iMyanmarHouse.com - Best Property Website for Myanmar
×



ခ်စ္သူေတြၾကားမွာ လမ္းခဲြၾကရတဲ့အေၾကာင္းရင္းကေတာ့ မ်ားေသာအားၿဖင့္ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈေလးေတြ လဲြမွားေနလို႕ၿဖစ္ပါတယ္။အထူးသၿဖင့္ အက်င့္စည္းကမ္းေလးေတြက မတူညီၾကလို႔ပါ။ ဒါေၾကာင့္ ဘယ္အခ်က္ေလးေတြကို ေဆာင္သင့္သလဲဆိုတာကို တင္ၿပလိုက္ပါတယ္။

၁. အတူတူသြားလာေနခ်ိန္မွာ ဖုန္းမကလိပါနဲ႕။

တစ္ေယာက္နဲ႕တစ္ေယာက္ အခ်ိန္ေပးၿပီး မအားတဲ့ၾကားကေတြ႕ေနရတဲ့အခ်ိန္မွာ ဖုန္းကို ကလိၿပီး ဂိမ္းေဆာ့၊ Facebook ေနရင္ေတာ့ ခ်ိန္းေတြ႔ေနရတဲ့အခ်ိန္ေတြက ႏွေၿမာစရာပါ။

၂. ဆံုးၿဖတ္ခ်က္ကို ၿမန္ၿမန္နဲ႔ တိတိက်က်။

ႏွစ္ေယာက္စလံုးဟာ တစ္ေယာက္ကို တစ္ေယာက္ နားလည္မႈေတြရွိလို႔သာ ခ်စ္သူေတြၿဖစ္လာၾကတာပါ။ ခ်စ္ၾကိဳက္တဲ့ကာလကၾကာလာရင္ေတာ့ ဆံုးၿဖတ္သင့္တဲ့ကိစၥေတြမွာခ်က္ခ်င္းမဆံုးၿဖတ္ႏုိင္သလို၊ ဟိုေန႔ေရႊ႕ဒီေန႔ေရႊ႕ေတြလုပ္လာတတ္ပါတယ္။ ခ်စ္သူသက္တမ္းမွာ အဆင္ေၿပေစရန္ အခ်ိန္မစဲြပဲ ၿမန္ၿမန္လုပ္သင့္တာကို လုပ္ပါ။

၃. ညီညီမွ်မွ် လုပ္ပါ။

ခ်စ္သူၾကေတာ့ တစ္မ်ိဳး အၿပင္လူၾကေတာ့ တစ္မ်ိဳး ဆက္ဆံရင္ေတာ့ မေကာင္းပါ။ ဆက္ဆံေရးတစ္ခုတည္းမဟုတ္ပဲ အၿခားေသာကိစၥေတြမွာလည္း ခ်စ္သူရဲ႕ လုိအပ္ခ်က္ကို ၿဖည့္စီးေပးၿပီး
တန္းတူညီတူ ဆက္ဆံၿခင္းဟာ ခ်စ္သူဘဝကို သာယာေစမွာပါ။

၄. ေၿပာတဲ့အတိုင္း လုပ္ပါ။

တစ္ေယာက္နဲ႔တစ္ေယာက္ ယံုၾကည္မူနဲ႕ အသက္ရွည္ေနၾကတာပါ။ ကတိေတြေပးၿပီးမွ မလုပ္ရင္ေတာ့ ခ်စ္သူမွာလည္း စိတ္ထိခိုက္မွာၿဖစ္သလုို ကိုယ့္က်င့္တရားဆိုတာက ဘာလဲဆိုတာကို
ၿပန္စဥ္းစားသင့္ပါတယ္။

၅. ကိုယ္ေၿပာတာထက္ သူေၿပာတာကို နားေထာင္ေပးပါ။

ေပါင္းသင္းဆက္ဆံေရးမွာ စကားေၿပာတာထက္ နားေထာင္တာက ပိုၿပီး အေရးၾကီးပါလိမ့္မယ္။ ခ်စ္သူေတြၾကားမွာ မ်ားေသာအားၿဖင့္ အလုပ္ထဲမွာလို မဟုတ္တာေၾကာင့္
ကိုယ္ကေၿပာခ်င္တာေတြကို မရပ္မနားေၿပာေနတတ္ပါတယ္။ သူ႕မွာလည္း ေၿပာခ်င္တဲ့စကားေတြ ရွိေကာင္းရွိပါလိမ့္မယ္။ သူ႕ကို ဦးစားေပးလိုက္ပါ။

၆. ဦးစားေပးအဆင့္ကို သတိထားပါ။

ခ်စ္သူဘဝက ၾကာလာၿပီဆိုရင္ ခ်စ္သူထက္ ဦးစားေပးသင့္တဲ့အရာေတြက မ်ားလာတတ္ပါတယ္။ ဥပမာ အလုပ္ကို ဦးစားေပးလြန္းအားၾကီးလို႔ ရန္ၿဖစ္ရတဲ့ အေတြ႔အၾကံဳလည္းရွိမွာပါ။

၇. အၿပစ္ေတြသိပ္ မေၿပာနဲ႔။

ခ်စ္သူကို ၿဖစ္ေစခ်င္တာေတြ သိပ္မ်ားၿပီး ေကာင္းေစခ်င္လို႔ ေၿပာလိုက္တဲ့စကားေတြက သူ႕အတြက္ေတာ့ စိတ္ထိခိုက္စရာ စကားလံုးေလးေတြ ၿဖစ္ေနတတ္ပါတယ္။
သူကလူပါ။ စက္ရုပ္မဟုတ္ပါ။ ကိုယ္ကလိုခ်င္တဲ့အတိုင္း ၿဖစ္ေစခ်င္ရင္ေတာ့ ရည္းစားမထားပါနဲ႕။ စက္ရုပ္သာဝယ္ထားလိုက္ပါ။

၈. သူကိုလည္း ခ်ီးမြမ္း ဂုဏ္ၿပဳသင့္ပါတယ္။

သူ႔ကို ဘယ္ေလာက္ေတာ္တယ္ တတ္တယ္လို႔ ခ်ီးက်ဳးလိုက္တာကို မၾကိဳက္တဲ့သူမရွိပါ။ ခ်စ္သူသက္တမ္းၾကာလာသည္နဲ႔အမွ် စကားလံုးေတြလည္း နည္းလာတတ္တဲ့အတြက္ သတိထားပါ။

Credit: Chelmo Team

# Unicode Version ျဖင့္ ဖတ္ပါ #

ချစ်သူတွေကြားမှာ လမ်းခွဲကြရတဲ့အကြောင်းရင်းကတော့ များသောအားဖြင့် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလေးတွေ လွဲမှားနေလို့ဖြစ်ပါတယ်။အထူးသဖြင့် အကျင့်စည်းကမ်းလေးတွေက မတူညီကြလို့ပါ။ ဒါကြောင့် ဘယ်အချက်လေးတွေကို ဆောင်သင့်သလဲဆိုတာကို တင်ပြလိုက်ပါတယ်။

၁. အတူတူသွားလာနေချိန်မှာ ဖုန်းမကလိပါနဲ့။

တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးပြီး မအားတဲ့ကြားကတွေ့နေရတဲ့အချိန်မှာ ဖုန်းကို ကလိပြီး ဂိမ်းဆော့၊ Facebook နေရင်တော့ ချိန်းတွေ့နေရတဲ့အချိန်တွေက နှမြောစရာပါ။

၂. ဆုံးဖြတ်ချက်ကို မြန်မြန်နဲ့ တိတိကျကျ။

နှစ်ယောက်စလုံးဟာ တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေရှိလို့သာ ချစ်သူတွေဖြစ်လာကြတာပါ။ ချစ်ကြိုက်တဲ့ကာလကကြာလာရင်တော့ ဆုံးဖြတ်သင့်တဲ့ကိစ္စတွေမှာချက်ချင်းမဆုံးဖြတ်နိုင်သလို၊ ဟိုနေ့ရွှေ့ဒီနေ့ရွှေ့တွေလုပ်လာတတ်ပါတယ်။ ချစ်သူသက်တမ်းမှာ အဆင်ပြေစေရန် အချိန်မစွဲပဲ မြန်မြန်လုပ်သင့်တာကို လုပ်ပါ။

၃. ညီညီမျှမျှ လုပ်ပါ။

ချစ်သူကြတော့ တစ်မျိုး အပြင်လူကြတော့ တစ်မျိုး ဆက်ဆံရင်တော့ မကောင်းပါ။ ဆက်ဆံရေးတစ်ခုတည်းမဟုတ်ပဲ အခြားသောကိစ္စတွေမှာလည်း ချစ်သူရဲ့ လိုအပ်ချက်ကို ဖြည့်စီးပေးပြီး
တန်းတူညီတူ ဆက်ဆံခြင်းဟာ ချစ်သူဘဝကို သာယာစေမှာပါ။

၄. ပြောတဲ့အတိုင်း လုပ်ပါ။

တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မူနဲ့ အသက်ရှည်နေကြတာပါ။ ကတိတွေပေးပြီးမှ မလုပ်ရင်တော့ ချစ်သူမှာလည်း စိတ်ထိခိုက်မှာဖြစ်သလို ကိုယ့်ကျင့်တရားဆိုတာက ဘာလဲဆိုတာကို
ပြန်စဉ်းစားသင့်ပါတယ်။

၅. ကိုယ်ပြောတာထက် သူပြောတာကို နားထောင်ပေးပါ။

ပေါင်းသင်းဆက်ဆံရေးမှာ စကားပြောတာထက် နားထောင်တာက ပိုပြီး အရေးကြီးပါလိမ့်မယ်။ ချစ်သူတွေကြားမှာ များသောအားဖြင့် အလုပ်ထဲမှာလို မဟုတ်တာကြောင့်
ကိုယ်ကပြောချင်တာတွေကို မရပ်မနားပြောနေတတ်ပါတယ်။ သူ့မှာလည်း ပြောချင်တဲ့စကားတွေ ရှိကောင်းရှိပါလိမ့်မယ်။ သူ့ကို ဦးစားပေးလိုက်ပါ။

၆. ဦးစားပေးအဆင့်ကို သတိထားပါ။

ချစ်သူဘဝက ကြာလာပြီဆိုရင် ချစ်သူထက် ဦးစားပေးသင့်တဲ့အရာတွေက များလာတတ်ပါတယ်။ ဥပမာ အလုပ်ကို ဦးစားပေးလွန်းအားကြီးလို့ ရန်ဖြစ်ရတဲ့ အတွေ့အကြုံလည်းရှိမှာပါ။

၇. အပြစ်တွေသိပ် မပြောနဲ့။

ချစ်သူကို ဖြစ်စေချင်တာတွေ သိပ်များပြီး ကောင်းစေချင်လို့ ပြောလိုက်တဲ့စကားတွေက သူ့အတွက်တော့ စိတ်ထိခိုက်စရာ စကားလုံးလေးတွေ ဖြစ်နေတတ်ပါတယ်။
သူကလူပါ။ စက်ရုပ်မဟုတ်ပါ။ ကိုယ်ကလိုချင်တဲ့အတိုင်း ဖြစ်စေချင်ရင်တော့ ရည်းစားမထားပါနဲ့။ စက်ရုပ်သာဝယ်ထားလိုက်ပါ။

၈. သူကိုလည်း ချီးမွမ်း ဂုဏ်ပြုသင့်ပါတယ်။

သူ့ကို ဘယ်လောက်တော်တယ် တတ်တယ်လို့ ချီးကျုးလိုက်တာကို မကြိုက်တဲ့သူမရှိပါ။ ချစ်သူသက်တမ်းကြာလာသည်နဲ့အမျှ စကားလုံးတွေလည်း နည်းလာတတ်တဲ့အတွက် သတိထားပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top