iMyanmarHouse.com - Best Property Website for Myanmar
×


တခါတေလမွာ အိပ္ရာထဲဝင္ခါနီး အခ်ိန္ေတြကို ေရာက္လာရင္ တေနကုန္ သင္လုပ္ခဲ့တဲ့ အရာေတြက ဘာမွ မထူးမိပါဘူးလို႔ ေတြးေနတတ္ပါသလား။၂၁ ရာစုဟာ စိတ္က်ေရာဂါျဖစ္ပြားမႈ အျမင့္မားဆုံးပဲလို႔ သိရပါတယ္။ ကမာၻတဝွမ္းမွာ တႏွစ္အတြင္း ကိုယ့္ဘာသာအဆုံးစီရင္သူ အေယာက္ ရွစ္သိန္းထက္ မနည္းရွိေနတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္းက ထုတ္ျပန္ထားပါတယ္။

ကိုယ့္ဘာသာအဆုံးစီရင္သူျပဳလုပ္ျခင္းရဲ႕ အဓိက တရားခံကေတာ့ စိတ္က်ေရာဂါပါပဲ။ ဒါေၾကာင့္ စိတ္က်ေရာဂါျဖစ္ရင္ ႀကဳံရမယ့္ လကၡဏာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။


(၁) စိတ္ဝင္စားမႈေလ်ာ့နည္းျခင္း

ကမာၻမွာေန႔စဥ္နဲ႔ အမွ် ျဖစ္ပြားေနတဲ့ အသစ္အသစ္ေသာအရာေတြကို သင္ စိတ္ဝင္စားျခင္းမရွိေတာ့ဘူး ဆိုရင္ သင္စိတ္က်ေရာဂါျဖစ္စျပဳေနပါၿပီ။ ဥပမာ တေယာက္ေယာက္က သင့္ကို မားစ္ၿဂိဳလ္ေပၚမွာ လူသားေတြ ေနႏိုင္ေတာ့မယ္ ဆိုတဲ့ စိတ္ဝင္စားစရာ သတင္းကို လာၿပီးေျပာျပေနရင္ေတာင္ သင့္ဘက္က ဘာမွ မခံစားရရင္၊ ေန႔စဥ္ျပဳလုပ္ေနက် အရာေတြထဲက ဘယ္ဟာကမွ သင့္ကို စိတ္ဝင္စားေအာင္ မလုပ္ေပးႏိုင္ေတာ့တာ စတာေတြကို ခံစားရပါလိမ့္မယ္။

(၂) သင့္ကိုယ္သင္ ဂ႐ုမစိုက္ျခင္း

လူဆိုတဲ့ အမ်ိဳးက ကိုယ့္ကိုယ္ကို ဂ႐ုအစိုက္ဆုံးပါပဲ။ အဲဒါကိုမွ သင့္က သင့္ကိုယ္သင္ ဂ႐ုစိုက္ခ်င္တဲ့ စိတ္ေတြ မျဖစ္တာမ်ိဳးကို ခံစားေနရပါလိမ့္မယ္။ သင့္ရဲ႕ အိမ္၊ အခန္း၊ သင့္ရဲ႕ ခႏၶာကိုယ္ ကိုေတာင္မွ ဂ႐ုမစိုက္ခ်င္ေလာက္ေအာင္ ျဖစ္ေနပါလိမ့္မယ္။ ျဖစ္သမွ် အရာအားလုံးကို လက္ခံၿပီး အရႈံးေပးခ်င္စိတ္ေတြပဲ ႀကီးစိုးေနပါလိမ့္မယ္။

(၃) သင့္အလုပ္ကို မုန္းျခင္း

သင္ေန႔တိုင္းလုပ္ေနရတဲ့ အလုပ္က သင့္ကို မေပ်ာ္႐ႊင္ေစတာေတြကို ခံစားရႏိုင္ၿပီး ႐ုံးကိုေရာက္တာနဲ႔ နာရီတၾကည့္ၾကည့္နဲ႔ ျဖစ္ေနတတ္ပါတယ္။ အနားယူရလို႔ မဝျဖစ္ၿပီး ဘာမွ မလုပ္ပဲ ပင္ပန္းေနတတ္ပါတယ္။ သင့္ဘဝတခုလုံး ဘာအဓိပၸာယ္မွ မရွိသလို ခံစားေနရၿပီ ဆိုရင္ေတာ့ စိတ္က်န္းမာေရးဆရာဝန္ကို သြားေရာက္ျပသဖို႔ လိုပါၿပီ။

စိတ္က်န္းမာေရးဟာ ခႏၶာကိုယ္က်န္းမာေရးလိုပဲ အေရးႀကီးတဲ့ အတြက္ စိတ္က်န္းမာေရးဆရာဝန္ေတြနဲ႔ ေတြ႕ဆုံၿပီး သင္ခံစားေနရေတြကို ဖြင့္ေျပာတိုင္ပင္ၿပီး ေဆးကုသမႈ ခံယူဖို႔ လိုအပ္ပါတယ္။

Credit: Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

တခါတလေမှာ အိပ်ရာထဲဝင်ခါနီး အချိန်တွေကို ရောက်လာရင် တနေကုန် သင်လုပ်ခဲ့တဲ့ အရာတွေက ဘာမှ မထူးမိပါဘူးလို့ တွေးနေတတ်ပါသလား။၂၁ ရာစုဟာ စိတ်ကျရောဂါဖြစ်ပွားမှု အမြင့်မားဆုံးပဲလို့ သိရပါတယ်။ ကမ္ဘာတဝှမ်းမှာ တနှစ်အတွင်း ကိုယ့်ဘာသာအဆုံးစီရင်သူ အယောက် ရှစ်သိန်းထက် မနည်းရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။

ကိုယ့်ဘာသာအဆုံးစီရင်သူပြုလုပ်ခြင်းရဲ့ အဓိက တရားခံကတော့ စိတ်ကျရောဂါပါပဲ။ ဒါကြောင့် စိတ်ကျရောဂါဖြစ်ရင် ကြုံရမယ့် လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။


(၁) စိတ်ဝင်စားမှုလျော့နည်းခြင်း

ကမ္ဘာမှာနေ့စဉ်နဲ့ အမျှ ဖြစ်ပွားနေတဲ့ အသစ်အသစ်သောအရာတွေကို သင် စိတ်ဝင်စားခြင်းမရှိတော့ဘူး ဆိုရင် သင်စိတ်ကျရောဂါဖြစ်စပြုနေပါပြီ။ ဥပမာ တယောက်ယောက်က သင့်ကို မားစ်ဂြိုလ်ပေါ်မှာ လူသားတွေ နေနိုင်တော့မယ် ဆိုတဲ့ စိတ်ဝင်စားစရာ သတင်းကို လာပြီးပြောပြနေရင်တောင် သင့်ဘက်က ဘာမှ မခံစားရရင်၊ နေ့စဉ်ပြုလုပ်နေကျ အရာတွေထဲက ဘယ်ဟာကမှ သင့်ကို စိတ်ဝင်စားအောင် မလုပ်ပေးနိုင်တော့တာ စတာတွေကို ခံစားရပါလိမ့်မယ်။

(၂) သင့်ကိုယ်သင် ဂရုမစိုက်ခြင်း

လူဆိုတဲ့ အမျိုးက ကိုယ့်ကိုယ်ကို ဂရုအစိုက်ဆုံးပါပဲ။ အဲဒါကိုမှ သင့်က သင့်ကိုယ်သင် ဂရုစိုက်ချင်တဲ့ စိတ်တွေ မဖြစ်တာမျိုးကို ခံစားနေရပါလိမ့်မယ်။ သင့်ရဲ့ အိမ်၊ အခန်း၊ သင့်ရဲ့ ခန္ဓာကိုယ် ကိုတောင်မှ ဂရုမစိုက်ချင်လောက်အောင် ဖြစ်နေပါလိမ့်မယ်။ ဖြစ်သမျှ အရာအားလုံးကို လက်ခံပြီး အရှုံးပေးချင်စိတ်တွေပဲ ကြီးစိုးနေပါလိမ့်မယ်။

(၃) သင့်အလုပ်ကို မုန်းခြင်း

သင်နေ့တိုင်းလုပ်နေရတဲ့ အလုပ်က သင့်ကို မပျော်ရွှင်စေတာတွေကို ခံစားရနိုင်ပြီး ရုံးကိုရောက်တာနဲ့ နာရီတကြည့်ကြည့်နဲ့ ဖြစ်နေတတ်ပါတယ်။ အနားယူရလို့ မဝဖြစ်ပြီး ဘာမှ မလုပ်ပဲ ပင်ပန်းနေတတ်ပါတယ်။ သင့်ဘဝတခုလုံး ဘာအဓိပ္ပာယ်မှ မရှိသလို ခံစားနေရပြီ ဆိုရင်တော့ စိတ်ကျန်းမာရေးဆရာဝန်ကို သွားရောက်ပြသဖို့ လိုပါပြီ။

စိတ်ကျန်းမာရေးဟာ ခန္ဓာကိုယ်ကျန်းမာရေးလိုပဲ အရေးကြီးတဲ့ အတွက် စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ တွေ့ဆုံပြီး သင်ခံစားနေရတွေကို ဖွင့်ပြောတိုင်ပင်ပြီး ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top