iMyanmarHouse.com - Best Property Website for Myanmar
×


ျမန္မာ့ရုပ္ရွင္ပရိသတ္ေတာ္ေတာ္မ်ားမ်ားကို လြန္ခဲ့ေသာ ၁၉၉၀ ျပည့္ႏွစ္ေတြကတည္းက ေပ်ာ္ရႊင္စရာေတြ အျမဲခ်ျပေနတဲ့ လူရႊင္ေတာ္ သရုပ္ေဆာင္ ဦးဧရာကေတာ့ အသက္အရြယ္ရလာျပီး ဇရာေထာင္းလာတာေၾကာင့္ ေဆးရံုတက္ေနရတာ ျဖစ္ပါတယ္။ သူ႔အေနနဲ႔ အရိုးေတြကပြေနျပီး တင္မွာ အေပါက္ေဖာက္ထားတာေၾကာင့္ အိပ္ရာထဲမွာပဲ လွဲေနရတယ္လို႔ ေျပာၾကားခဲ့ျပီး သူ႔ရဲ့ လက္ရွိအေျခအေနကိုေတာ့ MC နဲ႔ အင္တာဗ်ဴးမွာ ေျပာၾကားသြားခဲ့တာ ျဖစ္ပါတယ္။

အင္တာဗ်ဴးမွာေတာ့ ဦးဧရာက “ဒီေန႔ လမ္းနည္းနည္းေလွ်ာက္ႏိုင္ေနပါျပီ။ က်န္တဲ့ေန႔ေတြကေတာ့ ပက္လက္ပါပဲ။ တင္မွာ အေပါက္ေဖာက္ထားေတာ့ အရည္ေတြနဲ႔ ေသြးေတြက ေရာျပီး က်ေနတယ္။ အဲ့တိုင္းပဲေနေနရတယ္။ တကယ့္ကို ဝဋ္ပါပဲ”  ။ လြန္ခဲ့တဲ ၂ ႏွစ္က ခြဲစိတ္မႈနဲ႔ ပတ္သက္ျပီး “အရိုး ၂ ရိုးကို ပိုးစားတာ။ အရိုးေတြက ပြေနျပီ။ ဒါေပမယ့္လည္း မသိဘူးေပါ့။ အခုရိုက္စားကားရိုက္ေတာ့ ေမာ္ေတာ္ဘုတ္ကေန ခုန္ခ်တဲ့အခန္းရိုက္တာ ေရလႈိင္းေတြနဲ႔ အဲ့မွာလိႈင္းနဲ႔ထိသြားတာ။ ညွပ္ကနဲ ျဖစ္သြားတယ္။ ဒါေပမယ့္လည္းထားလိုက္တယ္ ဘာမွ မျဖစ္ပါဘူးေလေပါ့။ ျပီးေတာ့ အခုတင္ေနတဲ့ သရဲသေဘၤာရိုက္တယ္။ အဲ့ကားမွာလည္း ဦးဧရာကို သတိထားၾကည့္ရင္ သိလိမ့္မယ္။ ဖင္ေလး လိမ္ခ်ိ လိမ္ခ်ိနဲ႔ နာလို႔။ ဘာလို႔လဲဆိုေတာ့ ေဆးရံုတက္တယ္ဆိုတာလည္း ပိုက္ဆံရွိမွ အနာခံျပီးေတာ့ ရိုက္ရတယ္။ အဲ့ေတာ့ ပိုက္ဆံရမွ ေဆးရံုတတ္ႏိုင္မွာေလ။

လြန္ခဲ့တဲ့ ၂ ႏွစ္တုန္းကေတာ့ ေဖ့ဘုတ္ကေန တင္လိုက္တဲ့အခါက်ေတာ့ တခ်ိဳ႔ေငြေရးေၾကးေရး လာေထာက္ပံ့ၾကပါတယ္။ သူတို႔ေထာက္ေပးေတာ့ နည္းနည္းသက္သာတာေပါ့။ အခုက်ေတာ့လည္း ဘယ္သူမွ အနားမရွိဘူး။ အကုန္လံုးကလည္း ကားရိုက္ ပြင့္လင္းရာသီကို ဘယ္သူမွလည္း ဒုကၡမေပးခ်င္တာနဲ႔ လင္မယားႏွစ္ေယာက္ပဲ လုပ္ေနတာပါ”

ဒီတခါခြဲစိတ္မႈမွာ အလွဴရွင္ရွိလားဆိုတ့ဲ အေပၚမွာေတာ့ “မရွိပါဘူး။ ကိုယ္ေတြလည္း မေျပာေတာ့ဘူး။ ၂ ခါ ၃ ခါဆိုေတာ့လည္း မေကာင္းေတာ့ဘူးေလ။ သူတို႔လည္း သူတို႔ စီးပြားေရးသူတို႔ ရွာစားေနၾကတာဆိုေတာ့။

ဘယ္ေတာ့ေလာက္ ေဆးရံုဆင္းမလဲဆိုတဲ့ အေပၚ “ဆရာဝန္ေတြေတာ့ ေန႔တိုင္းလာၾကည့္ေနတာပဲ။ ၾကည့္ျပီးေတာ့ ခန္႔မွန္းခ်က္ပဲ။ ဟိုေန႔ျပန္ရေတာ့မယ္။ ဒီေန႔ျပန္ရေတာ့မယ္ အဲ့ေလာက္ပဲ ေျပာႏိုင္ပါေသးတယ္။ ကိုယ့္အေျခအေနက ဘာမွန္းမသိေသးေတာ့ေလ” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Credit: Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

မြန်မာ့ရုပ်ရှင်ပရိသတ်တော်တော်များများကို လွန်ခဲ့သော ၁၉၉၀ ပြည့်နှစ်တွေကတည်းက ပျော်ရွှင်စရာတွေ အမြဲချပြနေတဲ့ လူရွှင်တော် သရုပ်ဆောင် ဦးဧရာကတော့ အသက်အရွယ်ရလာပြီး ဇရာထောင်းလာတာကြောင့် ဆေးရုံတက်နေရတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အရိုးတွေကပွနေပြီး တင်မှာ အပေါက်ဖောက်ထားတာကြောင့် အိပ်ရာထဲမှာပဲ လှဲနေရတယ်လို့ ပြောကြားခဲ့ပြီး သူ့ရဲ့ လက်ရှိအခြေအနေကိုတော့ MC နဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အင်တာဗျူးမှာတော့ ဦးဧရာက “ဒီနေ့ လမ်းနည်းနည်းလျှောက်နိုင်နေပါပြီ။ ကျန်တဲ့နေ့တွေကတော့ ပက်လက်ပါပဲ။ တင်မှာ အပေါက်ဖောက်ထားတော့ အရည်တွေနဲ့ သွေးတွေက ရောပြီး ကျနေတယ်။ အဲ့တိုင်းပဲနေနေရတယ်။ တကယ့်ကို ဝဋ်ပါပဲ”  ။ လွန်ခဲ့တဲ ၂ နှစ်က ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး “အရိုး ၂ ရိုးကို ပိုးစားတာ။ အရိုးတွေက ပွနေပြီ။ ဒါပေမယ့်လည်း မသိဘူးပေါ့။ အခုရိုက်စားကားရိုက်တော့ မော်တော်ဘုတ်ကနေ ခုန်ချတဲ့အခန်းရိုက်တာ ရေလှိုင်းတွေနဲ့ အဲ့မှာလှိုင်းနဲ့ထိသွားတာ။ ညှပ်ကနဲ ဖြစ်သွားတယ်။ ဒါပေမယ့်လည်းထားလိုက်တယ် ဘာမှ မဖြစ်ပါဘူးလေပေါ့။ ပြီးတော့ အခုတင်နေတဲ့ သရဲသင်္ဘောရိုက်တယ်။ အဲ့ကားမှာလည်း ဦးဧရာကို သတိထားကြည့်ရင် သိလိမ့်မယ်။ ဖင်လေး လိမ်ချိ လိမ်ချိနဲ့ နာလို့။ ဘာလို့လဲဆိုတော့ ဆေးရုံတက်တယ်ဆိုတာလည်း ပိုက်ဆံရှိမှ အနာခံပြီးတော့ ရိုက်ရတယ်။ အဲ့တော့ ပိုက်ဆံရမှ ဆေးရုံတတ်နိုင်မှာလေ။

လွန်ခဲ့တဲ့ ၂ နှစ်တုန်းကတော့ ဖေ့ဘုတ်ကနေ တင်လိုက်တဲ့အခါကျတော့ တချို့ငွေရေးကြေးရေး လာထောက်ပံ့ကြပါတယ်။ သူတို့ထောက်ပေးတော့ နည်းနည်းသက်သာတာပေါ့။ အခုကျတော့လည်း ဘယ်သူမှ အနားမရှိဘူး။ အကုန်လုံးကလည်း ကားရိုက် ပွင့်လင်းရာသီကို ဘယ်သူမှလည်း ဒုက္ခမပေးချင်တာနဲ့ လင်မယားနှစ်ယောက်ပဲ လုပ်နေတာပါ”

ဒီတခါခွဲစိတ်မှုမှာ အလှူရှင်ရှိလားဆိုတဲ့ အပေါ်မှာတော့ “မရှိပါဘူး။ ကိုယ်တွေလည်း မပြောတော့ဘူး။ ၂ ခါ ၃ ခါဆိုတော့လည်း မကောင်းတော့ဘူးလေ။ သူတို့လည်း သူတို့ စီးပွားရေးသူတို့ ရှာစားနေကြတာဆိုတော့။

ဘယ်တော့လောက် ဆေးရုံဆင်းမလဲဆိုတဲ့ အပေါ် “ဆရာဝန်တွေတော့ နေ့တိုင်းလာကြည့်နေတာပဲ။ ကြည့်ပြီးတော့ ခန့်မှန်းချက်ပဲ။ ဟိုနေ့ပြန်ရတော့မယ်။ ဒီနေ့ပြန်ရတော့မယ် အဲ့လောက်ပဲ ပြောနိုင်ပါသေးတယ်။ ကိုယ့်အခြေအနေက ဘာမှန်းမသိသေးတော့လေ” ဟု ပြောကြားသွား ခဲ့ပါတယ်။

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top