iMyanmarHouse.com - Best Property Website for Myanmar
×


မၾကာမီ အနာဂတ္ ကာလတခုမွာ အက္ရွင္ အသားေပး “Mission: Impossible” ႐ုပ္ရွင္အသစ္ေတြကို ပရိသတ္ေတြက ၾကည့္ရႈၾကရေတာ့မွာ ျဖစ္ပါတယ္။ ဒါ႐ိုက္တာ Christopher McQuarrie ကေတာ့ ေနာက္ထပ္ ႐ိုက္မယ့္ အဲဒီ႐ုပ္ရွင္ႏွစ္ကားကို ကိုင္တြယ္႐ိုက္ကူးဖို႔ သေဘာတူ ထားၿပီျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ နဲ႔ ၂၀၂၂ခုႏွစ္ ေႏြရာသီကာလေတြ မွာ ႐ုံတင္ျပသႏိုင္လိမ့္မယ္လို႔ ခန႔္မွန္းထားပါတယ္။

ေနာက္ဆုံး ႐ုပ္ရွင္ႏွစ္ကား ျဖစ္တဲ့ “Rogue Nation” နဲ႔ “Fallout” တို႔ကို ႐ိုက္ကူးခဲ့တဲ့ အဲဒီဒါ႐ိုက္တာႀကီးကေတာ့ ႐ုပ္ရွင္ႏွစ္ကားကို ဆက္တိုက္႐ိုက္ကူးႏိုင္ဖို႔ ထုတ္လုပ္ေရး အခ်ိန္ဇယားကို ထပ္တိုးထားၿပီး စတူဒီယိုအေနနဲ႔ ၂ ႏွစ္ဆက္တိုက္ ႐ုပ္ရွင္ျဖန႔္ခ်ိေစမွာ ျဖစ္တယ္လို႔ Variety မီဒီယာမွာ ေျပာဆိုပါတယ္။ဒါ႐ိုက္တာႀကီး McQuarrie ကေတာ့ အဲဒီ စိတ္လႈပ္ရွားစရာ သတင္းနဲ႔ ပတ္သက္လို႔ Twitter မွာ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ စူပါစပိုင္ Ethan Hunt ရဲ႕ ႐ုပ္ရွင္ ၆ ကားလုံးမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသား Tom Cruise ကေတာ့ ေနာက္ထပ္႐ိုက္မယ့္ “Mission: Impossible” ႐ုပ္ရွင္ေတြမွာ သူပါဝင္မွာျဖစ္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။

မင္းသားဟာ “M:I” ဆိုတဲ့ ေငြေရာင္ စာသားႏွစ္ခုေဘးမွာ မီးေလာင္ေနတဲ့ ေလာင္စာႀကိဳးႏွစ္ခု ပါဝင္တဲ့ ဗီဒီယိုတခုကိုပါ မွ်ေဝခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ အဲဒီ့ပို႔စ္မွာေတာ့ “Summer 2021 and Summer 2022” (၂၀၂၁ ေႏြရာသီနဲ႔ ၂၀၂၂ ေႏြရာသီ)လို႔ ေရးသားထားတာကို ေတြ႕ရပါတယ္။ဒါ႐ိုက္တာ McQuarrie ရဲ႕ လက္ရာ ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ “Rogue Nation” ႐ုပ္ရွင္ဟာ ဝင္ေငြ ေဒၚလာ ၆၂၈ ဒႆမ ၇ သန္းနဲ႔ ၂၀၁၈ ခုႏွစ္မွာထြက္ရွိခဲ့တဲ့ “Fallout” ႐ုပ္ရွင္ကေတာ့ ေဒၚလာ ၇၉၁ ဒႆမ ၁ သန္း ရရွိခဲ့ပါတယ္။

သူဟာ မင္းသား Cruise နဲ႔အတူ ၂၀၁၂ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ “Jack Reacher” ႐ုပ္ရွင္မွာ ပါဝင္ခဲ့တာမို႔လို႔ အခု႐ုပ္ရွင္ဟာ သူတို႔ရဲ႕ ပၪၥမေျမာက္နဲ႔ ဆ႒မေျမာက္ ျပန္လည္ ဆုံစည္းမႈလည္း ျဖစ္ပါတယ္။“Fallout” ႐ုပ္ရွင္ဟာ ဝင္ေငြပမာဏ ေတာ္ေတာ္မ်ားမ်ား ရရွိခဲ့တဲ့နည္းတူ အဲဒီ႐ုပ္ရွင္ဟာ မင္းသား Cruise အတြက္ အႏၲရာယ္အမ်ားဆုံး စတန႔္ျပကြက္ေတြကို ျမင္ေတြ႕ခဲ့ၾကရပါတယ္။

Credit: Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

မကြာမီ အနာဂတ် ကာလတခုမှာ အက်ရှင် အသားပေး “Mission: Impossible” ရုပ်ရှင်အသစ်တွေကို ပရိသတ်တွေက ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ဒါရိုက်တာ Christopher McQuarrie ကတော့ နောက်ထပ် ရိုက်မယ့် အဲဒီရုပ်ရှင်နှစ်ကားကို ကိုင်တွယ်ရိုက်ကူးဖို့ သဘောတူ ထားပြီဖြစ်ပြီး ၂၀၂၁ ခုနှစ် နဲ့ ၂၀၂၂ခုနှစ် နွေရာသီကာလတွေ မှာ ရုံတင်ပြသနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

နောက်ဆုံး ရုပ်ရှင်နှစ်ကား ဖြစ်တဲ့ “Rogue Nation” နဲ့ “Fallout” တို့ကို ရိုက်ကူးခဲ့တဲ့ အဲဒီဒါရိုက်တာကြီးကတော့ ရုပ်ရှင်နှစ်ကားကို ဆက်တိုက်ရိုက်ကူးနိုင်ဖို့ ထုတ်လုပ်ရေး အချိန်ဇယားကို ထပ်တိုးထားပြီး စတူဒီယိုအနေနဲ့ ၂ နှစ်ဆက်တိုက် ရုပ်ရှင်ဖြန့်ချိစေမှာ ဖြစ်တယ်လို့ Variety မီဒီယာမှာ ပြောဆိုပါတယ်။ဒါရိုက်တာကြီး McQuarrie ကတော့ အဲဒီ စိတ်လှုပ်ရှားစရာ သတင်းနဲ့ ပတ်သက်လို့ Twitter မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ စူပါစပိုင် Ethan Hunt ရဲ့ ရုပ်ရှင် ၆ ကားလုံးမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Tom Cruise ကတော့ နောက်ထပ်ရိုက်မယ့် “Mission: Impossible” ရုပ်ရှင်တွေမှာ သူပါဝင်မှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

မင်းသားဟာ “M:I” ဆိုတဲ့ ငွေရောင် စာသားနှစ်ခုဘေးမှာ မီးလောင်နေတဲ့ လောင်စာကြိုးနှစ်ခု ပါဝင်တဲ့ ဗီဒီယိုတခုကိုပါ မျှဝေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ့ပို့စ်မှာတော့ “Summer 2021 and Summer 2022” (၂၀၂၁ နွေရာသီနဲ့ ၂၀၂၂ နွေရာသီ)လို့ ရေးသားထားတာကို တွေ့ရပါတယ်။ဒါရိုက်တာ McQuarrie ရဲ့ လက်ရာ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Rogue Nation” ရုပ်ရှင်ဟာ ဝင်ငွေ ဒေါ်လာ ၆၂၈ ဒဿမ ၇ သန်းနဲ့ ၂၀၁၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Fallout” ရုပ်ရှင်ကတော့ ဒေါ်လာ ၇၉၁ ဒဿမ ၁ သန်း ရရှိခဲ့ပါတယ်။

သူဟာ မင်းသား Cruise နဲ့အတူ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Jack Reacher” ရုပ်ရှင်မှာ ပါဝင်ခဲ့တာမို့လို့ အခုရုပ်ရှင်ဟာ သူတို့ရဲ့ ပဉ္စမမြောက်နဲ့ ဆဋ္ဌမမြောက် ပြန်လည် ဆုံစည်းမှုလည်း ဖြစ်ပါတယ်။“Fallout” ရုပ်ရှင်ဟာ ဝင်ငွေပမာဏ တော်တော်များများ ရရှိခဲ့တဲ့နည်းတူ အဲဒီရုပ်ရှင်ဟာ မင်းသား Cruise အတွက် အန္တရာယ်အများဆုံး စတန့်ပြကွက်တွေကို မြင်တွေ့ခဲ့ကြရပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top