iMyanmarHouse.com - Best Property Website for Myanmar
×


ဇဏ္ခီဟာဆိုရင္ ရုပ္ရွင္ကားၾကီးအနည္းငယ္သာရိုက္ရေသးေပမယ့္ ရိုက္ျပီးသြားတဲ့ရုပ္ရွင္ကားေတြမွာ ပရိသတ္အားေပးမႈအျပည့္အဝရရွိခဲ့သလိုတစ္နိုင္ငံလံုးရဲ႕ ယံုၾကည္ကုိးစားမႈေတြကုိပါရရွိခဲ့တဲ့ မင္းသားတစ္ေယာက္ျဖစ္ပါတယ္။ ဇဏ္ခီက မၾကာေသးမီက မီဒီယာေတြနဲ႔ Interview မွာ လတ္တေလာအနုပညာလႈပ္ရွားမႈေတြနဲ႔ ဗိုလ္ခ်ဳပ္ရုပ္ရွင္အေပၚအျမင္ကုိ ေျပာျပသြားပါတယ္။

ဇဏ္ခီက လတ္တေလာအနုပညာလႈပ္ရွားမႈအေနနဲ႔ ရုိက္ဖို႔စီထားတဲ့ရုပ္ရွင္ကားေတြအေၾကာင္း “လတ္တေလာကြ်န္ေတာ္တို႔ရုိက္ဖို႔စီထားတဲ့ရုပ္ရွင္ကားေတြထဲမွာ သမိုင္းနဲ႔ပတ္သက္တာေတာ့မရွိဘူး။ဒါေပမယ့္ culture နဲ႔ပတ္သက္တာေတာ့ရွိတယ္ေပါ့ေနာ္။အားလံုးသိၾကတဲ့အတုိင္းပဲ ေတာမင္းသမီးကုိေတာ့ဝယ္ထားတယ္ေပါ့။ သမိုင္းနဲ႔ပတ္သက္တဲ့ကားက ေနာက္ပုိင္းမွာေတာ့ ရုိက္ဖို႔စီစဥ္ထားတယ္ေပါ့။ script ရယ္လို႔ေတာ့ ေသေသခ်ာခ်ာမေရးရေသးဘူး”လို႔ ေျဖၾကားထားပါတယ္။


သမိုင္းနဲ႔ပတ္သက္တဲ့ကားကုိ ရိုက္ခ်င္တဲ့ပံုစံကုိေတာ ့ဇဏ္ခီက “ေခတ္သံုးေခတ္ေလာက္ကုိကြ်န္ေတာ္တို႔ပါခ်င္တယ္။ အဲ့ဒီကားထဲမွာ ပါေတာ္မႈကေနစျပီးေတာ့ ျပီးရင္ နယ္ခ်ဲ႕ကိစၥလာမယ္။ျပီးေတာ့ မ်က္ေမွာက္အထိဘယ္လိုေရာက္လာလဲဆိုတာကုိ သံုးခုေပါင္းျပီးေတာ့ တစ္ကားေပ့ါ။ ဒါမွမဟုတ္လည္း နွစ္ကားျဖစ္မလားေပါ့။ အဲ့လုိမ်ိဳးေတာ့ စိတ္ကူးေလးေတာ့ရွိတယ္။ ဒါေပမယ့္ အဲဒီ project က အၾကီးၾကီးျဖစ္မွာဆိုေတာ့ေလ။ ဒီသံုးေလးငါးနွစ္မွာေတာ့ မျဖစ္နိုင္ေလာက္ေသးဘူး ဒါေပမယ့္ ေခါင္းထဲမွာေတာ့ရွိတယ္”လို႔ ေျပာျပသြားပါတယ္။

ဇဏ္ခီက ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ရွင္နဲ႔ပတ္သက္တဲ့အျမင္ကို “ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ရွင္က ကြ်န္ေတာ္အေျခအေနဘယ္ေရာက္ေနလဲ။ Direction ကဘယ္လုိသြားေနတယ္ဆိုတာကြ်န္ေတာ္မသိဘူးေပါ့ေနာ္။အဲဒါေၾကာင့္ ဘာမွေတာ့ကြ်န္ေတာ္သိပ္ျပီးမေျပာလိုဘူး”လုိ႔ေျပာထားပါတယ္။


ဒါေပမယ့္ ဗိုလ္ခ်ဳပ္ရုပ္ရွင္ကုိ ဘတ္ဂ်က္မလံုေလာက္ပဲနဲ႔ေတာ့မရိုက္သင့္ေၾကာင္း “တကယ္ကိုပဲ ေခတ္အဆက္ဆက္နယ္ခ်ဲ႕ေခတ္ကုိျပမယ္။ တကယ္ကိုျပခ်င္တယ္ဆိုရင္ေတာ့ ဘတ္ဂ်က္ေတာ့မလံုမေလာက္နဲ႔ေတာ့မလုပ္လိုက္သင့္ဘူးေပါ့ေနာ္။ ဘတ္ဂ်က္လံုလံုေလာက္ေလာက္ရွိတဲ့အထိေစာင့္ျပီးေတာ့မွ ရုိက္သင့္တယ္ေပါ့ေနာ္။ အဲ့ေလာက္ပဲကြ်န္ေတာ္ေျပာခ်င္ပါတယ္”လို႔ ရင္ဖြင့္ထားပါတယ္။

ပရိသတ္ၾကီးေရာ ဇဏ္ခီနဲ႔ခရစ္စတီးနားခီတို႔ကုိခ်စ္ၾကလား။ သူတို႔လက္တဲြရုိက္ကူးမယ့္ ေနာက္ထပ္ဇာတ္ကားၾကီးေတြကုိေရာ ေမွ်ာ္ေနၾကျပီလား။ ရံုတင္လာခဲ့ရင္ေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Credit: Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

ဇဏ်ခီဟာဆိုရင် ရုပ်ရှင်ကားကြီးအနည်းငယ်သာရိုက်ရသေးပေမယ့် ရိုက်ပြီးသွားတဲ့ရုပ်ရှင်ကားတွေမှာ ပရိသတ်အားပေးမှုအပြည့်အဝရရှိခဲ့သလိုတစ်နိုင်ငံလုံးရဲ့ ယုံကြည်ကိုးစားမှုတွေကိုပါရရှိခဲ့တဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ ဇဏ်ခီက မကြာသေးမီက မီဒီယာတွေနဲ့ Interview မှာ လတ်တလောအနုပညာလှုပ်ရှားမှုတွေနဲ့ ဗိုလ်ချုပ်ရုပ်ရှင်အပေါ်အမြင်ကို ပြောပြသွားပါတယ်။
 
ဇဏ်ခီက လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ရိုက်ဖို့စီထားတဲ့ရုပ်ရှင်ကားတွေအကြောင်း “လတ်တလောကျွန်တော်တို့ရိုက်ဖို့စီထားတဲ့ရုပ်ရှင်ကားတွေထဲမှာ သမိုင်းနဲ့ပတ်သက်တာတော့မရှိဘူး။ဒါပေမယ့် culture နဲ့ပတ်သက်တာတော့ရှိတယ်ပေါ့နော်။အားလုံးသိကြတဲ့အတိုင်းပဲ တောမင်းသမီးကိုတော့ဝယ်ထားတယ်ပေါ့။ သမိုင်းနဲ့ပတ်သက်တဲ့ကားက နောက်ပိုင်းမှာတော့ ရိုက်ဖို့စီစဉ်ထားတယ်ပေါ့။ script ရယ်လို့တော့ သေသေချာချာမရေးရသေးဘူး”လို့ ဖြေကြားထားပါတယ်။

သမိုင်းနဲ့ပတ်သက်တဲ့ကားကို ရိုက်ချင်တဲ့ပုံစံကိုတော့ဇဏ်ခီက “ခေတ်သုံးခေတ်လောက်ကိုကျွန်တော်တို့ပါချင်တယ်။ အဲ့ဒီကားထဲမှာ ပါတော်မှုကနေစပြီးတော့ ပြီးရင် နယ်ချဲ့ကိစ္စလာမယ်။ပြီးတော့ မျက်မှောက်အထိဘယ်လိုရောက်လာလဲဆိုတာကို သုံးခုပေါင်းပြီးတော့ တစ်ကားပေ့ါ။ ဒါမှမဟုတ်လည်း နှစ်ကားဖြစ်မလားပေါ့။ အဲ့လိုမျိုးတော့ စိတ်ကူးလေးတော့ရှိတယ်။ ဒါပေမယ့် အဲဒီ project က အကြီးကြီးဖြစ်မှာဆိုတော့လေ။ ဒီသုံးလေးငါးနှစ်မှာတော့ မဖြစ်နိုင်လောက်သေးဘူး ဒါပေမယ့် ခေါင်းထဲမှာတော့ရှိတယ်”လို့ ပြောပြသွားပါတယ်။

ဇဏ်ခီက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်နဲ့ပတ်သက်တဲ့အမြင်ကို “ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်က ကျွန်တော်အခြေအနေဘယ်ရောက်နေလဲ။ Direction ကဘယ်လိုသွားနေတယ်ဆိုတာကျွန်တော်မသိဘူးပေါ့နော်။အဲဒါကြောင့် ဘာမှတော့ကျွန်တော်သိပ်ပြီးမပြောလိုဘူး”လို့ပြောထားပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်ရုပ်ရှင်ကို ဘတ်ဂျက်မလုံလောက်ပဲနဲ့တော့မရိုက်သင့်ကြောင်း “တကယ်ကိုပဲ ခေတ်အဆက်ဆက်နယ်ချဲ့ခေတ်ကိုပြမယ်။ တကယ်ကိုပြချင်တယ်ဆိုရင်တော့ ဘတ်ဂျက်တော့မလုံမလောက်နဲ့တော့မလုပ်လိုက်သင့်ဘူးပေါ့နော်။ ဘတ်ဂျက်လုံလုံလောက်လောက်ရှိတဲ့အထိစောင့်ပြီးတော့မှ ရိုက်သင့်တယ်ပေါ့နော်။ အဲ့လောက်ပဲကျွန်တော်ပြောချင်ပါတယ်”လို့ ရင်ဖွင့်ထားပါတယ်။

ပရိသတ်ကြီးရော ဇဏ်ခီနဲ့ခရစ်စတီးနားခီတို့ကိုချစ်ကြလား။ သူတို့လက်တွဲရိုက်ကူးမယ့် နောက်ထပ်ဇာတ်ကားကြီးတွေကိုရော မျှော်နေကြပြီလား။ ရုံတင်လာခဲ့ရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top