iMyanmarHouse.com - Best Property Website for Myanmar
×


တစ္စံုတစ္ရာနဲ႔တိုက္မိၿပီး အေရျပားပြန္းပဲ့တာ၊ ရွတာ၊ယားယံတာေတြကို သက္သာေစမယ့္ အိမ္တြင္းနည္းလမ္းေကာင္းမ်ား

၁။ပြန္းပဲ့ဒဏ္ရာရသြားရင္လူအမ်ားစုျပဳလုပ္တာကေတာ့ပြန္းပဲ့တဲ့ေနရာကုိေရခဲနဲ႔ကပ္တာပါ။ယားယံတာေတြ၊ပြန္းပဲ့၊ရွေနတဲ့ဒဏ္ရာေတြကိုေရခဲအိတ္ကပ္ျခင္းျဖင့္သက္သာေစပါတယ္။

၂။အေရျပားယားယံတဲ့အခါေျပာင္းဖူးမႈန္႔ကိုသံုးၿပီးသက္သာေအာင္လုပ္လို႔ရတယ္။ယားယံေနတဲ့ေနရာမွာေျပာင္းဖူးမႈန္႔ကိုတိုက္႐ိုက္လိမ္းေပးပါ။ေျပာင္းဖူးမႈန္႔ကိုလိမ္းေဆးအျဖစ္သံုးတဲ့petroleum jelly နဲ႔ေရာၿပီးလိမ္းလို႔လည္းရတယ္။petroleum jelly မရိွပါကbaby powder (ကေလးလိမ္းေပါင္ဒါ) ကိုအစားထိုးသံုးလို႔ရတယ္။

၃။အေရျပားပြန္းပဲ့တာ၊ရွတာနဲ႔အျခားအေရျပားေရာဂါေတြကိုသက္သာေစဖို႔အလြယ္ဆံုးနည္းကေတာ့အုတ္ဂ်ံဳမႈန္႔၂ခြက္ကိုေရေႏြးနဲ႔ေရာၿပီးမိနစ္၂၀ေလာက္ထားၿပီးမွလိမ္းပါ။

၄။ကယ္လန္ဒူလာအဆီ(calendula oil) ဟာေရာင္ရမ္းတာေတြ၊ဘတ္တီးရီးယားပိုး၀င္တာေတြ၊မိႈနဲ႔ဆိုင္တဲ့ေရာဂါေတြကိုကာကြယ္ေပးႏိုင္တဲ့အတြက္၎ကိုလည္းသံုးလို႔ရပါတယ္။calendula oil အစက္အနည္းငယ္ကိုဒဏ္ရာရိွတဲ့ေနရာမွာလိမ္းေပးလို႔ရပါတယ္။

၅။ရွားေစာင္းလက္ပတ္(aloe Vera gel) မွာပါတဲ့ဂလိုင္ကိုပ႐ိုတင္းဓာတ္(glycoprotein) ဟာေရာင္ရမ္းတာေတြ၊ထိခိုက္ရွနာတာေတြကိုသက္သာေစပါတယ္။

၆။မုန္႔ဖုတ္ဆိုဒါကလည္းေရာင္ရမ္းတာေတြ၊ပြန္းပဲ့ဒဏ္ရာေတြကိုသက္သာေစပါ။တယ္။မုန္႔ဖုတ္ဆိုဒါဇြန္းအျပည့္၁ဇြန္းကိုေရနဲ႔ပ်စ္ပ်စ္ေလးေရာၿပီးဒဏ္ရာရိွတဲ့ေနရာကိုလိမ္းေပးပါ။

၇။နႏြင္းဟာလည္းအေရျပားပြန္းပဲ့တာ၊ယားယံတာေတြကိုသက္သာေစပါတယ္။နႏြင္းနဲ႔ေရကိုပ်စ္ပ်စ္ေလးေရာၿပီးဒဏ္ရာရိွတဲ့ေနရာမွာလိမ္းပါမိနစ္၃၀ေလာက္ထားၿပီးေရေဆးလိုက္ပါ။

၈။tea tree oil ဟာမ်က္ႏွာမွာေပါက္တတ္တဲ့၀က္ၿခံအပါအ၀င္အေရျပားကိုကုသဖို႔ေကာင္းတဲ့oil တစ္မ်ဳိးပါ။၎သည္ပြန္းပဲ့၊ရွေနတဲ့အေရျပားကိုသက္သာေစၿပီးေခ်ာမြတ္ေစပါတယ္။စိုေနတဲ့ဝါဂြမ္းလံုးထဲtea tree oil အစက္အနည္းငယ္ကိုထည့္ၿပီးဒဏ္ရာရိွတဲ့ေနရာမွာ၁ေန႔၂ႀကိမ္ေလာက္လိမ္းပါ။

၉။ေျခာက္ေသြ႕ေနတဲ့အေရျပားကိုအစိုဓာတ္ျပန္ရဖို႔သံလြင္ဆီကိုသံုးၾကပါတယ္ပြန္းပဲ့၊ရွေနတဲ့ဒဏ္ရာေတြမွာလည္းသံုးလို႔ရတယ္။သံလြင္ဆီသည္ဒဏ္ရာကိုသက္သာေစၿပီးအေရျပားကိုျပန္လည္ေကာင္းမြန္ေစပါတယ္။

Credit: Min Thu (Daily Hot News )

# Unicode Version ျဖင့္ ဖတ္ပါ #

၁။ပွန်းပဲ့ဒဏ်ရာရသွားရင်လူအများစုပြုလုပ်တာကတော့ပွန်းပဲ့တဲ့နေရာကိုရေခဲနဲ့ကပ်တာပါ။ယားယံတာတွေ၊ပွန်းပဲ့၊ရှနေတဲ့ဒဏ်ရာတွေကိုရေခဲအိတ်ကပ်ခြင်းဖြင့်သက်သာစေပါတယ်။

၂။အရေပြားယားယံတဲ့အခါပြောင်းဖူးမှုန့်ကိုသုံးပြီးသက်သာအောင်လုပ်လို့ရတယ်။ယားယံနေတဲ့နေရာမှာပြောင်းဖူးမှုန့်ကိုတိုက်ရိုက်လိမ်းပေးပါ။ပြောင်းဖူးမှုန့်ကိုလိမ်းဆေးအဖြစ်သုံးတဲ့petroleum jelly နဲ့ရောပြီးလိမ်းလို့လည်းရတယ်။petroleum jelly မရှိပါကbaby powder (ကလေးလိမ်းပေါင်ဒါ) ကိုအစားထိုးသုံးလို့ရတယ်။

၃။အရေပြားပွန်းပဲ့တာ၊ရှတာနဲ့အခြားအရေပြားရောဂါတွေကိုသက်သာစေဖို့အလွယ်ဆုံးနည်းကတော့အုတ်ဂျုံမှုန့်၂ခွက်ကိုရေနွေးနဲ့ရောပြီးမိနစ်၂၀လောက်ထားပြီးမှလိမ်းပါ။

၄။ကယ်လန်ဒူလာအဆီ(calendula oil) ဟာရောင်ရမ်းတာတွေ၊ဘတ်တီးရီးယားပိုးဝင်တာတွေ၊မှိုနဲ့ဆိုင်တဲ့ရောဂါတွေကိုကာကွယ်ပေးနိုင်တဲ့အတွက်၎င်းကိုလည်းသုံးလို့ရပါတယ်။calendula oil အစက်အနည်းငယ်ကိုဒဏ်ရာရှိတဲ့နေရာမှာလိမ်းပေးလို့ရပါတယ်။

၅။ရှားစောင်းလက်ပတ်(aloe Vera gel) မှာပါတဲ့ဂလိုင်ကိုပရိုတင်းဓာတ်(glycoprotein) ဟာရောင်ရမ်းတာတွေ၊ထိခိုက်ရှနာတာတွေကိုသက်သာစေပါတယ်။

၆။မုန့်ဖုတ်ဆိုဒါကလည်းရောင်ရမ်းတာတွေ၊ပွန်းပဲ့ဒဏ်ရာတွေကိုသက်သာစေပါ။တယ်။မုန့်ဖုတ်ဆိုဒါဇွန်းအပြည့်၁ဇွန်းကိုရေနဲ့ပျစ်ပျစ်လေးရောပြီးဒဏ်ရာရှိတဲ့နေရာကိုလိမ်းပေးပါ။

၇။နနွင်းဟာလည်းအရေပြားပွန်းပဲ့တာ၊ယားယံတာတွေကိုသက်သာစေပါတယ်။နနွင်းနဲ့ရေကိုပျစ်ပျစ်လေးရောပြီးဒဏ်ရာရှိတဲ့နေရာမှာလိမ်းပါမိနစ်၃၀လောက်ထားပြီးရေဆေးလိုက်ပါ။

၈။tea tree oil ဟာမျက်နှာမှာပေါက်တတ်တဲ့ဝက်ခြံအပါအဝင်အရေပြားကိုကုသဖို့ကောင်းတဲ့oil တစ်မျိုးပါ။၎င်းသည်ပွန်းပဲ့၊ရှနေတဲ့အရေပြားကိုသက်သာစေပြီးချောမွတ်စေပါတယ်။စိုနေတဲ့ဝါဂွမ်းလုံးထဲtea tree oil အစက်အနည်းငယ်ကိုထည့်ပြီးဒဏ်ရာရှိတဲ့နေရာမှာ၁နေ့၂ကြိမ်လောက်လိမ်းပါ။

၉။ခြောက်သွေ့နေတဲ့အရေပြားကိုအစိုဓာတ်ပြန်ရဖို့သံလွင်ဆီကိုသုံးကြပါတယ်ပွန်းပဲ့၊ရှနေတဲ့ဒဏ်ရာတွေမှာလည်းသုံးလို့ရတယ်။သံလွင်ဆီသည်ဒဏ်ရာကိုသက်သာစေပြီးအရေပြားကိုပြန်လည်ကောင်းမွန်စေပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top