iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ ၂၀ မွ ၃၀ ပတ္ဝန္းက်င္ အမ်ိဳးသားမ်ားတြင္ ညအခ်ိန္၌ စအိုတစ္ဝိုက္ယားယံျခင္း ေဝဒနာကို ခံစားရတတ္ပါသည္။ထို႔အတူ အသက္ (၄၀)ေက်ာ္ အမ်ိဳးသမီးမ်ားတြင္လည္း ကိုယ္ဝန္ေဆာင္ျခင္းႏွင့္ ခြဲစိတ္ကုသမႈ ျပဳလုပ္ၿပီးခ်ိန္တြင္ မိန္းမကိုယ္အဝ ယားယံတတ္ပါသည္။

စအိုတစ္ဝိုက္ႏွင့္ မိန္းမကိုယ္အဝ ယားယံျခင္း ျဖစ္ေစသည့္ အေၾကာင္းအရင္း အမ်ိဳးမ်ိဳးရွိေသာ္လည္း အေၾကာင္းအရာ ရွာမရဘဲ ယားေနတတ္ပါသည္။ စိတ္ပိုင္းဆိုင္ရာကိုလည္း အေႏွာက္အယွက္ျဖစ္တတ္၍ မေပါ့ဆသင့္ပါ။ ဂ႐ုစိုက္ရန္ လိုအပ္ပါသည္။

(၁) စအိုတစ္ဝိုက္ ယားယံေစေသာ အေၾကာင္းအရင္းစအိုတစ္ဝိုက္ ယားယံျခင္းသည္ စအိုတစ္ဝိုက္ ေခြၽးထြက္လြန္ကဲျခင္း မစင္စြန႔္ၿပီး စအိုကို စင္ၾကယ္ေအာင္ မေဆးျခင္းတို႔ေၾကာင့္ ျဖစ္ပြားေလ့ရွိပါသည္။ စအိုကို အထူးဂ႐ုစိုက္လြန္းကာ တစ္ေန႔လွ်င္ အႀကိမ္ႀကိမ္ေဆးျခင္းႏွင့္ ပိုးသတ္ေဆးမ်ားျဖင့္ ေဆးေၾကာျခင္းတို႔ေၾကာင့္လည္း ျဖစ္တတ္ပါသည္။ ဆရာဝန္၊ သူနာျပဳက ေပးေလ့ရွိေသာ လိမ္းေဆးမ်ားကို အသုံးလြန္ျခင္းေၾကာင့္ ျဖစ္တတ္ပါသည္။ ထို႔အျပင္ အခ်ိဳ႕ေသာပဋိဇီဝေဆးမ်ားေၾကာင့္လည္း စအိုတစ္ဝိုက္ယားယံတတ္ပါသည္။ စအိုတစ္ဝိုက္ယားယံျခင္းကို တတ္ကြၽမ္းနားလည္ေသာ ဆရာဝန္မ်ားႏွင့္ မကုသပဲ ေဆးၿမီးတို၊ စပ္ေဆးမ်ားျဖင့္ ကုသျခင္းေၾကာင့္ ပို၍ဆိုးဝါးေစပါသည္။ အခ်ိဳ႕မွာ စအိုဝ နည္းနည္းကေလးယားလာသည္ႏွင့္ ကုတ္ရမွ ေက်နပ္ၾကပါသည္။ စအိုတစ္ဝိုက္ယားယံျခင္းကို အရသာယူကာကုတ္ျခစ္ေလ့ရွိပါသည္။ ကုတ္ဖဲ့ေနျခင္းေၾကာင့္ ေရာဂါေဝဒနာ လကၡဏာမ်ားသည္ ပို၍ ဆိုးဝါးလာျခင္းျဖစ္ပါသည္။

(၂) မိန္းမကိုယ္အဝ ယားယံျခင္း ျဖစ္ေစေသာ အေၾကာင္းအရင္းအမ်ိဳးသမီးမ်ားတြင္ စြဲေနတတ္ေသာ မႈိစြဲေရာဂါတစ္မ်ိဳး (candida) ေၾကာင့္ မိန္းမကိုယ္အဝတြင္ ယားယံျခင္း ခံစားရတတ္ပါသည္။ အခ်ိဳ႕ေသာ အမ်ိဳးသမီးမ်ားမွာ ေခြၽးထြက္လြန္ကဲျခင္းႏွင့္ ေလ့က်င့္ခန္း ျပဳလုပ္ျခင္းမ်ားေၾကာင့္လည္း ယားယံတတ္ပါသည္။ အလြန္က်ပ္ေသာ အတြင္းခံ ေဘာင္းဘီမ်ားကို ဝတ္ဆင္ရာမွ ျဖစ္သူမ်ားလည္း ရွိတတ္ပါသည္။ မိန္းမကိုယ္အဝ ယားယံျခင္းေၾကာင့္ စိတ္ပူပင္ေသာကမ်ား ရရွိႏိုင္ပါသည္။ ကုတ္ဖဲ့ျခင္းေၾကာင့္ အနာမ်ားျဖစ္တတ္ပါသည္။

(၃) စအိုတစ္ဝိုက္ယားယံျခင္းကို ကုသျခင္းစအိုတစ္ဝိုက္ ယားယံေနသူမ်ား ေအာက္ပါအတိုင္း လိုက္နာရပါမည္။

    ေနာက္ေဖးသြားၿပီးတိုင္း (မစင္စြန႔္ပစ္ၿပီးတိုင္း) စအိုဝကို ေရျဖင့္ေဆးေၾကာရပါမည္။
    နံနက္တစ္ခါ၊ ညေနတစ္ခါ ေရေႏြးျဖင့္ ေရမွန္မွန္ခ်ိဳးေပး ရပါမည္။
    ညအခ်ိန္မေတာ္ စအိုဝယားလာပါက ေရထခ်ိဳးရပါမည္။
    တုပ္ေကာင္ငယ္မ်ားရွိပါက ဆရာဝန္ႏွင့္ တိုင္ပင္ၿပီး သန္ခ်ရပါမည္။
    အိပ္ရာေနရာအား သန႔္သန႔္ရွင္းရွင္း ထားရပါမည္။
    စအိုဝကို စြတ္စိုေနျခင္း မရွိေစရန္ အဝတ္သန႔္ျဖင့္သုတ္ၿပီး ကိုယ္လိမ္းေပါင္ဒါထည့္ေပးႏိုင္ပါသည္။
    စအိုကို ဒက္ေတာ(လ္) (Detol), ေအဆက္ေတာ(လ္) (Ascptol) စသည့္ ပိုးသတ္ေဆးရည္မ်ားျဖင့္ ေဆးေၾကာျခင္းကို ေရွာင္ၾကဥ္ရပါမည္။
    လိုအပ္ပါက စအိုကို သံလြင္ဆီ အနည္းငယ္သုတ္လိမ္းထားေပးႏိုင္ပါသည္။
    စအိုဝကို ကုတ္ဖဲ့ေနျခင္းအား ေရွာင္ၾကဥ္ရပါမည္။
    စအိုတစ္ဝိုက္ယားယံျခင္းကို ဆရာဝန္ၫႊန္ၾကားထားေသာ ေဆးဝါးမ်ားျဖင့္ လိမ္းရပါမည္။
    မသက္သာပါက ဓာတ္ေရာင္ျခည္ကုသနည္းကို အသုံးျပဳရပါလိမ့္မည္။
    စအိုတစ္ဝိုက္ယားယံျခင္းသည္ စိတ္ေၾကာင့္ျဖစ္ေနပါက စိတ္ေရာဂါ အထူးကုဆရာဝန္ႀကီးမ်ားႏွင့္ ကုသရပါမည္။

(၄) မိန္းမကိုယ္အဝ ယားယံျခင္းကို ကုသျခင္းမိန္းမကိုယ္အဝ ယားယံျခင္းကို ေအာက္ပါအတိုင္း ကုသႏိုင္ပါသည္။

တင္းက်ပ္ေသာ အတြင္းခံ၊ အဝတ္အစားမ်ားကို ေရွာင္ၾကဥ္ရပါမည္။
မိန္းမကိုယ္အား ပိုးသတ္ေဆးမ်ိဳးစုံျဖင့္ အႀကိမ္ႀကိမ္ေဆးေၾကာျခင္းကို ေရွာင္ၾကဥ္ရပါမည္။
နံနက္တစ္ခါ၊ ညတစ္ခါ ေရေႏြးျဖင့္ ေရမွန္မွန္ခ်ိဳးရပါမည္။
ညအခ်ိန္ ေခြၽးထြက္ပါက ေပါင္ၿခံတစ္ဝိုက္ကို သန႔္ရွင္းေသာ အဝတ္စိုစိုျဖင့္ သုတ္ေပးရပါမည္။
ဆရာဝန္ၫႊန္ၾကားခ်က္အတိုင္း လိမ္းေဆးမ်ားကို လိမ္းေပးရပါမည္။
မသက္သာပါက ဓာတ္ေရာင္ျခည္ျဖင့္ ကုသရန္ လိုအပ္ပါသည္။

အႀကံျပဳခ်က္

ခႏၶာကိုယ္ထဲတြင္ သန္ေကာင္မ်ားရွိပါက ယားယံတတ္၍ ဆရာဝန္ၫႊန္ၾကားခ်က္အတိုင္း (၆)လတစ္ႀကိမ္ သန္ခ်ႏိုင္ပါသည္။ မိမိေသြးႏွင့္ မတည့္ေသာ အစားအစာ (ဥပမာ – ဘဲဥ၊ ၾကက္ဥ၊ ေျမပဲ)မ်ားေၾကာင့္လည္း ယားယံတတ္၍ ေရွာင္ၾကဥ္ရပါမည္။ ပန္းၿခံထဲတြင္ ပန္းမ်ားပြင့္ေနခ်ိန္ ယားယံတတ္ပါက မသြားသင့္ပါ။ အိမ္ေမြးတိရစာၦန္မ်ား (ဥပမာ – ေခြး၊ ေၾကာင္)၏ အေမႊးမ်ားေၾကာင့္ ယားယံတတ္ပါက မေမြးသင့္ပါ။ တစ္ကိုယ္ရည္ သန႔္ရွင္းေရးကို ဂ႐ုစိုက္ျခင္း၊ ေခြၽးထြက္လြန္ကဲမႈမရွိေအာင္ ျပဳလုပ္ျခင္း၊ မိမိသေဘာျဖင့္ ေဆးဝါးမ်ား လိမ္းျခင္း၊ ေသာက္သုံးမႈ မျပဳလုပ္ျခင္းႏွင့္ ဆရာဝန္ၫႊန္ၾကားခ်က္အတိုင္း ေဆးကုသမႈခံယူျခင္းမ်ား ေဆာင္႐ြက္သင့္ေၾကာင္း အႀကံျပဳအပ္ပါသည္

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit: ေဒါက္တာျမင့္သန္းထြန္း, Healthcare Journal
#Unicode Version#
 အသက် ၂၀ မှ ၃၀ ပတ်ဝန်းကျင် အမျိုးသားများတွင် ညအချိန်၌ စအိုတစ်ဝိုက်ယားယံခြင်း ဝေဒနာကို ခံစားရတတ်ပါသည်။ထို့အတူ အသက် (၄၀)ကျော် အမျိုးသမီးများတွင်လည်း ကိုယ်ဝန်ဆောင်ခြင်းနှင့် ခွဲစိတ်ကုသမှု ပြုလုပ်ပြီးချိန်တွင် မိန်းမကိုယ်အဝ ယားယံတတ်ပါသည်။

စအိုတစ်ဝိုက်နှင့် မိန်းမကိုယ်အဝ ယားယံခြင်း ဖြစ်စေသည့် အကြောင်းအရင်း အမျိုးမျိုးရှိသော်လည်း အကြောင်းအရာ ရှာမရဘဲ ယားနေတတ်ပါသည်။ စိတ်ပိုင်းဆိုင်ရာကိုလည်း အနှောက်အယှက်ဖြစ်တတ်၍ မပေါ့ဆသင့်ပါ။ ဂရုစိုက်ရန် လိုအပ်ပါသည်။

(၁) စအိုတစ်ဝိုက် ယားယံစေသော အကြောင်းအရင်းစအိုတစ်ဝိုက် ယားယံခြင်းသည် စအိုတစ်ဝိုက် ချွေးထွက်လွန်ကဲခြင်း မစင်စွန့်ပြီး စအိုကို စင်ကြယ်အောင် မဆေးခြင်းတို့ကြောင့် ဖြစ်ပွားလေ့ရှိပါသည်။ စအိုကို အထူးဂရုစိုက်လွန်းကာ တစ်နေ့လျှင် အကြိမ်ကြိမ်ဆေးခြင်းနှင့် ပိုးသတ်ဆေးများဖြင့် ဆေးကြောခြင်းတို့ကြောင့်လည်း ဖြစ်တတ်ပါသည်။ ဆရာဝန်၊ သူနာပြုက ပေးလေ့ရှိသော လိမ်းဆေးများကို အသုံးလွန်ခြင်းကြောင့် ဖြစ်တတ်ပါသည်။ ထို့အပြင် အချို့သောပဋိဇီဝဆေးများကြောင့်လည်း စအိုတစ်ဝိုက်ယားယံတတ်ပါသည်။ စအိုတစ်ဝိုက်ယားယံခြင်းကို တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် မကုသပဲ ဆေးမြီးတို၊ စပ်ဆေးများဖြင့် ကုသခြင်းကြောင့် ပို၍ဆိုးဝါးစေပါသည်။ အချို့မှာ စအိုဝ နည်းနည်းကလေးယားလာသည်နှင့် ကုတ်ရမှ ကျေနပ်ကြပါသည်။ စအိုတစ်ဝိုက်ယားယံခြင်းကို အရသာယူကာကုတ်ခြစ်လေ့ရှိပါသည်။ ကုတ်ဖဲ့နေခြင်းကြောင့် ရောဂါဝေဒနာ လက္ခဏာများသည် ပို၍ ဆိုးဝါးလာခြင်းဖြစ်ပါသည်။

(၂) မိန်းမကိုယ်အဝ ယားယံခြင်း ဖြစ်စေသော အကြောင်းအရင်းအမျိုးသမီးများတွင် စွဲနေတတ်သော မှိုစွဲရောဂါတစ်မျိုး (candida) ကြောင့် မိန်းမကိုယ်အဝတွင် ယားယံခြင်း ခံစားရတတ်ပါသည်။ အချို့သော အမျိုးသမီးများမှာ ချွေးထွက်လွန်ကဲခြင်းနှင့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းများကြောင့်လည်း ယားယံတတ်ပါသည်။ အလွန်ကျပ်သော အတွင်းခံ ဘောင်းဘီများကို ဝတ်ဆင်ရာမှ ဖြစ်သူများလည်း ရှိတတ်ပါသည်။ မိန်းမကိုယ်အဝ ယားယံခြင်းကြောင့် စိတ်ပူပင်သောကများ ရရှိနိုင်ပါသည်။ ကုတ်ဖဲ့ခြင်းကြောင့် အနာများဖြစ်တတ်ပါသည်။

(၃) စအိုတစ်ဝိုက်ယားယံခြင်းကို ကုသခြင်းစအိုတစ်ဝိုက် ယားယံနေသူများ အောက်ပါအတိုင်း လိုက်နာရပါမည်။

    နောက်ဖေးသွားပြီးတိုင်း (မစင်စွန့်ပစ်ပြီးတိုင်း) စအိုဝကို ရေဖြင့်ဆေးကြောရပါမည်။
    နံနက်တစ်ခါ၊ ညနေတစ်ခါ ရေနွေးဖြင့် ရေမှန်မှန်ချိုးပေး ရပါမည်။
    ညအချိန်မတော် စအိုဝယားလာပါက ရေထချိုးရပါမည်။
    တုပ်ကောင်ငယ်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ပြီး သန်ချရပါမည်။
    အိပ်ရာနေရာအား သန့်သန့်ရှင်းရှင်း ထားရပါမည်။
    စအိုဝကို စွတ်စိုနေခြင်း မရှိစေရန် အဝတ်သန့်ဖြင့်သုတ်ပြီး ကိုယ်လိမ်းပေါင်ဒါထည့်ပေးနိုင်ပါသည်။
    စအိုကို ဒက်တော(လ်) (Detol), အေဆက်တော(လ်) (Ascptol) စသည့် ပိုးသတ်ဆေးရည်များဖြင့် ဆေးကြောခြင်းကို ရှောင်ကြဉ်ရပါမည်။
    လိုအပ်ပါက စအိုကို သံလွင်ဆီ အနည်းငယ်သုတ်လိမ်းထားပေးနိုင်ပါသည်။
    စအိုဝကို ကုတ်ဖဲ့နေခြင်းအား ရှောင်ကြဉ်ရပါမည်။
    စအိုတစ်ဝိုက်ယားယံခြင်းကို ဆရာဝန်ညွှန်ကြားထားသော ဆေးဝါးများဖြင့် လိမ်းရပါမည်။
    မသက်သာပါက ဓာတ်ရောင်ခြည်ကုသနည်းကို အသုံးပြုရပါလိမ့်မည်။
    စအိုတစ်ဝိုက်ယားယံခြင်းသည် စိတ်ကြောင့်ဖြစ်နေပါက စိတ်ရောဂါ အထူးကုဆရာဝန်ကြီးများနှင့် ကုသရပါမည်။

(၄) မိန်းမကိုယ်အဝ ယားယံခြင်းကို ကုသခြင်းမိန်းမကိုယ်အဝ ယားယံခြင်းကို အောက်ပါအတိုင်း ကုသနိုင်ပါသည်။

တင်းကျပ်သော အတွင်းခံ၊ အဝတ်အစားများကို ရှောင်ကြဉ်ရပါမည်။
မိန်းမကိုယ်အား ပိုးသတ်ဆေးမျိုးစုံဖြင့် အကြိမ်ကြိမ်ဆေးကြောခြင်းကို ရှောင်ကြဉ်ရပါမည်။
နံနက်တစ်ခါ၊ ညတစ်ခါ ရေနွေးဖြင့် ရေမှန်မှန်ချိုးရပါမည်။
ညအချိန် ချွေးထွက်ပါက ပေါင်ခြံတစ်ဝိုက်ကို သန့်ရှင်းသော အဝတ်စိုစိုဖြင့် သုတ်ပေးရပါမည်။
ဆရာဝန်ညွှန်ကြားချက်အတိုင်း လိမ်းဆေးများကို လိမ်းပေးရပါမည်။
မသက်သာပါက ဓာတ်ရောင်ခြည်ဖြင့် ကုသရန် လိုအပ်ပါသည်။

အကြံပြုချက်

ခန္ဓာကိုယ်ထဲတွင် သန်ကောင်များရှိပါက ယားယံတတ်၍ ဆရာဝန်ညွှန်ကြားချက်အတိုင်း (၆)လတစ်ကြိမ် သန်ချနိုင်ပါသည်။ မိမိသွေးနှင့် မတည့်သော အစားအစာ (ဥပမာ – ဘဲဥ၊ ကြက်ဥ၊ မြေပဲ)များကြောင့်လည်း ယားယံတတ်၍ ရှောင်ကြဉ်ရပါမည်။ ပန်းခြံထဲတွင် ပန်းများပွင့်နေချိန် ယားယံတတ်ပါက မသွားသင့်ပါ။ အိမ်မွေးတိရစ္ဆာန်များ (ဥပမာ – ခွေး၊ ကြောင်)၏ အမွှေးများကြောင့် ယားယံတတ်ပါက မမွေးသင့်ပါ။ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ခြင်း၊ ချွေးထွက်လွန်ကဲမှုမရှိအောင် ပြုလုပ်ခြင်း၊ မိမိသဘောဖြင့် ဆေးဝါးများ လိမ်းခြင်း၊ သောက်သုံးမှု မပြုလုပ်ခြင်းနှင့် ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးကုသမှုခံယူခြင်းများ ဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: ဒေါက်တာမြင့်သန်းထွန်း, Healthcare Journal
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top