iMyanmarHouse.com - Best Property Website for Myanmar
×


ငွက္ေပ်ာသီး ဟာ က်န္းမာေရးအတြက္ေရာ အလွအပအတြက္ပါ အသံုး၀င္တဲ့ သီးႏွံအမိ်ဳးအစားပါ။ ငွက္ေပ်ာသီးကိုစားၿပီးရင္ ငွက္ေပ်ာခြံကို လႊင့္ပစ္ေလ့ရွိၾကပါတယ္။အခုေျပာျပမဲ့ ငွက္ေပ်ာခံြ ရဲ့ ေကာင္းက်ိဳးေတြကို သိၿပီးရင္ေတာ့ ငွက္ေပ်ာခြံကို လႊင့္ပစ္မိေတာ့မွာမဟုတ္ပါဘူး။

ငွက္ေပ်ာသီး မွာ အမွ်င္ဓါတ္၊ ပိုတက္ဆီယမ္ဓါတ္ၾကြယ္၀စြာပါ၀င္ၿပီး အစာမေၾကတာကို ေပ်ာက္ကင္းေစလို႔ ၀မ္းမွန္ေစပါတယ္။ ငွက္ေပ်ာသီးမွာ အဲလိုဂုဏ္သတၱိေတြပါ၀င္သလိုပဲ ငွက္ေပ်ာခြံမွာလည္း အဲလိုအာနိသင္ေတြပါ၀င္ေနတာပါ။

ငွက္ေပ်ာသီးမွဲ႔နဲ႔ ငွက္ေပ်ာသီးစိမ္းမွာ ငွက္ေပ်ာသီးစိမ္းက ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ရမွာ ပိုေကာင္းပါတယ္။ ငွက္ေပ်ာမွဲ႕မွာလည္း ကင္ဆာကို တိုက္ဖ်က္ႏိုင္တဲ့ ဂုဏ္သတၱိေတြ အမ်ားအျပားပါ၀င္ေနပါတယ္။ မိမိႀကိဳက္ႏွစ္သက္ရာကို အသံုးျပဳလို႔ရပါတယ္။

ငွက္ေပ်ာခြံကိုစားပါဆိုရင္ေတာ့ သိပ္ၿပီးစားခ်င္ၾကမယ္မထင္ပါဘူး။ အရသာမရွိလို႔ စားဖို႔ တြန္႔ဆုတ္ေနၾကမွာေသခ်ာပါတယ္။ ဒါေပမဲ့ ငွက္ေပ်ာခြံမွာ ဗီတာမင္ A၊ Lutein ဓါတ္ေတြပါ၀င္လို႔ ကင္ဆာေရာဂါကိုကာကြယ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ က်န္းမာေရးအက်ိဳးေက်းဇူးေတြ အမ်ားအျပားရွိေနပါတယ္။ ဒီေတာ့ ငွက္ေပ်ာသီးခြံကို ေဖ်ာ္ရည္လုပ္ၿပီးေသာက္ရေအာင္ပါ။

ပါ၀င္ပစၥည္း

ငွက္ေပ်ာခြံ

အုန္းႏို႕

ေရခဲ

သစ္ႀကံပိုးေခါက္

ျပဳလုပ္နည္း

ပါ၀င္ပစၥည္းအားလံုးကို Blender (ေဖ်ာ္စက္) ထဲထည့္ၿပီး ေဖ်ာ္လိုက္ပါ။ ၿပီးရင္ေသာက္သံုးလို႔ရပါတယ္။

ေနာက္တစ္နည္းကေတာ့

ငွက္ေပ်ာခြံကို ေရေႏြးနဲ႔ ၁၀ မိနစ္ေလာက္ဆူဆူသည္ထားပါ။ ၿပီးရင္ မီးဖိုေပၚကခ်ၿပီး ပ်ားရည္ (သို႔) သၾကားထည့္ၿပီးေသာက္သံုးရမွာျဖစ္ပါတယ္။ ခ်ည္ခ်ည္ေလးေသာက္ခ်င္ရင္ေတာ့ သံပုရာသီးအနည္းငယ္ညွစ္ထည့္ပါ။

ငွက္ေပ်ာခြံေဖ်ာ္ရည္ကို မနက္ခင္း အစာမစားခင္မွာ ေသာက္သံုးေပးပါ။

Credit:MyStyle

# Unicode Version ျဖင့္ ဖတ္ပါ #

ငှက်ပျောသီး ဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးဝင်တဲ့ သီးနှံအမျိုးအစားပါ။ ငှက်ပျောသီးကိုစားပြီးရင် ငှက်ပျောခွံကို လွှင့်ပစ်လေ့ရှိကြပါတယ်။အခုပြောပြမဲ့ ငှက်ပျောခွံ ရဲ့ ကောင်းကျိုးတွေကို သိပြီးရင်တော့ ငှက်ပျောခွံကို လွှင့်ပစ်မိတော့မှာမဟုတ်ပါဘူး။

ငှက်ပျောသီး မှာ အမျှင်ဓါတ်၊ ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး အစာမကြေတာကို ပျောက်ကင်းစေလို့ ဝမ်းမှန်စေပါတယ်။ ငှက်ပျောသီးမှာ အဲလိုဂုဏ်သတ္တိတွေပါဝင်သလိုပဲ ငှက်ပျောခွံမှာလည်း အဲလိုအာနိသင်တွေပါဝင်နေတာပါ။

ငှက်ပျောသီးမှဲ့နဲ့ ငှက်ပျောသီးစိမ်းမှာ ငှက်ပျောသီးစိမ်းက ကိုယ်အလေးချိန်လျှော့ချရမှာ ပိုကောင်းပါတယ်။ ငှက်ပျောမှဲ့မှာလည်း ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေ အများအပြားပါဝင်နေပါတယ်။ မိမိကြိုက်နှစ်သက်ရာကို အသုံးပြုလို့ရပါတယ်။

ငှက်ပျောခွံကိုစားပါဆိုရင်တော့ သိပ်ပြီးစားချင်ကြမယ်မထင်ပါဘူး။ အရသာမရှိလို့ စားဖို့ တွန့်ဆုတ်နေကြမှာသေချာပါတယ်။ ဒါပေမဲ့ ငှက်ပျောခွံမှာ ဗီတာမင် A၊ Lutein ဓါတ်တွေပါဝင်လို့ ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများအပြားရှိနေပါတယ်။ ဒီတော့ ငှက်ပျောသီးခွံကို ဖျော်ရည်လုပ်ပြီးသောက်ရအောင်ပါ။

ပါဝင်ပစ္စည်း

ငှက်ပျောခွံ

အုန်းနို့

ရေခဲ

သစ်ကြံပိုးခေါက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို Blender (ဖျော်စက်) ထဲထည့်ပြီး ဖျော်လိုက်ပါ။ ပြီးရင်သောက်သုံးလို့ရပါတယ်။

နောက်တစ်နည်းကတော့

ငှက်ပျောခွံကို ရေနွေးနဲ့ ၁၀ မိနစ်လောက်ဆူဆူသည်ထားပါ။ ပြီးရင် မီးဖိုပေါ်ကချပြီး ပျားရည် (သို့) သကြားထည့်ပြီးသောက်သုံးရမှာဖြစ်ပါတယ်။ ချည်ချည်လေးသောက်ချင်ရင်တော့ သံပုရာသီးအနည်းငယ်ညှစ်ထည့်ပါ။

ငှက်ပျောခွံဖျော်ရည်ကို မနက်ခင်း အစာမစားခင်မှာ သောက်သုံးပေးပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top