iMyanmarHouse.com - Best Property Website for Myanmar
×


ယခုေနာက္ပိုင္းမွာ Sexy ေမာ္ဒယ္တေယာက္အျဖစ္ ရပ္တည္လာတဲ့ သ႐ုပ္ေဆာင္ သင္ဇာဝင့္ေက်ာ္ကေတာ့ သူ႔ရဲ႕ ဝတ္စားဆင္ယင္မႈမ်ားနဲ႔ ပတ္သက္ၿပီး အမ်ိဳးမ်ိဳးေသာ ေဝဖန္မႈမ်ားရွိေနေပမယ့္ သူမကေတာ့ ဝတ္ၿမဲအတိုင္းသာ ဝတ္ဆင္လ်က္ ရွိပါတယ္။

လြန္ခဲ့တဲ့ ရက္ပိုင္းကေတာ့ တရားစခန္း ဝင္ေရာက္ခဲ့ၿပီး ျပန္ထြက္အလာမွာေတာ့ ကမ္းေျခမွာ ႐ိုက္ကူးထားတဲ့ Sexy က်က် ဓာတ္ပုံမ်ား ေပၚထြက္လာတာနဲ႔ ပတ္သက္လို႔ သင္ဇာဝင့္ေက်ာ္က အခုလို ေျပာျပခဲ့ပါတယ္။

“ဒါကလည္း ကိုယ္က အလုပ္ရႈပ္ေနတဲ့သူေလ။ အခ်ိန္ရရင္ ရသလို ဒီေန႔ ပြဲတက္ရင္ တက္မယ္၊ ေနာက္ေန႔ တရားစခန္း ဝင္ရင္ဝင္မယ္။ ခရီးသြားရင္ သြားမယ္။ အခ်ိန္က တန္ဖိုးရွိတယ္။ ရတဲ့အခ်ိန္မွာ ကိုယ္လုပ္ခ်င္တာ လုပ္မွာပဲ။ ေနာက္ေန႔ ဘာျဖစ္မလဲ မေျပာႏိုင္ဘူး။ ရတဲ့အခ်ိန္မွာ ကိုယ္လုပ္ခ်င္တာကို လုပ္ခ်င္တယ္။ လုပ္ခြင့္ရတဲ့သူလည္း ျဖစ္ခ်င္တယ္။ လူျဖစ္ရက်ိဳးလည္း နပ္ခ်င္တယ္” လို႔သင္ဇာဝင့္ေက်ာ္က ေျပာပါတယ္။


တရားစခန္းကိုေတာ့ ေမွာ္ဘီမွာရွိတဲ့ ေအာင္ဇမၼဴေတာရေက်ာင္းမွာ ၂ ညအိပ္ ၃ ရက္တာ ဝင္ေရာက္ခဲ့ၿပီး ႏွစ္သစ္မွာ ဘုရား၊ တရား အလုပ္လုပ္ရတဲ့အတြက္ အလုပ္လုပ္ရာမွာ ယုံၾကည္မႈ ပိုရွိသြားတယ္လို႔ ဆိုပါတယ္။

“တႏွစ္လုံးအတြက္ ေကာင္းသြားမယ္လို႔ ယုံၾကည္လို႔ မအားတဲ့ၾကားက ၂ ညအိပ္ ၃ ရက္ တရားစခန္းဝင္လိုက္တာပါ။ တရားစခန္းကေတာ့ ခဏခဏ ဝင္ျဖစ္တယ္။ မယ္သီလရွင္ကေတာ့ တခါပဲ ဝတ္ဖူးတယ္။ ေအာင္ဇမၼဴေက်ာင္းမွာဆိုရင္ ၂ ႀကိမ္ေျမာက္လား၊ ၃ ႀကိမ္ေျမာက္လား မသိဘူး။ အရမ္းေအးခ်မ္းတယ္။ တရားစခန္း မဝင္ခင္မွာေတာင္ ေက်ာင္းထဲေရာက္သြားရင္ အရမ္း ေအးခ်မ္းတယ္”


“ဘာပဲျဖစ္ျဖစ္ ႏွစ္သစ္မွာ ကုသိုလ္ေကာင္းမႈေလး နည္းနည္း လုပ္လိုက္ရတဲ့အတြက္ ေနာက္လုပ္မယ့္အလုပ္ေတြမွာ ယုံၾကည္မႈပိုရွိသြားတာေပါ့ေနာ္” လို႔ သင္ဇာဝင့္ေက်ာ္က ေျပာပါတယ္။

သင္ဇာဝင့္ေက်ာ္ကေတာာ့ လတ္တေလာမွာ ပြဲတက္မ်ား၊ ေၾကာ္ျငာမ်ား ႐ိုက္ကူးလ်က္ရွိၿပီး ႐ုပ္ရွင္ကားႀကီးအေနနဲ႔ကေတာ့ ၂ လပိုင္းမွာ စ႐ိုက္ဖို႔ ရွိတယ္လို႔ သိရပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

ယခုနောက်ပိုင်းမှာ Sexy မော်ဒယ်တယောက်အဖြစ် ရပ်တည်လာတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ သူ့ရဲ့ ဝတ်စားဆင်ယင်မှုများနဲ့ ပတ်သက်ပြီး အမျိုးမျိုးသော ဝေဖန်မှုများရှိနေပေမယ့် သူမကတော့ ဝတ်မြဲအတိုင်းသာ ဝတ်ဆင်လျက် ရှိပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ တရားစခန်း ဝင်ရောက်ခဲ့ပြီး ပြန်ထွက်အလာမှာတော့ ကမ်းခြေမှာ ရိုက်ကူးထားတဲ့ Sexy ကျကျ ဓာတ်ပုံများ ပေါ်ထွက်လာတာနဲ့ ပတ်သက်လို့ သင်ဇာဝင့်ကျော်က အခုလို ပြောပြခဲ့ပါတယ်။

“ဒါကလည်း ကိုယ်က အလုပ်ရှုပ်နေတဲ့သူလေ။ အချိန်ရရင် ရသလို ဒီနေ့ ပွဲတက်ရင် တက်မယ်၊ နောက်နေ့ တရားစခန်း ဝင်ရင်ဝင်မယ်။ ခရီးသွားရင် သွားမယ်။ အချိန်က တန်ဖိုးရှိတယ်။ ရတဲ့အချိန်မှာ ကိုယ်လုပ်ချင်တာ လုပ်မှာပဲ။ နောက်နေ့ ဘာဖြစ်မလဲ မပြောနိုင်ဘူး။ ရတဲ့အချိန်မှာ ကိုယ်လုပ်ချင်တာကို လုပ်ချင်တယ်။ လုပ်ခွင့်ရတဲ့သူလည်း ဖြစ်ချင်တယ်။ လူဖြစ်ရကျိုးလည်း နပ်ချင်တယ်” လို့သင်ဇာဝင့်ကျော်က ပြောပါတယ်။

တရားစခန်းကိုတော့ မှော်ဘီမှာရှိတဲ့ အောင်ဇမ္မူတောရကျောင်းမှာ ၂ ညအိပ် ၃ ရက်တာ ဝင်ရောက်ခဲ့ပြီး နှစ်သစ်မှာ ဘုရား၊ တရား အလုပ်လုပ်ရတဲ့အတွက် အလုပ်လုပ်ရာမှာ ယုံကြည်မှု ပိုရှိသွားတယ်လို့ ဆိုပါတယ်။

“တနှစ်လုံးအတွက် ကောင်းသွားမယ်လို့ ယုံကြည်လို့ မအားတဲ့ကြားက ၂ ညအိပ် ၃ ရက် တရားစခန်းဝင်လိုက်တာပါ။ တရားစခန်းကတော့ ခဏခဏ ဝင်ဖြစ်တယ်။ မယ်သီလရှင်ကတော့ တခါပဲ ဝတ်ဖူးတယ်။ အောင်ဇမ္မူကျောင်းမှာဆိုရင် ၂ ကြိမ်မြောက်လား၊ ၃ ကြိမ်မြောက်လား မသိဘူး။ အရမ်းအေးချမ်းတယ်။ တရားစခန်း မဝင်ခင်မှာတောင် ကျောင်းထဲရောက်သွားရင် အရမ်း အေးချမ်းတယ်”

“ဘာပဲဖြစ်ဖြစ် နှစ်သစ်မှာ ကုသိုလ်ကောင်းမှုလေး နည်းနည်း လုပ်လိုက်ရတဲ့အတွက် နောက်လုပ်မယ့်အလုပ်တွေမှာ ယုံကြည်မှုပိုရှိသွားတာပေါ့နော်” လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်ကတောာ့ လတ်တလောမှာ ပွဲတက်များ၊ ကြော်ငြာများ ရိုက်ကူးလျက်ရှိပြီး ရုပ်ရှင်ကားကြီးအနေနဲ့ကတော့ ၂ လပိုင်းမှာ စရိုက်ဖို့ ရှိတယ်လို့ သိရပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top