iMyanmarHouse.com - Best Property Website for Myanmar
×



ပိုက္ဆံစုတယ္ဆုိတာ ေျပာေတာ့သာလြယ္ျပီး လုပ္ရတာခက္ခဲတဲ့အလုပ္ပါ။ စုမယ္၊ စုမယ္ေျပာျပီး တစ္လျပီးတစ္လ ဘာမွမစုမေဆာင္းမိပဲ ေငြေတြအလဟႆ      ျဖစ္သြားတဲ့အေျခအေနေတြလည္း ၾကံဳဖူးမွာပါ။ ဒီေတာ့ ေငြစုေတာ့မယ္ဆုိရင္ တကယ္စုေဆာင္းမိေအာင္ ဘယ္လိုနည္းေလးေတြနဲ႕ ၾကိဳးစားရမယ္ဆုိတာ ေျပာျပေပးခ်င္ပါတယ္။

၁။ မရခင္ကတည္းက စုဖို႔ ႀကိဳးစားပါ

ကိုယ္ စုေဆာင္းမယ္လို႔ ေတြးထားတဲ့ ေငြ ပမာဏ ကို ကိုယ္မျမင္ရခင္ကတည္းက ေငြစု အေကာင့္ထဲ ထည့္ထားလိုက္ပါ။ ဘဏ္ အေကာင့္နဲ႔ လစာ ေပးတဲ့ အလုပ္ ဆိုရင္ ပိုအဆင္ေျပပါတယ္။ တစ္ကယ္လို႔ သင္ဟာ ေငြသား (သို႔) လုပ္အားခ ကို ေငြသားနဲ႔သာ ရတယ္ဆိုရင္လည္း လက္ထဲေရာက္လာတာနဲ႔ ကိုယ္စုဖို႔ ရည္ရြယ္ထားတဲ့ ေငြကို ဘဏ္အေကာင့္ထဲကို အျမန္ဆံုး သြင္းထားလိုက္ပါ။

၂။ ပိုက္ဆံစုဖို႔ ႏိႈးေဆာ္စာ တစ္ခု ဖန္တီးထားပါ

Duke တကၠသိုလ္က ေလ့လာမႈ တစ္ခုမွာ ေဖာ္ျပခဲ့ဖူးတာက ပိုက္ဆံစုလိုသူေတြဟာ အေၾကြေစ့တစ္ေစ့ကို ပိုက္ဆံစုဖို႔ သတိေပးတဲ့အရာ အျဖစ္ သြားေလရာ ယူေဆာင္သြားတဲ့အခါမွာ ပိုက္ဆံ ၂ ဆ ပို စုေဆာင္းျဖစ္ခဲ့တယ္လို႔ ေလ့လာခဲ့ဖူးပါတယ္။ ေနာက္ထပ္ေလ့လာမႈ တစ္ခုမွာေတာ့ တိက်တဲ့ ႏိႈးေဆာ္စာ တစ္ခုခုကို ကိုယ္နဲ႔မကြာ ပိုက္ဆံအိတ္ထဲမွာ အၿမဲေဆာင္ထားျခင္းဟာ ပိုက္ဆံ ၂ ဆ ပို စုျဖစ္တယ္လို႔ ေဖာ္ျပဖူးပါတယ္။ ဥပမာ - "ဧၿပီလမွာ က်ဴရွင္ဖိုး ေဒၚလာ ၈၀၀ ေပးကိုေပးရမယ္" လို႔ စာရြက္တစ္ရြက္ေပၚမွာ ေရးၿပီး ပိုက္ဆံ အိတ္ထဲက အလြယ္တကူ ျမင္ႏိုင္တဲ့ ေနရာမွာ ထည့္ထားတာမ်ိဳးကို ေျပာတာပါ။

၃။ အေသးစား ကိစၥေတြအတြက္ ေငြသားနဲ႔ ေျဖရွင္းပါ

ဘဏ္ စနစ္ေတြအားေကာင္းလာတဲ့အခါမွာ လူေတြဟာ အရာရာကို Card ေတြ ၊ အီလက္ထရြန္းနစ္ ေပးေခ်မႈေတြနဲ႔သာ ေျဖရွင္းေလ့ရွိပါတယ္။ ဒါေပမယ့္ ေငြသားနဲ႔ ေျဖရွင္းမယ္ဆိုရင္ေတာ့ ကိုယ့္ပိုက္ဆံ ဘယ္ေလာက္ ကုန္သြားတယ္ဆိုတာကို ျမင္ေတြ႕ႏိုင္တဲ့အတြက္ အျခား အရာေတြအတြက္ ကုန္က်မႈေတြကို ေလွ်ာ့ခ်ဖို႔ အသိ၀င္လာပါလိမ့္မယ္။

၄။ ပိုက္ဆံ အိတ္ထဲမွာ သတ္မွတ္ခ်က္ နဲ႔ ယူေဆာင္ပါ

ေန႔စဥ္ အသံုးစရိတ္ တစ္ခု သတ္မွတ္ထားသင့္ပါတယ္။ တစ္ေန႔ကို တစ္ေသာင္း သံုးမယ္ဆိုလည္း တစ္ေန႔ကို တစ္ေသာင္းပဲ ပိုက္ဆံအိတ္ထဲမွာ ေဆာင္ထားၿပီး အေရးႀကံဳရင္ ထုတ္သံုးႏိုင္ဖို႔အတြက္ေတာ့ ဘဏ္ စနစ္နဲ႔ဖြင့္ထားတဲ့ Card ေတြကို ေဆာင္ထားပါ။ ေန႔စဥ္ သတ္မွတ္ထားတဲ့အသံုးစရိတ္မွာ ေငြပိုခဲ့ရင္လည္း ပိုသေလာက္ အနည္းငယ္ေလးကို စုဘူး တစ္ခု ဖန္တီးထားၿပီး စုေဆာင္းတာလည္း ပိုက္ဆံ ပိုစုျဖစ္ႏိုင္ပါတယ္။

၅။ ေစ်း၀ယ္ျခင္း ကို က်စ္လစ္စြာ ေဆာင္ရြက္ပါ

Harvard Business ေက်ာင္းက ဘ႑ာေရး သုေတသီ Grant Donnelly ေျပာဖူးတာက "ပဋိပကၡမ်ားမ်ား ျဖစ္ေစတဲ့ အရာတိုင္းဟာ သင့္ကို ဒုတိယ အႀကိမ္ေျမာက္ ၀ယ္ယူမႈ ျဖစ္လာဖို႔ အခ်ိန္ေတြေပးပါတယ္" ဆိုတာပဲ။ ဒါေၾကာင့္ ဟိုဟာ၀ယ္ရင္ ေကာင္းမလား ဒီဟာ၀ယ္ရင္ ေကာင္းမလား လို႔ စဥ္းစားေနမယ့္အစား ကိုယ့္အတြက္ လိုအပ္တဲ့ ပစၥည္းအေရအတြက္ကို ခ်ေရးၿပီး တစ္ႀကိမ္တည္းနဲ႔ ၿပီးျပတ္ေအာင္ ၀ယ္ယူ သင့္ပါတယ္။ အြန္လိုင္းစတိုးေတြကေန ၀ယ္ယူတာမ်ိဳးဟာ လိုအပ္တာထက္ ပို၀ယ္ျဖစ္သြားတာမ်ိဳးကို ျဖစ္လာေစႏုိင္ပါတယ္။

၆။ ေမွ်ာ္လင့္ခ်က္ကို နည္းနည္းပဲထားပါ

ပိုက္ဆံ စၿပီး စုေဆာင္းမယ္ဆိုကတည္းက မျဖစ္ႏိုင္ေလာက္တဲ့ ပမာဏကို ေမွ်ာ္လင့္ထားမယ္ဆိုရင္ တစ္ကယ္တမ္း လက္ေတြ႕စုေဆာင္းတဲ့အခါမွာ ေမွ်ာ္လင့္ ထားသေလာက္ မစု မိတာမ်ိဳး ျဖစ္လာတတ္ပါတယ္။ အဲဒီလို ျဖစ္လာတဲ့ေနာက္မွာ ပိုက္ဆံစုဖို႔ကို စိတ္ဓါတ္က်လာၿပီး ေနာက္ဆံုးမွာေတာ့ ဘာမွ မစုေဆာင္းမိတာမ်ိဳးအထိ ျဖစ္သြားတတ္ပါတယ္။ အစကတည္းက ပမာဏနည္းနည္းပဲ ေမွ်ာ္လင့္ထားမယ္ၿပီး လက္ေတြ႕စုေဆာင္းတဲ့အခါ ေမွ်ာ္လင့္ထားတာထက္ ပိုမိုစုေဆာင္းျဖစ္သြားရင္ေတာ့ စိတ္ဓါတ္က ပိုၿပီး ပိုက္ဆံ စုေဆာင္းခ်င္စိတ္ ေတြ ျဖစ္လာေစႏိုင္ပါတယ္။
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Ref:cosmopolitan
Credit:timeayeyar
#Unicode Version#
 ပိုက်ဆံစုတယ်ဆိုတာ ပြောတော့သာလွယ်ပြီး လုပ်ရတာခက်ခဲတဲ့အလုပ်ပါ။ စုမယ်၊ စုမယ်ပြောပြီး တစ်လပြီးတစ်လ ဘာမှမစုမဆောင်းမိပဲ ငွေတွေအလဟဿ      ဖြစ်သွားတဲ့အခြေအနေတွေလည်း ကြုံဖူးမှာပါ။ ဒီတော့ ငွေစုတော့မယ်ဆိုရင် တကယ်စုဆောင်းမိအောင် ဘယ်လိုနည်းလေးတွေနဲ့ ကြိုးစားရမယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ မရခင်ကတည်းက စုဖို့ ကြိုးစားပါ

ကိုယ် စုဆောင်းမယ်လို့ တွေးထားတဲ့ ငွေ ပမာဏ ကို ကိုယ်မမြင်ရခင်ကတည်းက ငွေစု အကောင့်ထဲ ထည့်ထားလိုက်ပါ။ ဘဏ် အကောင့်နဲ့ လစာ ပေးတဲ့ အလုပ် ဆိုရင် ပိုအဆင်ပြေပါတယ်။ တစ်ကယ်လို့ သင်ဟာ ငွေသား (သို့) လုပ်အားခ ကို ငွေသားနဲ့သာ ရတယ်ဆိုရင်လည်း လက်ထဲရောက်လာတာနဲ့ ကိုယ်စုဖို့ ရည်ရွယ်ထားတဲ့ ငွေကို ဘဏ်အကောင့်ထဲကို အမြန်ဆုံး သွင်းထားလိုက်ပါ။

၂။ ပိုက်ဆံစုဖို့ နှိုးဆော်စာ တစ်ခု ဖန်တီးထားပါ

Duke တက္ကသိုလ်က လေ့လာမှု တစ်ခုမှာ ဖော်ပြခဲ့ဖူးတာက ပိုက်ဆံစုလိုသူတွေဟာ အကြွေစေ့တစ်စေ့ကို ပိုက်ဆံစုဖို့ သတိပေးတဲ့အရာ အဖြစ် သွားလေရာ ယူဆောင်သွားတဲ့အခါမှာ ပိုက်ဆံ ၂ ဆ ပို စုဆောင်းဖြစ်ခဲ့တယ်လို့ လေ့လာခဲ့ဖူးပါတယ်။ နောက်ထပ်လေ့လာမှု တစ်ခုမှာတော့ တိကျတဲ့ နှိုးဆော်စာ တစ်ခုခုကို ကိုယ်နဲ့မကွာ ပိုက်ဆံအိတ်ထဲမှာ အမြဲဆောင်ထားခြင်းဟာ ပိုက်ဆံ ၂ ဆ ပို စုဖြစ်တယ်လို့ ဖော်ပြဖူးပါတယ်။ ဥပမာ - "ဧပြီလမှာ ကျူရှင်ဖိုး ဒေါ်လာ ၈၀၀ ပေးကိုပေးရမယ်" လို့ စာရွက်တစ်ရွက်ပေါ်မှာ ရေးပြီး ပိုက်ဆံ အိတ်ထဲက အလွယ်တကူ မြင်နိုင်တဲ့ နေရာမှာ ထည့်ထားတာမျိုးကို ပြောတာပါ။

၃။ အသေးစား ကိစ္စတွေအတွက် ငွေသားနဲ့ ဖြေရှင်းပါ

ဘဏ် စနစ်တွေအားကောင်းလာတဲ့အခါမှာ လူတွေဟာ အရာရာကို Card တွေ ၊ အီလက်ထရွန်းနစ် ပေးချေမှုတွေနဲ့သာ ဖြေရှင်းလေ့ရှိပါတယ်။ ဒါပေမယ့် ငွေသားနဲ့ ဖြေရှင်းမယ်ဆိုရင်တော့ ကိုယ့်ပိုက်ဆံ ဘယ်လောက် ကုန်သွားတယ်ဆိုတာကို မြင်တွေ့နိုင်တဲ့အတွက် အခြား အရာတွေအတွက် ကုန်ကျမှုတွေကို လျှော့ချဖို့ အသိဝင်လာပါလိမ့်မယ်။

၄။ ပိုက်ဆံ အိတ်ထဲမှာ သတ်မှတ်ချက် နဲ့ ယူဆောင်ပါ

နေ့စဉ် အသုံးစရိတ် တစ်ခု သတ်မှတ်ထားသင့်ပါတယ်။ တစ်နေ့ကို တစ်သောင်း သုံးမယ်ဆိုလည်း တစ်နေ့ကို တစ်သောင်းပဲ ပိုက်ဆံအိတ်ထဲမှာ ဆောင်ထားပြီး အရေးကြုံရင် ထုတ်သုံးနိုင်ဖို့အတွက်တော့ ဘဏ် စနစ်နဲ့ဖွင့်ထားတဲ့ Card တွေကို ဆောင်ထားပါ။ နေ့စဉ် သတ်မှတ်ထားတဲ့အသုံးစရိတ်မှာ ငွေပိုခဲ့ရင်လည်း ပိုသလောက် အနည်းငယ်လေးကို စုဘူး တစ်ခု ဖန်တီးထားပြီး စုဆောင်းတာလည်း ပိုက်ဆံ ပိုစုဖြစ်နိုင်ပါတယ်။

၅။ ဈေးဝယ်ခြင်း ကို ကျစ်လစ်စွာ ဆောင်ရွက်ပါ

Harvard Business ကျောင်းက ဘဏ္ဍာရေး သုတေသီ Grant Donnelly ပြောဖူးတာက "ပဋိပက္ခများများ ဖြစ်စေတဲ့ အရာတိုင်းဟာ သင့်ကို ဒုတိယ အကြိမ်မြောက် ဝယ်ယူမှု ဖြစ်လာဖို့ အချိန်တွေပေးပါတယ်" ဆိုတာပဲ။ ဒါကြောင့် ဟိုဟာဝယ်ရင် ကောင်းမလား ဒီဟာဝယ်ရင် ကောင်းမလား လို့ စဉ်းစားနေမယ့်အစား ကိုယ့်အတွက် လိုအပ်တဲ့ ပစ္စည်းအရေအတွက်ကို ချရေးပြီး တစ်ကြိမ်တည်းနဲ့ ပြီးပြတ်အောင် ဝယ်ယူ သင့်ပါတယ်။ အွန်လိုင်းစတိုးတွေကနေ ဝယ်ယူတာမျိုးဟာ လိုအပ်တာထက် ပိုဝယ်ဖြစ်သွားတာမျိုးကို ဖြစ်လာစေနိုင်ပါတယ်။

၆။ မျှော်လင့်ချက်ကို နည်းနည်းပဲထားပါ

ပိုက်ဆံ စပြီး စုဆောင်းမယ်ဆိုကတည်းက မဖြစ်နိုင်လောက်တဲ့ ပမာဏကို မျှော်လင့်ထားမယ်ဆိုရင် တစ်ကယ်တမ်း လက်တွေ့စုဆောင်းတဲ့အခါမှာ မျှော်လင့် ထားသလောက် မစု မိတာမျိုး ဖြစ်လာတတ်ပါတယ်။ အဲဒီလို ဖြစ်လာတဲ့နောက်မှာ ပိုက်ဆံစုဖို့ကို စိတ်ဓါတ်ကျလာပြီး နောက်ဆုံးမှာတော့ ဘာမှ မစုဆောင်းမိတာမျိုးအထိ ဖြစ်သွားတတ်ပါတယ်။ အစကတည်းက ပမာဏနည်းနည်းပဲ မျှော်လင့်ထားမယ်ပြီး လက်တွေ့စုဆောင်းတဲ့အခါ မျှော်လင့်ထားတာထက် ပိုမိုစုဆောင်းဖြစ်သွားရင်တော့ စိတ်ဓါတ်က ပိုပြီး ပိုက်ဆံ စုဆောင်းချင်စိတ် တွေ ဖြစ်လာစေနိုင်ပါတယ်။
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Ref:cosmopolitan
Credit:timeayeyar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top