်ာ္ဖို႔ေကာင္းေနပါျပီ။ ရတယ္ဆိုရင္ေတာ့ ေပ်ာ္တာေပါ့။ အတိုင္းထက္အလြန္ေပါ့ေနာ္။ မရဘူးဆိုရင္လည္း ေထြေထြထူးထူး အရမ္းၾကီး ဝမ္းနည္းမယ့္ထဲမွာေတာ့ မပါပါဘူး”


ေအးဝတ္ရည္ေသာင္းကေတ့ာ အႏုပညာရွင္အျဖစ္ ရပ္တည္လာတာ ႏွစ္ေတာ္ေတာ္ၾကာခဲ့ပါျပီ။ ဒါေပမယ့္လည္း လက္ရွိခ်ိန္ထိကို သူ႔ရဲ့ ခ်စ္စရာေကာင္းတဲ့ ပံုစံေလးေတြကေတာ့ ေပ်ာက္မသြားပဲ ပရိသတ္ ခ်စ္ခင္ အားေပးမႈကို ရရွိေနတုန္းပါပဲ။ Social Media ေပၚမွာလည္း ခ်စ္စရာေကာင္းတဲ့ ဓါတ္ပံုေလးေတြ ရင္ဖိုစရာေကာင္းတဲ့ ဓါတ္ပံုေလးေတြ ခႏၶာကိုယ္ေကာက္ေၾကာင္းအလွ ဓါတ္ပံုေလးေတြကိုတင္ျပီး ပရိသတ္ေတြနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးကို ရရွိထားတဲ့ မင္းသမီးတေယာက္လည္း ျဖစ္ပါတယ္။


လက္ရွိ မုန္းစြဲ ရုပ္ရွင္ဇာတ္ကားၾကီးထဲမွာေတာ့ ေအးဝတ္ရည္ေသာင္းကေတာ့ မင္းသား ေနတိုး၊ မင္းသားေက်ာ္ေက်ာ္ဗိုလ္၊ ကြယ္လြန္သြားတဲ့ မင္းသား မင္းေသြး၊ မင္းသမီး ေဖြးေဖြးတို႔နဲ႔အတူ အေကာင္းဆံုး ပံုေဖာ္ရိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ ယင္းဇာတ္လမ္းထဲမွာလည္း ေအးဝတ္ရည္ေသာင္းကေတာ့ ေသခ်ာေလးကို ျပင္ဆင္ထားတာေၾကာင့္လည္း အကယ္ဒမီရႏိုင္တယ္လို႔ ပရိသတ္ေတြရဲ့ ထင္ေၾကးေပးျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။ ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးလည္း ေအးဝတ္ရည္ေသာင္းကို မုန္းစြဲ ဇာတ္ကားနဲ႔ အကယ္ဒမီရေစခ်င္ၾကလား။

Credit: Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ မုန်းစွဲ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေကြားမှာ တော်တော်လေးကို ရေပန်းစားပြီး အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း မုန်းစွဲ ဇာတ်လမ်းကို ပရိသတ်တောင်းဆိုမှုကြောင့် ရုံတင်ထားဆဲဖြစ်ပါတယ်။ ပြီးတော့ မုန်းစွဲ ဇာတ်လမ်းထဲက သရုပ်ဆောင်တော်တော်များများကလည်း ဒီဇာတ်လမ်းကို သေချာလေး ပြင်ဆင်ရိုက်ကူးခဲ့တာကြောင့် အကယ်ဒမီအတွက် တစ်ပြေးနေကြတာလည်း ဖြစ်ပါတယ်။ အကယ်ဒမီတစ်ပြေးတဲ့ စာရင်းထဲမှာတော့ မုန်းစွဲ ဇာတ်ကားထဲမှာ အဓိက ပါဝင်ထားတဲ့ အေးဝတ်ရည်သောင်းလည်းပါဝင်ပါတယ်။

 
အကယ်ဒမီ ရင်ခုန်သံတွေနဲ့ အတူ အေးဝတ်ရည်သောင်းကတော့ “အကယ်ဒမီမှန်းပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုပေးတဲ့ အကယ်ဒမီနဲ့တင် တော်တော်လေးကို ပျော်ဖို့ကောင်းနေပါပြီ။ ရတယ်ဆိုရင်တော့ ပျော်တာပေါ့။ အတိုင်းထက်အလွန်ပေါ့နော်။ မရဘူးဆိုရင်လည်း ထွေထွေထူးထူး အရမ်းကြီး ဝမ်းနည်းမယ့်ထဲမှာတော့ မပါပါဘူး”


အေးဝတ်ရည်သောင်းကတေ့ာ အနုပညာရှင်အဖြစ် ရပ်တည်လာတာ နှစ်တော်တော်ကြာခဲ့ပါပြီ။ ဒါပေမယ့်လည်း လက်ရှိချိန်ထိကို သူ့ရဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေကတော့ ပျောက်မသွားပဲ ပရိသတ် ချစ်ခင် အားပေးမှုကို ရရှိနေတုန်းပါပဲ။ Social Media ပေါ်မှာလည်း ချစ်စရာကောင်းတဲ့ ဓါတ်ပုံလေးတွေ ရင်ဖိုစရာကောင်းတဲ့ ဓါတ်ပုံလေးတွေ ခန္ဓာကိုယ်ကောက်ကြောင်းအလှ ဓါတ်ပုံလေးတွေကိုတင်ပြီး ပရိသတ်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ရရှိထားတဲ့ မင်းသမီးတယောက်လည်း ဖြစ်ပါတယ်။

လက်ရှိ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ အေးဝတ်ရည်သောင်းကတော့ မင်းသား နေတိုး၊ မင်းသားကျော်ကျော်ဗိုလ်၊ ကွယ်လွန်သွားတဲ့ မင်းသား မင်းသွေး၊ မင်းသမီး ဖွေးဖွေးတို့နဲ့အတူ အကောင်းဆုံး ပုံဖော်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ယင်းဇာတ်လမ်းထဲမှာလည်း အေးဝတ်ရည်သောင်းကတော့ သေချာလေးကို ပြင်ဆင်ထားတာကြောင့်လည်း အကယ်ဒမီရနိုင်တယ်လို့ ပရိသတ်တွေရဲ့ ထင်ကြေးပေးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း အေးဝတ်ရည်သောင်းကို မုန်းစွဲ ဇာတ်ကားနဲ့ အကယ်ဒမီရစေချင်ကြလား။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top