iMyanmarHouse.com - Best Property Website for Myanmar
×


ေရခ်ိဳးျခင္းသည္ စင္ၾကယ္၏။ အသက္ကုိ ရွည္ေစတတ္၏။ ပင္ပန္းျခင္း၊ ေခၽြး၊ အညစ္အေၾကးတို႔ကို ပယ္ႏိုင္၏။ အားကိုျဖစ္ေစတတ္၏။ ၾသဇာကို လြန္စြာျဖစ္ေစတတ္၏။ေရေႏြးျဖင့္ ဦးေခါင္းကို ေဆးေလွ်ာ္ျခင္းသည္ အားကိုျဖစ္ေစတတ္၏။ ဆံပင္၊ မ်က္စိႏွင့္ မသင့္။ (ေရေႏြးျဖင့္ ေရခ်ဳိးျခင္း၊ ေခါင္းေလွ်ာ္ျခင္းသည္ ကိုယ္စင္ၾကယ္ျခင္းမွ်သာျဖစ္သည္။ ဆိုခဲ့ၿပီးေသာေရခ်ဳိးျခင္း ၏ အက်ဳိးအျပစ္မရွိၿပီ။)

ဦးေခါင္းေဆးေလွ်ာ္၍ ေရခ်ဳိးျခင္းသည္ ေရငတ္ျခင္း၊ အာေစာက္၊ ပါးစပ္ေျခာက္ျခင္းတို႔ကို ႏိုင္၏။ အညစ္အေၾကးကို စင္ၾကယ္ေစတတ္၏။ ကိုယ္၏ပူအိုက္ျခင္း၊ ဝက္ၿခံ၊ ယားနာ၊ သည္းေျခေၾကာင့္ ျဖစ္ေသာ ဦးေခါင္းနာတို႔ကို ႏိုင္၏။

ေလ၊ သလိပ္နာရွိေသာသူသည္ ေရေအးမခ်ဳိးေကာင္း၊ စဥ္းငယ္ေႏြးေသာ ေရေႏြးကိုသာ ခ်ဳိးရမည္။ ေသြးနာ၊ သည္းေျခနာရွိေသာ လူသည္လည္း ေရေႏြးမခ်ဳိးေကာင္း၊ ေရေအးကိုသာ ခ်ဳိးရမည္။( ေယာအတြင္းဝန္ ဦးဖိုးလိႈင္ ဥတုေဘာဇနသဂၤဟက်မ္း ေရတုိ႔၏ ဂုဏ္ကုိျပျခင္းမွ)

ထို႔အျပင္ မ်က္ႏွာ ပါးစပ္ရြဲ႕ေသာသူ၊ ေလနာရွိေသာသူ၊ မ်က္စိနာရွိေသာသူ၊ ခံတြင္းနာရွိေသာသူ၊ ဝမ္းေရာင္ ေသာသူ၊ ႏွာေစးေသာသူ၊ အစာမေၾကေသာသူ၊ အစာစားၿပီးေနာက္ စားေသာ အစာမေၾကေသာ သူတို႔ သည္ ေရမခ်ိဳးအပ္ကုန္ဟုလည္း ေနာက္ဆက္တြဲ ေဖၚျပထားသည္ကို ေလ့လာေတြ႕ရွိရသည္။

ေရေႏြးခ်ိဳးျခင္း၏အျပစ္

လက္ေတြ႕တြင္ စာေရးသူကိုယ္တိုင္ ေအးေသာေဆာင္းတြင္းတြင္ နံနက္ေစာေစာ လမ္းေလွ်ာက္ ေလ့က်င့္ခန္းလုပ္ၿပီး ေရေအးမခ်ဳိးႏိုင္ပါ။ ေရေႏြးစပ္ေပးသည့္ Heater တပ္ဆင္ထားၿပီး ေရေအးပိုက္ႏွင့္ ေပါင္းစပ္၍ အေတာ္အသင့္ ေႏြးေအာင္စပ္ၿပီးခ်ဳိးသည္။ တစ္ခါတစ္ရံ ေရေႏြးအစပ္မ်ားသြားလွ်င္ ခႏၶာကိုယ္ ထဲမွ အပူမထြက္သည့္အျပင္ တစ္ေနကုန္ ေညာင္းညာၿပီးေနမေကာင္း ျဖစ္သည္။ မ်က္စိလည္း ၾကည့္မ ေကာင္း မ်က္မွန္တြင္ အခိုးမ်ားရိုက္ေနသကဲ့သို႔ ခံစားရသည္။

ထို႔ေၾကာင့္ ေရေႏြးကိုေလ်ာ့ၿပီး ေရေအးကို ပို၍ ခ်ဳိးေသာအခါ အဆင္ေျပသည္။ ေရေႏြးမ်ားလွ်င္ ဆံပင္ေျခာက္ျခင္း၊ ၾကမ္းျခင္း၊ ငယ္ထိပ္မွ ဆံပင္မ်ားကၽြတ္ျခင္းကို လက္ေတြ႕ခံစားရသျဖင့္ ေရေႏြးမ်ားမ်ား စပ္၍ ခ်ဳိးျခင္းမွာ မေကာင္းပါ။

ထို႔ေၾကာင့္ မိုးတြင္း၊ ေဆာင္းတြင္း ေအးခ်မ္းေသာအခါတြင္ လူလတ္၊ လူႀကီးမ်ား ေရေႏြးစပ္ၿပီး ေရခ်ဳိးျခင္းမွာ မမွားပါ။ သို႔ေသာ္ ေရေႏြးခ်ဳိးၿပီး အပူမငုပ္ေစရန္၊ ငုပ္သြားေသာအပူမ်ား ျပန္ထြက္ေစရန္ အတြက္ ဒူးေအာက္မွ စၿပီး အထက္သို႔ ေရေအးခ်ိဳးျခင္းကို တစ္ဆင့္ၿပီးတစ္ဆင့္ တျဖည္းျဖည္း ေရေအးခ်ဳိး၍ အဆံုးသတ္ျခင္းက ပို၍ ေကာင္းမြန္ၿပီး က်န္းမာေရးႏွင့္လည္း ညီညြတ္ေစႏိုင္ေၾကာင္း တင္ျပလုိသည္။

ေရေႏြးခ်ိဳးျခင္းသည္ က်န္းမာေရးအတြက္ အေထာက္အကူလည္းျဖစ္ ၊ အက်ိဳးအျပင္ အျပစ္လည္း ရွိပါသည္။

သို႔ေသာ္ ေအးခ်မ္းေသာ ေဆာင္းရာသီတြင္ လူႀကီးမ်ားအဖို႔ ေရေအးခ်ိဳးျခင္းသည္ မျဖစ္ႏိုင္သျဖင့္ ေရေႏြးစပ္ခ်ိဳးၿပီး ျဖစ္လာမည့္ မ်က္စိေဝျခင္း ၊ အသားပတ္ျခင္း၊ ေခါင္းအံုျခင္း အျပစ္မ်ားအတြက္လည္း ကာကြယ္ႏိုင္သည့္ နည္းလမ္းမ်ားကို တင္ျပလိုက္ပါသည္။

Credit: Shan Gyi Sai Min Thant

# Unicode Version ျဖင့္ ဖတ္ပါ #

ရေချိုးခြင်းသည် စင်ကြယ်၏။ အသက်ကို ရှည်စေတတ်၏။ ပင်ပန်းခြင်း၊ ချွေး၊ အညစ်အကြေးတို့ကို ပယ်နိုင်၏။ အားကိုဖြစ်စေတတ်၏။ သြဇာကို လွန်စွာဖြစ်စေတတ်၏။ရေနွေးဖြင့် ဦးခေါင်းကို ဆေးလျှော်ခြင်းသည် အားကိုဖြစ်စေတတ်၏။ ဆံပင်၊ မျက်စိနှင့် မသင့်။ (ရေနွေးဖြင့် ရေချိုးခြင်း၊ ခေါင်းလျှော်ခြင်းသည် ကိုယ်စင်ကြယ်ခြင်းမျှသာဖြစ်သည်။ ဆိုခဲ့ပြီးသောရေချိုးခြင်း ၏ အကျိုးအပြစ်မရှိပြီ။)

ဦးခေါင်းဆေးလျှော်၍ ရေချိုးခြင်းသည် ရေငတ်ခြင်း၊ အာစောက်၊ ပါးစပ်ခြောက်ခြင်းတို့ကို နိုင်၏။ အညစ်အကြေးကို စင်ကြယ်စေတတ်၏။ ကိုယ်၏ပူအိုက်ခြင်း၊ ဝက်ခြံ၊ ယားနာ၊ သည်းခြေကြောင့် ဖြစ်သော ဦးခေါင်းနာတို့ကို နိုင်၏။

လေ၊ သလိပ်နာရှိသောသူသည် ရေအေးမချိုးကောင်း၊ စဉ်းငယ်နွေးသော ရေနွေးကိုသာ ချိုးရမည်။ သွေးနာ၊ သည်းခြေနာရှိသော လူသည်လည်း ရေနွေးမချိုးကောင်း၊ ရေအေးကိုသာ ချိုးရမည်။( ယောအတွင်းဝန် ဦးဖိုးလှိုင် ဥတုဘောဇနသင်္ဂဟကျမ်း ရေတို့၏ ဂုဏ်ကိုပြခြင်းမှ)

ထို့အပြင် မျက်နှာ ပါးစပ်ရွဲ့သောသူ၊ လေနာရှိသောသူ၊ မျက်စိနာရှိသောသူ၊ ခံတွင်းနာရှိသောသူ၊ ဝမ်းရောင် သောသူ၊ နှာစေးသောသူ၊ အစာမကြေသောသူ၊ အစာစားပြီးနောက် စားသော အစာမကြေသော သူတို့ သည် ရေမချိုးအပ်ကုန်ဟုလည်း နောက်ဆက်တွဲ ဖေါ်ပြထားသည်ကို လေ့လာတွေ့ရှိရသည်။

ရေနွေးချိုးခြင်း၏အပြစ်

လက်တွေ့တွင် စာရေးသူကိုယ်တိုင် အေးသောဆောင်းတွင်းတွင် နံနက်စောစော လမ်းလျှောက် လေ့ကျင့်ခန်းလုပ်ပြီး ရေအေးမချိုးနိုင်ပါ။ ရေနွေးစပ်ပေးသည့် Heater တပ်ဆင်ထားပြီး ရေအေးပိုက်နှင့် ပေါင်းစပ်၍ အတော်အသင့် နွေးအောင်စပ်ပြီးချိုးသည်။ တစ်ခါတစ်ရံ ရေနွေးအစပ်များသွားလျှင် ခန္ဓာကိုယ် ထဲမှ အပူမထွက်သည့်အပြင် တစ်နေကုန် ညောင်းညာပြီးနေမကောင်း ဖြစ်သည်။ မျက်စိလည်း ကြည့်မ ကောင်း မျက်မှန်တွင် အခိုးများရိုက်နေသကဲ့သို့ ခံစားရသည်။

ထို့ကြောင့် ရေနွေးကိုလျော့ပြီး ရေအေးကို ပို၍ ချိုးသောအခါ အဆင်ပြေသည်။ ရေနွေးများလျှင် ဆံပင်ခြောက်ခြင်း၊ ကြမ်းခြင်း၊ ငယ်ထိပ်မှ ဆံပင်များကျွတ်ခြင်းကို လက်တွေ့ခံစားရသဖြင့် ရေနွေးများများ စပ်၍ ချိုးခြင်းမှာ မကောင်းပါ။

ထို့ကြောင့် မိုးတွင်း၊ ဆောင်းတွင်း အေးချမ်းသောအခါတွင် လူလတ်၊ လူကြီးများ ရေနွေးစပ်ပြီး ရေချိုးခြင်းမှာ မမှားပါ။ သို့သော် ရေနွေးချိုးပြီး အပူမငုပ်စေရန်၊ ငုပ်သွားသောအပူများ ပြန်ထွက်စေရန် အတွက် ဒူးအောက်မှ စပြီး အထက်သို့ ရေအေးချိုးခြင်းကို တစ်ဆင့်ပြီးတစ်ဆင့် တဖြည်းဖြည်း ရေအေးချိုး၍ အဆုံးသတ်ခြင်းက ပို၍ ကောင်းမွန်ပြီး ကျန်းမာရေးနှင့်လည်း ညီညွတ်စေနိုင်ကြောင်း တင်ပြလိုသည်။

ရေနွေးချိုးခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူလည်းဖြစ် ၊ အကျိုးအပြင် အပြစ်လည်း ရှိပါသည်။

သို့သော် အေးချမ်းသော ဆောင်းရာသီတွင် လူကြီးများအဖို့ ရေအေးချိုးခြင်းသည် မဖြစ်နိုင်သဖြင့် ရေနွေးစပ်ချိုးပြီး ဖြစ်လာမည့် မျက်စိဝေခြင်း ၊ အသားပတ်ခြင်း၊ ခေါင်းအုံခြင်း အပြစ်များအတွက်လည်း ကာကွယ်နိုင်သည့် နည်းလမ်းများကို တင်ပြလိုက်ပါသည်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top