iMyanmarHouse.com - Best Property Website for Myanmar
×


ခရမ္းေရာင္ရွိတဲ့ အစားအစာေတြျဖစ္တဲ့ ခရမ္းသီး၊ စပ်စ္သီး၊ ကန္စြန္းဥ၊ ငခ်ိတ္၊ ေဂၚဖီထုပ္ ခရမ္းေရာင္၊ နဂါးေမာက္သီး အနီ အစရွိတဲ့ အစားအစာေတြမွာ Antioxidant တမ်ိဳးျဖစ္တဲ့ Anthocyanins ဆိုတဲ့ အာဟာရဓာတ္ ပါဝင္ပါတယ္။လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာတည္းက ခရမ္းေရာင္ရွိတဲ့ အစားအစာေတြကို ေဆးဝါးအျဖစ္ ထုတ္လုပ္အသုံးျပဳခဲ့ၾကတာျဖစ္ၿပီး အခုေဖာ္ျပေပးမွာကေတာ့ ခရမ္းေရာင္သမ္းတဲ့ အစားအစာေတြရဲ႕ က်န္းမာေရးေကာင္းက်ိဳးေတြပဲ ျဖစ္ပါတယ္။

(၁) လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာတည္းက ခရမ္းေရာင္ရွိတဲ့ အစားအစာေတြထဲမွာ ပါဝင္တဲ့ Anthocyanins ဓာတ္ကို အသည္းေရာဂါ၊ ေက်ာက္ကပ္မွာ ေက်ာက္တည္ျခင္းနဲ႔ ဆီးလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးျပႆနာ အမ်ားစုကို ကုသဖို႔အတြက္ အသုံးျပဳခဲ့ၾကပါတယ္။

(၂) ၂၀၁၂ ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ သုေတသန ေလ့လာခ်က္ေတြအရ ခရမ္းေရာင္သမ္းတဲ့ အစားအစာေတြကို ေန႔စဥ္စားသုံးေပးျခင္းအားျဖင့္ ႏွလုံးေသြးေၾကာဆိုင္ရာ က်န္းမာေရး ျပႆနာေတြ ျဖစ္ႏိုင္ေျခကို ေလ်ာ့နည္းေစတဲ့အျပင္ ေသြးေပါင္ခ်ိန္ က်ဆင္းျခင္းနဲ႔ ေသြးအားနည္းျခင္းတို႔ကိုပါ ကာကြယ္ေပးႏိုင္တယ္လို႔ သိရပါတယ္။

(၃) ခရမ္းေရာင္သမ္းတဲ့ အစားအစာေတြမွာ ပါဝင္တဲ့ Anthocyanins ဟာ ကင္ဆာေရာဂါေတြကို ကာကြယ္ေပးႏိုင္တဲ့ အစြမ္းရွိတယ္လို႔ ၂၀၁၃ ခုႏွစ္က ျပဳလုပ္ခဲ့တဲ့ သုေတသနေလ့လာခ်က္ေတြမွာ ေဖာ္ျပထားၿပီး အထူးသျဖင့္ အူမႀကီးကင္ဆာ ျဖစ္ႏိုင္ေျခကို ထိထိေရာက္ေရာက္ ကာကြယ္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။ ကင္ဆာဆဲလ္ေတြကို တိုက္ဖ်က္ႏိုင္တဲ့ အစြမ္းရွိတာေၾကာင့္ မ်ိဳး႐ိုးထဲမွာ ကင္ဆာျဖစ္ပြားဖူးသူေတြနဲ႔ကင္ဆာေရာဂါ စတင္ခံစားေနရသူေတြအေနနဲ႔ ေန႔စဥ္ စားသုံးေပးသင့္တယ္လို႔ ဆိုပါတယ္။

(၄) အသီးအႏွံေတြကို ခရမ္းေရာင္သမ္းေစတဲ့ Anthocyanins ဓာတ္ဟာ ဦးေႏွာက္စြမ္းရည္ကို ျမင့္တက္ေစတာေၾကာင့္ ဦးေႏွာက္နဲ႔အာ႐ုံေၾကာဆိုင္ရာ က်န္းမာေရးျပႆနာေတြအတြက္ အထူးေကာင္းမြန္ေစတဲ့အျပင္ အသက္အ႐ြယ္ေၾကာင့္ မွတ္ဉာဏ္ခ်ိဳ႕ယြင္းလာျခင္းေတြကိုလည္း သက္သာေစႏိုင္ပါတယ္။

(၅) ခရမ္းေရာင္သမ္းတဲ့ အစားအစာေတြဟာ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစတာေၾကာင့္ နာတာရွည္ေရာဂါခံစား ေနရသူေတြနဲ႔ အေအးမိ၊ဖ်ားနာ စတာေတြကို မၾကာခဏခံစားေနရသူေတြအတြက္ ပုံမွန္စားသုံးေပးသင့္တဲ့ အစားအစာပဲ ျဖစ္ပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

ခရမ်းရောင်ရှိတဲ့ အစားအစာတွေဖြစ်တဲ့ ခရမ်းသီး၊ စပျစ်သီး၊ ကန်စွန်းဥ၊ ငချိတ်၊ ဂေါ်ဖီထုပ် ခရမ်းရောင်၊ နဂါးမောက်သီး အနီ အစရှိတဲ့ အစားအစာတွေမှာ Antioxidant တမျိုးဖြစ်တဲ့ Anthocyanins ဆိုတဲ့ အာဟာရဓာတ် ပါဝင်ပါတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ခရမ်းရောင်ရှိတဲ့ အစားအစာတွေကို ဆေးဝါးအဖြစ် ထုတ်လုပ်အသုံးပြုခဲ့ကြတာဖြစ်ပြီး အခုဖော်ပြပေးမှာကတော့ ခရမ်းရောင်သမ်းတဲ့ အစားအစာတွေရဲ့ ကျန်းမာရေးကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။

(၁) လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ခရမ်းရောင်ရှိတဲ့ အစားအစာတွေထဲမှာ ပါဝင်တဲ့ Anthocyanins ဓာတ်ကို အသည်းရောဂါ၊ ကျောက်ကပ်မှာ ကျောက်တည်ခြင်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ အများစုကို ကုသဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။

(၂) ၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသန လေ့လာချက်တွေအရ ခရမ်းရောင်သမ်းတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးပေးခြင်းအားဖြင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေတဲ့အပြင် သွေးပေါင်ချိန် ကျဆင်းခြင်းနဲ့ သွေးအားနည်းခြင်းတို့ကိုပါ ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

(၃) ခရမ်းရောင်သမ်းတဲ့ အစားအစာတွေမှာ ပါဝင်တဲ့ Anthocyanins ဟာ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသနလေ့လာချက်တွေမှာ ဖော်ပြထားပြီး အထူးသဖြင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းရှိတာကြောင့် မျိုးရိုးထဲမှာ ကင်ဆာဖြစ်ပွားဖူးသူတွေနဲ့ကင်ဆာရောဂါ စတင်ခံစားနေရသူတွေအနေနဲ့ နေ့စဉ် စားသုံးပေးသင့်တယ်လို့ ဆိုပါတယ်။

(၄) အသီးအနှံတွေကို ခရမ်းရောင်သမ်းစေတဲ့ Anthocyanins ဓာတ်ဟာ ဦးနှောက်စွမ်းရည်ကို မြင့်တက်စေတာကြောင့် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေအတွက် အထူးကောင်းမွန်စေတဲ့အပြင် အသက်အရွယ်ကြောင့် မှတ်ဉာဏ်ချို့ယွင်းလာခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။

(၅) ခရမ်းရောင်သမ်းတဲ့ အစားအစာတွေဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် နာတာရှည်ရောဂါခံစား နေရသူတွေနဲ့ အအေးမိ၊ဖျားနာ စတာတွေကို မကြာခဏခံစားနေရသူတွေအတွက် ပုံမှန်စားသုံးပေးသင့်တဲ့ အစားအစာပဲ ဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top