iMyanmarHouse.com - Best Property Website for Myanmar
×


ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္က ဒါ႐ိုက္တာ ဏႀကီးနဲ႔ သ႐ုပ္ေဆာင္ ပိုင္ၿဖိဳးသု တို႔အတြက္ မဂၤလာဆုေတာင္းေျပာျပလာပါတယ္. ကိုဏႀကီးနဲ႔ ပိုင္ၿဖိဳးသု တို႔ဟာ ဇန္နဝါရီလ ၁ ရက္ေန႔က မဂၤလာေဆာင္ခဲ့ၾကတာပါ။မၾကာေသးခင္ကမွ မဂၤလာပြဲ ဆင္ႏႊဲခဲ့ၾကတဲ့ ဒါ႐ိုက္တာ ဏႀကီးနဲ႔ သ႐ုပ္ေဆာင္ ပိုင္ၿဖိဳးသု တို႔အတြက္ ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္က မဂၤလာ ဆုေတာင္း စကားေျပာျပလာပါတယ္. ခရီးလြန္ေနတာေၾကာင့္လည္း မဂၤလာပြဲကို မတက္ေရာက္ႏိုင္ခဲ့ဘူးလို႔ သိရပါတယ္။

'' ကိုဏႀကီးနဲ႔ သမီး ပိုင္ၿဖိဳးသု တို႔ဇနီးေမာင္ႏွံ ေပ်ာ္႐ႊင္ခ်မ္းေျမ့စြာျဖင့္အႏုပညာခရီးတြင္ အေထ့အေငါ့မရွိ ရာသက္ပန္ ေက်ာ္ျဖတ္ႏိုင္ပါေစေၾကာင္း ေတာင္းဆုျပဳပါတယ္။ bk က ည ၈ နာ ရီ မွ ေရာက္လို႔ ပါ သ မီး. စင္ေရာ္ေမာင္ေမာင္. သားမင္းသန႔္ေမာင္ေမာင္'' ဆိုၿပီးေတာ့ ဇန္နဝါရီလ ၃ ရက္ေန႔ ၈ နာရီ ၄၁ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။


စင္ေရာ္ေမာင္ေမာင္က ထိုင္းႏိုင္ငံ Sanam Luang Pavilion တြင္ က်င္းပျပဳလုပ္မည့္ The New Year's Eve Chanting & Meditation for Happiness in 2019 (ဗုဒၶဘာသာဝင္မ်ား၏ ႏွစ္သစ္အႀကိဳဆုေတာင္းေမတၱာပို႔သျခင္းအခမ္းအနား)အတြက္ ဘန္ေကာက္ၿမိဳ႕ကို ေရာက္ရွိေနတာျဖစ္ပါတယ္။ ဒီအခမ္းအနားမွာလည္း ႏိုင္ငံေတာ္ သံဃနဟာနာယကအဖြဲ႕ ဥကၠဌ ဗန္းေမာ္ဆရာေတာ္ ေဒါက္တာဘဒၵႏၲကုမာရာဘိဝံသ ဦးေဆာင္ေသာ ႏိုင္ငံေတာ္သံဃမဟာနာယကဆရာေတာ္ႀကီး(၁၆)ပါး၊ ဗဟိုဝန္ေဆာင္ဆရာေတာ္မ်ား၊ တိပိဋကဆရာေတာ္မ်ား၊ ၿမိဳ႕နယ္သံဃနာယကဆရာေတာ္မ်ားအပါအဝင္ သံဃာေတာ္စုစုေပါင္း(၃၁)ပါးတို႔က ဆုေတာင္း ေမတၱာပို႔သေပးခဲ့ၾက တာ ျဖစ္ပါတယ္.

ဒါ႐ိုက္တာ ဏႀကီးနဲ႔ ပိုင္ၿဖိဳးသုတို႔ဟာ ခ်စ္သူသက္တမ္း (၅)ႏွစ္ျပည့္မွာ လက္ထပ္လိုက္ၾကတာပါ။ တစ္ဦးနဲ႔တစ္ဦး ၾကင္ၾကင္နာနာ ယုယုယယရွိလွတာေၾကာင့္ သူတို႔စုံတြဲေလးဟာ အားလုံး အားက်ရတဲ့ စုံတြဲ တစ္တြဲလည္း ျဖစ္ပါတယ္။

ဒါ႐ိုက္တာ ဏႀကီးနဲ႔ ပိုင္ၿဖိဳးသုတို႔ဟာ မဂၤလာဦးအလႉကို ဇန္နဝါရီ(၁) ရက္ေန႔ မနက္ပိုင္းမွာပဲ ရန္ကုန္ၿမိဳ႕ ၊ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးမွာ ျပဳလုပ္ခဲ့ပါတယ္။ သူတို႔ႏွစ္ဦးရဲ႕မဂၤလာဦးအလႉမွာ သ႐ုပ္ေဆာင္ကိုလူေခ်ာအဖြဲ႕ (၈၂)ဦး၊ စက္မႈအေျခခံသာေရး၊နားေရးအဖြဲ႕ဝင္(၁၈၀)ဦးတို႔အတြက္ တစ္ဦးလွ်င္ ဆန္(၁)တင္းခြဲ၊ ဆီ (၃) ပိႆာဆီ စုစုေပါင္း လူဦးေရ (၂၆၂)ဦးအတြက္ လႉဒါန္းခဲ့တာ ျဖစ္ပါတယ္။

ဒါ႐ိုက္တာ ဏႀကီးနဲ႔ ဇြန္လအတြင္းက ေစ့စပ္ခဲ့တဲ့ ပိုင္ၿဖိဳးသုဟာ ေဆးေက်ာင္းတက္ရင္းနဲ႔ သ႐ုပ္ေဆာင္ဘက္ကို ႀကိဳးစားလာတာ ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ အတြင္းမွာေတာ့ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မဂၤလာပြဲ က်င္းပသြားမယ္လို႔ သိရပါတယ္. အႏုပညာပ်ိဳးခင္ကစင္တင္ေပးလိုက္တဲ့ မင္းသမီးေလး ပိုင္ၿဖိဳးသုက အခုဆိုရင္ 3Girl ႐ုပ္ရွင္ဇာတ္ကားနဲ႔ အမ်ိဳးသမီးဇာတ္ပို႔ဆုကို ရရွိခဲ့ပါတယ္။ ေဒါက္တာမေလး ပိုင္ၿဖိဳးသုက ဇူလိုင္လ ၂၉ ရက္ေန႔ မွာ ရန္ကုန္တိုင္း က်န္းမာေရးသံတမန္အျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရပါတယ္.


Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ဒါရိုက်တာ စင်ရော်မောင်မောင်က ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု တို့အတွက် မင်္ဂလာဆုတောင်းပြောပြလာပါတယ်. ကိုဏကြီးနဲ့ ပိုင်ဖြိုးသု တို့ဟာ ဇန်နဝါရီလ ၁ ရက်နေ့က မင်္ဂလာဆောင်ခဲ့ကြတာပါ။မကြာသေးခင်ကမှ မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြတဲ့ ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသု တို့အတွက် ဒါရိုက်တာ စင်ရော်မောင်မောင်က မင်္ဂလာ ဆုတောင်း စကားပြောပြလာပါတယ်. ခရီးလွန်နေတာကြောင့်လည်း မင်္ဂလာပွဲကို မတက်ရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

'' ကိုဏကြီးနဲ့ သမီး ပိုင်ဖြိုးသု တို့ဇနီးမောင်နှံ ပျော်ရွှင်ချမ်းမြေ့စွာဖြင့်အနုပညာခရီးတွင် အထေ့အငေါ့မရှိ ရာသက်ပန် ကျော်ဖြတ်နိုင်ပါစေကြောင်း တောင်းဆုပြုပါတယ်။ bk က ည ၈ နာ ရီ မှ ရောက်လို့ ပါ သ မီး. စင်ရော်မောင်မောင်. သားမင်းသန့်မောင်မောင်'' ဆိုပြီးတော့ ဇန်နဝါရီလ ၃ ရက်နေ့ ၈ နာရီ ၄၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

စင်ရော်မောင်မောင်က ထိုင်းနိုင်ငံ Sanam Luang Pavilion တွင် ကျင်းပပြုလုပ်မည့် The New Year's Eve Chanting & Meditation for Happiness in 2019 (ဗုဒ္ဓဘာသာဝင်များ၏ နှစ်သစ်အကြိုဆုတောင်းမေတ္တာပို့သခြင်းအခမ်းအနား)အတွက် ဘန်ကောက်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဒီအခမ်းအနားမှာလည်း နိုင်ငံတော် သံဃနဟာနာယကအဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဦးဆောင်သော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီး(၁၆)ပါး၊ ဗဟိုဝန်ဆောင်ဆရာတော်များ၊ တိပိဋကဆရာတော်များ၊ မြို့နယ်သံဃနာယကဆရာတော်များအပါအဝင် သံဃာတော်စုစုပေါင်း(၃၁)ပါးတို့က ဆုတောင်း မေတ္တာပို့သပေးခဲ့ကြ တာ ဖြစ်ပါတယ်.

ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဟာ ချစ်သူသက်တမ်း (၅)နှစ်ပြည့်မှာ လက်ထပ်လိုက်ကြတာပါ။ တစ်ဦးနဲ့တစ်ဦး ကြင်ကြင်နာနာ ယုယုယယရှိလှတာကြောင့် သူတို့စုံတွဲလေးဟာ အားလုံး အားကျရတဲ့ စုံတွဲ တစ်တွဲလည်း ဖြစ်ပါတယ်။

ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဟာ မင်္ဂလာဦးအလှူကို ဇန်နဝါရီ(၁) ရက်နေ့ မနက်ပိုင်းမှာပဲ ရန်ကုန်မြို့ ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့မင်္ဂလာဦးအလှူမှာ သရုပ်ဆောင်ကိုလူချောအဖွဲ့ (၈၂)ဦး၊ စက်မှုအခြေခံသာရေး၊နားရေးအဖွဲ့ဝင်(၁၈၀)ဦးတို့အတွက် တစ်ဦးလျှင် ဆန်(၁)တင်းခွဲ၊ ဆီ (၃) ပိဿာဆီ စုစုပေါင်း လူဦးရေ (၂၆၂)ဦးအတွက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဒါရိုက်တာ ဏကြီးနဲ့ ဇွန်လအတွင်းက စေ့စပ်ခဲ့တဲ့ ပိုင်ဖြိုးသုဟာ ဆေးကျောင်းတက်ရင်းနဲ့ သရုပ်ဆောင်ဘက်ကို ကြိုးစားလာတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အတွင်းမှာတော့ ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်. အနုပညာပျိုးခင်ကစင်တင်ပေးလိုက်တဲ့ မင်းသမီးလေး ပိုင်ဖြိုးသုက အခုဆိုရင် 3Girl ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ ဒေါက်တာမလေး ပိုင်ဖြိုးသုက ဇူလိုင်လ ၂၉ ရက်နေ့ မှာ ရန်ကုန်တိုင်း ကျန်းမာရေးသံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်.
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top