iMyanmarHouse.com - Best Property Website for Myanmar
×


Banana လို႔ခ်စ္စနုိးေခၚၾကတဲ့ ျခိမ့္ေကကုိဟာဆိုရင္ ကြ်န္ေတာ္လြမ္းလို႔ငုိရေတာ့မယ္မမေရ ဆိုတဲ့ သီခ်င္းနဲ႔ ေပါက္လာခဲ့တဲ့ အဆိုေတာ္ေပါက္စေလးတစ္ေယာက္ျဖစ္ၾကပါတယ္။ ျခိမ့္ေကကုိ ကုိ အားေပးၾကတဲ့ ပရိသတ္ေတြကလည္း ေတာေရာျမိဳ႔ပါမက်န္ ျမန္မာနိုင္ငံအနွံ႔အျပားမွာအမ်ားၾကီးကုိရွိေနၾကတာပါ။ မၾကာေသးမီကပဲ ျခိ္မ့္ေကကိုက Red Bull ေၾကာ္ျငာကို အေပ်ာ္သေဘာနဲ႔ရိုက္ကူးေပးထားခဲ့ျပီး အဲဒီေၾကာ္ျငာကေတာ္ေတာ္ေလးကုိေပါက္လာခဲ့တာျဖစ္ပါတယ္။ ျခိ့မ့္ေကကုိက Media ေတြနဲ႔ Interview မွာ အဲဒီေၾကာ္ျငာရိုက္ျဖစ္ခဲ့ပံုနဲ႔ အျခားအနုပညာလႈပ္ရွားမႈေတြအေၾကာင္းကိုေျဖၾကားေပးထားပါတယ္။

ျခိမ့္ေကကုိ က Red Bull ေၾကာ္ျငာေလးရိုက္ျဖစ္ခဲ့ပံုုကုိ “ဒီ Red Bull ေလးကေတာ့ ကြ်န္ေတာ္ Red Bull ေလးသြားေသာက္လုိက္ရင္းကေန ကံစမ္းမဲေလးေပါက္လိုက္ေတာ့ ကြ်န္ေတာ္အင္မတန္ေပ်ာ္သြားတယ္။ အဲဒါနဲ႔ တကယ္ေပါက္ပါလားဆိုတဲ့ ခံယူခ်က္ေလးနဲ႔ ဒီ Red Bull က ကြ်န္ေတာ္လည္းအရမ္းေသာက္တဲ့ Red Bull ေလးဆုိေတာ့ ေၾကာ္ျငာေလးကုိ အေပ်ာ္ေလးရိုက္ကူးျဖစ္သြားပါတယ္”လို႔ ေျပာျပထားပါတယ္။


ျခိမ့္ေကကုိက လက္ရိွအနုပညာလႈပ္ရွားမႈေတြအေၾကာင္းကုိ “အနုပညာလႈပ္ရွားမႈအေနနဲ႔ေတာ့ ကြ်န္ေတာ္အခု Travel Idol ဆိုတဲ့ company တစ္ခုနဲ႔ေၾကာ္ျငာေလးရိုက္ဖို႔ကမ္းလွမ္းထားပါတယ္။ ေနာက္ျပီးေတာ့ ကြ်န္ေတာ္နဲ႔နာမည္တူျဖစ္တဲ့ Banana Digital Agency နဲ႔ အလုပ္ေလးလုပ္ဖို႔ရွိပါတယ္။ အခုကေတာ့ ကြ်န္ေတာ္ မမရလြမ္းလို႔သီခ်င္းကုိ MTV ရုိက္ဖို႔ကိစၥေလးတစ္ခုနဲ႔ရန္ကုန္ကိုေရာက္လာျပီး ရန္ကုန္မွာေနျဖစ္သြားတာပါ”လို႔ ေျပာျပထားပါေသးတယ္။

ျခိမ့္ေကကုိက သူ႔ကုိအားေပးတဲ့သူေတြေရာ ဆဲတဲ့သူေတြေရာကုိေမတၱာထားေၾကာင္းကုိလည္း “ကြ်န္ေတာ့္ကုိအားေပးသည္ျဖစ္ေစအားမေပးသည္ျဖစ္ေစ ဆဲသည္ျဖစ္ေစ အားလံုးကုိ ဒါေတြကုိကြ်န္ေတာ္ဘယ္လိုမွသေဘာမထားပါဘူး။ လူဆိုတာက ေဝဖန္ခံနုိင္မွတိုးတက္တာေလ။ ဒါေၾကာင့္ ကြ်န္ေတာ့္ပရိသတ္ေတြအားလံုးကိုကြ်န္ေတာ္ေမတၱာထားပါတယ္”လို႔ေျပာၾကားထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ျခိမ့္ေကကုိကုိခ်စ္ၾကလား။ ျခိမ့္ေကကုိ ရဲ႕ ကြ်န္ေတာ္လြမ္းလို႔ငုိရေတာ့မယ္မမေရဆိုတဲ့ သီခ်င္းေလးရဲ႕ MTV ကုိေရာ ဘယ္သူနဲ႔ရိုက္ေစခ်င္ၾကလဲ။ ေျပာခဲ့ၾကဦးေနာ္။

Credit: Nanmalgyi

# Unicode Version ျဖင့္ ဖတ္ပါ #

Banana လို့ချစ်စနိုးခေါ်ကြတဲ့ ခြိမ့်ကေကိုဟာဆိုရင် ကျွန်တော်လွမ်းလို့ငိုရတော့မယ်မမရေ ဆိုတဲ့ သီချင်းနဲ့ ပေါက်လာခဲ့တဲ့ အဆိုတော်ပေါက်စလေးတစ်ယောက်ဖြစ်ကြပါတယ်။ ခြိမ့်ကေကို ကို အားပေးကြတဲ့ ပရိသတ်တွေကလည်း တောရောမြို့ပါမကျန် မြန်မာနိုင်ငံအနှံ့အပြားမှာအများကြီးကိုရှိနေကြတာပါ။ မကြာသေးမီကပဲ ခြိမ့်ကေကိုက Red Bull ကြော်ငြာကို အပျော်သဘောနဲ့ရိုက်ကူးပေးထားခဲ့ပြီး အဲဒီကြော်ငြာကတော်တော်လေးကိုပေါက်လာခဲ့တာဖြစ်ပါတယ်။ ခြိ့မ့်ကေကိုက Media တွေနဲ့ Interview မှာ အဲဒီကြော်ငြာရိုက်ဖြစ်ခဲ့ပုံနဲ့ အခြားအနုပညာလှုပ်ရှားမှုတွေအကြောင်းကိုဖြေကြားပေးထားပါတယ်။

ခြိမ့်ကေကို က Red Bull ကြော်ငြာလေးရိုက်ဖြစ်ခဲ့ပုံကို “ဒီ Red Bull လေးကတော့ ကျွန်တော် Red Bull လေးသွားသောက်လိုက်ရင်းကနေ ကံစမ်းမဲလေးပေါက်လိုက်တော့ ကျွန်တော်အင်မတန်ပျော်သွားတယ်။ အဲဒါနဲ့ တကယ်ပေါက်ပါလားဆိုတဲ့ ခံယူချက်လေးနဲ့ ဒီ Red Bull က ကျွန်တော်လည်းအရမ်းသောက်တဲ့ Red Bull လေးဆိုတော့ ကြော်ငြာလေးကို အပျော်လေးရိုက်ကူးဖြစ်သွားပါတယ်”လို့ ပြောပြထားပါတယ်။

ခြိမ့်ကေကိုက လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းကို “အနုပညာလှုပ်ရှားမှုအနေနဲ့တော့ ကျွန်တော်အခု Travel Idol ဆိုတဲ့ company တစ်ခုနဲ့ကြော်ငြာလေးရိုက်ဖို့ကမ်းလှမ်းထားပါတယ်။ နောက်ပြီးတော့ ကျွန်တော်နဲ့နာမည်တူဖြစ်တဲ့ Banana Digital Agency နဲ့ အလုပ်လေးလုပ်ဖို့ရှိပါတယ်။ အခုကတော့ ကျွန်တော် မမရလွမ်းလို့သီချင်းကို MTV ရိုက်ဖို့ကိစ္စလေးတစ်ခုနဲ့ရန်ကုန်ကိုရောက်လာပြီး ရန်ကုန်မှာနေဖြစ်သွားတာပါ”လို့ ပြောပြထားပါသေးတယ်။

ခြိမ့်ကေကိုက သူ့ကိုအားပေးတဲ့သူတွေရော ဆဲတဲ့သူတွေရောကိုမေတ္တာထားကြောင်းကိုလည်း “ကျွန်တော့်ကိုအားပေးသည်ဖြစ်စေအားမပေးသည်ဖြစ်စေ ဆဲသည်ဖြစ်စေ အားလုံးကို ဒါတွေကိုကျွန်တော်ဘယ်လိုမှသဘောမထားပါဘူး။ လူဆိုတာက ဝေဖန်ခံနိုင်မှတိုးတက်တာလေ။ ဒါကြောင့် ကျွန်တော့်ပရိသတ်တွေအားလုံးကိုကျွန်တော်မေတ္တာထားပါတယ်”လို့ပြောကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ခြိမ့်ကေကိုကိုချစ်ကြလား။ ခြိမ့်ကေကို ရဲ့ ကျွန်တော်လွမ်းလို့ငိုရတော့မယ်မမရေဆိုတဲ့ သီချင်းလေးရဲ့ MTV ကိုရော ဘယ်သူနဲ့ရိုက်စေချင်ကြလဲ။ ပြောခဲ့ကြဦးနော်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top