iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ရဲ႕ခႏၶာကိုယ္မွာ ျဖစ္ေပၚေနတဲ့ အေျပာင္းအလဲေတြကို လ်စ္လ်ဴရႈထားရင္းကေန မေတာ္တဆ စိုးရိမ္ရေလာက္တဲ့ ေရာဂါအေျခအေနထိ ျဖစ္လာခဲ့မယ္ဆိုရင္ ဘယ္လိုလုပ္ပါမလဲ?ဒါေၾကာင့္ အခုေဖာ္ျပေပးမယ့္ ေဆာင္းပါးေလးကို ဖတ္ထားလိုက္မယ္ဆိုရင္ ျဖစ္လာၿပီဆိုတဲ့အခါ ဆရာဝန္ဆီကို အခ်ိန္မွီသြားေရာက္ျပသႏိုင္ဖို႔အတြက္ တန္ဖိုးရွိလွပါတယ္။သည့္အတြက္ မည္သည့္ခႏၶာကိုယ္ အင္ၾကင္လကၡဏာေတြကို အနီးကပ္သတိထားၿပီး ေစာင့္ၾကည့္ရမလဲဆိုတာကို သိရွိႏိုင္ေစဖို႔ အခုပဲေဖာ္ျပေပးလိုက္ရပါတယ္။

ေျခာက္ေသြ႕ကြဲအက္တဲ့ႏႈတ္ခမ္း

ႏႈတ္ခမ္းအေရခြံဟာ အလႊာလိုက္ ကြာကြာက်တယ္ဆိုရင္ေတာ့ အလာဂ်ီရဲ႕ ေသခ်ာတဲ့လကၡဏာရပ္ပါပဲ။ ဒီလိုျဖစ္လာၿပီဆိုရင္ေတာ့ ကိုယ္အသုံးျပဳေနတဲ့ အလွကုန္ပစၥည္းေတြ၊ စားေသာက္တဲ့အစားအစာေတြ၊ ေဆးဝါးေတြကအစ အထူးသတိျပဳရပါမယ္။ႏႈတ္ခမ္းေထာင့္မွာ ကြဲအက္ျခင္းက ဗီတာမင္ ဘီ၊ ေအ၊ အီတို႔ နည္းပါးျခင္းကို ျပသေနပါတယ္။ မ်က္လုံးေတြ၊ ႏႈတ္ခမ္းတြ ေျခာက္ေသြ႕ေနတယ္ဆိုရင္ေတာ့ အစာေျခစနစ္နဲ႔ပတ္သက္ၿပီး ျပႆနာရွိေနပါၿပီ။ ဒါေၾကာင့္ ဒီလိုမ်ိဳးေတြ ခံစားလာရၿပီဆိုရင္ေတာ့ ဆရာဝန္နဲ႔ ျပသတာအေကာင္းဆုံးပါပဲ။

မ်က္ခုံးေမႊးကြၽတ္ျခင္း

မ်က္ခုံးထူထူေလးေတြဟာ အခုေခတ္မွာေတာ့ ေရပန္းစားေန႐ုံသာမက က်န္းမာေရးဆိုင္ရာမွာလည္း အဓိကၫႊန္ၾကားျပသေပးတဲ့ အရာတစ္ခုပါ။ ပုံမွန္မ်က္ခုံးေမႊးကြၽတ္တာေလာက္က သာမန္ဆိုေပမယ့္ အေျမာက္အျမားကြၽတ္ျခင္းေၾကာင့္ အကြက္ပါျဖစ္လာျခင္း သို႔မဟုတ္ လုံးဝမရွိေတာ့ဘူးဆိုရင္ေတာ့ ဆရာဝန္ထံခ်က္ခ်င္းသြားျပပါ။ သိုင္း႐ြိဳက္ပမာဏ မလုံေလာက္ျခင္း သို႔မဟုတ္ လြန္ကဲျခင္းနဲ႔ ဆက္စပ္ႏိုင္ပါတယ္။

လက္သည္းမ်ား က်ိဳးပဲ့ျခင္း

လက္သည္းေတြမွာ အေျပာင္းအလဲေတြျဖစ္လာၿပီဆိုရင္ တအားသိသာပါတယ္။ အေရာင္အေသြးေျပာင္းျခင္း သို႔မဟုတ္ ပုံစံေျပာင္းလဲလာျခင္းတို႔က အလန႔္တၾကားျဖစ္ေစႏိုင္တဲ့ လကၡဏာေတြပါပဲ။ ပါးလႊာေဖ်ာ့ေတာ့ေသာလက္သည္းေတြဟာ ေသြးအားနည္းျခင္းနဲ႔ သံဓာတ္ခ်ိဳ႕တဲ့ျခင္းရဲ႕ လကၡဏာေတြျဖစ္ႏိုင္ၿပီး လက္သည္းေတြဝါလာရင္ေတာ့ အသည္းဆိုင္ရာ၊ အစာအိမ္လမ္းေၾကာင့္ မူမမွန္တို႔တာေတြက ၫႊန္ျပေနတာပါ။အျဖဴအစက္ေတြနဲ႔ အစင္းေၾကာင္းေတြျဖစ္လာရင္ေတာ့ ဇင့္၊ ေကာ့ပါး၊ အိုင္အိုဒင္းတို႔ နည္းပါးျခင္းကို ျပသေနၿပီး လက္သည္းေတြလည္း က်ိဳးပဲ့လြယ္လာႏိုင္ပါတယ္။

ႏႈတ္ခမ္းသားေဖ်ာ့ေတာ့ျခင္း

ေအာက္ႏႈတ္ခမ္းေထာင့္ေတြဟာ ေရာင္ရမ္းလာၿပီး ပူစည္ေပါင္းအေသးေလးေတြေပၚလာရင္ေတာ့ ခရမ္းလြန္ေရာင္ျခည္နဲ႔ လုံးဝအထိမခံႏိုင္ျခင္းျဖစ္ဖို႔ အလားအလာမ်ားပါတယ္။ ဒီလိုအေျခအေနမ်ိဳးႀကဳံေတြ႕လာရင္ေတာ့ ေနပူထဲထြက္ျခင္းကို ေရွာင္ၾကဥ္ၿပီး ေနေရာင္ဒဏ္ကာကြယ္ေပးတဲ့ Sunscreen ပစၥည္းမ်ားအသုံးျပဳပါ။အကယ္လို႔ ႏႈတ္ခမ္းတစ္ခုလုံးဟာ နီရဲေရာင္ရမ္းလာရင္ေတာ့ အလာဂ်ီနဲ႔ပတ္သက္တာကို ၫႊန္ျပေနႏိုင္တာေၾကာင့္ ကိုယ္အသုံးျပဳတဲ့ အလွကုန္ပစၥည္းမ်ား၊ သြားတိုက္ေဆးတို႔ကို ေသခ်ာျပန္စစ္ၾကည့္၍ ဆရာဝန္နဲ႔ျပသပါ။

မ်က္ႏွာနီရဲျခင္း

အပူခ်ိန္၊ ႏွိပ္နယ္ျခင္း သို႔မဟုတ္ အရက္ေသာက္သုံးျခင္းတို႔လို အေၾကာင္းအရင္းေတြကို ခဏဖယ္ထားၿပီး မ်က္ႏွာနီရဲျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းအရင္းသုံးမ်ိဳးရွိပါတယ္။ အသက္ ၄၀ ေက်ာ္အမ်ိဳးသမီးေတြအေနနဲ႔ ေဟာ္မုန္းပမာဏေလ်ာ့နည္းျခင္းေၾကာင့္ျဖစ္ၿပီး ေသြးဆုံးခ်ိန္အစကိုၫႊန္ျပေနပါတယ္။ မ်က္ႏွာနီရဲတာအျပင္ ႐ုတ္တရက္မူးေဝျခင္းက ေသြးေပါင္အတက္အက်ျဖစ္တာကို ေဖာ္ျပေနၿပီး ေဆးအကူအညီနဲ႔ သက္သာေစႏိုင္ပါတယ္။

လက္ႏွင့္ ခႏၶာကိုယ္အေရျပားေျခာက္ေသြ႕ျခင္း

အသားအေရေတြေျခာက္ေသြ႕တယ္ဆိုတာဟာ ေဆာင္းရာသီလို ေအးတဲ့ရာသီေတြမွာျဖစ္ေလ့ရွိၿပီး စိုစြတ္မႈထိန္းေပးတဲ့ ခရင္မ္သုံးျခင္း၊ ေရမ်ားမ်ားေသာက္ျခင္း၊ ဗီတာမင္သုံးစြဲျခင္းတို႔ျပဳလုပ္မယ္ဆိုရင္ေတာ့ သက္သာေစႏိုင္ပါတယ္။ အကယ္လို႔မွ အထက္ေဖာ္ျပပါနည္းလမ္းေတြနဲ႔လည္း မသက္သာဘူးဆိုရင္ေတာ့ ဆီးခ်ိဳလကၡဏာအစျဖစ္ႏိုင္လို႔ အေရျပားဆရာဝန္နဲ႔ သြားေရာက္ျပသသင့္ပါတယ္။

ဆံပင္ကြၽတ္ျခင္း

ပုံမွန္အားျဖင့္ လူတစ္ေယာက္ဟာ တစ္ေန႔လွ်င္ ဆံပင္အေခ်ာင္းေပါင္း ၁၀၀ ခန႔္ကြၽတ္ေလ့ရွိေပမယ့္ ပုံမွန္ထက္ပိုၿပီး ဆံပင္ကြၽတ္လာတာကို သတိထားမိရင္ေတာ့ ဒီလကၡဏာေနာက္မွာ ေရာဂါေတြပုန္းေအာင္းေနႏိုင္လို႔ ဆရာဝန္နဲ႔သြားေရာက္တိုင္ပင္သင့္ပါတယ္။

Credit: Myhealthmyanmar

# Unicode Version ျဖင့္ ဖတ္ပါ #

ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကို လျစ်လျူရှုထားရင်းကနေ မတော်တဆ စိုးရိမ်ရလောက်တဲ့ ရောဂါအခြေအနေထိ ဖြစ်လာခဲ့မယ်ဆိုရင် ဘယ်လိုလုပ်ပါမလဲ?ဒါကြောင့် အခုဖော်ပြပေးမယ့် ဆောင်းပါးလေးကို ဖတ်ထားလိုက်မယ်ဆိုရင် ဖြစ်လာပြီဆိုတဲ့အခါ ဆရာဝန်ဆီကို အချိန်မှီသွားရောက်ပြသနိုင်ဖို့အတွက် တန်ဖိုးရှိလှပါတယ်။သည့်အတွက် မည်သည့်ခန္ဓာကိုယ် အင်ကြင်လက္ခဏာတွေကို အနီးကပ်သတိထားပြီး စောင့်ကြည့်ရမလဲဆိုတာကို သိရှိနိုင်စေဖို့ အခုပဲဖော်ပြပေးလိုက်ရပါတယ်။

ခြောက်သွေ့ကွဲအက်တဲ့နှုတ်ခမ်း

နှုတ်ခမ်းအရေခွံဟာ အလွှာလိုက် ကွာကွာကျတယ်ဆိုရင်တော့ အလာဂျီရဲ့ သေချာတဲ့လက္ခဏာရပ်ပါပဲ။ ဒီလိုဖြစ်လာပြီဆိုရင်တော့ ကိုယ်အသုံးပြုနေတဲ့ အလှကုန်ပစ္စည်းတွေ၊ စားသောက်တဲ့အစားအစာတွေ၊ ဆေးဝါးတွေကအစ အထူးသတိပြုရပါမယ်။နှုတ်ခမ်းထောင့်မှာ ကွဲအက်ခြင်းက ဗီတာမင် ဘီ၊ အေ၊ အီတို့ နည်းပါးခြင်းကို ပြသနေပါတယ်။ မျက်လုံးတွေ၊ နှုတ်ခမ်းတွ ခြောက်သွေ့နေတယ်ဆိုရင်တော့ အစာခြေစနစ်နဲ့ပတ်သက်ပြီး ပြဿနာရှိနေပါပြီ။ ဒါကြောင့် ဒီလိုမျိုးတွေ ခံစားလာရပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသတာအကောင်းဆုံးပါပဲ။

မျက်ခုံးမွှေးကျွတ်ခြင်း

မျက်ခုံးထူထူလေးတွေဟာ အခုခေတ်မှာတော့ ရေပန်းစားနေရုံသာမက ကျန်းမာရေးဆိုင်ရာမှာလည်း အဓိကညွှန်ကြားပြသပေးတဲ့ အရာတစ်ခုပါ။ ပုံမှန်မျက်ခုံးမွှေးကျွတ်တာလောက်က သာမန်ဆိုပေမယ့် အမြောက်အမြားကျွတ်ခြင်းကြောင့် အကွက်ပါဖြစ်လာခြင်း သို့မဟုတ် လုံးဝမရှိတော့ဘူးဆိုရင်တော့ ဆရာဝန်ထံချက်ချင်းသွားပြပါ။ သိုင်းရွိုက်ပမာဏ မလုံလောက်ခြင်း သို့မဟုတ် လွန်ကဲခြင်းနဲ့ ဆက်စပ်နိုင်ပါတယ်။

လက်သည်းများ ကျိုးပဲ့ခြင်း

လက်သည်းတွေမှာ အပြောင်းအလဲတွေဖြစ်လာပြီဆိုရင် တအားသိသာပါတယ်။ အရောင်အသွေးပြောင်းခြင်း သို့မဟုတ် ပုံစံပြောင်းလဲလာခြင်းတို့က အလန့်တကြားဖြစ်စေနိုင်တဲ့ လက္ခဏာတွေပါပဲ။ ပါးလွှာဖျော့တော့သောလက်သည်းတွေဟာ သွေးအားနည်းခြင်းနဲ့ သံဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာတွေဖြစ်နိုင်ပြီး လက်သည်းတွေဝါလာရင်တော့ အသည်းဆိုင်ရာ၊ အစာအိမ်လမ်းကြောင့် မူမမှန်တို့တာတွေက ညွှန်ပြနေတာပါ။အဖြူအစက်တွေနဲ့ အစင်းကြောင်းတွေဖြစ်လာရင်တော့ ဇင့်၊ ကော့ပါး၊ အိုင်အိုဒင်းတို့ နည်းပါးခြင်းကို ပြသနေပြီး လက်သည်းတွေလည်း ကျိုးပဲ့လွယ်လာနိုင်ပါတယ်။

နှုတ်ခမ်းသားဖျော့တော့ခြင်း

အောက်နှုတ်ခမ်းထောင့်တွေဟာ ရောင်ရမ်းလာပြီး ပူစည်ပေါင်းအသေးလေးတွေပေါ်လာရင်တော့ ခရမ်းလွန်ရောင်ခြည်နဲ့ လုံးဝအထိမခံနိုင်ခြင်းဖြစ်ဖို့ အလားအလာများပါတယ်။ ဒီလိုအခြေအနေမျိုးကြုံတွေ့လာရင်တော့ နေပူထဲထွက်ခြင်းကို ရှောင်ကြဉ်ပြီး နေရောင်ဒဏ်ကာကွယ်ပေးတဲ့ Sunscreen ပစ္စည်းများအသုံးပြုပါ။အကယ်လို့ နှုတ်ခမ်းတစ်ခုလုံးဟာ နီရဲရောင်ရမ်းလာရင်တော့ အလာဂျီနဲ့ပတ်သက်တာကို ညွှန်ပြနေနိုင်တာကြောင့် ကိုယ်အသုံးပြုတဲ့ အလှကုန်ပစ္စည်းများ၊ သွားတိုက်ဆေးတို့ကို သေချာပြန်စစ်ကြည့်၍ ဆရာဝန်နဲ့ပြသပါ။

မျက်နှာနီရဲခြင်း

အပူချိန်၊ နှိပ်နယ်ခြင်း သို့မဟုတ် အရက်သောက်သုံးခြင်းတို့လို အကြောင်းအရင်းတွေကို ခဏဖယ်ထားပြီး မျက်နှာနီရဲခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းသုံးမျိုးရှိပါတယ်။ အသက် ၄၀ ကျော်အမျိုးသမီးတွေအနေနဲ့ ဟော်မုန်းပမာဏလျော့နည်းခြင်းကြောင့်ဖြစ်ပြီး သွေးဆုံးချိန်အစကိုညွှန်ပြနေပါတယ်။ မျက်နှာနီရဲတာအပြင် ရုတ်တရက်မူးဝေခြင်းက သွေးပေါင်အတက်အကျဖြစ်တာကို ဖော်ပြနေပြီး ဆေးအကူအညီနဲ့ သက်သာစေနိုင်ပါတယ်။

လက်နှင့် ခန္ဓာကိုယ်အရေပြားခြောက်သွေ့ခြင်း

အသားအရေတွေခြောက်သွေ့တယ်ဆိုတာဟာ ဆောင်းရာသီလို အေးတဲ့ရာသီတွေမှာဖြစ်လေ့ရှိပြီး စိုစွတ်မှုထိန်းပေးတဲ့ ခရင်မ်သုံးခြင်း၊ ရေများများသောက်ခြင်း၊ ဗီတာမင်သုံးစွဲခြင်းတို့ပြုလုပ်မယ်ဆိုရင်တော့ သက်သာစေနိုင်ပါတယ်။ အကယ်လို့မှ အထက်ဖော်ပြပါနည်းလမ်းတွေနဲ့လည်း မသက်သာဘူးဆိုရင်တော့ ဆီးချိုလက္ခဏာအစဖြစ်နိုင်လို့ အရေပြားဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

ဆံပင်ကျွတ်ခြင်း

ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့လျှင် ဆံပင်အချောင်းပေါင်း ၁၀၀ ခန့်ကျွတ်လေ့ရှိပေမယ့် ပုံမှန်ထက်ပိုပြီး ဆံပင်ကျွတ်လာတာကို သတိထားမိရင်တော့ ဒီလက္ခဏာနောက်မှာ ရောဂါတွေပုန်းအောင်းနေနိုင်လို့ ဆရာဝန်နဲ့သွားရောက်တိုင်ပင်သင့်ပါတယ်။

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top