iMyanmarHouse.com - Best Property Website for Myanmar
×
Credit: Burmese.asia
#Unicode Version#
ပရိသတ်အချစ်တော်သက်မွန်မြင့်ကတော့ ပရိသတ်တွေရဲ့ အချစ်တော်သရုပ်ဆောင်ဖြစ်သလို အောင်မြင်မှုသရဖူတွေကိုလဲ ရယူထားနိုင်သူဖြစ်ပါတယ်။ အိုက်တင်အမျိုူးမျိူး ဇာတ်ရုပ်အမျိုးမျိူးကိုပိုင်နိုင်ကျွမ်းကျင်စွာသရုပ်ဆောင်ထားနိုင်တာကြောင့် အကယ်ဒမီတွေရရှိသည်အထိ အောင်မြင်နေတဲ့ စွယ်စုံရအနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။
ချစ်သက်ကတော့ ” နေကြည့်ပါ…မိန်းမတစ်ယောက်ဟာ အယုံအကြည်လွယ်တယ် ခံစားရလွယ်တယ် အားနာတတ်တယ် အစွဲအလမ်းကြီးနေတတ်တယ် ဆိုရင် အဲဒီ မိန်းမတစ်ယောက်ဟာ နောင်တတွေနဲ့ အလိမ်အညာတွေပဲ ခဏခဏ ရနေလိမ့်မယ်။
မပြတ်သားရင် အကြိမ်ကြိမ် နာကျင်ရမယ် မစွန့်လွှတ်ရင် ဘဝပါ ပေးဆပ်နေရမယ် ဖတ်တွယ်ထားမိရင် လှည့်စားတာ ခံရမယ် အဲဒီတော့ ရက်စက်တတ်တဲ့ မိန်းမတစ်ယောက်အဖြစ် နေကြည့်ပါ အရမ်းချစ်ပြရင် အထင်သေးတာ ခံရမယ်။
သူမရှိရင် မနေတတ်ဘူး ခံစားပြနေရင် အမြဲအရှုံးပေးနေရမယ် သစ္စာရှိရှိ ကိုးကွယ်ဖို့ ဆိုတာကလဲ တန်တဲ့သူက ရှားတယ်လေ အဲဒီတော့ မာနကြီးတဲ့ မိန်းမတစ်ယောက်အဖြစ် နေကြည့်ပါ နုံလွန်းရင် အချိုးအဖဲ့ ခံရမယ်။အားနာတတ်ရင် တက်နင်းခံရမယ် သနားစိတ် ဝင်သွားရင် ချောင်ပိတ်ရိုက်ခံထိမယ် အဲ့ဒီတော့ ထက်မြက်တဲ့ မိန်းမတစ်ယောက်အဖြစ် နေကြည့်ပါ
စိတ်ရင်းအမှန်နဲ့ ဂရုစိုက်ပြရင် အစော်ကားခံရမယ် အသည်းအသန်ဖြစ်ပြရင် ပစ်ချခံရမယ် အချိန်ပြည့် သတိရနေရင် မျက်ရည်မျက်ခွက်ဖြစ်နေရမယ် အဲဒီတော့ အေးစက်စက် မိန်းမတစ်ယောက်အဖြစ် နေကြည့်ပါ ။ ” ဆိုပြီးပြောထားပါတယ်။
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top