iMyanmarHouse.com - Best Property Website for Myanmar
×

က်န္းမာေရးနဲ႔ပတ္သက္ျပီးဂရုစုိက္တယ္ဆုိကာ လူအမ်ားစုက ဘယ္လိုအစားအစာမ်ိဳးကုိမဆုိေရစင္စင္ေဆးျပီးမွသာ စားေသာက္ေလ့၊ခ်က္ျပဳတ္ေလ့ရွိပါတယ္။အစားအစာေတြကိုေရေဆးတာနဲ႔ပတ္သက္လုိ႔ သင္သတိမထားမိတဲ႔အမွားေလးေတြရွိေနပါတယ္။ဒါေၾကာင့္ ဘယ္လိုအစားအစာဆုိ ဘယ္လိုေရေဆးရမလဲဆုိတာ က်န္းမာေရးဗဟုုသုတအေနနဲ႔ ျပန္ျပီးမ်ွေ၀ေပးလိုက္ပါတယ္။

အသီးအႏွံနဲ႔ဟင္းသီးဟင္းရြက္

တစ္ခ်ိ႔ဳေတြက ေရခဲေသတၱာထဲထည့္ျပီးရင္ အဲ႔ဒီအသီးအႏွံေတြကုိ ေရျပန္မေဆးေတာ့ပဲ စားတတ္ၾကလို႔ ဒါကသတိထားစရာတစ္ခုပါပဲ။အသီးအႏွံနဲ႔ဟင္းသီးဟင္းရြက္ေတြကုိ ေရခဲေသတၱာထဲမထည့္ခင္ ေရနဲ႔အရင္ေဆးေၾကာေပးရပါမယ္။ေရနဲ႔ေသခ်ာေဆးျပီး မွ ေရခဲေသတၱာထဲထည့္ပါ။ေရခဲေသတၱာထဲက ထုတ္ျပီး အပူခိ်န္ျမင့္ျမင့္နဲ႔ခ်က္ျပဳတ္လိုက္မယ္ဆုိရင္ ဘတ္တီးရီးယားေတြကုိဖယ္ရွားျပီးသားျဖစ္သြားပါလိမ့္မယ္။ပုိျပီးေတာ့စိတ္ခ်ခ်င္တယ္ဆိုရင္ေတာ့ ေရခဲေသတၱာထဲမထည့္ခင္ေရစင္စင္ေဆး၊ေရခဲေသတၱာထဲက ျပန္ထုတ္တဲ႔အခါမွာလည္းေရစင္စင္ေဆးပါ။

ဆန္

ဘယ္လုိဆန္မ်ိဳးမဆုိ မခ်က္ျပဳတ္ခင္ သံုးေလးၾကိမ္ေဆးေပးရပါမယ္။ဆန္တင္မက ေျပာင္းဖူး၊ဂ်ံဳေစ့ေတြကိုလည္း ေရနဲ႔သံုးေလးၾကိမ္ေဆးေပးရမွာပါ။အဲ႔ဒါမွ အမႈန္အမႊားေတြတင္မက ဆန္မွာကပ္တြယ္ေနတဲ႔ပုိးေတြပါ ကင္းစင္သြားမွာျဖစ္ပါတယ္။

ႏြားႏို႔နဲ႔ႏုိ႔ထြက္ပစၥည္းမ်ား

ထုတ္ပုိးျပီးသားႏြားႏုိ႔၊ဒိန္ခ်ဥ္ဘူးနဲ႔ တစ္ျခားအေအးဘူးေတြကုိ ေဖာက္မေသာက္ခင္ ေရနဲ႔ေသခ်ာေဆးေပးရပါမယ္။ေစ်း၀ယ္သူမ်ိဳးစံုက ဒီဘူးေတြကုိ ထိေတြ႔သြားၾကမွာျဖစ္လို႔ ဘတ္တီးရီးယားေတြကပ္က်န္ေနတတ္ပါတယ္။ကုိယ္က ေရမေဆးပဲေဖာက္ေသာက္လိုက္ရင္ အဲ႔ဒီဘတ္တီးရီးယားေတြက လက္ကေနတစ္ဆင့္ခႏၶာကုိယ္ထဲကုိ ၀င္သြားပါလိမ့္မယ္။ဒါေၾကာင့္ ထုတ္ပုိးျပီးသားဘူးျဖစ္ေစ ေရနဲ႔ေသခ်ာေဆးသင့္ပါတယ္။

ငါး

တကယ္ေတာ့ ငါးကုိအစိမ္းမစားမခ်င္း ေရေဆးစရာမလိုပါဘူး။ငါးကုိ အပူခိ်န္ျမင့္ျမင္နဲ႔ခ်က္ျပဳတ္လုိက္တဲ႔အခါ ဘတ္တီးရီးယားေတြကုိပါေသေစပါတယ္။တကယ္လို႔ ငါးအစိမ္းကုိေရေဆးလုိက္မယ္ဆုိရင္ေတာ့ ငါးမွာကပ္ေနတဲ႔ဘတ္တီးရီးယားေတြက သင့္မီးဖုိေခ်ာင္ကုိ ေနရာယူသြားပါလိမ့္မယ္။ဒါေၾကာင့္ ငါးကုိ ခ်က္ျပဳတ္ဖုိ႔ ခုတ္ထစ္ေတာ့မယ္ဆုိရင္ လက္ကုိေသခ်ာေဆးျပီးမွ ခုတ္ပါ။

ပန္းသီး

ဘယ္လိုအသီးအနွံမ်ိဳးမဆုိ ေရနဲ႔ေသခ်ာစင္ၾကယ္ေအာင္ေဆးျပီးမွ စားသင့္ပါတယ္။ပုိျပီးေတာ့စိတ္ခ်လက္ခ်စားခ်င္တယ္ဆုိရင္ေတာ့ အသီးအႏံွေတြကုိ ေရထဲမွာထည့္လိုက္ပါ။ျပီးရင္ေရထဲမွာ မုန္႔ဖုတ္ေဆာ္ဒါအနည္းငယ္ထည့္ျပီး ၁၂ မိနစ္ေလာက္ၾကာေအာင္ထားပါ။ဒါဆုိရင္ ဓာတုေဆး၀ါးေတြကင္းစင္သြားလုိ႔ စိတ္ခ်လက္ခ်စားလုိ႔ရပါျပီ။

Credit: Buzzy

# Unicode Version ျဖင့္ ဖတ္ပါ #

ကျန်းမာရေးနဲ့ပတ်သက်ပြီးဂရုစိုက်တယ်ဆိုကာ လူအများစုက ဘယ်လိုအစားအစာမျိုးကိုမဆိုရေစင်စင်ဆေးပြီးမှသာ စားသောက်လေ့၊ချက်ပြုတ်လေ့ရှိပါတယ်။အစားအစာတွေကိုရေဆေးတာနဲ့ပတ်သက်လို့ သင်သတိမထားမိတဲ့အမှားလေးတွေရှိနေပါတယ်။ဒါကြောင့် ဘယ်လိုအစားအစာဆို ဘယ်လိုရေဆေးရမလဲဆိုတာ ကျန်းမာရေးဗဟုသုတအနေနဲ့ ပြန်ပြီးမျှဝေပေးလိုက်ပါတယ်။

အသီးအနှံနဲ့ဟင်းသီးဟင်းရွက်

တစ်ချိ့ုတွေက ရေခဲသေတ္တာထဲထည့်ပြီးရင် အဲ့ဒီအသီးအနှံတွေကို ရေပြန်မဆေးတော့ပဲ စားတတ်ကြလို့ ဒါကသတိထားစရာတစ်ခုပါပဲ။အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေကို ရေခဲသေတ္တာထဲမထည့်ခင် ရေနဲ့အရင်ဆေးကြောပေးရပါမယ်။ရေနဲ့သေချာဆေးပြီး မှ ရေခဲသေတ္တာထဲထည့်ပါ။ရေခဲသေတ္တာထဲက ထုတ်ပြီး အပူချိန်မြင့်မြင့်နဲ့ချက်ပြုတ်လိုက်မယ်ဆိုရင် ဘတ်တီးရီးယားတွေကိုဖယ်ရှားပြီးသားဖြစ်သွားပါလိမ့်မယ်။ပိုပြီးတော့စိတ်ချချင်တယ်ဆိုရင်တော့ ရေခဲသေတ္တာထဲမထည့်ခင်ရေစင်စင်ဆေး၊ရေခဲသေတ္တာထဲက ပြန်ထုတ်တဲ့အခါမှာလည်းရေစင်စင်ဆေးပါ။

ဆန်

ဘယ်လိုဆန်မျိုးမဆို မချက်ပြုတ်ခင် သုံးလေးကြိမ်ဆေးပေးရပါမယ်။ဆန်တင်မက ပြောင်းဖူး၊ဂျုံစေ့တွေကိုလည်း ရေနဲ့သုံးလေးကြိမ်ဆေးပေးရမှာပါ။အဲ့ဒါမှ အမှုန်အမွှားတွေတင်မက ဆန်မှာကပ်တွယ်နေတဲ့ပိုးတွေပါ ကင်းစင်သွားမှာဖြစ်ပါတယ်။

နွားနို့နဲ့နို့ထွက်ပစ္စည်းများ

ထုတ်ပိုးပြီးသားနွားနို့၊ဒိန်ချဉ်ဘူးနဲ့ တစ်ခြားအအေးဘူးတွေကို ဖောက်မသောက်ခင် ရေနဲ့သေချာဆေးပေးရပါမယ်။ဈေးဝယ်သူမျိုးစုံက ဒီဘူးတွေကို ထိတွေ့သွားကြမှာဖြစ်လို့ ဘတ်တီးရီးယားတွေကပ်ကျန်နေတတ်ပါတယ်။ကိုယ်က ရေမဆေးပဲဖောက်သောက်လိုက်ရင် အဲ့ဒီဘတ်တီးရီးယားတွေက လက်ကနေတစ်ဆင့်ခန္ဓာကိုယ်ထဲကို ဝင်သွားပါလိမ့်မယ်။ဒါကြောင့် ထုတ်ပိုးပြီးသားဘူးဖြစ်စေ ရေနဲ့သေချာဆေးသင့်ပါတယ်။

ငါး

တကယ်တော့ ငါးကိုအစိမ်းမစားမချင်း ရေဆေးစရာမလိုပါဘူး။ငါးကို အပူချိန်မြင့်မြင်နဲ့ချက်ပြုတ်လိုက်တဲ့အခါ ဘတ်တီးရီးယားတွေကိုပါသေစေပါတယ်။တကယ်လို့ ငါးအစိမ်းကိုရေဆေးလိုက်မယ်ဆိုရင်တော့ ငါးမှာကပ်နေတဲ့ဘတ်တီးရီးယားတွေက သင့်မီးဖိုချောင်ကို နေရာယူသွားပါလိမ့်မယ်။ဒါကြောင့် ငါးကို ချက်ပြုတ်ဖို့ ခုတ်ထစ်တော့မယ်ဆိုရင် လက်ကိုသေချာဆေးပြီးမှ ခုတ်ပါ။

ပန်းသီး

ဘယ်လိုအသီးအနှံမျိုးမဆို ရေနဲ့သေချာစင်ကြယ်အောင်ဆေးပြီးမှ စားသင့်ပါတယ်။ပိုပြီးတော့စိတ်ချလက်ချစားချင်တယ်ဆိုရင်တော့ အသီးအနံှတွေကို ရေထဲမှာထည့်လိုက်ပါ။ပြီးရင်ရေထဲမှာ မုန့်ဖုတ်ဆော်ဒါအနည်းငယ်ထည့်ပြီး ၁၂ မိနစ်လောက်ကြာအောင်ထားပါ။ဒါဆိုရင် ဓာတုဆေးဝါးတွေကင်းစင်သွားလို့ စိတ်ချလက်ချစားလို့ရပါပြီ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top