iMyanmarHouse.com - Best Property Website for Myanmar
×


ဆံပင္ေကာက္ထားတဲ့ ပ်ိဳေမေတြပဲျဖစ္ျဖစ္၊ နဂိုေကာက္သူေတြပဲမွာပဲျဖစ္ျဖစ္ ဆံပင္ေကာက္သားေတြကို သဘာဝက်က် ၾကာရွည္ခံ လွပေနေစဖို႔အတြက္ ထိန္းသိမ္းေစာင့္ေရွာက္မႈေတြ အနည္းနဲ႔အမ်ား လိုအပ္ပါတယ္။

လိုအပ္တဲ့ ထိန္းသိမ္းမႈေတြ မျပဳလုပ္တဲ့အခါ ေကာက္ထားတဲ့ ဆံေကသာေတြမွာ ပုံမက်ေတာ့တာမ်ိဳးေတြ ျဖစ္တတ္တာေၾကာင့္ ပ်ိဳေမတို႔အတြက္ နည္းလမ္းေကာင္းေတြကို ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။

(၁) ေခါင္းေလွ်ာ္တိုင္း ဆံပင္ေပ်ာ့ေဆး (သို႔) ေပါင္းေဆး သုံးပါ

ဆံပင္ေကာက္သားေတြ ေခ်ာေမြ႕ၿပီး သဘာဝက်က် လွပေနေစဖို႔အတြက္ ေခါင္းေလွ်ာ္တဲ့အခါတိုင္း ဆံပင္ေပ်ာ့ေဆး ဒါမွမဟုတ္ ေပါင္းေဆးတို႔ကို အသုံးျပဳေပးသင့္ပါတယ္။

(၂) ဘီးနဲ႔ ေခါင္းၿဖီးတာမ်ိဳးထက္ လက္ေခ်ာင္းေလးေတြနဲ႔ပဲ ရွင္းလင္းေပးပါ

ဘီးနဲ႔ ေခါင္းၿဖီးလိုက္ျခင္းဟာ ဆံပင္ေကာက္သားေတြကို ေျပေလ်ာ့သြားေစႏိုင္တဲ့အျပင္ ပုံမက်ေတာ့တာမ်ိဳးပါ ျဖစ္ေစႏိုင္တာေၾကာင့္ ဘီးနဲ႔ေခါင္းၿဖီးတာမ်ိဳးထက္ လက္ေခ်ာင္းေလးေတြကို အသုံးျပဳၿပီး ရွင္းလင္းေအာင္လုပ္ေပးျခင္းက ပိုမိုသင့္ေတာ္ေစပါတယ္။

(၃) ဆံပင္ေကာက္ဆီ ပုံမွန္လိမ္းေပးပါ

ဆံသား နဂိုေကာက္သူေတြပဲျဖစ္ျဖစ္ ဆံပင္ေကာက္ထားသူေတြပဲျဖစ္ျဖစ္ ဆံပင္ေကာက္သားေတြ ၾကာရွည္ခံလွေပေန ေစဖို႔အတြက္ ဆံပင္ေကာက္ဆီကို ပုံမွန္လိမ္းေပးဖို႔ လိုအပ္ပါတယ္။ ဆံပင္ေကာက္ဆီ ပုံမွန္ မလိမ္းတဲ့အခါ ဆံသားအဖ်ားေတြ ဖြာလန္ႀကဲလာတာမ်ိဳးနဲ႔ ေကာက္သားေတြ ေျပသြားတာမ်ိဳးေတြ ျဖစ္ႏိုင္တာေၾကာင့္ မေမ့မေလ်ာ့ လိမ္းေပးသင့္ပါတယ္။

(၄) ေခါင္းမေလွ်ာ္ခင္ အုန္းဆီလိမ္းေပးပါ

ေခါင္းမေလွ်ာ္ခင္ အုန္းဆီလိမ္းေပးၿပီးမွ ေခါင္းေလွ်ာ္ေပးျခင္းဟာ ဆံပင္ေကာက္သားေတြကို သဘာဝက်က် လွေပေစမွာ ျဖစ္တဲ့အျပင္ ဆံပင္အတြက္ လိုအပ္တဲ့ ေရဓာတ္နဲ႔ အဆီဓာတ္ကို ျဖည့္တင္းေပးႏိုင္ပါတယ္။

(၅) Hair Spray ကို အတတ္ႏိုင္ဆုံး ေရွာင္ပါ

ဆံပင္ျဖန္းတဲ့ Hair Spray ေတြမွာ Alcohol ပါဝင္မႈမ်ားတာေၾကာင့္ ဆံသားကို ေရရွည္မွာ ေျခာက္ေသြ႕ၾကမ္းတမ္းသြားေစႏိုင္ပါတယ္။ ဆံပင္ေကာက္သားေတြကို မြဲေျခာက္ေျခာက္ ျဖစ္ေစႏိုင္တဲ့အျပင္ ဆံသား ေရဓာတ္ခမ္းေျခာက္ျခင္းမ်ိဳးကို ျဖစ္ေစႏိုင္တာေၾကာင့္ Hair Spray ကို အတတ္ႏိုင္ဆုံး ေရွာင္ၾကဥ္သင့္ပါတယ္။

Credit: Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

ဆံပင်ကောက်ထားတဲ့ ပျိုမေတွေပဲဖြစ်ဖြစ်၊ နဂိုကောက်သူတွေပဲမှာပဲဖြစ်ဖြစ် ဆံပင်ကောက်သားတွေကို သဘာဝကျကျ ကြာရှည်ခံ လှပနေစေဖို့အတွက် ထိန်းသိမ်းစောင့်ရှောက်မှုတွေ အနည်းနဲ့အများ လိုအပ်ပါတယ်။

လိုအပ်တဲ့ ထိန်းသိမ်းမှုတွေ မပြုလုပ်တဲ့အခါ ကောက်ထားတဲ့ ဆံကေသာတွေမှာ ပုံမကျတော့တာမျိုးတွေ ဖြစ်တတ်တာကြောင့် ပျိုမေတို့အတွက် နည်းလမ်းကောင်းတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

(၁) ခေါင်းလျှော်တိုင်း ဆံပင်ပျော့ဆေး (သို့) ပေါင်းဆေး သုံးပါ

ဆံပင်ကောက်သားတွေ ချောမွေ့ပြီး သဘာဝကျကျ လှပနေစေဖို့အတွက် ခေါင်းလျှော်တဲ့အခါတိုင်း ဆံပင်ပျော့ဆေး ဒါမှမဟုတ် ပေါင်းဆေးတို့ကို အသုံးပြုပေးသင့်ပါတယ်။

(၂) ဘီးနဲ့ ခေါင်းဖြီးတာမျိုးထက် လက်ချောင်းလေးတွေနဲ့ပဲ ရှင်းလင်းပေးပါ

ဘီးနဲ့ ခေါင်းဖြီးလိုက်ခြင်းဟာ ဆံပင်ကောက်သားတွေကို ပြေလျော့သွားစေနိုင်တဲ့အပြင် ပုံမကျတော့တာမျိုးပါ ဖြစ်စေနိုင်တာကြောင့် ဘီးနဲ့ခေါင်းဖြီးတာမျိုးထက် လက်ချောင်းလေးတွေကို အသုံးပြုပြီး ရှင်းလင်းအောင်လုပ်ပေးခြင်းက ပိုမိုသင့်တော်စေပါတယ်။

(၃) ဆံပင်ကောက်ဆီ ပုံမှန်လိမ်းပေးပါ

ဆံသား နဂိုကောက်သူတွေပဲဖြစ်ဖြစ် ဆံပင်ကောက်ထားသူတွေပဲဖြစ်ဖြစ် ဆံပင်ကောက်သားတွေ ကြာရှည်ခံလှပေနေ စေဖို့အတွက် ဆံပင်ကောက်ဆီကို ပုံမှန်လိမ်းပေးဖို့ လိုအပ်ပါတယ်။ ဆံပင်ကောက်ဆီ ပုံမှန် မလိမ်းတဲ့အခါ ဆံသားအဖျားတွေ ဖွာလန်ကြဲလာတာမျိုးနဲ့ ကောက်သားတွေ ပြေသွားတာမျိုးတွေ ဖြစ်နိုင်တာကြောင့် မမေ့မလျော့ လိမ်းပေးသင့်ပါတယ်။

(၄) ခေါင်းမလျှော်ခင် အုန်းဆီလိမ်းပေးပါ

ခေါင်းမလျှော်ခင် အုန်းဆီလိမ်းပေးပြီးမှ ခေါင်းလျှော်ပေးခြင်းဟာ ဆံပင်ကောက်သားတွေကို သဘာဝကျကျ လှပေစေမှာ ဖြစ်တဲ့အပြင် ဆံပင်အတွက် လိုအပ်တဲ့ ရေဓာတ်နဲ့ အဆီဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။

(၅) Hair Spray ကို အတတ်နိုင်ဆုံး ရှောင်ပါ

ဆံပင်ဖြန်းတဲ့ Hair Spray တွေမှာ Alcohol ပါဝင်မှုများတာကြောင့် ဆံသားကို ရေရှည်မှာ ခြောက်သွေ့ကြမ်းတမ်းသွားစေနိုင်ပါတယ်။ ဆံပင်ကောက်သားတွေကို မွဲခြောက်ခြောက် ဖြစ်စေနိုင်တဲ့အပြင် ဆံသား ရေဓာတ်ခမ်းခြောက်ခြင်းမျိုးကို ဖြစ်စေနိုင်တာကြောင့် Hair Spray ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။

Credit: Irrawaddy
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top