iMyanmarHouse.com - Best Property Website for Myanmar
×


ကြ်န္ေတာ္တို႕ေန႕တဒူ၀ လုပ္ေနတဲ့ အရာေတြကနည္းနည္းေနာေနာလား။ ထိုအရာေတြမွားေနလား မွန္ေနလား ကြ်န္ေတာ္တို႕လိုက္ၾကည့္မေနနိုင္တာ က်ြန္ေတာ္တို႕အျပစ္မဟုတ္ဘူး။ ဒါေပမဲ့ ေလ့လာေတြ႕ရွိခ်က္ေတြအရ တခ်ိဳ႕အရာေလးေတြကိုအမွန္ျပင္လိုက္ရံုနဲ႕ ပံုမွန္ထက္ပိုမိုလြယ္ကူသြားတာတို႕ က်န္းမာေရးအတြက္ အေထာက္အကူျပဳတာတို႕ ျဖစ္လာနုိင္ပါတယ္။ ဒါဆို အားလံုးထဲက ျပင္သင္တဲ့ အခ်က္ ၁၃ ခ်က္ကို ေလ့လာၾကည့္ရေအာင္။

၁၃။ Hitting the snooze button


ကြ်န္ေတာ္တို႕ေန႕စဥ္ရင္ဆို္င္ေနရတဲ့ အခက္အခဲေတြထဲမွာ မနက္အိပ္ယာထတာက ပထမဆံုးၾကံဳရတာပဲ။ တခ်ိဳ႕ကေတာ့ ေနသားက်ေနေပမဲ့ ေတာ္ေတာ္မ်ားမ်ားကေတာ့ alrm ကိုအားကိုးေနရတုန္းပါ။ ခုအဲ့ဒီ alarm အသံုးျပဳပံုေလးနဲ႕ ပတ္သတ္ပီးေျပာခ်င္တယ္။ alarm သံၾကားၾကားျခင္းနည္းနည္းျပန္အိပ္လုိက္ရမွ။ ဒါေၾကာင့္ alarm ေတြကို ငါးမိနစ္ ဆယ္မိနစ္ျခားတစ္ခါေလာက္ကို အမ်ားၾကီးေပးၾကတယ္။ ဒါဟာတကယ္ေတာ့မွားေနပါတယ္တဲ့။ ဆယ္မိနစ္ေလာက္ဟာ သင့္ကို အိပ္ေမာမက်ေစဘူးဆိုတာ သိပီးသားျဖစ္မွာပါ။ ဒါဟာျပသနာမျဖစ္ေလာက္ဘူးလို႕မထင္လိုက္နဲ႕ေနာ္။ အက်ိဳးဆက္ကေတာ့ သင္တစ္ေန႕လံုးအိပ္ေရးမ၀သလိုခံစားေနရနိုင္ပီး ပင္ပန္းႏြမ္းနယ္ေနတတ္တယ္။ ဒါဆိုအမွန္ျပင္လိုက္ၾကရေအာင္။ alarm တစ္ခုနဲ႕တစ္ခုကို သင္ၾကိဳက္နွစ္သက္တဲ့ အခ်ိန္ျခားပါ။ သိပ္မမ်ားပါေစနဲ႕တဲ့။

၁၂။ သြားတုိက္ေဆး ပမာဏ


ေလ့လာသူေတြအဆိုအရ သင္သြားတုိက္ေဆးအသံုးျပဳတဲ့ပမာဏဟာ ေၾကာျငာေတြထဲကလို အမ်ားၾကီးျဖစ္ေနဖုိ႕မလိုပါဘူးတဲ့။ တကယ္ေတာ့ သြားတုိက္ေဆးသင့္တင့္တဲ့ပမာဏ နဲ႕တင္ သင့္သြားကိုသန္႕ရွင္းေစပီး က်န္းမာေစမွာပါ။ မလုိအပ္တာေတြအတြက္ အကုန္မခံပါနဲ႕။

၁၁။ အိမ္သာသံုးစကၠဴ အထားအသို


ဒါကေတာ့ ေတာ္ေတာ္မ်ားမ်ားလည္း သိပီးသားျဖစ္မွာပါ။ ဒါေပမဲ့ တစ္ခါတစ္ရံ အမွတ္တမဲ့ အမွားေလးေတြက သင့္ကို စိတ္အေႏွာင့္အယွက္ျဖစ္ေစနိုင္ပါတယ္။ ပံုမွာျပထားတဲ့အတိုင္း အစြန္းက နံရံနဲ႕ေ၀းေနရပါမယ္။ ပံုမွာအမွားျပထားတဲ့ ပံုစံကေကာ ေတာ္ေတာ္ဆိုးသြားႏိုင္လားဆိုေတာ့မဟုတ္ပါဘူး။ ဒါေပမဲ့ ျဖစ္နိုင္ရင္ လြယ္ကူပီး အသံုးျပဳရလြယ္ကူတဲ့ ပံုစံေလးအတိုင္းပဲထားမွာေပါ့။

၁၀။ ေရပူ


ေရပူခ်ိဳးတာနဲ႕ပတ္သတ္ပီး ေရွာင္က်ဥ္သင့္တာေလးေတြေျပာျပခ်င္တယ္။ ေတာ္ေတာ္မ်ားမ်ားယံုၾကည္ၾကတာ က ေရပူဟာတစ္ေနကုန္ပင္ပန္းခဲ့တာေတြကို သက္သာေစတယ္လို႕ပါ။ ဒါမွန္ပါတယ္။ ဒါေပမဲ့ သတိထားရမွာက ေရခ်ိဳးခ်ိန္ပါ။ ေရပူထဲမွာ ေနခ်ိန္ မိနစ္ ၂၀ ထက္မပိုပါေစနဲ႕။ ဘယ္အရာမဆိုတန္ေဆးလြန္ေဘးဆိုတဲ့အတိုင္း ေရပူက သင့္ႏွလံုးကို အလုပ္ပိုလုပ္ေစပီး အေရျပားကိုရင့္ေရာ္ေစလို႕ပါ။

၉။ မနက္ေစာေစာေသာက္မိတဲ့ေကာ္ဖီတစ္ခြက္


မနက္ေစာေစာအိပ္ယာထဲရျခင္းက ေတာ္ေတာ္ေလးခက္ခဲပါတယ္။ ထထျခင္းမွာ မလန္းဆန္းေနတတ္ပါဘူး။ သိပၸံပညာရွင္ေတြရဲ့အဆိုအရ ဒါဟာ ေသြးအတြင္းက cortisol ထုတ္လုပ္မွဳေၾကာင့္ပါတဲ့။ ထိုအခ်ိန္မွာ လန္းဆန္းေစခ်င္လို႕ ေသာက္မိတဲ့ေကာ္ဖီတစ္ခြက္ဟာ သင့္ျဖစ္ေစခ်င္သလိုျဖစ္လာမွာမဟုတ္ပါဘူးတဲ့။ cortisol level ေၾကာင့္ပါ။ ဒါဆိုဘယ္အခ်ိန္မွာေသာက္သင့္သလဲ။ အိပ္ယာထခ်ိန္နဲ႕ေ၀းေလေကာင္းေလပါ။

၈။ လက္ေဆးနည္း


လက္ေဆးနည္းဆိုလုိ႕ အဲ့ေလာက္မလိုဘူးလို႕မထင္လုိက္ပါနဲ႕။ သင့္ရဲ့တကိုယ္ရည္သန္႕ရွင္းေရးအတြက္ ဒါဟာ တကယ္လုိအပ္ပါတယ္။ တခ်ိဳ႕လက္ထဲကိုဆပ္ျပာထည့္ပီး လက္ဖ၀ါးနွစ္ဖက္ကို ပြတ္ေဆးလုိက္ၾကတယ္။ တကယ္ေတာ့အဲ့ေလာက္မရိုးရွင္းပါဘူး။ ဆပ္ျပာကို လက္ဖ၀ါးနွစ္ဖက္ထဲ ထည့္ပြတ္ပါ။ လက္ေခ်ာင္းေလးေတြၾကားကို ႏွ႕ံပါေစ။ အရင္းေတြအထိေပါ့။ လက္သည္းေတြနဲ႕ လက္ေကာက္၀တ္ေတြအပါအ၀င္ပါ။ အနည္းဆံုး စကၠန္႕ ၂၀ ကေန ၃၀ အခ်ိန္ေပးပါ။

၇။ လက္အေျခာက္ခံျခင္း


တိုးတက္လာတဲ့နည္းပညာေတြအရ လက္အေျခာက္ခံစက္ေတြ ကို ေတာ္ေတာ္မ်ားမ်ားအသံုးျပဳလာၾကတာကိုေတြ႕ရမွာပါ။ အဲ့ဒါက ျပသနာမဟုတ္ေပမဲ့ dryer ေတြမွာ အသံုးျပဳတဲ့ ေလအရင္းအျမစ္ပါ။ ထိုေလက အခန္းရဲ့ ပံုမွန္ေလပဲဆိုရင္ေတာ့ သန္႔စင္ပီးကာစ သင့္လက္မွာ bacteria ေတြျပန္ကပ္သြားဖို႕ရာခိုင္ႏွုန္းမ်ားပါတယ္။ ထုိေလက သန္႕စင္မယ္ဆိုရင္ေတာ့ျပသနာမဟုတ္ပါဘူး။ ဒါေၾကာင့္ လံုျခဳံမွဳအရွိဆံုးကေတာ့ သန္႕စင္တဲ့ tower or စကၠဴအသံုးျပဳတာပါ။

၆။ အနာကပ္ပလာစတာာ ကပ္နည္း


တခ်ိဳ႕ေနရာေတြမွာသိပ္မသိသာေပမဲ့ လက္ေခ်ာင္းေလးေတြအတြက္ အနာကပ္ပလာစတာ အသံုးျပဳရင္ အခက္ေတြ႕တက္ပါတယ္။ ကပ္ပံုကပ္နည္းမမွန္ရင္ ခဏေလးနဲ႕ ကြာကြာသြားတတ္ပါတယ္။ ဒါကိုေျဖရွင္းနိုင္ပါပီ။ မကပ္ခင္မွာ ပလာစတာအစြန္းေတြကို အနည္းငယ္ ျဖတ္လုိက္ပါ။ ပံုမွာျပထားသလိုေပါ့။ ပီးရင္ေတာ့ ေဒါင့္ျဖတ္အေနအထားကပ္ပါ။ အရင္ထက္ပိုျမဲပီး အဆင္ေျပေစမွာပါ။

၅။ အုိးခြက္ပန္းကန္ေတြ ေျခာက္ေအာင္ျပဳလုပ္ျခင္း


ေရေျခာက္ေအာင္လို႕ အိုးခြက္ပန္းကန္ေတြကိုေမွာက္ရက္အေနအထား ထားတာဟာ အနံ႕ဆိုးက်န္ေစပါတယ္။ ဒီအတြက္ ပံုမွန္အတိုင္းလွန္ထားတာတို႕ ဒါမွမဟုတ္ အ၀တ္ေျခာက္နဲ႕သုတ္ေပးျခင္းတို႕ လုပ္ေပးနိုင္ပါတယ္။

၄။ ေလလည္ျခင္း


တကယ္ေတာ့ ေလလည္ခ်င္တာကို အၾကာၾကီးမေအာင့္ထားသင့္ပါဘူးတဲ့။ ဒါဟာ hemorrhoids ေတြျဖစ္ေပၚေစပီး အက်ိဳးဆက္ကေတာ့ အညစ္ေၾကးစြန္႕ရာ လမ္းေၾကာင္းနံရံေတြတင္းလာပီး ေသြးပါသည္အထိျဖစ္လာနိုင္ပါတယ္။ ဒါေၾကာင့္ လူလယ္ေကာင္မွာ ေလလည္ခ်င္ရင္ေတာင္ လူျပတ္တဲ့ေနရာကိုသြားပီး ေလလည္သင့္ပါတယ္တဲ့။ အႏၲရာယ္ မလြယ္ထားပါနဲ႕။

၃။ ၾကိဳးေျဖနည္း

တစ္ခါတစ္ရံ ၾကိဳးကို အေသခ်ီမိလို႕ ေျဖရခက္တဲ့အခိုက္အတန္႕ေတြၾကံဳဖူးမွာပါ။ ထိုအခ်ိန္ဆို ၾကိဳးစတစ္စကို ျပန္ဆြဲထုတ္ဖို႕ၾကိဳးစားၾကရပါတယ္။ ထိုၾကိဳးစတစ္စကို မာလာသည္အထိ က်စ္ပါတဲ့။ ပိုေသးပီး မာလာပါက အလြယ္တကူအထံုးထဲက ထြက္သြားပါမယ္တဲ့။ စမ္းၾကည့္ၾကေနာ္။

၂။ ေစ်း၀ယ္အိတ္


ေစ်း၀ယ္ရင္းမနိုင္မနင္းျဖစ္ေနပါလား။ လက္တစ္ဖက္ထဲက ပဲအားျပဳပီးသယ္ျခင္းကို ေရွာင္ပါတဲ့။ သင့္ခါးကို ဒုကၡေပးလာနုိင္ပါတယ္။ လက္ႏွစ္ဖက္မွ်မွ်တတရွိပါေစ။

၁။ အသက္ရွဴနည္း


အသက္ရွဴတဲ့ေနရာမွာ Diaphragmatic breathing ကိုအသံုးျပဳသင့္ပါတယ္တဲ့။ ဒီနည္းဟာ သင္လုိအပ္တဲ့ ေအာက္ဆီဂ်င္ပမာဏကိုအျပည့္ရရွိေစပါတယ္။ ထိုေလရွဳနည္းဟာ ၀မ္းဗိုက္အသံုးျပဳေလရွဴျခင္းျဖစ္ပီး အဆုတ္ထဲေလေရာက္ရွိခ်ိန္မွာ ရင္အုပ္ၾကြလာပီး ဗိုက္သားဆန္႕ထုတ္လာတာမ်ိဳးျဖစ္ပါတယ္။ ပခံုးေတြ လည္ပင္းေတြကုိ ေလ်ာ့ထားပါ။ ၀မ္းဗိုက္နဲ႕ ရင္အုပ္ကို အေပၚ tension သိပ္မမ်ားေစပဲ ေလရွဴတာဟာ အဆိပ္အေတာ္ေတြကို လည္းဖယ္ရွားနိုင္ပါတယ္တဲ့။

Credit: Daily Hot News

# Unicode Version ျဖင့္ ဖတ္ပါ #

ကျွန်တော်တို့နေ့တဒူ၀ လုပ်နေတဲ့ အရာတွေကနည်းနည်းနောနောလား။ ထိုအရာတွေမှားနေလား မှန်နေလား ကျွန်တော်တို့လိုက်ကြည့်မနေနိုင်တာ ကျွန်တော်တို့အပြစ်မဟုတ်ဘူး။ ဒါပေမဲ့ လေ့လာတွေ့ရှိချက်တွေအရ တချို့အရာလေးတွေကိုအမှန်ပြင်လိုက်ရုံနဲ့ ပုံမှန်ထက်ပိုမိုလွယ်ကူသွားတာတို့ ကျန်းမာရေးအတွက် အထောက်အကူပြုတာတို့ ဖြစ်လာနိုင်ပါတယ်။ ဒါဆို အားလုံးထဲက ပြင်သင်တဲ့ အချက် ၁၃ ချက်ကို လေ့လာကြည့်ရအောင်။

၁၃။ Hitting the snooze button

ကျွန်တော်တို့နေ့စဉ်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲမှာ မနက်အိပ်ယာထတာက ပထမဆုံးကြုံရတာပဲ။ တချို့ကတော့ နေသားကျနေပေမဲ့ တော်တော်များများကတော့ alrm ကိုအားကိုးနေရတုန်းပါ။ ခုအဲ့ဒီ alarm အသုံးပြုပုံလေးနဲ့ ပတ်သတ်ပီးပြောချင်တယ်။ alarm သံကြားကြားခြင်းနည်းနည်းပြန်အိပ်လိုက်ရမှ။ ဒါကြောင့် alarm တွေကို ငါးမိနစ် ဆယ်မိနစ်ခြားတစ်ခါလောက်ကို အများကြီးပေးကြတယ်။ ဒါဟာတကယ်တော့မှားနေပါတယ်တဲ့။ ဆယ်မိနစ်လောက်ဟာ သင့်ကို အိပ်မောမကျစေဘူးဆိုတာ သိပီးသားဖြစ်မှာပါ။ ဒါဟာပြသနာမဖြစ်လောက်ဘူးလို့မထင်လိုက်နဲ့နော်။ အကျိုးဆက်ကတော့ သင်တစ်နေ့လုံးအိပ်ရေးမဝသလိုခံစားနေရနိုင်ပီး ပင်ပန်းနွမ်းနယ်နေတတ်တယ်။ ဒါဆိုအမှန်ပြင်လိုက်ကြရအောင်။ alarm တစ်ခုနဲ့တစ်ခုကို သင်ကြိုက်နှစ်သက်တဲ့ အချိန်ခြားပါ။ သိပ်မများပါစေနဲ့တဲ့။

၁၂။ သွားတိုက်ဆေး ပမာဏ

လေ့လာသူတွေအဆိုအရ သင်သွားတိုက်ဆေးအသုံးပြုတဲ့ပမာဏဟာ ကြောငြာတွေထဲကလို အများကြီးဖြစ်နေဖို့မလိုပါဘူးတဲ့။ တကယ်တော့ သွားတိုက်ဆေးသင့်တင့်တဲ့ပမာဏ နဲ့တင် သင့်သွားကိုသန့်ရှင်းစေပီး ကျန်းမာစေမှာပါ။ မလိုအပ်တာတွေအတွက် အကုန်မခံပါနဲ့။

၁၁။ အိမ်သာသုံးစက္ကူ အထားအသို

ဒါကတော့ တော်တော်များများလည်း သိပီးသားဖြစ်မှာပါ။ ဒါပေမဲ့ တစ်ခါတစ်ရံ အမှတ်တမဲ့ အမှားလေးတွေက သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း အစွန်းက နံရံနဲ့ဝေးနေရပါမယ်။ ပုံမှာအမှားပြထားတဲ့ ပုံစံကကော တော်တော်ဆိုးသွားနိုင်လားဆိုတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ရင် လွယ်ကူပီး အသုံးပြုရလွယ်ကူတဲ့ ပုံစံလေးအတိုင်းပဲထားမှာပေါ့။

၁၀။ ရေပူ

ရေပူချိုးတာနဲ့ပတ်သတ်ပီး ရှောင်ကျဉ်သင့်တာလေးတွေပြောပြချင်တယ်။ တော်တော်များများယုံကြည်ကြတာ က ရေပူဟာတစ်နေကုန်ပင်ပန်းခဲ့တာတွေကို သက်သာစေတယ်လို့ပါ။ ဒါမှန်ပါတယ်။ ဒါပေမဲ့ သတိထားရမှာက ရေချိုးချိန်ပါ။ ရေပူထဲမှာ နေချိန် မိနစ် ၂၀ ထက်မပိုပါစေနဲ့။ ဘယ်အရာမဆိုတန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ရေပူက သင့်နှလုံးကို အလုပ်ပိုလုပ်စေပီး အရေပြားကိုရင့်ရော်စေလို့ပါ။

၉။ မနက်စောစောသောက်မိတဲ့ကော်ဖီတစ်ခွက်

မနက်စောစောအိပ်ယာထဲရခြင်းက တော်တော်လေးခက်ခဲပါတယ်။ ထထခြင်းမှာ မလန်းဆန်းနေတတ်ပါဘူး။ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ ဒါဟာ သွေးအတွင်းက cortisol ထုတ်လုပ်မှုကြောင့်ပါတဲ့။ ထိုအချိန်မှာ လန်းဆန်းစေချင်လို့ သောက်မိတဲ့ကော်ဖီတစ်ခွက်ဟာ သင့်ဖြစ်စေချင်သလိုဖြစ်လာမှာမဟုတ်ပါဘူးတဲ့။ cortisol level ကြောင့်ပါ။ ဒါဆိုဘယ်အချိန်မှာသောက်သင့်သလဲ။ အိပ်ယာထချိန်နဲ့ဝေးလေကောင်းလေပါ။

၈။ လက်ဆေးနည်း

လက်ဆေးနည်းဆိုလို့ အဲ့လောက်မလိုဘူးလို့မထင်လိုက်ပါနဲ့။ သင့်ရဲ့တကိုယ်ရည်သန့်ရှင်းရေးအတွက် ဒါဟာ တကယ်လိုအပ်ပါတယ်။ တချို့လက်ထဲကိုဆပ်ပြာထည့်ပီး လက်ဖဝါးနှစ်ဖက်ကို ပွတ်ဆေးလိုက်ကြတယ်။ တကယ်တော့အဲ့လောက်မရိုးရှင်းပါဘူး။ ဆပ်ပြာကို လက်ဖဝါးနှစ်ဖက်ထဲ ထည့်ပွတ်ပါ။ လက်ချောင်းလေးတွေကြားကို နှံ့ပါစေ။ အရင်းတွေအထိပေါ့။ လက်သည်းတွေနဲ့ လက်ကောက်ဝတ်တွေအပါအဝင်ပါ။ အနည်းဆုံး စက္ကန့် ၂၀ ကနေ ၃၀ အချိန်ပေးပါ။

၇။ လက်အခြောက်ခံခြင်း

တိုးတက်လာတဲ့နည်းပညာတွေအရ လက်အခြောက်ခံစက်တွေ ကို တော်တော်များများအသုံးပြုလာကြတာကိုတွေ့ရမှာပါ။ အဲ့ဒါက ပြသနာမဟုတ်ပေမဲ့ dryer တွေမှာ အသုံးပြုတဲ့ လေအရင်းအမြစ်ပါ။ ထိုလေက အခန်းရဲ့ ပုံမှန်လေပဲဆိုရင်တော့ သန့်စင်ပီးကာစ သင့်လက်မှာ bacteria တွေပြန်ကပ်သွားဖို့ရာခိုင်နှုန်းများပါတယ်။ ထိုလေက သန့်စင်မယ်ဆိုရင်တော့ပြသနာမဟုတ်ပါဘူး။ ဒါကြောင့် လုံခြုံမှုအရှိဆုံးကတော့ သန့်စင်တဲ့ tower or စက္ကူအသုံးပြုတာပါ။

၆။ အနာကပ်ပလာစတာာ ကပ်နည်း

တချို့နေရာတွေမှာသိပ်မသိသာပေမဲ့ လက်ချောင်းလေးတွေအတွက် အနာကပ်ပလာစတာ အသုံးပြုရင် အခက်တွေ့တက်ပါတယ်။ ကပ်ပုံကပ်နည်းမမှန်ရင် ခဏလေးနဲ့ ကွာကွာသွားတတ်ပါတယ်။ ဒါကိုဖြေရှင်းနိုင်ပါပီ။ မကပ်ခင်မှာ ပလာစတာအစွန်းတွေကို အနည်းငယ် ဖြတ်လိုက်ပါ။ ပုံမှာပြထားသလိုပေါ့။ ပီးရင်တော့ ဒေါင့်ဖြတ်အနေအထားကပ်ပါ။ အရင်ထက်ပိုမြဲပီး အဆင်ပြေစေမှာပါ။

၅။ အိုးခွက်ပန်းကန်တွေ ခြောက်အောင်ပြုလုပ်ခြင်း

ရေခြောက်အောင်လို့ အိုးခွက်ပန်းကန်တွေကိုမှောက်ရက်အနေအထား ထားတာဟာ အနံ့ဆိုးကျန်စေပါတယ်။ ဒီအတွက် ပုံမှန်အတိုင်းလှန်ထားတာတို့ ဒါမှမဟုတ် အဝတ်ခြောက်နဲ့သုတ်ပေးခြင်းတို့ လုပ်ပေးနိုင်ပါတယ်။

၄။ လေလည်ခြင်း

တကယ်တော့ လေလည်ချင်တာကို အကြာကြီးမအောင့်ထားသင့်ပါဘူးတဲ့။ ဒါဟာ hemorrhoids တွေဖြစ်ပေါ်စေပီး အကျိုးဆက်ကတော့ အညစ်ကြေးစွန့်ရာ လမ်းကြောင်းနံရံတွေတင်းလာပီး သွေးပါသည်အထိဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လူလယ်ကောင်မှာ လေလည်ချင်ရင်တောင် လူပြတ်တဲ့နေရာကိုသွားပီး လေလည်သင့်ပါတယ်တဲ့။ အန္တရာယ် မလွယ်ထားပါနဲ့။

၃။ ကြိုးဖြေနည်း

တစ်ခါတစ်ရံ ကြိုးကို အသေချီမိလို့ ဖြေရခက်တဲ့အခိုက်အတန့်တွေကြုံဖူးမှာပါ။ ထိုအချိန်ဆို ကြိုးစတစ်စကို ပြန်ဆွဲထုတ်ဖို့ကြိုးစားကြရပါတယ်။ ထိုကြိုးစတစ်စကို မာလာသည်အထိ ကျစ်ပါတဲ့။ ပိုသေးပီး မာလာပါက အလွယ်တကူအထုံးထဲက ထွက်သွားပါမယ်တဲ့။ စမ်းကြည့်ကြနော်။

၂။ ဈေးဝယ်အိတ်

ဈေးဝယ်ရင်းမနိုင်မနင်းဖြစ်နေပါလား။ လက်တစ်ဖက်ထဲက ပဲအားပြုပီးသယ်ခြင်းကို ရှောင်ပါတဲ့။ သင့်ခါးကို ဒုက္ခပေးလာနိုင်ပါတယ်။ လက်နှစ်ဖက်မျှမျှတတရှိပါစေ။

၁။ အသက်ရှူနည်း

အသက်ရှူတဲ့နေရာမှာ Diaphragmatic breathing ကိုအသုံးပြုသင့်ပါတယ်တဲ့။ ဒီနည်းဟာ သင်လိုအပ်တဲ့ အောက်ဆီဂျင်ပမာဏကိုအပြည့်ရရှိစေပါတယ်။ ထိုလေရှုနည်းဟာ ဝမ်းဗိုက်အသုံးပြုလေရှူခြင်းဖြစ်ပီး အဆုတ်ထဲလေရောက်ရှိချိန်မှာ ရင်အုပ်ကြွလာပီး ဗိုက်သားဆန့်ထုတ်လာတာမျိုးဖြစ်ပါတယ်။ ပခုံးတွေ လည်ပင်းတွေကို လျော့ထားပါ။ ဝမ်းဗိုက်နဲ့ ရင်အုပ်ကို အပေါ် tension သိပ်မများစေပဲ လေရှူတာဟာ အဆိပ်အတော်တွေကို လည်းဖယ်ရှားနိုင်ပါတယ်တဲ့။

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top