iMyanmarHouse.com - Best Property Website for Myanmar
×


မိန္းကေလးတစ္ေယာက္အတြက္ ဖက္ရွင္ကလည္းအေရးႀကီးသလို အလွအပကလည္း အေရးႀကီးလို႔ေနပါတယ္။ အဲဒီထက္ပိုၿပီးအေရးႀကီးတာတစ္ခုကေတာ့ ဝတ္ဆင္ထားတဲ့ဖက္ရွင္နဲ႔ ျပင္ဆင္ထားတဲ့မိတ္ကပ္ လိုက္ဖက္မႈရွိဖို႔က ပိုၿပီးအေရးႀကီးတာေပါ႔။ ဝတ္ထားတဲ့အေရာင္နဲ႔ ျပင္ဆင္ထားတဲ့မိတ္ကပ္အေရာင္က လိုက္ဖက္မႈမရွိေနရင္လည္း ဘယ္ေလာက္ပဲလွေအာင္ဝတ္ထားပါေစ ၾကည့္ေကာင္းေနေတာ့မွာမဟုတ္ပါဘူး။

ဒါေၾကာင္ သင့္အေနနဲ႔လွပၿပီးေတာက္ပတဲ့ အဝါေရာင္ေလးကိုဝတ္ဆင္မယ္ဆိုရင္ လိုက္ဖက္ၿပီးၾကည့္ေကာင္းတဲ့ မိတ္ကပ္ျပင္ဆင္မႈေလးျဖစ္ေအာင္ ဘာေတြလုပ္သင့္တယ္ဆိုတာကို ပ်ိဳေမတို႔သိရေအာင္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။


မ်က္လုံးကိုျခယ္သေတာ့မယ္ဆိုရင္

မ်က္လုံးကိုျခယ္သဖို႔ဆိုရင္ေတာ့ ေ႐ႊေရာင္ေလးေတြကအဝါေရာင္နဲ႔ အလိုက္ဖက္ဆုံးျဖစ္မယ္လို႔ ျမင္မိပါတယ္။ မ်က္ခြံေလးေပၚကို ေ႐ႊေရာင္ေလးေတြအရင္ျခယ္ေပးၿပီး သိပ္ၿပီးမကြဲျပားတဲ့အေရာင္ေလးေတြနဲ႔ ဖန္တီးၿပီးျပင္ဆင္ၾကည့္လိုက္ပါ။ ၿပီးရင္ေတာ့ Eyeliner ေလးကိုေသေသသပ္သပ္ေလး ဆြဲေပးလိုက္ေပါ့။ အမည္းေရာင္ျဖစ္ဖို႔ေတာ့လိုတယ္ေနာ္။

ပါးနီအတြက္ဆိုရင္

မိတ္ကပ္ျပင္ရင္ ပါးနီေလးကလည္းမပါမျဖစ္ေပါ့။ ပါးနီျခယ္ဖို႔ အေရာင္ေ႐ြးခ်ယ္တဲ့အခါမွာေတာ့ ေဖ်ာ့တဲ့သဘာဝအေရာင္မ်ိဳးေလးေတြကို သံုးတာကပိုၿပီးေတာ့ သင့္ေတာ္ပါတယ္ေနာ္။ ပန္းေရာင္ကိုမွ ေဖ်ာ့တဲ့အေရာင္မ်ိဳးေလးေတြကို သုံးေပးမယ္ဆိုရင္ေတာ့ သင္ဝတ္ထားတဲ့အဝါေရာင္ဖက္ရွင္ေလးနဲ႔ ပိုၿပီးလိုက္ဖက္မႈရွိမွာေပါ့။


ႏႈတ္ခမ္းနီအတြက္ဆိုရင္

ႏႈတ္ခမ္းနီအတြက္ဆိုရင္လည္း အေရာင္ရင့္ရင့္ေတြကို သုံးစရာမလိုပါဘူး။ အဝါေရာင္နဲ႔လိုက္ဖက္ၿပီး ဆြဲေဆာင္မႈရွိတဲ့ပုံစံေလးျဖစ္ဖို႔ဆိုရင္ အသားေရာင္ႏႈတ္ခမ္းနီမ်ိဳးေလးေတြကို ေ႐ြးခ်ယ္သင့္တယ္ေနာ္။

အေရာင္ေတာက္တဲ့အဝတ္အစားေတြကို ဝတ္ဆင္တဲ့အခါမွာမိတ္ကပ္ျပင္ဆင္မႈမွာလည္း အေရာင္ေလးကိုနည္းနည္းေတာ့ ေလ်ာ့သင့္တယ္လို႔ထင္ပါတယ္။ အဝါေရာင္ဆိုတာကလူတိုင္းကို သတိထားမိေစတဲ့အေရာင္ျဖစ္ၿပီး ေတာ္ေတာ္မ်ားမ်ားလည္းႀကိဳက္ၾကတဲ့အေရာင္ေပါ့။ ဒါေၾကာင့္အဝါေရာင္ဝတ္တဲ့အခါမွာ ဒီလိုအခ်က္ေလးေတြကိုလည္း ေသခ်ာျပင္ဆင္ၾကည့္လိုက္ပါေနာ္။

Credit: MystyleMyanmar

# Unicode Version ျဖင့္ ဖတ္ပါ #

မိန်းကလေးတစ်ယောက်အတွက် ဖက်ရှင်ကလည်းအရေးကြီးသလို အလှအပကလည်း အရေးကြီးလို့နေပါတယ်။ အဲဒီထက်ပိုပြီးအရေးကြီးတာတစ်ခုကတော့ ဝတ်ဆင်ထားတဲ့ဖက်ရှင်နဲ့ ပြင်ဆင်ထားတဲ့မိတ်ကပ် လိုက်ဖက်မှုရှိဖို့က ပိုပြီးအရေးကြီးတာပေါ့။ ဝတ်ထားတဲ့အရောင်နဲ့ ပြင်ဆင်ထားတဲ့မိတ်ကပ်အရောင်က လိုက်ဖက်မှုမရှိနေရင်လည်း ဘယ်လောက်ပဲလှအောင်ဝတ်ထားပါစေ ကြည့်ကောင်းနေတော့မှာမဟုတ်ပါဘူး။

ဒါကြောင် သင့်အနေနဲ့လှပပြီးတောက်ပတဲ့ အဝါရောင်လေးကိုဝတ်ဆင်မယ်ဆိုရင် လိုက်ဖက်ပြီးကြည့်ကောင်းတဲ့ မိတ်ကပ်ပြင်ဆင်မှုလေးဖြစ်အောင် ဘာတွေလုပ်သင့်တယ်ဆိုတာကို ပျိုမေတို့သိရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

မျက်လုံးကိုခြယ်သတော့မယ်ဆိုရင်

မျက်လုံးကိုခြယ်သဖို့ဆိုရင်တော့ ရွှေရောင်လေးတွေကအဝါရောင်နဲ့ အလိုက်ဖက်ဆုံးဖြစ်မယ်လို့ မြင်မိပါတယ်။ မျက်ခွံလေးပေါ်ကို ရွှေရောင်လေးတွေအရင်ခြယ်ပေးပြီး သိပ်ပြီးမကွဲပြားတဲ့အရောင်လေးတွေနဲ့ ဖန်တီးပြီးပြင်ဆင်ကြည့်လိုက်ပါ။ ပြီးရင်တော့ Eyeliner လေးကိုသေသေသပ်သပ်လေး ဆွဲပေးလိုက်ပေါ့။ အမည်းရောင်ဖြစ်ဖို့တော့လိုတယ်နော်။

ပါးနီအတွက်ဆိုရင်

မိတ်ကပ်ပြင်ရင် ပါးနီလေးကလည်းမပါမဖြစ်ပေါ့။ ပါးနီခြယ်ဖို့ အရောင်ရွေးချယ်တဲ့အခါမှာတော့ ဖျော့တဲ့သဘာဝအရောင်မျိုးလေးတွေကို သုံးတာကပိုပြီးတော့ သင့်တော်ပါတယ်နော်။ ပန်းရောင်ကိုမှ ဖျော့တဲ့အရောင်မျိုးလေးတွေကို သုံးပေးမယ်ဆိုရင်တော့ သင်ဝတ်ထားတဲ့အဝါရောင်ဖက်ရှင်လေးနဲ့ ပိုပြီးလိုက်ဖက်မှုရှိမှာပေါ့။

နှုတ်ခမ်းနီအတွက်ဆိုရင်

နှုတ်ခမ်းနီအတွက်ဆိုရင်လည်း အရောင်ရင့်ရင့်တွေကို သုံးစရာမလိုပါဘူး။ အဝါရောင်နဲ့လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိတဲ့ပုံစံလေးဖြစ်ဖို့ဆိုရင် အသားရောင်နှုတ်ခမ်းနီမျိုးလေးတွေကို ရွေးချယ်သင့်တယ်နော်။

အရောင်တောက်တဲ့အဝတ်အစားတွေကို ဝတ်ဆင်တဲ့အခါမှာမိတ်ကပ်ပြင်ဆင်မှုမှာလည်း အရောင်လေးကိုနည်းနည်းတော့ လျော့သင့်တယ်လို့ထင်ပါတယ်။ အဝါရောင်ဆိုတာကလူတိုင်းကို သတိထားမိစေတဲ့အရောင်ဖြစ်ပြီး တော်တော်များများလည်းကြိုက်ကြတဲ့အရောင်ပေါ့။ ဒါကြောင့်အဝါရောင်ဝတ်တဲ့အခါမှာ ဒီလိုအချက်လေးတွေကိုလည်း သေချာပြင်ဆင်ကြည့်လိုက်ပါနော်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top