iMyanmarHouse.com - Best Property Website for Myanmar
×


ခ်စ္သူက ကိုယ့္ကို အဆက္ ျဖတ္သြားလို႔ ၊ လမ္းခြဲသြားလို႔ စိတ္ညစ္ေနသူမ်ား အတြက္ နဲ႔ကိုယ့္ခ်စ္သူက တဖက္သတ္ လမ္းခြဲသြားလို႔ လူပံု အလယ္မွာ ရွက္ေနရတယ္ ဆိုတဲ့ သူေတြ အတြက္ ဒီစာေလးကို ဖတ္ၾကည့္လိုက္ပါ …ခ်စ္သူရည္းစားေတြ လမ္းခြဲတာ ရွက္စရာ မဟုတ္ပါဘူး ။ ေၾကကြဲစရာလည္း မဟုတ္ပါဘူး ။ အသဲကြဲလို႔ အလုပ္ပ်က္ အကိုင္ပ်က္ ကိုယ့္တန္ဖိုးေတြ ပ်က္ေနမွသာ ရွက္စရာပါ ။

သူဟာ ကိုယ္နဲ႔ မထိုက္တန္လို႔ ၊ ကုိယ့္ အခ်စ္ကို သူ လိုက္မမွီလို႔ သူ႔အခ်စ္က အရမ္း နည္းေနလို႔ ေနာက္မွာ က်န္ခဲ့တယ္လို႔ မွတ္ယူ လိုက္ပါ ။သူက ကိုယ့္ကို တဖက္သတ္ႀကီး စိတ္ကုန္လို႔ အဆက္ျဖတ္တယ္ ဆိုရင္ေတာ့ သူ႔ကို စြန္႔လႊတ္ လိုက္ပါ ။ အခ်ိန္ကုန္ ခံျပီး ခံစား မေနပါနဲ႔ ။ ကိုယ့္ဘ၀ တိုးတက္ဖို႔ အတြက္ အခ်စ္ထက္ အေရးတႀကီး လုပ္စရာေတြ အမ်ားႀကီး ရွိပါေသးတယ္ ။

သံေယာဇဥ္ ဆိုတာ တကယ္ေတာ့ လမ္းခြဲလိုက္တဲ့ အခါ မွာ ပူေလာင္တဲ့ မီးတစနဲ႔ တူတယ္ ။ အဲဒီသံေယာဇဥ္ကို အေကာင္းဆံုး ကုစားႏိုင္ ဖို႔က စိတ္ကို တည္ၿငိမ္ေအာင္ထားၿပီး အရွိကို အရွိ အတိုင္း လက္ခံဖို႔က အေရးႀကီး ပါတယ္ ။ကိုယ့္ကို စြန္႔လႊတ္သြားတဲ့ သူကို တမ္းတေနဖို႔ မလိုသလို မုန္းေနဖို႔လည္း မလိုပါဘူး ။ အေပါစားဆန္ တဲ့အ ခ်စ္ေၾကာင့္ ကိုယ့္ကိုယ္ကို ( သူ႔ကို မုန္းေနတယ္ ဆိုတဲ့ ) အမုန္းမီး ေတြနဲ႔ မေလာင္ၿမိဳက္ ပါေစနဲ႔ ။

သတိရတာ လြမ္းတာ တမ္းတ တာေတြ အားလံုးကို နာက်ည္းမႈ နဲ႔ ေျဖေဖ်ာက္ျပီး ေမ့ႏိုင္ေအာင္ ႀကိဳးစားပါ။ကိုယ့္အခ်စ္နဲ႔ တန္းတူညီမွ် သူက မလိုက္ႏိုင္တာ ၊ သူ႔အခ်စ္က အရမ္းနိမ့္က်ေနတဲ့အတြက္ ျဖစ္တယ္။ ထားခဲ့လိုက္ပါ။

ေန၀င္သြားတဲ့ ညေနခင္းတိုင္း အတြက္ ေန႔သစ္ေတြ လာမယ့္ မနက္ခင္း ဆိုတာ ရွိတယ္ ။အခ်ိန္တိုင္းမွာ အခ်စ္အေၾကာင္း အလြမ္း အေၾကာင္း စဥ္းစားေနတဲ့ စိတ္ကို စြန္႔ပယ္လို႔ အသည္းကြဲ ေ၀ဒနာကို အက်ိဳးရွိတဲ့ အလုပ္ေတြ ကိုယ့္ဘ၀ တိုးတက္ေရး အတြက္ လူသားအက်ိဳး ဘာသာ သာသနာအ က်ိဳးကိုေဆာင္ ရြက္ဖို႔ အတြက္ ကိုယ့္ရဲ႕ အဖိုးတန္ အခ်ိန္ေတြကို အသံုးခ် ရမယ္ ။

လုပ္ယူလို႔ ရတဲ့ အထဲမွာ အခ်စ္ရယ္ ဖူးစာရယ္မပါဘူး။ဘ၀အဆက္ဆက္က ျဖည့္ဆည္း လာတဲ့ ပါရမီေတြရင့္ သန္မွသာ ဖူးစာစစ္ကို ရွာေတြ႔ ႏုိင္မယ္။ကိုယ့္ကို ထားသြားလို႔ က်မယ့္မ်က္ရည္ေတြကို သုတ္လိုက္ပါ။ ေကာင္းကင္မွာ ၾကယ္စင္ေတြ အမ်ားၾကီး သင့္ ကို ေစာင့္ၾကိဳေနတယ္။ နံနက္ခင္းရဲ႕ ေလျပည္ကို ရွုရွိဳက္ျပီး ဘ၀အတြက္ ခြန္အားေတြ ေမြးဖြားလိုက္ပါ။

Credit:Thet Tant Cho

# Unicode Version ျဖင့္ ဖတ္ပါ #

ချစ်သူက ကိုယ့်ကို အဆက် ဖြတ်သွားလို့ ၊ လမ်းခွဲသွားလို့ စိတ်ညစ်နေသူများ အတွက် နဲ့ကိုယ့်ချစ်သူက တဖက်သတ် လမ်းခွဲသွားလို့ လူပုံ အလယ်မှာ ရှက်နေရတယ် ဆိုတဲ့ သူတွေ အတွက် ဒီစာလေးကို ဖတ်ကြည့်လိုက်ပါ …

ချစ်သူရည်းစားတွေ လမ်းခွဲတာ ရှက်စရာ မဟုတ်ပါဘူး ။ ကြေကွဲစရာလည်း မဟုတ်ပါဘူး ။ အသဲကွဲလို့ အလုပ်ပျက် အကိုင်ပျက် ကိုယ့်တန်ဖိုးတွေ ပျက်နေမှသာ ရှက်စရာပါ ။

သူဟာ ကိုယ်နဲ့ မထိုက်တန်လို့ ၊ ကိုယ့် အချစ်ကို သူ လိုက်မမှီလို့ သူ့အချစ်က အရမ်း နည်းနေလို့ နောက်မှာ ကျန်ခဲ့တယ်လို့ မှတ်ယူ လိုက်ပါ ။သူက ကိုယ့်ကို တဖက်သတ်ကြီး စိတ်ကုန်လို့ အဆက်ဖြတ်တယ် ဆိုရင်တော့ သူ့ကို စွန့်လွှတ် လိုက်ပါ ။ အချိန်ကုန် ခံပြီး ခံစား မနေပါနဲ့ ။ ကိုယ့်ဘ၀ တိုးတက်ဖို့ အတွက် အချစ်ထက် အရေးတကြီး လုပ်စရာတွေ အများကြီး ရှိပါသေးတယ် ။

သံယောဇဉ် ဆိုတာ တကယ်တော့ လမ်းခွဲလိုက်တဲ့ အခါ မှာ ပူလောင်တဲ့ မီးတစနဲ့ တူတယ် ။ အဲဒီသံယောဇဉ်ကို အကောင်းဆုံး ကုစားနိုင် ဖို့က စိတ်ကို တည်ငြိမ်အောင်ထားပြီး အရှိကို အရှိ အတိုင်း လက်ခံဖို့က အရေးကြီး ပါတယ် ။

ကိုယ့်ကို စွန့်လွှတ်သွားတဲ့ သူကို တမ်းတနေဖို့ မလိုသလို မုန်းနေဖို့လည်း မလိုပါဘူး ။ အပေါစားဆန် တဲ့အ ချစ်ကြောင့် ကိုယ့်ကိုယ်ကို ( သူ့ကို မုန်းနေတယ် ဆိုတဲ့ ) အမုန်းမီး တွေနဲ့ မလောင်မြိုက် ပါစေနဲ့ ။

သတိရတာ လွမ်းတာ တမ်းတ တာတွေ အားလုံးကို နာကျည်းမှု နဲ့ ဖြေဖျောက်ပြီး မေ့နိုင်အောင် ကြိုးစားပါ။ကိုယ့်အချစ်နဲ့ တန်းတူညီမျှ သူက မလိုက်နိုင်တာ ၊ သူ့အချစ်က အရမ်းနိမ့်ကျနေတဲ့အတွက် ဖြစ်တယ်။ ထားခဲ့လိုက်ပါ။

နေဝင်သွားတဲ့ ညနေခင်းတိုင်း အတွက် နေ့သစ်တွေ လာမယ့် မနက်ခင်း ဆိုတာ ရှိတယ် ။အချိန်တိုင်းမှာ အချစ်အကြောင်း အလွမ်း အကြောင်း စဉ်းစားနေတဲ့ စိတ်ကို စွန့်ပယ်လို့ အသည်းကွဲ ဝေဒနာကို အကျိုးရှိတဲ့ အလုပ်တွေ ကိုယ့်ဘ၀ တိုးတက်ရေး အတွက် လူသားအကျိုး ဘာသာ သာသနာအ ကျိုးကိုဆောင် ရွက်ဖို့ အတွက် ကိုယ့်ရဲ့ အဖိုးတန် အချိန်တွေကို အသုံးချ ရမယ် ။

လုပ်ယူလို့ ရတဲ့ အထဲမှာ အချစ်ရယ် ဖူးစာရယ်မပါဘူး။ဘဝအဆက်ဆက်က ဖြည့်ဆည်း လာတဲ့ ပါရမီတွေရင့် သန်မှသာ ဖူးစာစစ်ကို ရှာတွေ့ နိုင်မယ်။ကိုယ့်ကို ထားသွားလို့ ကျမယ့်မျက်ရည်တွေကို သုတ်လိုက်ပါ။ ကောင်းကင်မှာ ကြယ်စင်တွေ အများကြီး သင့် ကို စောင့်ကြိုနေတယ်။ နံနက်ခင်းရဲ့ လေပြည်ကို ရှုရှိုက်ပြီး ဘဝအတွက် ခွန်အားတွေ မွေးဖွားလိုက်ပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top