iMyanmarHouse.com - Best Property Website for Myanmar
×


႐ုပ္ရွင္အေနျဖင့္ ဇာတ္ ႐ုပ္မ်ဳိးစုံ ႐ုိက္ကူးျဖစ္ေသာ္လည္း ဟာသကားမ်ားသာ ႐ုံတင္ေန ေသာေၾကာင့္ အျခားဇာတ္ကား မ်ားလည္း ႐ုံတင္ခြင့္ရရွိေစလို ေၾကာင္း ျမင့္ျမတ္က ေျပာသည္။‘‘ကြၽန္ေတာ္က ဟာသလည္း ႐ုိက္တယ္၊ အက္ရွင္လည္း ႐ုိက္ တယ္၊ ဒရာမာလည္း ႐ုိက္တယ္။ ဒါေပမဲ့ ႐ုံေပၚေရာက္လာတာက ႐ိုက္ထားတဲ့ ႐ုိမန္႔ဒရာမာေတြ၊ ဒရာမာေတြ တစ္ကားမွ ထြက္ မလာဘူး။ ေရာက္လာတာ အ ကုန္လုံးက ဟာသကားေတြပဲ ျဖစ္ေနတာ’’ဟု ျမင့္ျမတ္က ေျပာသည္။

ထုိ႔ေၾကာင့္ ၂၀၁၉ တြင္ ႐ုိက္ ကူးသည့္ ဇာတ္ကားမ်ား၌ ဟာသ႐ုိက္ကူးမႈနည္းမည္ျဖစ္ၿပီး ပုံ မွန္မဟုတ္သည့္ ဇာတ္လမ္းမ်ား ႏွင့္ ဇာတ္လမ္းေကာင္းသည့္ ဇာတ္ကားမ်ား ေရြးခ်ယ္႐ုိက္ကူးရန္ ရွိသည္ဟု ၎ကဆုိသည္။ ‘ခေရ’ဆုိရင္လည္း ကြၽန္ ေတာ္အရမ္းႀကိဳက္ၿပီး အားရတဲ့ ကားထဲမွာပါတယ္။ ‘ေက်ာမွာ ဂဠဳန္ ရင္မွာနဂါး’ဆိုရင္လည္း တကယ့္ဒရာမာအစစ္။ အဲဒီကားေတြက ႐ုံေပၚေရာက္မလာ ဘူး’’ဟု ျမင့္ျမတ္က ေျပာသည္။ထို႔ေၾကာင့္ ပရိသတ္မ်ားအ ေနျဖင့္ ယင္းဇာတ္ကားမ်ား ထြက္ ရွိပါက အားေပးေစခ်င္သလုိ ႐ုပ္ ရွင္႐ုံပိုင္ရွင္မ်ားအေနျဖင့္လည္း ႐ုံတင္ေပးေစလိုေၾကာင္း ၎က ဆုိသည္။

‘‘အကယ္ဒမီကေတာ့ တကယ္ေၾကာက္ဖုိ႔ ေကာင္းပါတယ္။ မွန္းထား၊ ရင္ထဲမွာထည့္ ထားၿပီး မရရင္ ခံလည္းခံစားရ တယ္။ အရွက္လည္း ကဲြတယ္။ အဲဒီလို သင္ခန္းစာေတြ အမ်ား ႀကီးလည္း ရဖူးမွာပါ။ ကြၽန္ေတာ့္ေတာ့ ေပါ့ေပါ့ပါးပါးပဲထားတယ္’’ ဟု ၂၀၁၈ အကယ္ဒမီရင္ခုန္သံ အေၾကာင္းကို ျမင့္ျမတ္က ေျပာ သည္။

၂၀၁၈ အတြင္း ျမင့္ျမတ္ ပါ၀င္သ႐ုပ္ေဆာင္ထားသည့္ ႐ုပ္ ရွင္ ၁၃ ကား ႐ုံတင္ျပသခဲ့ၿပီး ျမင့္ျမတ္၏ ပရိသတ္မ်ားက ငဒူ ဇာတ္ကားျဖင့္ ဇာတ္ေဆာင္ ဆုရရွိေစခ်င္ေၾကာင္း ခန္႔မွန္း ထားသည္။

‘‘ငဒူရဲ႕ ကာ႐ုိက္တာက အရမ္းခ်စ္ဖုိ႔ ေကာင္းတယ္။ ေနာက္ပိုင္းမွာ ဒရာမာနဲ႔ ဇာတ္သိမ္းထားတဲ့ကား။ အကယ္ဒမီရဖို႔ ဆုေတာင္းေပးတဲ့အတြက္လည္း ပရိသတ္ေတြကို ေက်းဇူးတင္ပါတယ္’’ ဟု ျမင့္ျမတ္က ေျပာသည္။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit: 7Day
#Unicode Version#

ရုပ်ရှင်အနေဖြင့် ဇာတ် ရုပ်မျိုးစုံ ရိုက်ကူးဖြစ်သော်လည်း ဟာသကားများသာ ရုံတင်နေ သောကြောင့် အခြားဇာတ်ကား များလည်း ရုံတင်ခွင့်ရရှိစေလို ကြောင်း မြင့်မြတ်က ပြောသည်။‘‘ကျွန်တော်က ဟာသလည်း ရိုက်တယ်၊ အက်ရှင်လည်း ရိုက် တယ်၊ ဒရာမာလည်း ရိုက်တယ်။ ဒါပေမဲ့ ရုံပေါ်ရောက်လာတာက ရိုက်ထားတဲ့ ရိုမန့်ဒရာမာတွေ၊ ဒရာမာတွေ တစ်ကားမှ ထွက် မလာဘူး။ ရောက်လာတာ အ ကုန်လုံးက ဟာသကားတွေပဲ ဖြစ်နေတာ’’ဟု မြင့်မြတ်က ပြောသည်။

ထို့ကြောင့် ၂၀၁၉ တွင် ရိုက် ကူးသည့် ဇာတ်ကားများ၌ ဟာသရိုက်ကူးမှုနည်းမည်ဖြစ်ပြီး ပုံ မှန်မဟုတ်သည့် ဇာတ်လမ်းများ နှင့် ဇာတ်လမ်းကောင်းသည့် ဇာတ်ကားများ ရွေးချယ်ရိုက်ကူးရန် ရှိသည်ဟု ၎င်းကဆိုသည်။ ‘ခရေ’ဆိုရင်လည်း ကျွန် တော်အရမ်းကြိုက်ပြီး အားရတဲ့ ကားထဲမှာပါတယ်။ ‘ကျောမှာ ဂဠုန် ရင်မှာနဂါး’ဆိုရင်လည်း တကယ့်ဒရာမာအစစ်။ အဲဒီကားတွေက ရုံပေါ်ရောက်မလာ ဘူး’’ဟု မြင့်မြတ်က ပြောသည်။ထို့ကြောင့် ပရိသတ်များအ နေဖြင့် ယင်းဇာတ်ကားများ ထွက် ရှိပါက အားပေးစေချင်သလို ရုပ် ရှင်ရုံပိုင်ရှင်များအနေဖြင့်လည်း ရုံတင်ပေးစေလိုကြောင်း ၎င်းက ဆိုသည်။

‘‘အကယ်ဒမီကတော့ တကယ်ကြောက်ဖို့ ကောင်းပါတယ်။ မှန်းထား၊ ရင်ထဲမှာထည့် ထားပြီး မရရင် ခံလည်းခံစားရ တယ်။ အရှက်လည်း ကွဲတယ်။ အဲဒီလို သင်ခန်းစာတွေ အများ ကြီးလည်း ရဖူးမှာပါ။ ကျွန်တော့်တော့ ပေါ့ပေါ့ပါးပါးပဲထားတယ်’’ ဟု ၂၀၁၈ အကယ်ဒမီရင်ခုန်သံ အကြောင်းကို မြင့်မြတ်က ပြော သည်။

၂၀၁၈ အတွင်း မြင့်မြတ် ပါဝင်သရုပ်ဆောင်ထားသည့် ရုပ် ရှင် ၁၃ ကား ရုံတင်ပြသခဲ့ပြီး မြင့်မြတ်၏ ပရိသတ်များက ငဒူ ဇာတ်ကားဖြင့် ဇာတ်ဆောင် ဆုရရှိစေချင်ကြောင်း ခန့်မှန်း ထားသည်။

‘‘ငဒူရဲ့ ကာရိုက်တာက အရမ်းချစ်ဖို့ ကောင်းတယ်။ နောက်ပိုင်းမှာ ဒရာမာနဲ့ ဇာတ်သိမ်းထားတဲ့ကား။ အကယ်ဒမီရဖို့ ဆုတောင်းပေးတဲ့အတွက်လည်း ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်’’ ဟု မြင့်မြတ်က ပြောသည်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: 7Day
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top