iMyanmarHouse.com - Best Property Website for Myanmar
×

ပန္းေဂၚဖီက စားေကာင္း႐ံုတင္မကဘဲ ဗီတာမင္နဲ႔ အာဟာရဓာတ္ေတြလည္း ႂကြယ္ဝစြာပါဝင္ပါတယ္။ ကိုယ္ခံစြမ္းအားကို ျမင့္တင္ေပးတဲ့ အမွ်င္ဓာတ္ေတြလည္း ႂကြယ္ဝစြာပါဝင္ပါေသးတယ္။ ပန္းေဂၚဖီကို စားသံုးျခင္းအားျဖင့္ က်န္းမာေရးအတြက္ ဘယ္လိုေကာင္းက်ိဳးေလးေတြ ရရွိမလဲဆိုေတာ့

၁။ အဆစ္ေရာင္ေရာဂါအတြက္ ေကာင္းမြန္တယ္

ပန္းေဂၚဖီမွာ ဗီတာမင္ K နဲ႔ Omega 3 ဖက္တိအက္စစ္တို႔ ပါဝင္တဲ့အတြက္ေၾကာင့္ အဆစ္အျမစ္ေရာင္ရမ္းျခင္း၊ အဆစ္အျမစ္နာက်င္ကိုက္ခဲျခင္းကို သက္သာေစပါတယ္။

၂။ အစာအိမ္အနာမျဖစ္ေအာင္ ကာကြယ္ေပးတယ္

ပန္းေဂၚဖီထဲမွာ ပါဝင္တဲ့ ဓာတ္တစ္မ်ိဳးက အစာအိမ္မွာ ျပည္တည္နာ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ ပန္းေဂၚဖီရဲ႕ အမွ်င္ဓာတ္က အစာအိမ္ရဲ႕အူလမ္းေၾကာင္းက်န္းမာဖို႔အတြက္ ကူညီေပးပါတယ္။

၃။ အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ေပးတယ္

ပန္းေဂၚဖီထဲမွာ Antioxidants ေတြ ႂကြယ္ဝစြာ ပါဝင္တဲ့အတြက္ အရြယ္တင္ႏုပ်ိဳခ်င္တဲ့ အမ်ိဳးသမီးမ်ား ေန႔စဥ္မွီဝဲစားသံုးသင့္ပါတယ္။

၄။ ကင္ဆာေရာဂါကို ကာကြယ္ေပးတယ္

သုေတသနေလ့လာခ်က္မ်ားအရ ပန္းေဂၚဖီထဲမွာ ကင္ဆာေရာဂါမ်ားကို ကာကြယ္ေပးႏိုင္တဲ့ ျဒပ္ေပါင္းမ်ား ျမင့္မားစြာ ပါဝင္ပါတယ္။ ပန္းေဂၚဖီကို စားသံုးျခင္းျဖင့္ အူမႀကီးကင္ဆာ၊ အစာအိမ္ကင္ဆာနဲ႔ ရင္သားကင္ဆာျဖစ္ပြားႏႈန္းကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။

၅။ ကိုယ္ဝန္ေဆာင္အမ်ဳိးသမီးမ်ားအတြက္ သင့္ေလ်ာ္တယ္

ပန္းေဂၚဖီထဲမွာပါဝင္တဲ့ Vitamin B9 က ကိုယ္ဝန္ေဆာင္မိခင္မ်ား မီးဖြားရလြယ္ကူေစပါတယ္။

၆။ ႏွလံုးေရာဂါမျဖစ္ပြားေအာင္ ကာကြယ္ေပးတယ္

ပန္းေဂၚဖီထဲမွာ ပါဝင္တဲ့ ျဒပ္ေပါင္းတစ္မ်ိဳးက ခႏၶာကိုယ္ထဲမွာ ကိုလက္စထေရာပမာဏ ျမင့္မားေနျခင္းကို ေလ်ာ့ခ်ေပးၿပီး ႏွလံုးေရာဂါ ျဖစ္ပြားႏိုင္ေခ်ကိုလည္း ကာကြယ္ေပးပါတယ္။

၇။ ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်ေပးတယ္

ကယ္လီရီမပါဝင္တဲ့အတြက္ေၾကာင့္ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ခ်င္သူမ်ားအတြက္ ေဂၚဖီသုပ္အျဖစ္ စားသံုးသလို ဆီေလ်ာ့ၿပီး ေၾကာ္စားမယ္ဆိုရင္ေတာ့ ကိုယ္အေလးခ်ိန္က်ေစမွာပါ။

၈။ ေသြးေပါင္ခ်ိန္မွန္ေစတယ္

ပန္းေကာ္ဖီကို စားသံုးေပးျခင္းျဖင့္ ေသြးေပါင္တက္ျခင္း၊ ေသြးေပါင္က်ျခင္းမွ ကာကြယ္ေပးၿပီး ေသြးေပါင္ခ်ိန္မွန္ေအာင္ ထိန္းညွိေပးပါတယ္။

၉။ ကိုယ္ခံအားကို ျမွင့္တင္ေပးတယ္

ပန္းေဂၚဖီမွာ ဗီတာမင္နဲ႔ အာဟာရဓာတ္မ်ား ႂကြယ္ဝစြာပါဝင္တဲ့ အတြက္ေၾကာင့္ ခႏၶာကိုယ္ရဲ႕ ခုခံအားကို ျမွင့္တင္ေပးပါတယ္။ ပင္ပန္းႏြမ္းနယ္မႈကိုလည္း ေလ်ာ့ခ်ေပးၿပီး အစာေခ်စနစ္ေကာင္းမြန္ေအာင္လည္း ေဆာင္ရြက္ေပးပါတယ္။ ဗီတာမင္ ဘီ၊ မဂၢနီဆီယမ္နဲ႔ ပိုတက္ဆီယမ္ဓာတ္ေတြက ေသြးလွည့္ပတ္မႈနဲ႔ အ႐ိုးက်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:  Myfood
#Unicode Version#
 ပန်းဂေါ်ဖီက စားကောင်းရုံတင်မကဘဲ ဗီတာမင်နဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးတဲ့ အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါသေးတယ်။ ပန်းဂေါ်ဖီကို စားသုံးခြင်းအားဖြင့် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးလေးတွေ ရရှိမလဲဆိုတော့

၁။ အဆစ်ရောင်ရောဂါအတွက် ကောင်းမွန်တယ်

ပန်းဂေါ်ဖီမှာ ဗီတာမင် K နဲ့ Omega 3 ဖက်တိအက်စစ်တို့ ပါဝင်တဲ့အတွက်ကြောင့် အဆစ်အမြစ်ရောင်ရမ်းခြင်း၊ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။

၂။ အစာအိမ်အနာမဖြစ်အောင် ကာကွယ်ပေးတယ်

ပန်းဂေါ်ဖီထဲမှာ ပါဝင်တဲ့ ဓာတ်တစ်မျိုးက အစာအိမ်မှာ ပြည်တည်နာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီရဲ့ အမျှင်ဓာတ်က အစာအိမ်ရဲ့အူလမ်းကြောင်းကျန်းမာဖို့အတွက် ကူညီပေးပါတယ်။

၃။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတယ်

ပန်းဂေါ်ဖီထဲမှာ Antioxidants တွေ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အရွယ်တင်နုပျိုချင်တဲ့ အမျိုးသမီးများ နေ့စဉ်မှီဝဲစားသုံးသင့်ပါတယ်။

၄။ ကင်ဆာရောဂါကို ကာကွယ်ပေးတယ်

သုတေသနလေ့လာချက်များအရ ပန်းဂေါ်ဖီထဲမှာ ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်တဲ့ ဒြပ်ပေါင်းများ မြင့်မားစွာ ပါဝင်ပါတယ်။ ပန်းဂေါ်ဖီကို စားသုံးခြင်းဖြင့် အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်ပါတယ်။

၅။ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် သင့်လျော်တယ်

ပန်းဂေါ်ဖီထဲမှာပါဝင်တဲ့ Vitamin B9 က ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားရလွယ်ကူစေပါတယ်။

၆။ နှလုံးရောဂါမဖြစ်ပွားအောင် ကာကွယ်ပေးတယ်

ပန်းဂေါ်ဖီထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတစ်မျိုးက ခန္ဓာကိုယ်ထဲမှာ ကိုလက်စထရောပမာဏ မြင့်မားနေခြင်းကို လျော့ချပေးပြီး နှလုံးရောဂါ ဖြစ်ပွားနိုင်ချေကိုလည်း ကာကွယ်ပေးပါတယ်။

၇။ ကိုယ်အလေးချိန် လျော့ချပေးတယ်

ကယ်လီရီမပါဝင်တဲ့အတွက်ကြောင့် ကိုယ်အလေးချိန်လျော့ချချင်သူများအတွက် ဂေါ်ဖီသုပ်အဖြစ် စားသုံးသလို ဆီလျော့ပြီး ကြော်စားမယ်ဆိုရင်တော့ ကိုယ်အလေးချိန်ကျစေမှာပါ။

၈။ သွေးပေါင်ချိန်မှန်စေတယ်

ပန်းကော်ဖီကို စားသုံးပေးခြင်းဖြင့် သွေးပေါင်တက်ခြင်း၊ သွေးပေါင်ကျခြင်းမှ ကာကွယ်ပေးပြီး သွေးပေါင်ချိန်မှန်အောင် ထိန်းညှိပေးပါတယ်။

၉။ ကိုယ်ခံအားကို မြှင့်တင်ပေးတယ်

ပန်းဂေါ်ဖီမှာ ဗီတာမင်နဲ့ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်တဲ့ အတွက်ကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားကို မြှင့်တင်ပေးပါတယ်။ ပင်ပန်းနွမ်းနယ်မှုကိုလည်း လျော့ချပေးပြီး အစာချေစနစ်ကောင်းမွန်အောင်လည်း ဆောင်ရွက်ပေးပါတယ်။ ဗီတာမင် ဘီ၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေက သွေးလှည့်ပတ်မှုနဲ့ အရိုးကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:  Myfood
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top