iMyanmarHouse.com - Best Property Website for Myanmar
×





Credit: Irrawaddy
#Unicode Version#

အမျိုးသမီးဖြစ်သူ ချက်တဲ့ ထမင်း၊ ဟင်းလက်ရာတွေကို ရှုတင်မှာ ချက်ကျွေးရင်းကနေ “ဝါးမယ်” ဆိုတဲ့ မြန်မာထမင်းဆိုင် ဖွင့်ဖြစ်သွားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို ဟာသ သရုပ်ဆောင် ဖိုးဖြူက ယခုအချိန်မှာ ထမင်းဆိုင်အပြင် အမျိုးသမီးရဲ့ ဆွေမျိုးတွေ လုပ်ကိုင်နေတဲ့ သင်္ကန်းပရိက္ခရာ ဆိုင်ကိုပါ တွဲဖက်ပြီး ဖွင့်လှစ်ထားပါတယ်။

“ဝါးမယ်” ထမင်းဆိုင်မှာတော့ ထမင်းအဝစားကို ၁၅ဝဝ ကျပ်နဲ့ ရောင်းချနေပြီး အဝစား ၁၅ဝဝ ကျပ်နဲ့ ကြိုက်နှစ်သက်ရာ အသားဟင်း ၁ မျိုး၊ အရွက်ကြော် ၁ မျိုး၊ ချဉ်ရည်ဟင်း ၁ ခွက်နဲ့ ငါးပိရည်၊ တို့စရာ အစုံ ရရှိနိုင်ကြောင်း သိရပါတယ်။

သရုပ်ဆောင် ဖိုးဖြူရဲ့ “ဝါးမယ်” ထမင်းဆိုင်ကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏပန်းခြံအနီး၊ စစ်ကိုင်း စာသင်တိုက်လမ်းမှာ ဖွင့်လှစ်ထားပါတယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: Irrawaddy
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top