iMyanmarHouse.com - Best Property Website for Myanmar
×








Credit: Burmese.asia

# Unicode Version ဖြင့် ဖတ်ပါ #

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ချစ်ချစ်ဇော် ၊ လင်းဇာနည်ဇော် တို့ဟာ ဆိုရင်ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တွေပါ။ လင်းဇာနည်ဇော်တို့ရဲ့ အစ်ကို ဖြစ်သူ ဒါရိုက်တာ မိုက်တီး ဟာဆိုရင်လည်း ပရိသတ်ကြိုက် ဇာတ်လမ်းကောင်း တွေကို ဖန်တီး ရိုက်ကူးတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ မိုက်တီး ကို ဩဂုတ်လ ၁၆ ရက်နေ့ ညပိုင်းက တာမွေမြို့နယ် အထက်တန်းကျောင်းရှေ့တွင် မူးယစ်ဆေးဝါးအချို့ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အူမကြီးကင်ဆာ ဖြစ်နေတာကြောင့် အာမခံ နဲ့ လွတ်လာတဲ့ ဒါရိုက်တာ မိုက်တီး ခွဲစိတ်ခန်း ဝင်တဲ့အကြောင်းနဲ့ပတ်သက်ပြီးဖော်ပြပေးလိုက်ပါတယ်နော်။

ထောင်ထဲမှာ ဖမ်းဆီး ခံထားရတဲ့ ဒါရိုက်တာ မိုက်တီးက ကျန်းမာရေး အခြေမနေကြောင့် အင်းစိန် ထောင် ဆေးရုံ ကို ရုတ်တရက် တက်လိုက်ရတာကြောင့် မိသားစုများက အရမ်းကို စိုးရိမ်ခဲ့ကြတာပါ။ဒီတစ်ခါမှာတော့ ဒါရိုက်တာမိုက်တီးကို တာမွေမြို့နယ် တရားရုံးက အာမခံပေးလိုက်တယ် ဆိုတဲ့ သတင်း ထွက်ရှိခဲ့ပြီး ဒါရိုက်တာမိုက်တီး ကို ထောင်ဆရာဝန် က တရားရုံးမှာ ထောက်ခံပေးလို့ အာမခံပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။ ဒါရိုက်တာမိုက်တီးက လက်ရှိမှာအူမကြီး ကင်ဆာရောဂါဝေဒနာ ကိုခံစားနေရတာပါ။

ဒီတစ်ခါမှာတော့ မိုက်တီးက သူ့ရဲ့ ရောဂါ အူမကြီးကင်ဆာ ကို ခွဲစိတ်ဖို့ ခွဲစိတ်ခန်းဝင်သွားပြီပဲ ဖြစ်ပါတယ်။ ညီမဖြစ်သူ ချစ်ချစ်ဇော် က အစ်ကိုခွဲစိတ်ခန်း ဝင်သွားလို့ အရမ်းကို စိုးရိမ်ပြီး ကြောက်နေတာပဲ ဖြစ်ပါတယ်။ အနုပညာရှင်မောင်နှများကလည်း ဒါရိုက်တာ မိုက်တီး အတွက် ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်။

ဒါရိုက်တာမိုက်တီး ရဲ့ ခွဲစိတ်ခန်းဝင်တဲ့ အကြောင်း ကိုပရိသတ်တွေသိရလောက်ပြီထင်ပါတယ် ။ ပရိသတ်ကြီးကလည်း ဒါရိုက်တာ မိုက်တီးရဲ့ ကျန်းမာရေး အခြေအနေ အတွက် ဆုတောင်းပေးလိုက်ကြပါ ဦးနော်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top