iMyanmarHouse.com - Best Property Website for Myanmar
×


သူငယ္ခ်င္း မိတ္ေဆြေတြနဲ႔ ေဆြမ်ိဳးေတြရဲ႕ မဂၤလာေဆာင္ပြဲေတြ သြားတဲ့အခါ ပထမဦးဆုံး စဥ္းစားရတာကေတာ့ ဘာအဝတ္အစား ဝတ္သြားရမလဲ ဆိုတာပါ။ လူၾကားသူၾကားမွာ မိမိဝတ္ဆင္ထားတဲ့ ဖက္ရွင္ေၾကာင့္ စိတ္အေႏွာင့္အယွက္ မျဖစ္ရေလေအာင္ ဘယ္လိုဝတ္ဆင္သင့္တယ္ ဆိုတာထက္ မဂၤလာေဆာင္ပြဲေတြသြားတဲ့အခါ ဝတ္ဆင္ဖို႔ ေရွာင္ၾကဥ္သင့္တဲ့ ဖက္ရွင္အမ်ိဳးအစားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အနက္ေရာင္ဝမ္းဆက္

မိမိဟာ အနက္ေရာင္ Crazy တဦးပင္ ျဖစ္ေနလင့္ကစား မဂၤလာေဆာင္သြားတဲ့ အခါမ်ိဳးေတြမွာေတာ့ အနက္ေရာင္ဝမ္းဆက္ ဝတ္ဆင္ျခင္းက မသင့္ေတာ္ပါဘူး။ အနက္ေရာင္ ဝတ္ခ်င္လြန္းရင္ေတာ့ အေပၚေအာက္ ဝမ္းဆက္မ်ိဳး မဟုတ္ဘဲ အေပၚပိုင္းပဲျဖစ္ျဖစ္၊ ေအာက္ပိုင္းအေနနဲ႔ စကတ္ ဒါမွမဟုတ္ လုံခ်ည္အေနနဲ႔ေတာ့ ဝတ္ဆင္သြားလို႔ ရပါတယ္။

(၂) တိုျပတ္လြန္းတဲ့ အဝတ္အစားေတြ

မဂၤလာေဆာင္ဆိုတာမ်ိဳးဟာ အသက္ႀကီးငယ္မေ႐ြး လာေရာက္ၾကတဲ့ ပြဲမ်ိဳးျဖစ္တာေၾကာင့္ တိုျပတ္လြန္းတဲ့ အဝတ္အစားေတြ ဝတ္သြားတဲ့အခါ မိမိအေနနဲ႔လည္း သက္ေသာင့္သက္သာျဖစ္ေစမွာ မဟုတ္သလို လူႀကီးသူမေတြရဲ႕ မ်က္စိစပါးေမႊး စူးျခင္းကိုလည္း အခန႔္မသင္ရင္ ခံရႏိုင္ပါတယ္။

(၃) ဂ်င္းအက်ႌ၊ ဂ်င္းေဘာင္းဘီေတြ

သင့္အေနနဲ႔ ဘယ္လိုပဲ ေပါ့ေပါ့ပါးပါး ဝတ္စား ဆင္ယင္တတ္သူျဖစ္ပါေစ၊ မဂၤလာေဆာင္သြားတဲ့အခါမ်ိဳးေတြမွာေတာ့ ဂ်င္းေဘာင္းဘီ၊ ဂ်င္းအက်ႌေတြ ဝတ္ဆင္ျခင္းမ်ိဳးကို ေရွာင္ၾကဥ္သင့္ပါတယ္။ ပါတီပြဲလိုေနရာမ်ိဳးေတြအတြက္ ဂ်င္း Dress ေလးေတြက ကိစ ၥမရွိေပမယ့္ မဂၤလာေဆာင္လို ပြဲမ်ိဳးအတြက္ေတာ့ ဝတ္ဆင္ဖို႔ မသင့္ေတာ္ပါဘူး။

(၄) Animal Printed ဒီဇိုင္းေတြ

ပါတီလိုေနရာမ်ိဳးေတြ အတြက္ေတာ့ သိပ္ျပႆနာ မရွိလွေပမယ့္ မဂၤလာေဆာင္မွာ တိရစာၦန္သားေရဒီဇိုင္းမ်ိဳး ျပဳလုပ္ထားတဲ့ Animal Printed ဒီဇိုင္းေတြကေတာ့ လူၾကားထဲ ကို႔ိ႐ိုးကားယား ျဖစ္ေနေစပါတယ္။

(၅) ဖိနပ္အပါးေတြ

ဖိနပ္အပါးေတြဟာ စီးရတာ သက္ေသာင့္သက္သာျဖစ္ေစတာ မွန္ေပမယ့္ မဂၤလာေဆာင္လိုပြဲမ်ိဳးအတြက္ေတာ့ အနည္းငယ္ခုံျမင့္တဲ့ ဖိနပ္ေလးေတြက အသင့္ေတာ္ဆုံးပါ။

(၆) ဦးထုပ္

မဂၤလာပြဲတက္တဲ့အခါ ေနာက္ထပ္ဘယ္လိုမွ မအပ္စပ္တာကေတာ့ ဦးထုပ္ေဆာင္းျခင္းပါ။ ဘယ္ေလာက္ပဲ လွတဲ့ ဦးထုပ္မ်ိဳးပဲျဖစ္ျဖစ္ မဂၤလာေဆာင္ပြဲေတြအတြက္ေတာ့ ဝတ္ဆင္ဖို႔ မသင့္ေတာ္ပါဘူး။

(၇) အျဖဴေရာင္ဝမ္းဆက္ေတြ

ဒါကေတာ့ အမ်ားဆုံးဝတ္ဆင္သြားေလ့ ရွိၾကတဲ့ ဖက္ရွင္လို႔ေတာင္ ေျပာလို႔ရပါတယ္။ သာေရးအခမ္းအနားမလ့ို အျဖဴေရာင္ဝတ္သြားတယ္ ဆိုေပမယ့္ အေနာက္တိုင္း အယူအဆအရေတာ့ မဂၤလာပြဲမွာသတို႔သမီးေတြ ဝတ္ဆင္ၾကတဲ့ အေရာင္မို႔လို႔ သတို႔သမီးအေပၚ Respect ေပးတဲ့ အေနနဲ႔ အျဖဴေရာင္ဝမ္းဆက္ေတြအစား တျခားခပ္ေဖ်ာ့ေဖ်ာ့ အေရာင္မ်ိဳးကို ေ႐ြးခ်ယ္ဝတ္ဆင္ေလ့ ရွိၾကပါတယ္။

Credit: Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

သူငယ်ချင်း မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေရဲ့ မင်္ဂလာဆောင်ပွဲတွေ သွားတဲ့အခါ ပထမဦးဆုံး စဉ်းစားရတာကတော့ ဘာအဝတ်အစား ဝတ်သွားရမလဲ ဆိုတာပါ။ လူကြားသူကြားမှာ မိမိဝတ်ဆင်ထားတဲ့ ဖက်ရှင်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်ရလေအောင် ဘယ်လိုဝတ်ဆင်သင့်တယ် ဆိုတာထက် မင်္ဂလာဆောင်ပွဲတွေသွားတဲ့အခါ ဝတ်ဆင်ဖို့ ရှောင်ကြဉ်သင့်တဲ့ ဖက်ရှင်အမျိုးအစားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အနက်ရောင်ဝမ်းဆက်

မိမိဟာ အနက်ရောင် Crazy တဦးပင် ဖြစ်နေလင့်ကစား မင်္ဂလာဆောင်သွားတဲ့ အခါမျိုးတွေမှာတော့ အနက်ရောင်ဝမ်းဆက် ဝတ်ဆင်ခြင်းက မသင့်တော်ပါဘူး။ အနက်ရောင် ဝတ်ချင်လွန်းရင်တော့ အပေါ်အောက် ဝမ်းဆက်မျိုး မဟုတ်ဘဲ အပေါ်ပိုင်းပဲဖြစ်ဖြစ်၊ အောက်ပိုင်းအနေနဲ့ စကတ် ဒါမှမဟုတ် လုံချည်အနေနဲ့တော့ ဝတ်ဆင်သွားလို့ ရပါတယ်။

(၂) တိုပြတ်လွန်းတဲ့ အဝတ်အစားတွေ

မင်္ဂလာဆောင်ဆိုတာမျိုးဟာ အသက်ကြီးငယ်မရွေး လာရောက်ကြတဲ့ ပွဲမျိုးဖြစ်တာကြောင့် တိုပြတ်လွန်းတဲ့ အဝတ်အစားတွေ ဝတ်သွားတဲ့အခါ မိမိအနေနဲ့လည်း သက်သောင့်သက်သာဖြစ်စေမှာ မဟုတ်သလို လူကြီးသူမတွေရဲ့ မျက်စိစပါးမွှေး စူးခြင်းကိုလည်း အခန့်မသင်ရင် ခံရနိုင်ပါတယ်။

(၃) ဂျင်းအင်္ကျီ၊ ဂျင်းဘောင်းဘီတွေ

သင့်အနေနဲ့ ဘယ်လိုပဲ ပေါ့ပေါ့ပါးပါး ဝတ်စား ဆင်ယင်တတ်သူဖြစ်ပါစေ၊ မင်္ဂလာဆောင်သွားတဲ့အခါမျိုးတွေမှာတော့ ဂျင်းဘောင်းဘီ၊ ဂျင်းအင်္ကျီတွေ ဝတ်ဆင်ခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ပါတီပွဲလိုနေရာမျိုးတွေအတွက် ဂျင်း Dress လေးတွေက ကိစ ္စမရှိပေမယ့် မင်္ဂလာဆောင်လို ပွဲမျိုးအတွက်တော့ ဝတ်ဆင်ဖို့ မသင့်တော်ပါဘူး။

(၄) Animal Printed ဒီဇိုင်းတွေ

ပါတီလိုနေရာမျိုးတွေ အတွက်တော့ သိပ်ပြဿနာ မရှိလှပေမယ့် မင်္ဂလာဆောင်မှာ တိရစ္ဆာန်သားရေဒီဇိုင်းမျိုး ပြုလုပ်ထားတဲ့ Animal Printed ဒီဇိုင်းတွေကတော့ လူကြားထဲ ကို့ိရိုးကားယား ဖြစ်နေစေပါတယ်။

(၅) ဖိနပ်အပါးတွေ

ဖိနပ်အပါးတွေဟာ စီးရတာ သက်သောင့်သက်သာဖြစ်စေတာ မှန်ပေမယ့် မင်္ဂလာဆောင်လိုပွဲမျိုးအတွက်တော့ အနည်းငယ်ခုံမြင့်တဲ့ ဖိနပ်လေးတွေက အသင့်တော်ဆုံးပါ။

(၆) ဦးထုပ်

မင်္ဂလာပွဲတက်တဲ့အခါ နောက်ထပ်ဘယ်လိုမှ မအပ်စပ်တာကတော့ ဦးထုပ်ဆောင်းခြင်းပါ။ ဘယ်လောက်ပဲ လှတဲ့ ဦးထုပ်မျိုးပဲဖြစ်ဖြစ် မင်္ဂလာဆောင်ပွဲတွေအတွက်တော့ ဝတ်ဆင်ဖို့ မသင့်တော်ပါဘူး။

(၇) အဖြူရောင်ဝမ်းဆက်တွေ

ဒါကတော့ အများဆုံးဝတ်ဆင်သွားလေ့ ရှိကြတဲ့ ဖက်ရှင်လို့တောင် ပြောလို့ရပါတယ်။ သာရေးအခမ်းအနားမလ့ို အဖြူရောင်ဝတ်သွားတယ် ဆိုပေမယ့် အနောက်တိုင်း အယူအဆအရတော့ မင်္ဂလာပွဲမှာသတို့သမီးတွေ ဝတ်ဆင်ကြတဲ့ အရောင်မို့လို့ သတို့သမီးအပေါ် Respect ပေးတဲ့ အနေနဲ့ အဖြူရောင်ဝမ်းဆက်တွေအစား တခြားခပ်ဖျော့ဖျော့ အရောင်မျိုးကို ရွေးချယ်ဝတ်ဆင်လေ့ ရှိကြပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top