iMyanmarHouse.com - Best Property Website for Myanmar
×


ေဇရဲထက္ဟာ ေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္ တစ္ေယာက္မျဖစ္ခင္က ဆင္းရဲပင္ပန္းခဲ့ရတဲ့ သူ႔ရဲ႕ အခက္အခဲေတြကို အခုလို ေျပာျပလာပါတယ္. ဒီလို အခက္အခဲေတြ ၾကားက ျဖတ္သန္းခဲ့ရတဲ့ သူ႔ရဲ႕ ခံယူခ်က္ေတြကို ေျပာျပခဲ့ပါတယ္.

'' ကြၽန္ေတာ္ ေရပုံး တစ္ပုံး ဆြဲႏိုင္ၿပီ ဆိုကတည္းက အလုပ္လုပ္ခဲ့ရတာေလ. ကြၽန္ေတာ့္ ခံယူခ်က္က သူမ်ားခံယူခ်က္နဲ႔ တူခ်င္မွ တူမွာ ကြၽန္ေတာ္ သ႐ုပ္ေဆာင္ တစ္ေယာက္သာ ျဖစ္သာျဖစ္သြားတာ ကြၽန္ေတာ့္ရဲ႕ ခံယူခ်က္က ကြၽန္ေတာ္သည္ သာမန္လူတစ္ေယာက္ပဲ. ဒါေပမယ့္ ကြၽန္ေတာ္တို႔ သ႐ုပ္ေဆာင္ေတြက ကံ ၅ ပါးေတာ့ မလုံဘူးေပါ့ေနာ္. ဒါေပမယ့္ ကံ ၄ ပါးေတာ့ လုံေအာင္ လုပ္တယ္'' လို႔ သူကဆိုပါတယ္.

သ႐ုပ္ေဆာင္ ေဇရဲထက္က နယ္ကေန ရန္ကုန္ကို စေရာက္လာကတည္းက တစ္ေယာက္တည္း ႐ုန္းကန္လႈပ္ရွားရင္း အလုပ္ႀကိဳးစားခဲ့ရတဲ့ အေၾကာင္းကို စိတ္မေကာင္းစြာနဲ႔ ေျပာျပလာပါတယ္. ဒီလို သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္လာဖို႔ကလည္း မိဘေတြရဲ႕ ေထာက္ပံ့မႈမရခဲ့သလို မိဘေတြကလည္း ခ်မ္းသာတဲ့ အသိုင္းအဝိုင္းက မဟုတ္ဘူးလို႔ သူ႔ရဲ႕ ေမြးေန႔ ပြဲမွာ ေျဖဆိုခဲ့တာပါ.

'' ကြၽန္ေတာ္ ရန္ကုန္ စေရာက္လာကတည္းက မိဘေတြ ေထာက္ပံ့ေပးမႈ သိပ္မရွိဘူး. ေထာက္ပံ့ေပးႏိုင္စြမ္းလည္း မရွိဘူး. ကြၽန္ေတာ့္ မိဘေတြက ခ်မ္းခ်မ္းသာသာထဲက မဟုတ္ဘူး. သာမန္လူေတြျဖစ္တဲ့အတြက္ ကြၽန္ေတာ္ ဝါသနာပါတဲ့ အလုပ္ကို လုပ္တယ္. အခုဆိုရင္ ပိုၿပီး ျမင့္မားတဲ့ ဘဝကို ေရာက္ခဲ့ရတယ္. ဘာေၾကာင့္လဲဆိုေတာ့ အခုခ်ိန္ထိ သူမ်ားအေပၚ မတရားတာ ဘာမွ မလုပ္ခဲ့ဘူး. ကိုယ္တတ္ႏိုင္သေလာက္လႉတယ္. ေကြၽးတယ္. အဲ့ဒီစိတ္ေတြနဲ႔ပဲ ေနခဲ့တယ္'' လို႔ ဆိုပါတယ္.


ေဇရဲထက္ ကိုေတာ့ သ႐ုပ္ေဆာင္ တစ္ေယာက္ စျဖစ္ကတည္းက ေဝဖန္တိုက္ခိုက္ၾကတဲ့ ပရိသတ္ေတြ ရွိခဲ့ဖူးပါတယ္. ဒီလို အေျခအေနမ်ိဳးမွာလည္း စိတ္ဓာတ္က်ခဲ့ရတာေတြရွိေပမယ့္ ကိုယ္ကိုယ္တိုင္ပဲ ေျဖသိမ့္အားေပး ခဲ့ရတဲ့ အခိုက္အတန႔္ေတြကို ဝမ္းနည္းေၾကကြဲရင္း ဆက္လက္ ေျပာျပလာပါေသးတယ္.

'' တျခားမင္းသားေတြ. သ႐ုပ္ေဆာင္ေတြ အကုန္လုံးမွာ အေမက ကာကြယ္ေပးတဲ့လူနဲ႔ အေဖက ျပဳစုပ်ိဳးေထာင္ေပးတဲ့လူနဲ႔ အမ်ားႀကီးေတြ႕တယ္ေပါ့. ကြၽန္ေတာ့္မွာက်ေတာ့ နီးနီးကပ္ကပ္ ဘယ္သူမွ ေစာင့္ေရွာက္ခြင့္မရွိဘူး. ကိုယ္တစ္ေယာက္တည္းပဲ ႐ုန္းကန္ရတာဆိုေတာ့ တစ္ခါတေလက်ရင္ စိတ္ခံစားခ်က္ေတြ မ်ားလာတဲ့အခါ ကိုယ္တစ္ေယာက္တည္းပဲ ႏွစ္သိမ့္ရတယ္. အဲ့ဒီအခ်ိန္ဆို မိဘေတြကို အရမ္းသတိရတယ္'' လို႔ ေဇရဲထက္က ေျဖဆိုခဲ့တာပါ.

ေဇရဲထက္က အခုဆိုရင္ ျပည္သူခ်စ္ သ႐ုပ္ေဆာင္. မင္းသား တစ္ေယာက္ျဖစ္လို႔ေနပါၿပီ. သူ႔ကိုေတာ့ ဗီဒီယိုဇာတ္ကား. တီဗီေၾကာ္ျငာေတြကေနတဆင့္ ပရိသတ္ေတြ စတင္ သိရွိလာခဲ့တာျဖစ္ပါတယ္. အခုလက္ရွိမွာေတာ့ ဗီဒီယိုဇာတ္ကားေတြသာ မက ႐ုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ဆက္တိုက္ ႐ိုက္ကူးေနရတာ ကို ေတြ႕ရပါတယ္. အဲ့ဒီေနာက္ သူစိတ္ကူးယဥ္ခဲ့ဖူးတဲ့ အိမ္ေလးတစ္လုံးကိုလည္း ပိုင္ဆိုင္ထားႏိုင္ၿပီျဖစ္ပါတယ္.

Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ဇေရဲထက်ဟာ အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်မဖြစ်ခင်က ဆင်းရဲပင်ပန်းခဲ့ရတဲ့ သူ့ရဲ့ အခက်အခဲတွေကို အခုလို ပြောပြလာပါတယ်. ဒီလို အခက်အခဲတွေ ကြားက ဖြတ်သန်းခဲ့ရတဲ့ သူ့ရဲ့ ခံယူချက်တွေကို ပြောပြခဲ့ပါတယ်.

'' ကျွန်တော် ရေပုံး တစ်ပုံး ဆွဲနိုင်ပြီ ဆိုကတည်းက အလုပ်လုပ်ခဲ့ရတာလေ. ကျွန်တော့် ခံယူချက်က သူများခံယူချက်နဲ့ တူချင်မှ တူမှာ ကျွန်တော် သရုပ်ဆောင် တစ်ယောက်သာ ဖြစ်သာဖြစ်သွားတာ ကျွန်တော့်ရဲ့ ခံယူချက်က ကျွန်တော်သည် သာမန်လူတစ်ယောက်ပဲ. ဒါပေမယ့် ကျွန်တော်တို့ သရုပ်ဆောင်တွေက ကံ ၅ ပါးတော့ မလုံဘူးပေါ့နော်. ဒါပေမယ့် ကံ ၄ ပါးတော့ လုံအောင် လုပ်တယ်'' လို့ သူကဆိုပါတယ်.

သရုပ်ဆောင် ဇေရဲထက်က နယ်ကနေ ရန်ကုန်ကို စရောက်လာကတည်းက တစ်ယောက်တည်း ရုန်းကန်လှုပ်ရှားရင်း အလုပ်ကြိုးစားခဲ့ရတဲ့ အကြောင်းကို စိတ်မကောင်းစွာနဲ့ ပြောပြလာပါတယ်. ဒီလို သရုပ်ဆောင် တစ်ယောက်ဖြစ်လာဖို့ကလည်း မိဘတွေရဲ့ ထောက်ပံ့မှုမရခဲ့သလို မိဘတွေကလည်း ချမ်းသာတဲ့ အသိုင်းအဝိုင်းက မဟုတ်ဘူးလို့ သူ့ရဲ့ မွေးနေ့ ပွဲမှာ ဖြေဆိုခဲ့တာပါ.

'' ကျွန်တော် ရန်ကုန် စရောက်လာကတည်းက မိဘတွေ ထောက်ပံ့ပေးမှု သိပ်မရှိဘူး. ထောက်ပံ့ပေးနိုင်စွမ်းလည်း မရှိဘူး. ကျွန်တော့် မိဘတွေက ချမ်းချမ်းသာသာထဲက မဟုတ်ဘူး. သာမန်လူတွေဖြစ်တဲ့အတွက် ကျွန်တော် ဝါသနာပါတဲ့ အလုပ်ကို လုပ်တယ်. အခုဆိုရင် ပိုပြီး မြင့်မားတဲ့ ဘဝကို ရောက်ခဲ့ရတယ်. ဘာကြောင့်လဲဆိုတော့ အခုချိန်ထိ သူများအပေါ် မတရားတာ ဘာမှ မလုပ်ခဲ့ဘူး. ကိုယ်တတ်နိုင်သလောက်လှူတယ်. ကျွေးတယ်. အဲ့ဒီစိတ်တွေနဲ့ပဲ နေခဲ့တယ်'' လို့ ဆိုပါတယ်.

ဇေရဲထက် ကိုတော့ သရုပ်ဆောင် တစ်ယောက် စဖြစ်ကတည်းက ဝေဖန်တိုက်ခိုက်ကြတဲ့ ပရိသတ်တွေ ရှိခဲ့ဖူးပါတယ်. ဒီလို အခြေအနေမျိုးမှာလည်း စိတ်ဓာတ်ကျခဲ့ရတာတွေရှိပေမယ့် ကိုယ်ကိုယ်တိုင်ပဲ ဖြေသိမ့်အားပေး ခဲ့ရတဲ့ အခိုက်အတန့်တွေကို ဝမ်းနည်းကြေကွဲရင်း ဆက်လက် ပြောပြလာပါသေးတယ်.

'' တခြားမင်းသားတွေ. သရုပ်ဆောင်တွေ အကုန်လုံးမှာ အမေက ကာကွယ်ပေးတဲ့လူနဲ့ အဖေက ပြုစုပျိုးထောင်ပေးတဲ့လူနဲ့ အများကြီးတွေ့တယ်ပေါ့. ကျွန်တော့်မှာကျတော့ နီးနီးကပ်ကပ် ဘယ်သူမှ စောင့်ရှောက်ခွင့်မရှိဘူး. ကိုယ်တစ်ယောက်တည်းပဲ ရုန်းကန်ရတာဆိုတော့ တစ်ခါတလေကျရင် စိတ်ခံစားချက်တွေ များလာတဲ့အခါ ကိုယ်တစ်ယောက်တည်းပဲ နှစ်သိမ့်ရတယ်. အဲ့ဒီအချိန်ဆို မိဘတွေကို အရမ်းသတိရတယ်'' လို့ ဇေရဲထက်က ဖြေဆိုခဲ့တာပါ.

ဇေရဲထက်က အခုဆိုရင် ပြည်သူချစ် သရုပ်ဆောင်. မင်းသား တစ်ယောက်ဖြစ်လို့နေပါပြီ. သူ့ကိုတော့ ဗီဒီယိုဇာတ်ကား. တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင် သိရှိလာခဲ့တာဖြစ်ပါတယ်. အခုလက်ရှိမှာတော့ ဗီဒီယိုဇာတ်ကားတွေသာ မက ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက် ရိုက်ကူးနေရတာ ကို တွေ့ရပါတယ်. အဲ့ဒီနောက် သူစိတ်ကူးယဉ်ခဲ့ဖူးတဲ့ အိမ်လေးတစ်လုံးကိုလည်း ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်.
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top