iMyanmarHouse.com - Best Property Website for Myanmar
×


ပူေလာင္ေသာ ေလ့က်င့္ခန္း အစီအစဥ္တစ္ခုၿပီးေနာက္ ေအးျမေသာ အေအးတစ္ဘူးေသာက္ျခင္းေၾကာင့္ ျပန္လည္လန္း ဆန္းသြားသလိုခံစားရႏိုင္ေသာ္လည္း ယင္းလုပ္ရပ္က ခႏၶာကိုယ္ ေရ ဓာတ္ခန္းေျခာက္မႈကို ပိုဆိုးေစကာေက်ာက္ကပ္လုပ္ေဆာင္ခ်က္ ကို အေႏွာင့္အယွက္ျဖစ္ေစေၾကာင္း ေလ့လာမႈ အသစ္တစ္ရပ္အရ သိရသည္။

သၾကားဓာတ္ပါ၀င္မႈ ျမင့္မားေသာကဖိန္းဓာတ္ျဖည့္ထား သည့္အခ်ိဳရည္မ်ားသည္ ကမၻာတစ္၀န္းမ်ားစြာ လူႀကိဳက္မ်ားေနကာ ယင္းတို႔ကို မိတ္ဆက္စရာပင္မလိုေပ။ ယင္းအခ်ိဳရည္မ်ားေၾကာင့္ အ၀လြန္ျခင္းႏွင့္ ဆီးခ်ိဳေရာဂါႏွစ္မ်ိဳးျဖစ္ႏုိင္ေျခရွိျခင္းကို လူအမ်ားလက္ခံထားသည္မွာ ၾကာၿပီျဖစ္ကာ လတ္တေလာ ေလ့လာမႈတစ္ခုက ယင္းအခ်ိဳရည္မ်ား၏ က်န္းမာေရးအႏၲရာယ္မ်ား စာရင္းတြင္ ေနာက္ထပ္တစ္ခုထည့္သြင္းလိုက္သည္။

နယူးေယာက္ၿမိဳ႕ဘာဖလိုတကၠသိုလ္မွ သုေတသီမ်ားက ကိုယ္ ကာယအားစိုက္ရစဥ္ႏွင့္ ယင္းသို႔ျပဳလုပ္ၿပီးေနာက္ေသာက္သံုး ခ်ိန္တြင္ အခ်ိဳရည္မ်ားက ေက်ာက္ကပ္က်န္းမာေရးအေပၚထိခိုက္ မႈကိုေလ့လာခဲ့သည္။

ပူေလာင္ေသာ ပတ္၀န္းက်င္တြင္ ေလ့က်င့္ခန္းလုပ္ပါက ေက်ာက္ကပ္ကို ျဖတ္၍ေသြးစီးဆင္းမႈေလ်ာ့က်သြားသည္။ ယင္း က ေသြးေပါင္ထိန္းညႇိရန္ႏွင့္ ေရဓာတ္ထိန္းသိမ္းရန္ အေထာက္အ ကူျပဳၿပီးသာမန္တုံ႔ျပန္မႈတစ္ခုျဖစ္ကာ အႏၲရာယ္ျဖစ္ေစျခင္းမရွိ ေပ။

သို႔ေသာ္ ေက်ာက္ကပ္ကို ျဖတ္၍ ေသြးစီးဆင္းမႈသိသိသာသာ ေလ်ာ့သြားပါက တစ္သွ်ဴးမ်ားသို႔ေပးပို႔မည့္ ေအာက္ဆီဂ်င္ေလ်ာ့က် ျခင္းေၾကာင့္ ေက်ာက္ကပ္ကိုျပင္းထန္စြာ ထိခုိက္ေစႏုိင္ေၾကာင္း သိရသည္။

အပူထဲတြင္ ေလ့က်င့္ခန္းလုပ္ေနရင္း (သို႔မဟုတ္) လုပ္ၿပီး ေနာက္အေအးေသာက္ျခင္းကေရဓာတ္ျပန္ျပည့္ေစျခင္းမရွိေသာ ေၾကာင့္ ယင္းသို႔မေသာက္သံုးသင့္ဟု သုေတသီမ်ားကေျပာသည္။ ေလ့က်င့္ခန္းလုပ္ေနစဥ္ (သို႔မဟုတ္) လုပ္ၿပီးေနာက္အေအးေသာက္ ပါက ေရဓာတ္ခန္းေျခာက္မႈ ပိုဆိုးလာႏုိင္ၿပီးေက်ာက္ကပ္ကို ထိခိုက္ေစေၾကာင္း သုေတသီမ်ားကေျပာသည္။

Credit:7Daydaily

# Unicode Version ျဖင့္ ဖတ္ပါ #

ပူလောင်သော လေ့ကျင့်ခန်း အစီအစဉ်တစ်ခုပြီးနောက် အေးမြသော အအေးတစ်ဘူးသောက်ခြင်းကြောင့် ပြန်လည်လန်း ဆန်းသွားသလိုခံစားရနိုင်သော်လည်း ယင်းလုပ်ရပ်က ခန္ဓာကိုယ် ရေ ဓာတ်ခန်းခြောက်မှုကို ပိုဆိုးစေကာကျောက်ကပ်လုပ်ဆောင်ချက် ကို အနှောင့်အယှက်ဖြစ်စေကြောင်း လေ့လာမှု အသစ်တစ်ရပ်အရ သိရသည်။

သကြားဓာတ်ပါဝင်မှု မြင့်မားသောကဖိန်းဓာတ်ဖြည့်ထား သည့်အချိုရည်များသည် ကမ္ဘာတစ်ဝန်းများစွာ လူကြိုက်များနေကာ ယင်းတို့ကို မိတ်ဆက်စရာပင်မလိုပေ။ ယင်းအချိုရည်များကြောင့် အဝလွန်ခြင်းနှင့် ဆီးချိုရောဂါနှစ်မျိုးဖြစ်နိုင်ခြေရှိခြင်းကို လူအများလက်ခံထားသည်မှာ ကြာပြီဖြစ်ကာ လတ်တလော လေ့လာမှုတစ်ခုက ယင်းအချိုရည်များ၏ ကျန်းမာရေးအန္တရာယ်များ စာရင်းတွင် နောက်ထပ်တစ်ခုထည့်သွင်းလိုက်သည်။

နယူးယောက်မြို့ဘာဖလိုတက္ကသိုလ်မှ သုတေသီများက ကိုယ် ကာယအားစိုက်ရစဉ်နှင့် ယင်းသို့ပြုလုပ်ပြီးနောက်သောက်သုံး ချိန်တွင် အချိုရည်များက ကျောက်ကပ်ကျန်းမာရေးအပေါ်ထိခိုက် မှုကိုလေ့လာခဲ့သည်။

ပူလောင်သော ပတ်ဝန်းကျင်တွင် လေ့ကျင့်ခန်းလုပ်ပါက ကျောက်ကပ်ကို ဖြတ်၍သွေးစီးဆင်းမှုလျော့ကျသွားသည်။ ယင်း က သွေးပေါင်ထိန်းညှိရန်နှင့် ရေဓာတ်ထိန်းသိမ်းရန် အထောက်အ ကူပြုပြီးသာမန်တုံ့ပြန်မှုတစ်ခုဖြစ်ကာ အန္တရာယ်ဖြစ်စေခြင်းမရှိ ပေ။

သို့သော် ကျောက်ကပ်ကို ဖြတ်၍ သွေးစီးဆင်းမှုသိသိသာသာ လျော့သွားပါက တစ်သျှူးများသို့ပေးပို့မည့် အောက်ဆီဂျင်လျော့ကျ ခြင်းကြောင့် ကျောက်ကပ်ကိုပြင်းထန်စွာ ထိခိုက်စေနိုင်ကြောင်း သိရသည်။

အပူထဲတွင် လေ့ကျင့်ခန်းလုပ်နေရင်း (သို့မဟုတ်) လုပ်ပြီး နောက်အအေးသောက်ခြင်းကရေဓာတ်ပြန်ပြည့်စေခြင်းမရှိသော ကြောင့် ယင်းသို့မသောက်သုံးသင့်ဟု သုတေသီများကပြောသည်။ လေ့ကျင့်ခန်းလုပ်နေစဉ် (သို့မဟုတ်) လုပ်ပြီးနောက်အအေးသောက် ပါက ရေဓာတ်ခန်းခြောက်မှု ပိုဆိုးလာနိုင်ပြီးကျောက်ကပ်ကို ထိခိုက်စေကြောင်း သုတေသီများကပြောသည်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top