iMyanmarHouse.com - Best Property Website for Myanmar
×


ယေန. အုိင္တီေခတ္ႀကီးမွာ လူႀကီးေရာ လူငယ္ပါ ကြန္ပ်ဴတာ ျဖင့္ ေနစဥ္ ရက္ဆက္ အလုပ္လုပ္ကုိင္ ေနက်ရျခင္းေၾကာင့္ မ်က္စိ ခြ်တ္ယြင္း၊ အားနည္းျခင္း တုိ.ျဖစ္ေပၚလာတာ ထူးဆန္းတဲ့ အရာေတာ့မဟုတ္ပါ ဘူး။ ဒီလုိ မခြ်တ္ယြင္း၊ အားမနည္းေအာင္ .ဘယ္လုိကာကြယ္ၾကမလဲ။ေအာက္ပါ နည္းလမ္းေလး ေတြ ကုိလုိက္နာေပးလုိက္ပါ။ေနရာ မွန္ပါေစသင့္ရဲ႕ကြန္ပ်ဴတာ၊ keyboard၊ mouse တုိ. ကုိ ေနရာမွန္ထားတက္ ဖုိ. အေရးၾကီးပါတယ္။

သင့္ရဲ႕ ကြန္ပ်ဴတာ screen ဟာ သင့္မ်က္လံုးကေနသင့္ရဲ႕လက္တဆန္.စာ အကြာ နဲ. မ်က္လံုးရဲ႕ ၂၀ ဒီဂရီေအာက္ နိမ့္ ေနရပါမယ္။အလင္းေရာင္သင့္ အခန္းတြင္း အလင္းေရာင္ပ်ံ႕နွံ႕ေန ပါေစ။ဒါမွ ကြန္ပ်ဴတာ screen မွလာေသာ reflection ေတြကုိ ေလွ်ာ့ခ်နုိင္မွာျဖစ္ပါတယ္။ ကြန္ပ်ဴတာ screen အား သင့္မ်က္စိ နွင့္ သင့္ေတာ္ရာ အလင္း၊အေမွာင္ setting လုပ္ထားပါ။မ်က္မွန္Anti-reflective Lenses ပါေသာ မ်က္မွန္ ကုိ တပ္ေပးျခင္းျဖင့္ ေတာက္ပေသာ အရာမွလာေသာ reflection ေတြကုိ ကာကြယ္နုိင္ ပါတယ္။

သင့္ရဲ.မ်က္စိဆရာဝန္က သင့္ အား ကြန္ပ်ဴတာ နွင့္ ထိေတြ.ေနသူမွန္းသိရင္ ထုိ Anti-reflective Lenses ထည့္ထားတဲ့ မ်က္မွန္ကုိ ညြန္းပါလိမ့္မယ္။မိနစ္ ၂၀၊ ေပ ၂၀၊ အခါ ၂၀၊ ေျခလွမ္း ၂၀ကြန္ပ်ဴတာ ႏွင့္ အလုပ္ လုပ္သူမ်ား မိနစ္ ၂၀ ေလာက္ ၾကာတုိင္း ေခါင္းကုိ ခဏေဘးကုိလွည့္ၿပီး ေပ၂၀ေလာက္ေဝးတဲ့အရာတခုခု ကုိ ၾကည့္ၾကည့္ေပးပါ။

ဒီနည္းလမ္း ဟာသင့္ရဲ႕ ပင္ပန္းေနတဲ့ မ်က္လံုးအား သက္သာရာ ရေစပါတယ္။ ေနာက္ၿပီး အခါ ၂၀ ေလာက္ မ်က္စိ အား ပိတ္လုိက္ဖြင့္ လုိက္လုပ္ၿခင္းၿဖင့္ မ်က္လံုး စိုစြတ္ၿခင္းကုိ ရယူပါ။ ၿပီးရင္ ခဏ ထုိင္ခံုမွ ထၿပီး ေျခလွမ္း ၂၀ ေလာက္လမ္းေလွ်ာက္ျခင္းျဖင့္ ေသြးလွည့္ပတ္ပါေစ။ မ်က္စဥ္း ခတ္ေပးပါလူတစ္ေယာက္ဟာ ၁ မိနစ္အတြင္း ပံုမွန္ ၁၂ ခါ မ်က္ေတာင္ခတ္ က်ပါတယ္။ ဒါေပမယ့္ ကြန္ပ်ဴတာနဲ. အလုပ္ လုပ္ေနရရင္ ၅ ခါ ေလာက္သာ မ်က္ေတာင္ခတ္ တာကုိ သင္သတိထားမိပါသလား။

အက်ိဳးဆက္အေနျဖင့္ မ်က္္စိအား ေျခာက္ကပ္ေနေစပါတယ္။ ထုိသုိ႔ ေျခာက္ကပ္မေနေအာင္ မ်က္စဥ္း ခတ္ေပးနုိင္ပါတယ္။လက္ဖဝါးအုပ္ျခင္းထုိင္ခံုေပၚတြင္ မတ္မတ္ထုိင္ၿပီး သင့္ရဲ႕လက္ဖဝါး နွစ္ခုအား ေႏြးလာသည္အထိ ပြတ္ေပးပါ။ ထုိေႏြးေနေသာ လက္ဖဝါးနဲ႕ သင့္မ်က္စိနွစ္ဖက္ကုိ ၁မိနစ္ေလာက္ဖံုး အုပ္ေပးလုိက္ပါ။သင့္မ်က္စိေညာင္းကုိက္၊ ပင္ပန္းလာတိုင္း ၂ႀကိမ္၊ ၃ႀကိမ္ေလာက္လုပ္ေပးပါ။ ထို လက္ဖဝါးမွ လာေသာ ေႏြးေထြးမူသည္ သင့္ရဲ႕ ပင္ပန္းေနေသာ မ်က္စိအား သက္သာေစပါတယ္။

မ်က္နွာသစ္ၿခင္းအားတဲ့အခ်ိန္မွာ မ်က္စိမွိတ္ၿပီး ေရေအးျဖင့္ မ်က္နွာသစ္ေပးပါ။ အင္မတန္ လန္းဆန္းျခင္း ကုိ ခံစားရပါလိမ့္မယ္။လက္ဖက္္ေျခာက္ အထုပ္ေသာက္ၿပီး သား လက္ဖက္ေျခာက္ အထုပ္ကေလး မ်ားကုိ လြင့္မပစ္ပဲ ေရခဲေသတၱာထဲထည့္ထားၿပီး အားတဲ့အခ်ိန္က်ရင္ ထုိ လက္ဖတ္ေျခာက္အထုပ္ ၂ထုပ္အား သင့္မ်က္စိ တဖတ္စီိတြင္ တင္ၿပီး အနားယူပါ။ မ်က္စိအားေအးျမ ေစပါသည္။အစားအေသာက္ဗီတာမင္ A, C, E ပါေသာ အစားအစာမ်ား ပုိစားပါ။ သံပရာရည္၊ အသီးအရြက္၊ ခရမ္းခ်ဥ္သီး၊ ဥ ႏွင့္ နုိ႕ထြက္ပစၥည္းမ်ား လဲ ပုိစားေပးပါ။မ်က္စိေရာဂါ ကင္းေဝၾကပါေစ။

Credit: Good Health

# Unicode Version ျဖင့္ ဖတ္ပါ #

ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာ ဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါ ဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် .ဘယ်လိုကာကွယ်ကြမလဲ။အောက်ပါ နည်းလမ်းလေး တွေ ကိုလိုက်နာပေးလိုက်ပါ။နေရာ မှန်ပါစေသင့်ရဲ့ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာမှန်ထားတက် ဖို. အရေးကြီးပါတယ်။

သင့်ရဲ့ ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေသင့်ရဲ့လက်တဆန်.စာ အကွာ နဲ. မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။အလင်းရောင်သင့် အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေ ပါစေ။ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။မျက်မှန်Anti-reflective Lenses ပါသော မျက်မှန် ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှလာသော reflection တွေကို ကာကွယ်နိုင် ပါတယ်။

သင့်ရဲ.မျက်စိဆရာဝန်က သင့် အား ကွန်ပျူတာ နှင့် ထိတွေ.နေသူမှန်းသိရင် ထို Anti-reflective Lenses ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀၊ ခြေလှမ်း ၂၀ကွန်ပျူတာ နှင့် အလုပ် လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏဘေးကိုလှည့်ပြီး ပေ၂၀လောက်ဝေးတဲ့အရာတခုခု ကို ကြည့်ကြည့်ပေးပါ။

ဒီနည်းလမ်း ဟာသင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀ လောက် မျက်စိ အား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀ လောက်လမ်းလျှောက်ခြင်းဖြင့် သွေးလှည့်ပတ်ပါစေ။ မျက်စဉ်း ခတ်ပေးပါလူတစ်ယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့် ကွန်ပျူတာနဲ. အလုပ် လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကို သင်သတိထားမိပါသလား။

အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။ ထိုသို့ ခြောက်ကပ်မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။လက်ဖဝါးအုပ်ခြင်းထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖဝါး နှစ်ခုအား နွေးလာသည်အထိ ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖဝါးနဲ့ သင့်မျက်စိနှစ်ဖက်ကို ၁မိနစ်လောက်ဖုံး အုပ်ပေးလိုက်ပါ။သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း ၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထို လက်ဖဝါးမှ လာသော နွေးထွေးမူသည် သင့်ရဲ့ ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။

မျက်နှာသစ်ခြင်းအားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်းခြင်း ကို ခံစားရပါလိမ့်မယ်။လက်ဖက်ခြောက် အထုပ်သောက်ပြီး သား လက်ဖက်ခြောက် အထုပ်ကလေး များကို လွင့်မပစ်ပဲ ရေခဲသေတ္တာထဲထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ် ၂ထုပ်အား သင့်မျက်စိ တဖတ်စီတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။အစားအသောက်ဗီတာမင် A, C, E ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊ အသီးအရွက်၊ ခရမ်းချဉ်သီး၊ ဥ နှင့် နို့ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။မျက်စိရောဂါ ကင်းဝေကြပါစေ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top