iMyanmarHouse.com - Best Property Website for Myanmar
×


ခင္ပြန္းျဖစ္သူက စိိတ္ခ်မ္းသာေအာင္ ထားေသာ ေၾကာင့္ က်န္းမာေရးအတြက္ ယခင္ကကဲ့သို႔ ေဆးအမ်ားႀကီး မေသာက္ရေတာ့ေၾကာင္း ေရႊမႈံရတီကေျပာသည္။‘‘ေဆးေတြအမ်ားႀကီးေတာ့ လိပ္ပတ္လည္ေအာင္ သိပ္ေသာက္စရာမလိုေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ ေယာက္်ားက စိတ္ခ်မ္းသာေအာင္ထားလို႔။ ေဆးနဲ႔ ကို ျပတ္သြားၿပီ။ က်န္းမာေရးက ပံုမွန္ေလးပဲေကာင္းေနတယ္ဆို ေတာ့ ေယာက္်ားရဲ႕ အခ်စ္ေတြေၾကာင့္ ေအးခ်မ္းေနပါတယ္’’ ဟု ေရႊမႈံရတီက ေျပာသည္။

လူမႈကြန္ရက္ စာမ်က္ႏွာ တြင္ တင္ခဲ့သည့္ အမွားသီခ်င္းကို ပရိသတ္အားေပးမႈ ရရွိေသာ ေၾကာင့္ ဝမ္းသာရေၾကာင္းႏွင့္ ခင္ ပြန္းကလည္း အဆိုေတာ္ျဖစ္သ လုိ ၎ဆိုခိုင္းပါက သီခ်င္းမ်ား ထပ္ဆိုရန္ အစီအစဥ္ရွိႏိုင္ ေၾကာင္း ၎ကဆိုသည္။‘‘ပါးပါးလို႔ေခၚတာေတာ့ သိပ္မၾကာေသးဘူး။ သူကကိုယ့္ ကို အေဖတစ္ေယာက္လို ဂ႐ုစိုက္ တယ္။ ဖခင္ေမတၱာကိုရတယ္။ သဲကငယ္ငယ္ကတည္းက အလုပ္ထြက္လုပ္ေနေတာ့ မိခင္ ေမတၱာပဲရတယ္။ ကိုယ့္အေဖက အိမ္မွာပဲဆိုေတာ့ ရင္းရင္းႏွီးႏွီးမရွိဘူး။ ငယ္ငယ္ကပဲ အရမ္းရင္းႏွီး တာ။ အိမ္ေထာင္က်ေတာ့ ပိုေဝးသြားတယ္၊ မိဘေတြနဲ႔။ အဲဒီအခ်ိန္ တုန္းက ကိုယ္ရခဲ့ဖူးတဲ့ ဖခင္ေမတၱာကို ျပန္ေပးတယ္။

အဲဒါေၾကာင့္ သူ႔ကိုတေလးတစားနဲ႔၊ သဲရဲ႕အေဖကို ပါးပါးလို႔ ေခၚတာကိုး။ အဲဒီလိုပဲ သူ႔ကိုေခၚတာ’’ ဟု ေရႊမႈံရတီက ခင္ပြန္းသည္ေရႊထူးကို ပါးပါးဟု ေခၚျဖစ္သည့္ အေၾကာင္းကိုေျပာသည္။

လတ္တေလာတြင္ မိဘမ်ားက စိတ္ဆိုးမေျပေသးေသာ္လည္း ၎တို႔ဘက္မွ သားသမီး ဝတၱရားမပ်က္ေအာင္ လုပ္ ေဆာင္ေပးျဖစ္သည္ဟု ေရႊမႈံရတီ ကေျပာသည္။‘‘အေရးႀကီးဆံုးက နားလည္ေပးမႈပဲ၊ ဘာမွမလိုဘူး။ တစ္ ေယာက္နဲ႔တစ္ေယာက္ သည္းခံတာ၊ ခ်စ္တာ၊ဂ႐ုစိုက္တာ၊ တစ္ေလာကလံုးနဲ႔ ႏွစ္ေယာက္ ျဖစ္သြားတာေပါ့။ လက္ကေလး ကိုင္ထားၿပီး အသားေလးထိရင္ ေတာင္ ခ်ိဳတယ္ဆိုတာမ်ိဳးေပါ့’’ ဟု ၎တို႔၏ အိမ္ေထာင္ေရးအေျခအေနကိုေျပာသည္။

လတ္တေလာတြင္ ေၾကာ္ ျငာမ်ား လက္ခံ႐ိုက္ကူးျဖစ္ေနၿပီး ႐ုပ္ရွင္ဇာတ္ကားမ်ားလည္း ႐ိုက္ ကူးရန္ရွိေၾကာင္း ေရႊမႈံရတီက ေျပာသည္။

Credit: 7 Day

# Unicode Version ျဖင့္ ဖတ္ပါ #

ခင်ပွန်းဖြစ်သူက စိတ် ချမ်းသာအောင် ထားသော ကြောင့် ကျန်းမာရေးအတွက် ယခင်ကကဲ့သို့ ဆေးအများကြီး မသောက်ရတော့ကြောင်း ရွှေမှုံရတီကပြောသည်။‘‘ဆေးတွေအများကြီးတော့ လိပ်ပတ်လည်အောင် သိပ်သောက်စရာမလိုတော့ဘူး။ ဘာလို့လဲဆိုတော့ ယောက်ျားက စိတ်ချမ်းသာအောင်ထားလို့။ ဆေးနဲ့ ကို ပြတ်သွားပြီ။ ကျန်းမာရေးက ပုံမှန်လေးပဲကောင်းနေတယ်ဆို တော့ ယောက်ျားရဲ့ အချစ်တွေကြောင့် အေးချမ်းနေပါတယ်’’ ဟု ရွှေမှုံရတီက ပြောသည်။

လူမှုကွန်ရက် စာမျက်နှာ တွင် တင်ခဲ့သည့် အမှားသီချင်းကို ပရိသတ်အားပေးမှု ရရှိသော ကြောင့် ဝမ်းသာရကြောင်းနှင့် ခင် ပွန်းကလည်း အဆိုတော်ဖြစ်သ လို ၎င်းဆိုခိုင်းပါက သီချင်းများ ထပ်ဆိုရန် အစီအစဉ်ရှိနိုင် ကြောင်း ၎င်းကဆိုသည်။‘‘ပါးပါးလို့ခေါ်တာတော့ သိပ်မကြာသေးဘူး။ သူကကိုယ့် ကို အဖေတစ်ယောက်လို ဂရုစိုက် တယ်။ ဖခင်မေတ္တာကိုရတယ်။ သဲကငယ်ငယ်ကတည်းက အလုပ်ထွက်လုပ်နေတော့ မိခင် မေတ္တာပဲရတယ်။ ကိုယ့်အဖေက အိမ်မှာပဲဆိုတော့ ရင်းရင်းနှီးနှီးမရှိဘူး။ ငယ်ငယ်ကပဲ အရမ်းရင်းနှီး တာ။ အိမ်ထောင်ကျတော့ ပိုဝေးသွားတယ်၊ မိဘတွေနဲ့။ အဲဒီအချိန် တုန်းက ကိုယ်ရခဲ့ဖူးတဲ့ ဖခင်မေတ္တာကို ပြန်ပေးတယ်။

အဲဒါကြောင့် သူ့ကိုတလေးတစားနဲ့၊ သဲရဲ့အဖေကို ပါးပါးလို့ ခေါ်တာကိုး။ အဲဒီလိုပဲ သူ့ကိုခေါ်တာ’’ ဟု ရွှေမှုံရတီက ခင်ပွန်းသည်ရွှေထူးကို ပါးပါးဟု ခေါ်ဖြစ်သည့် အကြောင်းကိုပြောသည်။

လတ်တလောတွင် မိဘများက စိတ်ဆိုးမပြေသေးသော်လည်း ၎င်းတို့ဘက်မှ သားသမီး ဝတ္တရားမပျက်အောင် လုပ် ဆောင်ပေးဖြစ်သည်ဟု ရွှေမှုံရတီ ကပြောသည်။‘‘အရေးကြီးဆုံးက နားလည်ပေးမှုပဲ၊ ဘာမှမလိုဘူး။ တစ် ယောက်နဲ့တစ်ယောက် သည်းခံတာ၊ ချစ်တာ၊ဂရုစိုက်တာ၊ တစ်လောကလုံးနဲ့ နှစ်ယောက် ဖြစ်သွားတာပေါ့။ လက်ကလေး ကိုင်ထားပြီး အသားလေးထိရင် တောင် ချိုတယ်ဆိုတာမျိုးပေါ့’’ ဟု ၎င်းတို့၏ အိမ်ထောင်ရေးအခြေအနေကိုပြောသည်။

လတ်တလောတွင် ကြော် ငြာများ လက်ခံရိုက်ကူးဖြစ်နေပြီး ရုပ်ရှင်ဇာတ်ကားများလည်း ရိုက် ကူးရန်ရှိကြောင်း ရွှေမှုံရတီက ပြောသည်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top