iMyanmarHouse.com - Best Property Website for Myanmar
×







Credit:Popolay

# Unicode Version ဖြင့် ဖတ်ပါ #

လက်တလောက ဘရက်ပစ်တစ်ယောက် နာမည်ကြီးဟောလိဝုဒ် သရုပ်ဆောင် မင်းသမီး Charlize Theron နဲ့ ဒိတ်နေတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သတ်ပြီး ကလေး(၄)ယောက်ကို စောင့်ရှောက်ထိန်းသိမ်းနေတဲ့ ဂျိုလီဟာ မပျော်ရွှင်ဘူးလို့ပြောကြားလာပါတယ်။

ဂျိုလီအတွက် သတင်းကောင်းလို့ပြောရမှာပဲ ဘရက်ပစ်နဲ့ Charlize တို့ဟာ အမှန်တကယ် ဒိတ်နေကြတာမဟုတ်ပါဘူးတဲ့။ Breitling လို့ခေါ်တဲ့ Watch brand တစ်ခုကို တူတူကြေငြာရိုက်ပေးရာက ခင်မင်ခဲ့တာလို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ပစ်နဲ့ Charlize တို့ကို Chateau Marmont Hotel မှာတွေ့လိုက်ရတာကလဲ သူတို့နှစ်ယောက် Breitling Watch Brand ကိုပိုပြီးလူသိများလာအောင် ပရိုမိုးရှင်း လုပ်တဲ့သဘောအနေနဲ့ ခဏတာတွဲဖြစ်နေကြတာဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။

ဂျိုလီနဲ့ Charlize တို့ဟာတစ်ချိန်က ဇာတ်ကားတစ်ကားရဲ့ ကာရိုက်တာတစ်ခုကိုလုကြရင်းပြဿနာတက်ဖူးပါတယ်။ Charlize အနေနဲ့ ဂျိုလီကို မကျေနပ်လို့ ဒီလိုတွေလုပ်နေတာလား ဆိုပြီး ပရိတ်သတ်တွေကဝေဖန်ပြောဆိုနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Charlize လိုလူတစ်ယောက်က ဂျိုလီအတွက် ပြိုင်ဘက်ဖြစ်မလာနိုင်ဘူးလို့ ပြောနေတာမျိုးတွေလဲရှိပါတယ်။

အခုတော့ ပစ်က ပြန်လည်ဖြေရှင်းလိုက်ပြီဆိုတော့ ဂျိုလီအနေနဲ့စိတ်မကောင်းဖြစ်စရာ မလိုတော့ဘူးပေါ့နော်။ ဂျိုလီနဲ့ ပစ်တို့ဟာ လက်ရှိမှာ ကွာရှင်းပြတ်စဲထားပြီး ကလေး (၆) ယောက်ကို တရားဥပဒေအရ ခွဲယူခဲ့ကြရာ ဂျိုလီကအငယ် (၄) ယောက်ကိုရရှိခဲ့ပြီး ပစ်က အကြီးနှစ်ယောက်ကိုရရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်ချိန်က လူအများလေးစားအားကျရတဲ့ သူတို့စုံတွဲကို ပြန်လည်ပေါင်းစည်း စေချင်တဲ့ လူတွေက ဒုနဲ့ဒေးပါပဲ။

သူတို့ရဲ့ ကလေးတွေကလဲ ဒီလိုမျှော်လင့်ချက်မျိုးတွေရှိနေမလားဆိုတာ မပြောနိုင်ပါဘူး။ ပရိတ်သတ်ကြီးလဲ သူတို့နှစ်ယောက်ကို ပြန်လည်ပေါင်းစည်းစေချင်တယ်ဆိုရင် သူတို့စုံတွဲကိုချစ်တယ်ဆိုရင် like&share လုပ်ဖို့လဲ မမေ့ကြနဲ့ဦးနော်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top