iMyanmarHouse.com - Best Property Website for Myanmar
×


နာမည္ေက်ာ္ Kpop အဆိုေတာ္အဖြဲ႕ CNBLUE မွ Jung Yonghwa ဟာ Kyunghee တကၠသိုလ္မွာ တက္ေရာက္မယ့္ မဟာဘြဲ႕အတြက္ ဝင္ခြင့္နဲ႔ပတ္သက္လို႔ မ်က္ႏွာေပးခံခဲ့ရတဲ့အေၾကာင္း သံသယျဖစ္ခံခဲ့ရတဲ့ အခ်ိန္ကေနစလို႔ ေတာင္ကိုရီးယား ပညာေရးဝန္ႀကီးဌာနဟာ အဲဒီလိုမ်ိဳး မသမာမႈေတြရွိေနႏိုင္တဲ့ အျခားတကၠသိုလ္ေတြမွာလည္း စစ္ေဆးမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။My Daily မီဒီယာရဲ႕ အဆိုအရ Dongshin တကၠသိုလ္နဲ႔ Busan Kyungsang တကၠသိုလ္တို႔မွာ ေက်ာင္းအပ္ခဲ့ၾကတဲ့ ေက်ာင္းေတြကို မ်က္ႏွာသာေပး ဆက္ဆံခံရတာရွိ မရွိ ေဆြးေႏြးဖို႔ အစည္းအေဝးတခုကို ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

Dongshin တကၠသိုလ္ကေန အထူးမ်က္ႏွာေပး ဆက္ဆံခံရတယ္လို႔ ေဖာ္ထုတ္ေတြ႕ရွိတဲ့ နာမည္ေက်ာ္ၾကားသူေတြထဲမွာဆိုရင္ Highlight အဖြဲ႕ဝင္ Gi Kwang ၊ Doo Joon နဲ႔ Jun Hyung ၊ BTOB အဖြဲ႕ဝင္ Eun Kwang နဲ႔ Sung Jae တို႔အျပင္အဆိုေတာ္ေတြ ျဖစ္တဲ့ Jang Hyun Seung နဲ႔ Chu Ga Yeoul တို႔ပါဝင္ၾကပါတယ္။အဲဒီ နာမည္ေက်ာ္စတားေတြဟာ အတန္းေတြ ပ်က္ခဲ့တာေတာေတာင္ ဘြဲ႕လက္မွတ္ ရရွိခဲ့တယ္လို႔ ဆိုပါတယ္။ ေက်ာင္းသားေတြဟာ ဘြဲ႕တခုရဖို႔အတြက္ အနည္းဆုံး ေက်ာင္းတက္ခ်ိန္ သတ္မွတ္ခ်က္ကို ေရာက္ရွိရမွာ ျဖစ္ပါတယ္။

႐ိုက္ကြင္း အခ်ိန္ဇယားေတြ၊ ေဖ်ာ္ေျဖပြဲေတြနဲ႔ အျခား အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေက်ာင္းပ်က္ခဲ့ၾကေပမယ့္ သက္ဆိုင္ရာ တကၠသိုလ္ေတြက အဲဒီ ပ်က္ကြက္ခဲ့တဲ့အခ်ိန္ေတြကို ကိုယ္စားျဖည့္ေပးထားတာကိုလည္း တကၠသိုလ္ေတြက ဝန္ခံခဲ့ၾကပါတယ္။အဲဒီကိစၥကို ပညာေရးဝန္ႀကီးဌာနက စုံစမ္းထားခဲ့ၿပီး အရည္အခ်င္း မျပည့္မီဘဲ ဘြဲ႕ရရွိခဲ့သူေတြရဲ႕ ဘြဲ႕လက္မွတ္ေတြကို ျပန္လည္ ႐ုပ္သိမ္းခဲ့ပါတယ္။

အဆိုေတာ္ Ga Yeoul ဟာဆိုရင္ လိုအပ္တဲ့ အရည္အခ်င္း သတ္မွတ္ခ်က္ မရွိဘဲနဲ႔ေတာင္ အသုံးခ်ဂီတဌာနမွ ဧည့္ပါေမာကၡအျဖစ္ တာဝန္ထမ္းေနၿပီး ႐ုပ္သံထုတ္လႊင့္မႈနဲ႔ ေဖ်ာ္ေျဖရးဌာနမွာလည္း ဘြဲ႕ႀကိဳေက်ာင္းသား တေယာက္အေနနဲ႔ အတန္းတက္ခဲ့ပါေသးတယ္။ဧည့္ပါေမာကၡအေနနဲ႔ေရာ ေက်ာင္းသားအေနနဲ႔ေရာ သင္ခန္းစာေတြကို ပ်က္ကြက္ခဲ့တဲ့အတြက္ သူဟာ သူ႔ရဲ႕ ဘြဲ႕ႀကိဳသင္ခန္းစာေတြအားလုံးကို တက္ေရာက္ သက္ၾကားႏိုင္ခဲ့ျခင္း မရွိခဲ့ပါဘူး။

Dongshin တကၠသိုလ္မွ တာဝန္ရွိသူတဦးက “က်ေနာ္တို႔ဟာ ေက်ာင္း စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ အညီ သင္႐ိုးၿပီးေျမာက္ေၾကာင္း မွတ္တမ္းနဲ႔ ဘြဲ႕တို႔ကိုေပးအပ္ပါတယ္။ ဒါေပမဲ့ စည္းမ်ဥ္းစည္းကမ္းေတြမွာ လိုအပ္ခ်က္ရွိသူ တခ်ိဳ႕ရွိေနတာကို က်ေနာ္တို႔ သိရွိထားပါတယ္။ ျဖစ္ႏိုင္ရင္ ဘြဲ႕ရရွိသူေတြကို ကာကြယ္ဖို႔ သင္႐ိုးၿပီးဆုံးေၾကာင္းမွတ္တမ္းနဲ႔ ဘြဲ႕ေတြကို ရထားတဲ့သူေတြအေပၚ အေရးယူေဆာင္လုပ္မႈေတြကို သုံးသပ္မွာပါ။ စည္းကမ္းေတြလိုက္နာျခင္းရွိ၊ မရွိေက်ာင္းက စစ္ေဆးမွာပါ” လို႔ ေျပာဆိုထားပါတယ္။

Credit: Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

နာမည်ကျော် Kpop အဆိုတော်အဖွဲ့ CNBLUE မှ Jung Yonghwa ဟာ Kyunghee တက္ကသိုလ်မှာ တက်ရောက်မယ့် မဟာဘွဲ့အတွက် ဝင်ခွင့်နဲ့ပတ်သက်လို့ မျက်နှာပေးခံခဲ့ရတဲ့အကြောင်း သံသယဖြစ်ခံခဲ့ရတဲ့ အချိန်ကနေစလို့ တောင်ကိုရီးယား ပညာရေးဝန်ကြီးဌာနဟာ အဲဒီလိုမျိုး မသမာမှုတွေရှိနေနိုင်တဲ့ အခြားတက္ကသိုလ်တွေမှာလည်း စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။My Daily မီဒီယာရဲ့ အဆိုအရ Dongshin တက္ကသိုလ်နဲ့ Busan Kyungsang တက္ကသိုလ်တို့မှာ ကျောင်းအပ်ခဲ့ကြတဲ့ ကျောင်းတွေကို မျက်နှာသာပေး ဆက်ဆံခံရတာရှိ မရှိ ဆွေးနွေးဖို့ အစည်းအဝေးတခုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Dongshin တက္ကသိုလ်ကနေ အထူးမျက်နှာပေး ဆက်ဆံခံရတယ်လို့ ဖော်ထုတ်တွေ့ရှိတဲ့ နာမည်ကျော်ကြားသူတွေထဲမှာဆိုရင် Highlight အဖွဲ့ဝင် Gi Kwang ၊ Doo Joon နဲ့ Jun Hyung ၊ BTOB အဖွဲ့ဝင် Eun Kwang နဲ့ Sung Jae တို့အပြင်အဆိုတော်တွေ ဖြစ်တဲ့ Jang Hyun Seung နဲ့ Chu Ga Yeoul တို့ပါဝင်ကြပါတယ်။အဲဒီ နာမည်ကျော်စတားတွေဟာ အတန်းတွေ ပျက်ခဲ့တာတောတောင် ဘွဲ့လက်မှတ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းသားတွေဟာ ဘွဲ့တခုရဖို့အတွက် အနည်းဆုံး ကျောင်းတက်ချိန် သတ်မှတ်ချက်ကို ရောက်ရှိရမှာ ဖြစ်ပါတယ်။

ရိုက်ကွင်း အချိန်ဇယားတွေ၊ ဖျော်ဖြေပွဲတွေနဲ့ အခြား အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပျက်ခဲ့ကြပေမယ့် သက်ဆိုင်ရာ တက္ကသိုလ်တွေက အဲဒီ ပျက်ကွက်ခဲ့တဲ့အချိန်တွေကို ကိုယ်စားဖြည့်ပေးထားတာကိုလည်း တက္ကသိုလ်တွေက ဝန်ခံခဲ့ကြပါတယ်။အဲဒီကိစ္စကို ပညာရေးဝန်ကြီးဌာနက စုံစမ်းထားခဲ့ပြီး အရည်အချင်း မပြည့်မီဘဲ ဘွဲ့ရရှိခဲ့သူတွေရဲ့ ဘွဲ့လက်မှတ်တွေကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

အဆိုတော် Ga Yeoul ဟာဆိုရင် လိုအပ်တဲ့ အရည်အချင်း သတ်မှတ်ချက် မရှိဘဲနဲ့တောင် အသုံးချဂီတဌာနမှ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းနေပြီး ရုပ်သံထုတ်လွှင့်မှုနဲ့ ဖျော်ဖြေရးဌာနမှာလည်း ဘွဲ့ကြိုကျောင်းသား တယောက်အနေနဲ့ အတန်းတက်ခဲ့ပါသေးတယ်။ဧည့်ပါမောက္ခအနေနဲ့ရော ကျောင်းသားအနေနဲ့ရော သင်ခန်းစာတွေကို ပျက်ကွက်ခဲ့တဲ့အတွက် သူဟာ သူ့ရဲ့ ဘွဲ့ကြိုသင်ခန်းစာတွေအားလုံးကို တက်ရောက် သက်ကြားနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

Dongshin တက္ကသိုလ်မှ တာဝန်ရှိသူတဦးက “ကျနော်တို့ဟာ ကျောင်း စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ သင်ရိုးပြီးမြောက်ကြောင်း မှတ်တမ်းနဲ့ ဘွဲ့တို့ကိုပေးအပ်ပါတယ်။ ဒါပေမဲ့ စည်းမျဉ်းစည်းကမ်းတွေမှာ လိုအပ်ချက်ရှိသူ တချို့ရှိနေတာကို ကျနော်တို့ သိရှိထားပါတယ်။ ဖြစ်နိုင်ရင် ဘွဲ့ရရှိသူတွေကို ကာကွယ်ဖို့ သင်ရိုးပြီးဆုံးကြောင်းမှတ်တမ်းနဲ့ ဘွဲ့တွေကို ရထားတဲ့သူတွေအပေါ် အရေးယူဆောင်လုပ်မှုတွေကို သုံးသပ်မှာပါ။ စည်းကမ်းတွေလိုက်နာခြင်းရှိ၊ မရှိကျောင်းက စစ်ဆေးမှာပါ” လို့ ပြောဆိုထားပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top