iMyanmarHouse.com - Best Property Website for Myanmar
×
၁။ ညှပ်ဖိနပ် မစီးသင့်ပါ
Reference: Lifehack
Credit: Duwun
# Unicode Version ဖြင့် ဖတ်ပါ #
impression နဲ့ပတ်သက်လာရင် ကောင်းဖို့၊ မကောင်းဖို့ဆိုတာ ကိုယ့်ရဲ့ အဝတ်အစား ဆင်ယင် ထုံးဖွဲ့မှုက ကြီးမားတဲ့ အပိုင်းကဏ္ဍတစ်ခုမှာ ရပ်တည်နေပါတယ်။first impression ကောင်းဖို့ လိုအပ်တယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ဒါပေမဲ့ အလုပ် ထဲမှာပဲဖြစ်ဖြစ်၊ စီးပွားရေး လောကထဲမှာပဲ ဖြစ်ဖြစ် first impression ကောင်းစေဖို့အတွက် ဘယ်အရာတွေက ပိုပြီး အရေးကြီးတယ် ဆိုတာကိုတော့ အနည်းအကျဉ်းလောက်ပဲ သိကြမယ်ထင်ပါတယ်။
impression နဲ့ပတ်သက်လာရင် ကောင်းဖို့၊ မကောင်းဖို့ဆိုတာ ကိုယ့်ရဲ့ အဝတ်အစား ဆင်ယင် ထုံးဖွဲ့မှုက ကြီးမားတဲ့ အပိုင်းကဏ္ဍ တစ်ခုမှာ ရပ်တည်နေပါတယ်။ ဒါကြောင့် ဆီလျော်အောင် ဝတ်ဆင်တတ်မှုက အောင်မြင်မှု ရဲ့ သော့ချက်တ စ်ခုလို့လည်း ဆိုနိုင်ပါတယ်။
ကိုယ့်ရဲ့အလုပ်ခွင် ထဲမှာ ကိုယ်ဝတ်ထားတဲ့ ဝတ်ဆင်မှုတွေက မှန်ကန်တဲ့ message ပေးနိုင်ဖို့လိုအပ်ပါတယ်။ အခုဖော်ပြပေးထားတဲ့ (၆) ချက်က အဲဒီ အခက်အခဲ တွေအတွက် ဖြေရှင်းနိုင်အောင် ကူညီပေးပါလိမ့်မယ်။ မှန်မှန်ကန်ကန်နဲ့ ဝတ်ဆင်တတ်မှုနည်းလမ်းတွေက ကိုယ့်ရဲ့ အောင်မြင်မှု ပေါ်မှာ ထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။
၁။ ညှပ်ဖိနပ် မစီးသင့်ပါ
အများအတွက်တော့ ဒါတွေဟာ အခြေအမြစ်မရှိတဲ့ အမြင်တွေ၊ အတွေးတွေ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လို ပရော်ဖက်ရှင်နယ် မဖြစ်တဲ့ ညှပ်ဖိနပ် မျိုးတွေ စီးမိလို့ လက်တွေ့အကောင်အထည် ဖော်ဆောင်ကြတဲ့နေရာမှာ ဘယ်လောက်တောင် ကျရှုံးသွားခဲ့ကြရလဲ ဆိုတာ သိလိုက်ရမယ်ဆိုရင် လုံးဝကို တအံ့တသြဖြစ်မိမှာ အမှန်ပါ။
၂။ကိုယ်နဲ့သင့်တော်တဲ့ အဝတ်အစား တွေသာ ဝယ်ယူကြတယ်
အောင်မြင်မှု အတွက် ဆင်ယင်ထုံးဖွဲ့ခြင်းဆိုတာ ဆိုက်မှန်မှန်ကန်ကန်နဲ့ ဝတ်ဆင်တတ်မှု ကို ဆိုလိုခြင်းလည်း ဖြစ်ပါတယ်။ လူအများစုက သူတို့နဲ့ သင့်တော်မှုမရှိတဲ့ အဝတ်အစား တွေကိုသာ ဝတ်ဆင်နေကြတာကို တွေ့ရတယ်။ တချို့က ကြီးလွန်းပြီး၊ တချို့ကျတော့ ငယ်လွန်းနေတယ်။ တချို့ကျတော့လည်း အရမ်းတိုတာ တွေကို ဝတ်ဆင်မိနေတတ်ကြတယ်။
၃။ အရမ်းကြီး လှစ်ဟမပြတတ်ကြဘူး
ဒါကတော့ အထူးသဖြင့် အလုပ်ခွင် အဝတ်အစား တွေကို အချိန်ပြည့် ဝတ်ဆင်လေ့မရှိတတ်ကြတဲ့ လူငယ်လူရွယ် တွေမှာ အတွေ့ရအများဆုံးဖြစ်ပါတယ်။ အသားအရေ ကို အရမ်းလှစ်ဟပြတာတွေ၊ အရမ်းတိုတဲ့ စကတ် တွေ ဝတ်ဆင်တာမျိုးတွေဟာ ပရော်ဖက်ရှင်နယ် ကျတဲ့ အရာတွေမဟုတ်ပါဘူး။ ဒါကို လူအများစု က အမှတ်မှားနေကြပါတယ်။
၄။  အဝတ်အစား တွေကို မီးပူ တိုက်ပြီး ဝတ်သင့်
တွန့်ကျေနေတဲ့ အဝတ်အစား တွေနဲ့ အလုပ် သွားတာတွေ၊ အင်တာဗျူး သွားဖြေတာတွေဟာ စိတ်ဝင်စားဖွယ် မကောင်းပါဘူး။ ဒါကြောင့် မနက်ခင်း မှာပဲဖြစ်ဖြစ်၊ ညခင်းမှာပဲဖြစ်ဖြစ် ကိုယ့် အဝတ်အစား ကို မီးပူ တိုက်ထားပါ။
၅။ မိတ်ကပ်ကို ခပ်ဖျော့ဖျော့ပဲ လိမ်းချယ်သင့်
သင်အနေနဲ့ မိတ်ကပ် လိမ်းရတာ ကြိုက်နှစ်သက်သူတစ်ယောက် ဖြစ်နေမယ်ဆိုရင် လျှော့ချဖို့ လိုပါတယ်။ ဒါပေမဲ့ ကိုယ်ရေးကိုယ်တာ အချိန်မျိုးတွေမှာတော့ ပြဿနာမရှိပါဘူး။ သင်ကြိုက်နှစ်သက်သလို လိမ်းချယ်နိုင်ပါတယ်။
၆။ကိုယ့်ကိုယ်ကို  ကြည့်ကောင်းတယ်လို့ ခံယူထားရမည်
ယုံကြည်မှု တည်ဆောက်ဖို့အတွက် အရေးတဲ့ အချက်တစ်ချက် ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တဲ့အခါ စိတ်ကျေနပ်မှုဖြစ်စေမယ့် အဝတ်အစား မျိုးကို ရွေးချယ်ဝတ်ဆင်တတ်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုအားကောင်းလာစေပါတယ်။
Reference: Lifehack
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top