iMyanmarHouse.com - Best Property Website for Myanmar
×


ေနမင္းဟာ သူငယ္ခ်င္းျဖစ္သူ မိုးေအာင္ရင္ကို သြားေရာက္ေတြ႕ဆုံဖို႔စီစဥ္ထားတယ္လို႔ သိရပါတယ္။ မိုးေအာင္ရင္ က လက္ရွိမွာ မူးယစ္ေဆးဝါးလက္ဝယ္ေတြ႕ရွိမႈနဲ႔ သုံးစြဲမႈ တို႔ေၾကာင့္ အလုပ္နဲ႔ေထာင္ဒဏ္ ၁၇ ႏွစ္က်ခံ ေနရတာ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ ေနမင္းက သူငယ္ခ်င္းျဖစ္သူ သ႐ုပ္ေဆာင္မိုးေအာင္ရင္ကို ယေန႔ ဇန္နဝါရီလ ၁၅ ရက္ေန႔မွာ သြားေရာက္ေတြ႕ဆုံမယ္လို႔ သိရပါတယ္။ ေနမင္းနဲ႔ မိုးေအာင္ရင္တို႔ဟာ ဗီဒီယိုဇာတ္ကား ေတာ္ေတာ္မ်ားမ်ားမွာလည္း အတြဲညီညီပါဝင္ သ႐ုပ္ေဆာင္ ခဲ့ၾကပါတယ္။ တစ္ေယာက္ နဲ႔ တစ္ေယာက္ကလည္း အရင္းႏွီးဆုံး သူငယ္ခ်င္းေတြ ျဖစ္တယ္လို႔ သိရပါတယ္။

”အင္းစိန္ေထာင္သို႔ ၁၅. ရက္ေန႔ (အဂါေနၤ့ ) နံနက္ ၈:၃၀ နာရီတြင္သြား ေတြ႕ရမည္။ ဆရာေတာ္ဘုရား၏ေက်းဇူးေၾကာင့္သာ” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၁၃ ရက္ေန႔ ည ၉ နာရီေက်ာ္က သူ႔ရဲ့ ေဖ့စ္ဘြတ္မွာေရးသားခဲ့ပါတယ္။ အဲ့ဒီေနာက္ ပရိသတ္ တစ္ဦးက Comment ကေနတဆင့္ ”မိုးေအာင္ရင္ကိုလား? ေျပာျပေပးပါ က်န္းမာပါေစလို႔ဆုေတာင္းေပးတယ္လို႔” ေမးျမန္းခဲ့ရာမွာေတာ့ ေနမင္းက ”ဟုတ္” လို႔ ျပန္လည္ေျဖၾကားခဲ့တာကို ေတြ႕ရပါတယ္။


ေနမင္းက လက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြ လုပ္ကိုင္ေနတာျဖစ္ၿပီး နယ္ ေဖ်ာ္ေျဖေရး ခရီးစဥ္မွာလည္း သီခ်င္းေတြ သီဆို ေဖ်ာ္ေျဖရတယ္လို႔ သိရပါတယ္။ အဲ့ဒီအတြက္ သူ႔ကို ပရိသတ္ေတြ ဆုခ်တဲ့ ေငြေတြနဲ႔ အလႉအတန္း လုပ္ခဲ့ေသးတယ္လို႔ ေျပာျပထားတာေတြ႕ရပါတယ္။

” ညက ပရိသတ္ေတြ ဆုခ်တဲ့ေငြရယ္၊ ကၽြန္ေတာ့္အလႉေငြရယ္ ေပါင္းကာ ေနမင္း နဲ႔ ေဒးစြန္ပါမွပရိသတ္မ်ားေကာင္းမႈ ဟုေနာင္ဘဝေရစက္ျပန္လည္ဆုံစည္းနိုင္ရန္ ရည္စိတ္သန္၍လႉဒါန္းသမႈျပဳခဲ့ပါ၏” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၁၃ ရက္ေန႔ ေန႔လည္ ၁၂ နာရီေက်ာ္ကသူ႔ရဲ့ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။


ၿပီးခဲ့တဲ့ နိုဝင္ဘာ ၂၆ ရက္ေန႔ကလည္း ပုဇြန္ေတာင္တရား႐ုံးကေန မူးယစ္ေဆးဝါးလက္ဝယ္ေတြ႕ရွိမႈနဲ႔ သုံးစြဲမႈေတြအတြက္ အလုပ္ နဲ႔ ေထာင္ဒဏ္ ၅ႏွစ္က်ခံဖို႔ အမိန႔္ခ်ထားတာျဖစ္လို႔ စုစုေပါင္း ေထာင္ဒဏ္ ၁၇ ႏွစ္က်ခံရမွာျဖစ္ပါတယ္။ မိုးေအာင္ရင္ ဟာ မူးယစ္ပုဒ္မေတြျဖစ္တဲ့ ၁၅၊ ၁၆ (ဂ) နဲ႔ ၁၉ (က) တို႔နဲ႔ ၿမိဳ႕နယ္နဲ႔ ခရိုင္တရား႐ုံးတို႔မွာ တစ္ၿပိဳင္ထဲ တရားစြဲ ဆိုခံခဲ့ရတာ ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ေနမင္းကို ဗီဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာတာ ျဖစ္ပါတယ္။ သူ႔ဟာ ငယ္ငယ္ ကတည္းက စစ္ဗိုလ္တစ္ေယာက္ျဖစ္ဖို႔ ဝါသနာပါခဲ့ေပမယ့္ မင္းသားတစ္ေယာက္ျဖစ္လာတဲ့ အႏုပညာရွင္တစ္ေယာက္ပါပဲ။ သူ႔အေန နဲ႔ စစ္ဗိုလ္တစ္ေယာက္ကာရိုက္တာကို သ႐ုပ္ေဆာင္ရတာကလည္း ႏွစ္သက္လို႔ပါလို႔ ဆိုပါတယ္။

Credit: Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

နေမင်းဟာ သူငယ်ချင်းဖြစ်သူ မိုးအောင်ရင်ကို သွားရောက်တွေ့ဆုံဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ မိုးအောင်ရင် က လက်ရှိမှာ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှု တို့ကြောင့် အလုပ်နဲ့ထောင်ဒဏ် ၁၇ နှစ်ကျခံ နေရတာ ဖြစ်ပါတယ်။

သရုပ်ဆောင် နေမင်းက သူငယ်ချင်းဖြစ်သူ သရုပ်ဆောင်မိုးအောင်ရင်ကို ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ သွားရောက်တွေ့ဆုံမယ်လို့ သိရပါတယ်။ နေမင်းနဲ့ မိုးအောင်ရင်တို့ဟာ ဗီဒီယိုဇာတ်ကား တော်တော်များများမှာလည်း အတွဲညီညီပါဝင် သရုပ်ဆောင် ခဲ့ကြပါတယ်။ တစ်ယောက် နဲ့ တစ်ယောက်ကလည်း အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

”အင်းစိန်ထောင်သို့ ၁၅. ရက်နေ့ (အဂါင်္နေ့ ) နံနက် ၈:၃၀ နာရီတွင်သွား တွေ့ရမည်။ ဆရာတော်ဘုရား၏ကျေးဇူးကြောင့်သာ” ဆိုပြီးတော့ ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် ပရိသတ် တစ်ဦးက Comment ကနေတဆင့် ”မိုးအောင်ရင်ကိုလား? ပြောပြပေးပါ ကျန်းမာပါစေလို့ဆုတောင်းပေးတယ်လို့” မေးမြန်းခဲ့ရာမှာတော့ နေမင်းက ”ဟုတ်” လို့ ပြန်လည်ဖြေကြားခဲ့တာကို တွေ့ရပါတယ်။

နေမင်းက လက်ရှိမှာတော့ အနုပညာအလုပ်တွေ လုပ်ကိုင်နေတာဖြစ်ပြီး နယ် ဖျော်ဖြေရေး ခရီးစဉ်မှာလည်း သီချင်းတွေ သီဆို ဖျော်ဖြေရတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် သူ့ကို ပရိသတ်တွေ ဆုချတဲ့ ငွေတွေနဲ့ အလှူအတန်း လုပ်ခဲ့သေးတယ်လို့ ပြောပြထားတာတွေ့ရပါတယ်။

” ညက ပရိသတ်တွေ ဆုချတဲ့ငွေရယ်၊ ကျွန်တော့်အလှူငွေရယ် ပေါင်းကာ နေမင်း နဲ့ ဒေးစွန်ပါမှပရိသတ်များကောင်းမှု ဟုနောင်ဘဝရေစက်ပြန်လည်ဆုံစည်းနိုင်ရန် ရည်စိတ်သန်၍လှူဒါန်းသမှုပြုခဲ့ပါ၏” ဆိုပြီးတော့ ဇန်နဝါရီလ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီကျော်ကသူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း ပုဇွန်တောင်တရားရုံးကနေ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှုတွေအတွက် အလုပ် နဲ့ ထောင်ဒဏ် ၅နှစ်ကျခံဖို့ အမိန့်ချထားတာဖြစ်လို့ စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်ကျခံရမှာဖြစ်ပါတယ်။ မိုးအောင်ရင် ဟာ မူးယစ်ပုဒ်မတွေဖြစ်တဲ့ ၁၅၊ ၁၆ (ဂ) နဲ့ ၁၉ (က) တို့နဲ့ မြို့နယ်နဲ့ ခရိုင်တရားရုံးတို့မှာ တစ်ပြိုင်ထဲ တရားစွဲ ဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။ သူ့အနေ နဲ့ စစ်ဗိုလ်တစ်ယောက်ကာရိုက်တာကို သရုပ်ဆောင်ရတာကလည်း နှစ်သက်လို့ပါလို့ ဆိုပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top