iMyanmarHouse.com - Best Property Website for Myanmar
×


ျမန္မာႏုိင္ငံရဲ႕ မင္းသမီးေတြထဲမွာ ညိဳေခ်ာေလးျဖစ္ၿပီး ဗီဒီယုိေလာက ေစ်းကြက္ ေကာင္းခဲ့တဲ့အခ်ိန္တုန္းက ပရိတ္သတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကုိ အခုိင္အမာရ႐ွိထားၿပီး ႏွင္းဆီလူရႊင္ေတာ္အဖြဲ႔ရဲ႕ မင္းသမီးတစ္ဦးျဖစ္ကာ Single Motherတစ္ေယာက္ျဖစ္တဲ့ ေမကဗ်ာကေတာ့ အာဇာနည္နဲ႔ ဝမ္းတုိ႔ရဲ႕ မဂၤလာသက္တမ္း၁၅ႏွစ္ျပည့္အတြက္ ဝမ္းသာဂုဏ္ယူေၾကာင္း သူတုိ႔နဲ႔ ႐ွိခဲ့တဲ့ အမွတ္တရေတြကုိျပန္ေျပာခဲ့ၿပီး သူတုိ႔ကုိ အားက်ေၾကာင္း Sunday Journalရဲ႕ အင္တာဗ်ဴးတစ္ခုမွ ေျဖဆုိသြားခဲ့ပါတယ္။ ဒါ့အျပင္ Single Motherတစ္ေယာက္ျဖစ္တာကုိ ႐ွက္စရာမလုိသလုိ ေၾကာက္စရာလည္း မလုိအပ္ေၾကာင္း ေျပာသြားခဲ့ပါတယ္။

ေမကဗ်ာက “ကုိအာဇာနည္တုိ႔ကုိ အရမ္းအားက်တယ္ တစ္ေယာက္နဲ႔ တစ္ေယာက္လည္း ပြင့္ပြင့္လင္းလင္း႐ွိတယ္ လုံးဝကုိ ပင္ပန္းရင္လည္း ႏွစ္ေယာက္စလုံး အပင္ပန္းခံၾကတယ္ မိသားစုေ႐ွ႕ေရးကုိလည္း အကုန္တုိင္ပင္ၿပီး လုပ္ၾကတယ္ အဓိကေတာ့ေလ ဝမ္းကုိ အားက်တယ္ သူကေလ အလုပ္လုပ္တာ အရမ္းကုိ စနစ္က်တယ္ ကေလးယူမယ္ဆုိရင္လည္း စနစ္တက်လုပ္တယ္ အရင္တုန္းကဆုိရင္လည္း ကုိဇာနည္တုိ႔အိမ္မွာ တစ္ခ်ိန္လုံး သြားေနဖူးတယ္ ဝမ္းကလည္း အလုပ္လုပ္ရင္ ပြင့္ပြင့္လင္းလင္းနဲ႔ တိတိက်က်လုပ္တတ္တယ္ ကုိဇာနည္ကလည္း ဘာပဲ ေျပာေျပာမိန္းမစကားကုိ နားေထာင္တယ္ ဘာပဲေျပာေျပာ မိန္းမက ဦးစီးရင္ အဆင္ေျပတယ္ေလ မိန္းမက အေ႐ွ႕က အပင္ပန္းခံၿပီး အကုန္လုပ္သြားေတာ့ သူအေနာက္က အႏုပညာအလုပ္လုပ္တဲ့ အခါမွာ စိတ္ေျဖာင့္ေျဖာင့္နဲ႔ လုပ္လုိ႔ရမယ္ အဝတ္အစားပဲ ျဖစ္ျဖစ္ ခ်က္တာ ျပဳတ္တာပဲ ျဖစ္ျဖစ္ အိမ္မႈသန္႔႐ွင္းေရးပဲ ျဖစ္ျဖစ္ အိမ္ျပင္တာဆင္တာပဲ ျဖစ္ျဖစ္ ဝမ္းက အရမ္းေတာ္ပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

တစ္ခုလပ္ ျဖစ္လို႔ ရွက္စရာ ေၾကာက္စရာမလိုဘူးလို႔ ေျပာျပတဲ႔ ေမကဗ်ာ အိမ္ေထာင္ေရး တစ္ခုအဆင္ေျပဖုိ႔အတြက္ ဘာေတြ လုိအပ္လဲလုိ႔ ေမးျမန္းခဲ့ရာ ေမကဗ်ာက” အဓိကေတာ့ ခ်စ္ရမယ္ ခ်စ္ၿပီးရင္လည္း နားလည္ေပးရမယ္ နားလည္မႈေတြ ႐ွိၿပီးအခ်စ္မ႐ွိရင္လည္း အဲ့အိမ္ေထာင္ေရးက သာယာမွာ မဟုတ္ဘူးလုိ႔ အမထင္တာေပါ့ေနာ္။ ခ်စ္ၿပီးေတာ့ နားလည္မႈမ႐ွိရင္လည္း အဆင္မေျပဘူး တစ္ခ်ိဳ႕က်ေတာ့လည္း ခ်စ္တယ္

ဒါေပမဲ့ နားလည္မေပးႏုိင္ဘူး အဲ့လုိမ်ိဳးေပါ့ေနာ္ အိမ္ေထာင္တစ္ခုက ကံနဲ႔လည္း အမ်ားႀကီးဆုိင္ပါတယ္။ တစ္ဦးနဲ႔ တစ္ဦးခ်စ္လည္းခ်စ္ရမယ္ ေနာက္ၿပီးေတာ့ နားလည္မႈလည္း ႐ွိရမယ္ တစ္ဦးနဲ႔တစ္ဦးေလးစားမႈလည္း႐ွိမယ္ဆုိရင္ေတာ့ အဆင္ေျပပါတယ္။”လုိ႔ ေျဖဆုိခဲ့ပါတယ္။ အိမ္ေထာင္တစ္ခုကုိ ျမင္တဲ့ အျမင္နဲ႔ ပတ္သက္ၿပီး ေမးခြန္းထုတ္ခဲ့ရာ”မိန္းကေလးေတြက တစ္ခါပဲ ေကာင္းတယ္ေလ ႏွစ္ခါဆုိတာ မေကာင္းတဲ့ အခါက်ေတာ့ ေယာက္်ားဆုိတာ ဘာပဲ ေျပာေျပာ ေယာက္်ားေလး ဗီဇဆုိတာ ႐ွိတယ္ ေသာက္တာ စားတာ႐ွိမယ္ ေပ်ာ္တာ ပါးတာ ႐ွိမယ္

မ်ားေသာအားျဖင့္ေတာ့ မိန္းကေလးေတြက ပုိၿပီး သည္းခံရတာေပါ့။ ကုိယ္က မိန္းကေလးျဖစ္တာကုိ ေယာက္်ားေလးေတြကေတာ့ လုပ္ခ်င္တာ လုပ္ၿပီးထြက္သြားမွာကုိမိန္းကေလးေတြက ပုိၿပီးေတာ့ စိတ္ပူတတ္ေတာ့ မ်ားေသာအားျဖင့္ ေျပာတယ္ဆုိရင္လည္း သူတုိ႔ မၾကဳိက္တဲ့ စကားဆုိရင္ေတာင္မွ ေခ်ာ့ေျပာရတယ္ သူတုိ႔စိတ္ၾကည္တဲ့ အခ်ိန္ေျပာရတယ္။ မ်ားေသာအားျဖင့္ေတာ့ မိန္းကေလးေတြက ပုိၿပီး အေလ်ွာ့ေပးရတာ မ်ားပါတယ္။ တစ္ခ်ဳိ႕အိမ္ေထာင္ေရးေတြမွာ မိန္းကေလးက စခ်စ္ၿပီးေတာ့ တည္ျမဲေနတဲ့ အိမ္ေထာင္ေရးေတြလည္း ႐ွိပါတယ္ တစ္ခ်ဳိ႕ေတြက်ေတာ့ ေယာက္်ားေလးေတြက အရမ္းကုိ ႏွစ္ေတြ အမ်ားႀကီးၾကာတဲ့အထိ ကုိယ့္မိန္းမကုိ တစ္စိမ့္စိမ့္ၾကည့္ၿပီး ခ်စ္တဲ့သူေတြလည္း ႐ွိပါတယ္။

ဒါကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အိမ္ေထာင္ေရးကံက မတူဘူးေပါ့ေနာ္ ႏွစ္ေယာက္စလုံး ဘာပဲျဖစ္ျဖစ္ သက္ဆုံးတုိင္အထိ ခ်စ္ေနတာေတာ့ အေကာင္းဆုံးေပါ့။”လုိ႔ ေမကဗ်ာက ေျပာခဲ့ပါတယ္။ Single Motherေတြအတြက္အားေပးစကားကုိ ေမကဗ်ာက”ဒါကေတာ့ အားငယ္စရာလည္း မလုိဘူး ဘယ္လုိေျပာမလဲ ႐ွက္စရာလည္း မလုိဘူး ေၾကာက္စရာလည္း မလုိဘူး ဘာမွ ျဖစ္စရာလည္း မလုိဘူးလုိ႔ေတာ့ ကုိယ္ကေတာ့ ထင္တယ္ေပါ့ေနာ္ ဘာျဖစ္လုိ႔လဲ ဆုိေတာ့ ဒီလုိမ်ိဳး ဘယ္သူမွေတာ့ မျဖစ္ခ်င္ပါဘူး ျဖစ္သြားတဲ့ အေၾကာင္းတရားေတြ႐ွိတယ္ ျဖစ္လာတဲ့ ကံတရားေတြ႐ွိတယ္ ျဖစ္ဖုိ႔ကံပါလာရင္ေတာ့ ျဖစ္မွာပဲ ဘယ္လုိမွ အဆင္မေျပႏုိင္တဲ့ အိမ္ေထာင္ေရး တစ္ခုကုိသည္းခံၿပီးေတာ့ စိတ္ညစ္ခံၿပီး စိတ္ဆင္းရဲခံၿပီးေတာ့ ဘယ္သူမွ ေနမွာမဟုတ္ဘူးေလ

လူတုိင္းကေတာ့ ကုိယ့္အစြမ္းကုိယ္အစဆုိတာကေတာ့ ႐ွိတာပဲေလ ကုိယ့္ေျခေထာက္ေပၚကုိယ္ရပ္တည္ႏုိင္တဲ့သူေတြ ႐ွိတာပဲ အဲ့အတြက္ေၾကာင့္ ျဖစ္သြားတဲ့ အေပၚမွာ ကုိယ္​က အေကာင္းဆုံးရပ္တည္ႏုိင္ဖုိ႔ အေကာင္းဆုံး ဆက္ၿပီး ၾကဳိးစားမယ္ အဓိကက ကုိယ္က မိန္းကေလးျဖစ္တဲ့ အတြက္ေၾကာင့္ ကုိယ့္တန္ဖုိးကုိယ္​ထားတယ္ ကုိယ့္ကုိကုိယ္ ထိန္းထိန္းသိမ္းသိမ္း႐ွိရမယ္ ကုိယ္က ဗမာလူမ်ိဳး ျဖစ္တဲ့ အတြက္ ဒီအိမ္ေထာင္နဲ႔ ကြဲၿပီး ေနာက္အိမ္ေထာင္ျပဳေတာ့မယ္ ဆုိရင္ေတာင္မွ ဘာပဲ ေျပာေျပာ ကုိယ့္ဘဝအတြက္ကုိ ေသခ်ာ စဥ္းစားၿပီးေတာ့ပဲ ျဖစ္ေစခ်င္ပါတယ္ ကုိယ္ single mom ျဖစ္တာတုိ႔ တစ္ခုလပ္ျဖစ္တာတုိ႔ ဆုိတဲ့ အေတြးမ်ိဳးႀကီးကုိေတာ့ မဝင္ေစခ်င္ဘူး ဒါက ကုိယ့္ကုိကုိယ္ ႐ုိက္သတ္တာနဲ႔ အတူတူပဲ ဘာမွ ႐ွက္စရာလည္း မလုိဘူး ေၾကာက္စရာလည္း မလုိဘူး ျဖစ္သြားတဲ့ အေပၚမွာ ကုိယ္က အေကာင္းဆုံး အသန္႔႐ွင္းဆုံး ရပ္တည္ႏုိင္ဖုိ႔ပဲ လုိပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

Credit: Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

မြန်မာနိုင်ငံရဲ့ မင်းသမီးတွေထဲမှာ ညိုချောလေးဖြစ်ပြီး ဗီဒီယိုလောက ဈေးကွက် ကောင်းခဲ့တဲ့အချိန်တုန်းက ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားပြီး နှင်းဆီလူရွှင်တော်အဖွဲ့ရဲ့ မင်းသမီးတစ်ဦးဖြစ်ကာ Single Motherတစ်ယောက်ဖြစ်တဲ့ မေကဗျာကတော့ အာဇာနည်နဲ့ ဝမ်းတို့ရဲ့ မင်္ဂလာသက်တမ်း၁၅နှစ်ပြည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း သူတို့နဲ့ ရှိခဲ့တဲ့ အမှတ်တရတွေကိုပြန်ပြောခဲ့ပြီး သူတို့ကို အားကျကြောင်း Sunday Journalရဲ့ အင်တာဗျူးတစ်ခုမှ ဖြေဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် Single Motherတစ်ယောက်ဖြစ်တာကို ရှက်စရာမလိုသလို ကြောက်စရာလည်း မလိုအပ်ကြောင်း ပြောသွားခဲ့ပါတယ်။

မေကဗျာက “ကိုအာဇာနည်တို့ကို အရမ်းအားကျတယ် တစ်ယောက်နဲ့ တစ်ယောက်လည်း ပွင့်ပွင့်လင်းလင်းရှိတယ် လုံးဝကို ပင်ပန်းရင်လည်း နှစ်ယောက်စလုံး အပင်ပန်းခံကြတယ် မိသားစုရှေ့ရေးကိုလည်း အကုန်တိုင်ပင်ပြီး လုပ်ကြတယ် အဓိကတော့လေ ဝမ်းကို အားကျတယ် သူကလေ အလုပ်လုပ်တာ အရမ်းကို စနစ်ကျတယ် ကလေးယူမယ်ဆိုရင်လည်း စနစ်တကျလုပ်တယ် အရင်တုန်းကဆိုရင်လည်း ကိုဇာနည်တို့အိမ်မှာ တစ်ချိန်လုံး သွားနေဖူးတယ် ဝမ်းကလည်း အလုပ်လုပ်ရင် ပွင့်ပွင့်လင်းလင်းနဲ့ တိတိကျကျလုပ်တတ်တယ် ကိုဇာနည်ကလည်း ဘာပဲ ပြောပြောမိန်းမစကားကို နားထောင်တယ် ဘာပဲပြောပြော မိန်းမက ဦးစီးရင် အဆင်ပြေတယ်လေ မိန်းမက အရှေ့က အပင်ပန်းခံပြီး အကုန်လုပ်သွားတော့ သူအနောက်က အနုပညာအလုပ်လုပ်တဲ့ အခါမှာ စိတ်ဖြောင့်ဖြောင့်နဲ့ လုပ်လို့ရမယ် အဝတ်အစားပဲ ဖြစ်ဖြစ် ချက်တာ ပြုတ်တာပဲ ဖြစ်ဖြစ် အိမ်မှုသန့်ရှင်းရေးပဲ ဖြစ်ဖြစ် အိမ်ပြင်တာဆင်တာပဲ ဖြစ်ဖြစ် ဝမ်းက အရမ်းတော်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

တစ်ခုလပ် ဖြစ်လို့ ရှက်စရာ ကြောက်စရာမလိုဘူးလို့ ပြောပြတဲ့ မေကဗျာ အိမ်ထောင်ရေး တစ်ခုအဆင်ပြေဖို့အတွက် ဘာတွေ လိုအပ်လဲလို့ မေးမြန်းခဲ့ရာ မေကဗျာက” အဓိကတော့ ချစ်ရမယ် ချစ်ပြီးရင်လည်း နားလည်ပေးရမယ် နားလည်မှုတွေ ရှိပြီးအချစ်မရှိရင်လည်း အဲ့အိမ်ထောင်ရေးက သာယာမှာ မဟုတ်ဘူးလို့ အမထင်တာပေါ့နော်။ ချစ်ပြီးတော့ နားလည်မှုမရှိရင်လည်း အဆင်မပြေဘူး တစ်ချို့ကျတော့လည်း ချစ်တယ်

ဒါပေမဲ့ နားလည်မပေးနိုင်ဘူး အဲ့လိုမျိုးပေါ့နော် အိမ်ထောင်တစ်ခုက ကံနဲ့လည်း အများကြီးဆိုင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦးချစ်လည်းချစ်ရမယ် နောက်ပြီးတော့ နားလည်မှုလည်း ရှိရမယ် တစ်ဦးနဲ့တစ်ဦးလေးစားမှုလည်းရှိမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။”လို့ ဖြေဆိုခဲ့ပါတယ်။ အိမ်ထောင်တစ်ခုကို မြင်တဲ့ အမြင်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ရာ”မိန်းကလေးတွေက တစ်ခါပဲ ကောင်းတယ်လေ နှစ်ခါဆိုတာ မကောင်းတဲ့ အခါကျတော့ ယောက်ျားဆိုတာ ဘာပဲ ပြောပြော ယောက်ျားလေး ဗီဇဆိုတာ ရှိတယ် သောက်တာ စားတာရှိမယ် ပျော်တာ ပါးတာ ရှိမယ်

များသောအားဖြင့်တော့ မိန်းကလေးတွေက ပိုပြီး သည်းခံရတာပေါ့။ ကိုယ်က မိန်းကလေးဖြစ်တာကို ယောက်ျားလေးတွေကတော့ လုပ်ချင်တာ လုပ်ပြီးထွက်သွားမှာကိုမိန်းကလေးတွေက ပိုပြီးတော့ စိတ်ပူတတ်တော့ များသောအားဖြင့် ပြောတယ်ဆိုရင်လည်း သူတို့ မကြိုက်တဲ့ စကားဆိုရင်တောင်မှ ချော့ပြောရတယ် သူတို့စိတ်ကြည်တဲ့ အချိန်ပြောရတယ်။ များသောအားဖြင့်တော့ မိန်းကလေးတွေက ပိုပြီး အလျှော့ပေးရတာ များပါတယ်။ တစ်ချို့အိမ်ထောင်ရေးတွေမှာ မိန်းကလေးက စချစ်ပြီးတော့ တည်မြဲနေတဲ့ အိမ်ထောင်ရေးတွေလည်း ရှိပါတယ် တစ်ချို့တွေကျတော့ ယောက်ျားလေးတွေက အရမ်းကို နှစ်တွေ အများကြီးကြာတဲ့အထိ ကိုယ့်မိန်းမကို တစ်စိမ့်စိမ့်ကြည့်ပြီး ချစ်တဲ့သူတွေလည်း ရှိပါတယ်။

ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် အိမ်ထောင်ရေးကံက မတူဘူးပေါ့နော် နှစ်ယောက်စလုံး ဘာပဲဖြစ်ဖြစ် သက်ဆုံးတိုင်အထိ ချစ်နေတာတော့ အကောင်းဆုံးပေါ့။”လို့ မေကဗျာက ပြောခဲ့ပါတယ်။ Single Motherတွေအတွက်အားပေးစကားကို မေကဗျာက”ဒါကတော့ အားငယ်စရာလည်း မလိုဘူး ဘယ်လိုပြောမလဲ ရှက်စရာလည်း မလိုဘူး ကြောက်စရာလည်း မလိုဘူး ဘာမှ ဖြစ်စရာလည်း မလိုဘူးလို့တော့ ကိုယ်ကတော့ ထင်တယ်ပေါ့နော် ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုမျိုး ဘယ်သူမှတော့ မဖြစ်ချင်ပါဘူး ဖြစ်သွားတဲ့ အကြောင်းတရားတွေရှိတယ် ဖြစ်လာတဲ့ ကံတရားတွေရှိတယ် ဖြစ်ဖို့ကံပါလာရင်တော့ ဖြစ်မှာပဲ ဘယ်လိုမှ အဆင်မပြေနိုင်တဲ့ အိမ်ထောင်ရေး တစ်ခုကိုသည်းခံပြီးတော့ စိတ်ညစ်ခံပြီး စိတ်ဆင်းရဲခံပြီးတော့ ဘယ်သူမှ နေမှာမဟုတ်ဘူးလေ

လူတိုင်းကတော့ ကိုယ့်အစွမ်းကိုယ်အစဆိုတာကတော့ ရှိတာပဲလေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့သူတွေ ရှိတာပဲ အဲ့အတွက်ကြောင့် ဖြစ်သွားတဲ့ အပေါ်မှာ ကိုယ်က အကောင်းဆုံးရပ်တည်နိုင်ဖို့ အကောင်းဆုံး ဆက်ပြီး ကြိုးစားမယ် အဓိကက ကိုယ်က မိန်းကလေးဖြစ်တဲ့ အတွက်ကြောင့် ကိုယ့်တန်ဖိုးကိုယ်ထားတယ် ကိုယ့်ကိုကိုယ် ထိန်းထိန်းသိမ်းသိမ်းရှိရမယ် ကိုယ်က ဗမာလူမျိုး ဖြစ်တဲ့ အတွက် ဒီအိမ်ထောင်နဲ့ ကွဲပြီး နောက်အိမ်ထောင်ပြုတော့မယ် ဆိုရင်တောင်မှ ဘာပဲ ပြောပြော ကိုယ့်ဘဝအတွက်ကို သေချာ စဉ်းစားပြီးတော့ပဲ ဖြစ်စေချင်ပါတယ် ကိုယ် single mom ဖြစ်တာတို့ တစ်ခုလပ်ဖြစ်တာတို့ ဆိုတဲ့ အတွေးမျိုးကြီးကိုတော့ မဝင်စေချင်ဘူး ဒါက ကိုယ့်ကိုကိုယ် ရိုက်သတ်တာနဲ့ အတူတူပဲ ဘာမှ ရှက်စရာလည်း မလိုဘူး ကြောက်စရာလည်း မလိုဘူး ဖြစ်သွားတဲ့ အပေါ်မှာ ကိုယ်က အကောင်းဆုံး အသန့်ရှင်းဆုံး ရပ်တည်နိုင်ဖို့ပဲ လိုပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top