iMyanmarHouse.com - Best Property Website for Myanmar
×


အခုေနာက္ပုိင္းမွာ ဇာတ္လမ္းတြဲေတြ ေခတ္စားလာတယေၾကာင့္ ဇာတ္လမ္းတြဲေတြကုိ ႐ုိက္ေနရၿပီး ေယာက္်ားေလး ပရိသတ္ေတြေရာ မိန္းကေလး ပရိသတ္ေတြပါ အားေပးလက္ခံမႈ ရ႐ွိေနတဲ့ သ႐ုပ္ေဆာင္ ေမျမင့္မုိရ္ကေတာ့ ပရဟိတလုပ္ငန္းအေနနဲ႔ အားရင္ အားသလုိ နိဗၺာန္ကားေမာင္းျဖစ္တယ္ဆုိၿပီး အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။ေမျမင့္မုိရ္က “၁၀၁၄မွာ ကာ႐ုိက္တာက က်ေတာ့ ဗုဒၶဘာသာကုိ ယုံၾကည္တယ္ေပါ့ေနာ္။ အရည္းႀကီးေခတ္မွာ ဗုဒၶဘာသာကုိ ယုံၾကည္တဲ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ သ႐ုပ္ေဆာင္တယ္။ အန္တီမုိ႔နဲ႔ ညီအစ္မေပါ့ေနာ္။ ေမမုိ႔နဲ႔က အေ႐ွ႕မွာ ကားမစုံဖူးဘူး။

 အျပင္မွာပဲ သိတာ ရင္းႏွီးတာဆုိေတာ့ သ႐ုပ္ေဆာင္မွာ က်ေတာ့ ေမမုိ႔နဲ႔ ပထမဆုံးဆုိေတာ့ ပညာေတြလည္း အမ်ားႀကီး ရခဲ့တယ္။ အဲ့ကား႐ုိက္တုန္းက အမွတ္တရေတြကေတာ့ အမ်ားႀကီးပါပဲ။ အရင္ေ႐ွးေခတ္ အရည္းႀကီး ေခတ္ဝတ္စုံေပါ့ေနာ္။ အဲ့ဟာေလးဝတ္ရတယ္ ၿပီးေတာ့ တစ္ျခားကားေတြနဲ႔ မတူဘူးဆုိေတာ့ အမွတ္တရ ျဖစ္ပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။ပရဟိတေတြ လုပ္ျဖစ္လားလုိ႔ ေမးျမန္းရာ “ေမတုိ႔ကေတာ့ အားရင္ အားသလုိ နိဗၺာန္ယာဥ္ သြားေမာင္းျဖစ္တယ္ဆုိေတာ့ ပုိၿပီး ကုိယ့္အတြက္ ပရဟိတလည္း ျဖစ္တယ္ဆုိေတာ့ေလ ေနာက္ပုိင္းလည္း ကူညီသြားဖုိ႔ ႐ွိပါတယ္။”လုိ႔ ေျပာသြားခဲ့ၿပီး ေၾကာက္တာမ်ိဳးေတြ ႐ွိလားလုိ႔ ေမးျမန္းရာ “ေၾကာက္တာမ်ိဳးေတာ့ မ႐ွိပါဘူး။ ေမကေလ ေမ့ရဲ႕ ပရိသတ္ေတြ အားလုံးကုိလည္း လုပ္က်ိေစခ်င္တယ္။


ကုိယ္တုိင္က စိတ္ထဲမွာ တစ္ခုခုခံစားမိတယ္ေပါ့ေနာ္။ လူေလာကမွာ ရပ္တည္ေနတာက ဘာအတြက္လည္း ၿပီးေတာ့ အဲ့လုိေလး ခံစားမိတယ္။ အျမဲတမ္း ပရဟိတကုိ လုပ္ရင္ အျမဲလုပ္ခ်င္စိတ္ျဖစ္တယ္။ ဆုိေတာ့ ေမက အားလုံးကုိ လုပ္ၾကည့္ေစခ်င္တယ္။ ပရဟိတနဲ႔ ပတ္သက္ၿပီးေတာ့ ပရဟိတဆုိတာ ကုိယ့္က်ိဳးအတြက္လည္း မဟုတ္ဘူး။ သူမ်ားကုိ စိတ္သန္႔သန္႔ေလးနဲ႔ ေစတနာသန္႔သန္႔ေလးနဲ႔ ကူညီရတဲ့ အလုပ္ဆုိေတာ့ တကယ္ကုိ မြန္ျမတ္တယ္။ အဲ့လုိလုပ္တဲ့ လူေတြ အားလုံးကုိလည္း ေလးစားအားက်တယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ပုဂံၿမိဳ႕သူ ဇာတ္ကားကုိ ပရိသတ္ေတြ အားေပးၾကတာနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေမျမင့္မုိရ္က “ပုဂံျမဳိ႕သူဇာတ္ကားကုိ အားေပးၾကတဲ့ ပရိသတ္ေတြ တစ္ေယာက္ခ်င္းစီတုိင္းကုိ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။”လုိ႔ေျပာသြားခဲ့ပါတယ္။ ဒါ့အျပင့္ Valentine’s day နီးၿပီ ျဖစ္တာေၾကာင့္ ဘယ္လုိျဖတ္သန္းျဖစ္မလဲလုိ႔ ေမးျမန္းရာ ” Valentine Dayမွာတာ့အဲ့လုိ ဘာမွေတာ့ မ႐ွိေသးပါဘူး။ ခ်စ္သူေတြ သူမ်ားေတြကုိ အားက်ရမွာေပါ့။ Valentine Day ဆုိတာ ခ်စ္သူေတြအတြက္ အမွတ္တရေန႔လည္း ျဖစ္တယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္သူေတြပဲ ျဖစ္ျဖစ္ ရင္းနီးၿပီးေတာ့ ခ်စ္တဲ့သူေတြပဲ ျဖစ္ျဖစ္ တစ္ေယာက္နဲ႔တစ္ေယာက္ ေခ်ာကလက္ေလးေတြ လက္ေဆာင္ေတြ အျပန္အလွန္ေပးၾကတယ္ဆုိေတာ့ အရမ္းေပ်ာ္ဖုိ႔ေကာင္းတဲ့ ေန႔ေလးပါ။”လုိ႔ ေျပာသြားခဲ့ပါတယ္။


Credit: Nanmalgyi

# Unicode Version ျဖင့္ ဖတ္ပါ #

အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ ခေတ်စားလာတယကြောင့် ဇာတ်လမ်းတွဲတွေကို ရိုက်နေရပြီး ယောက်ျားလေး ပရိသတ်တွေရော မိန်းကလေး ပရိသတ်တွေပါ အားပေးလက်ခံမှု ရရှိနေတဲ့ သရုပ်ဆောင် မေမြင့်မိုရ်ကတော့ ပရဟိတလုပ်ငန်းအနေနဲ့ အားရင် အားသလို နိဗ္ဗာန်ကားမောင်းဖြစ်တယ်ဆိုပြီး အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။မေမြင့်မိုရ်က “၁၀၁၄မှာ ကာရိုက်တာက ကျတော့ ဗုဒ္ဓဘာသာကို ယုံကြည်တယ်ပေါ့နော်။ အရည်းကြီးခေတ်မှာ ဗုဒ္ဓဘာသာကို ယုံကြည်တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ သရုပ်ဆောင်တယ်။ အန်တီမို့နဲ့ ညီအစ်မပေါ့နော်။ မေမို့နဲ့က အရှေ့မှာ ကားမစုံဖူးဘူး။

 အပြင်မှာပဲ သိတာ ရင်းနှီးတာဆိုတော့ သရုပ်ဆောင်မှာ ကျတော့ မေမို့နဲ့ ပထမဆုံးဆိုတော့ ပညာတွေလည်း အများကြီး ရခဲ့တယ်။ အဲ့ကားရိုက်တုန်းက အမှတ်တရတွေကတော့ အများကြီးပါပဲ။ အရင်ရှေးခေတ် အရည်းကြီး ခေတ်ဝတ်စုံပေါ့နော်။ အဲ့ဟာလေးဝတ်ရတယ် ပြီးတော့ တစ်ခြားကားတွေနဲ့ မတူဘူးဆိုတော့ အမှတ်တရ ဖြစ်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။ပရဟိတတွေ လုပ်ဖြစ်လားလို့ မေးမြန်းရာ “မေတို့ကတော့ အားရင် အားသလို နိဗ္ဗာန်ယာဉ် သွားမောင်းဖြစ်တယ်ဆိုတော့ ပိုပြီး ကိုယ့်အတွက် ပရဟိတလည်း ဖြစ်တယ်ဆိုတော့လေ နောက်ပိုင်းလည်း ကူညီသွားဖို့ ရှိပါတယ်။”လို့ ပြောသွားခဲ့ပြီး ကြောက်တာမျိုးတွေ ရှိလားလို့ မေးမြန်းရာ “ကြောက်တာမျိုးတော့ မရှိပါဘူး။ မေကလေ မေ့ရဲ့ ပရိသတ်တွေ အားလုံးကိုလည်း လုပ်ကျိစေချင်တယ်။

ကိုယ်တိုင်က စိတ်ထဲမှာ တစ်ခုခုခံစားမိတယ်ပေါ့နော်။ လူလောကမှာ ရပ်တည်နေတာက ဘာအတွက်လည်း ပြီးတော့ အဲ့လိုလေး ခံစားမိတယ်။ အမြဲတမ်း ပရဟိတကို လုပ်ရင် အမြဲလုပ်ချင်စိတ်ဖြစ်တယ်။ ဆိုတော့ မေက အားလုံးကို လုပ်ကြည့်စေချင်တယ်။ ပရဟိတနဲ့ ပတ်သက်ပြီးတော့ ပရဟိတဆိုတာ ကိုယ့်ကျိုးအတွက်လည်း မဟုတ်ဘူး။ သူများကို စိတ်သန့်သန့်လေးနဲ့ စေတနာသန့်သန့်လေးနဲ့ ကူညီရတဲ့ အလုပ်ဆိုတော့ တကယ်ကို မွန်မြတ်တယ်။ အဲ့လိုလုပ်တဲ့ လူတွေ အားလုံးကိုလည်း လေးစားအားကျတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ပုဂံမြို့သူ ဇာတ်ကားကို ပရိသတ်တွေ အားပေးကြတာနဲ့ ပတ်သက်ပြီးတော့လည်း မေမြင့်မိုရ်က “ပုဂံမြို့သူဇာတ်ကားကို အားပေးကြတဲ့ ပရိသတ်တွေ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။”လို့ပြောသွားခဲ့ပါတယ်။ ဒါ့အပြင့် Valentine’s day နီးပြီ ဖြစ်တာကြောင့် ဘယ်လိုဖြတ်သန်းဖြစ်မလဲလို့ မေးမြန်းရာ ” Valentine Dayမှာတာ့အဲ့လို ဘာမှတော့ မရှိသေးပါဘူး။ ချစ်သူတွေ သူများတွေကို အားကျရမှာပေါ့။ Valentine Day ဆိုတာ ချစ်သူတွေအတွက် အမှတ်တရနေ့လည်း ဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်သူတွေပဲ ဖြစ်ဖြစ် ရင်းနီးပြီးတော့ ချစ်တဲ့သူတွေပဲ ဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ချောကလက်လေးတွေ လက်ဆောင်တွေ အပြန်အလှန်ပေးကြတယ်ဆိုတော့ အရမ်းပျော်ဖို့ကောင်းတဲ့ နေ့လေးပါ။”လို့ ပြောသွားခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top