iMyanmarHouse.com - Best Property Website for Myanmar
×


စိတ္ထားေကာင္းတဲ့ မိသားစုေလးျဖစ္တဲ့ အဆိုေတာ္ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔မိသားစုေလးကေတာ့ တစ္ေန႔တစ္ျခား ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈကို အျပည့္အဝရရွိထားတာပဲ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ အဆိုေတာ္လင္းလင္းက ျပီးခဲ့တဲ့ တေလာက ၈ နွစ္အရြယ္ မိန္းကေလးကို အဓၶမျပုက်င့္ျပီး ထြက္ေျပးသြားတဲ့ တရားခံကို ဖမ္းမိသြားျပီဆိုတဲ့ မဂၤလာသတင္းကို ပရိသတ္ေတြအတြက္ ေဝမွ်ေပးလုိက္တာပဲ ျဖစ္ပါတယ္။

တရားခံကို အျမန္ဆံုးဖမ္းမိသြားတဲ့အတြက္လည္း တာဝန္ထမ္းေဆာင္ၾကတဲ့ ရဲဝန္ထမ္းမိသားစုေတြကိုလည္း ေက်းဇူးတင္တဲ့အေၾကာင္း ေျပာသြားပါေသးတယ္။ခ်စ္ပရိသတ္ေတြအတြက္ လူမဆန္ ယုတ္မာလြန္းတဲ့ တရားခံကို ဖမ္းမိျပီဆိုတဲ့ သတင္းကို ေျပာျပလာတဲ့ လင္းလင္းရဲ႕အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္ေန္ာ။


လင္းလင္းကေတာ့ “‘မဂၤလာသတင္းပါ ၈ ႏွစ္အရြယ္မိန္းကေလးကို အဓၶမျပဳက်င့္ၿပီး ထြက္ေျပးသြားေသာေကာင္ကို ဖမ္းမိၿပီ တဲ့။ေဝဖန္သင့္တဲ့အခ်ိန္ေဝဖန္မယ္၊ ခ်ီးက်ဴးသင့္တဲ့အခ်ိန္ ခ်ီးက်ဴးရမယ္ ျဖစ္သည့္အတြက္ ဒီတရားခံဖမ္းမိဖို႔အေရး ပါဝင္တာဝန္ထမ္းေဆာင္ၾကတဲ့ ရဲဝန္ထမ္းမိသားစုအားလံုးကို ေက်းဇူးအထူးတင္ပါတယ္။ ရင္ထဲကေန ဂါဝရ ျပဳပါတယ္ ခင္မ်ာ။လူရယ္ျဖစ္လာရင္ ကၽြန္ေတာ္တို႔အားလံုးဟာ လူ႔အသိုင္းအဝိုင္းထဲမွာ လူလိုေနၾကရပါတယ္။ လူလိုမေန၊လူလိုမက်င့္ၾကံတဲ့သူကို လူ႔အသိုင္းအဝိုင္းထဲကေန တရာဥပေဒဆိုေသာအရာနဲ႔ ဖယ္ရွားရပါတယ္ ‘ ” ဆိုျပီး လူမဆန္လြန္းတဲ့ တရားခံကို ဖမ္းမိတဲ့အေၾကာင္း လူမႈကြန္ယက္ေပၚမွာ တင္ထားတာပဲ ျဖစ္ပါတယ္။

လင္းလင္းကေတာ့ မၾကာေသးခင္ကလည္း အဓၶမျပဳက်င့္ခံရတဲ့ ကေလးငယ္ေလးကို အလွဴေငြေတြလွဴဒါန္းျပီး သြားေရာက္နွစ္သိမ့္ေပးခဲ့ပါေသးတယ္။မုဒိန္​းက်င္​့သူက (၈)ႏွစ္​အရြယ္​ က​ေလးမ​ေလးကို ​ေသြး​ေဆာင္​ျဖား​ေယာင္​း​ေခၚ​ေဆာင္​သြားၿပီး ႏွိပ္​စက္​ အဓမၼက်င္​့ကာ ​ေသၿပီအမွတ္​နဲ႔ ခ်ံဳပုတ္​ထဲ စြန္​႔ပစ္​ထားခဲ့တဲ့အမႈေၾကာင့္ အဆိုပါကေလးမေလးက စိတ္ပိုင္းဆိုင္ရာ ေတာ္ေတာ္ထိခိုက္ခံေနရၿပီး စိတ္ကုဆရာဝန္နဲ႔ ေသခ်ာကုသေနရတယ္လို႔လည္း သိရပါတယ္။ခ်စ္ပရိသတ္ေတြလည္း လူမဆန္တဲ့ တရားခံကို ဖမ္းမိျပီဆိုတဲ့ သတင္းေလးကို ေဝမွ်ေပးလိုက္ၾကပါဦးေနာ္။

Credit: Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

စိတ်ထားကောင်းတဲ့ မိသားစုလေးဖြစ်တဲ့ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့မိသားစုလေးကတော့ တစ်နေ့တစ်ခြား ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အဆိုတော်လင်းလင်းက ပြီးခဲ့တဲ့ တလောက ၈ နှစ်အရွယ် မိန်းကလေးကို အဓ္ဓမပြုကျင့်ပြီး ထွက်ပြေးသွားတဲ့ တရားခံကို ဖမ်းမိသွားပြီဆိုတဲ့ မင်္ဂလာသတင်းကို ပရိသတ်တွေအတွက် ဝေမျှပေးလိုက်တာပဲ ဖြစ်ပါတယ်။

တရားခံကို အမြန်ဆုံးဖမ်းမိသွားတဲ့အတွက်လည်း တာဝန်ထမ်းဆောင်ကြတဲ့ ရဲဝန်ထမ်းမိသားစုတွေကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ပြောသွားပါသေးတယ်။ချစ်ပရိသတ်တွေအတွက် လူမဆန် ယုတ်မာလွန်းတဲ့ တရားခံကို ဖမ်းမိပြီဆိုတဲ့ သတင်းကို ပြောပြလာတဲ့ လင်းလင်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နေ်ာ။

လင်းလင်းကတော့ “‘မင်္ဂလာသတင်းပါ ၈ နှစ်အရွယ်မိန်းကလေးကို အဓ္ဓမပြုကျင့်ပြီး ထွက်ပြေးသွားသောကောင်ကို ဖမ်းမိပြီ တဲ့။ဝေဖန်သင့်တဲ့အချိန်ဝေဖန်မယ်၊ ချီးကျူးသင့်တဲ့အချိန် ချီးကျူးရမယ် ဖြစ်သည့်အတွက် ဒီတရားခံဖမ်းမိဖို့အရေး ပါဝင်တာဝန်ထမ်းဆောင်ကြတဲ့ ရဲဝန်ထမ်းမိသားစုအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ရင်ထဲကနေ ဂါဝရ ပြုပါတယ် ခင်မျာ။လူရယ်ဖြစ်လာရင် ကျွန်တော်တို့အားလုံးဟာ လူ့အသိုင်းအဝိုင်းထဲမှာ လူလိုနေကြရပါတယ်။ လူလိုမနေ၊လူလိုမကျင့်ကြံတဲ့သူကို လူ့အသိုင်းအဝိုင်းထဲကနေ တရာဥပဒေဆိုသောအရာနဲ့ ဖယ်ရှားရပါတယ် ‘ ” ဆိုပြီး လူမဆန်လွန်းတဲ့ တရားခံကို ဖမ်းမိတဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ တင်ထားတာပဲ ဖြစ်ပါတယ်။

လင်းလင်းကတော့ မကြာသေးခင်ကလည်း အဓ္ဓမပြုကျင့်ခံရတဲ့ ကလေးငယ်လေးကို အလှူငွေတွေလှူဒါန်းပြီး သွားရောက်နှစ်သိမ့်ပေးခဲ့ပါသေးတယ်။မုဒိန်းကျင့်သူက (၈)နှစ်အရွယ် ကလေးမလေးကို သွေးဆောင်ဖြားယောင်းခေါ်ဆောင်သွားပြီး နှိပ်စက် အဓမ္မကျင့်ကာ သေပြီအမှတ်နဲ့ ချုံပုတ်ထဲ စွန့်ပစ်ထားခဲ့တဲ့အမှုကြောင့် အဆိုပါကလေးမလေးက စိတ်ပိုင်းဆိုင်ရာ တော်တော်ထိခိုက်ခံနေရပြီး စိတ်ကုဆရာဝန်နဲ့ သေချာကုသနေရတယ်လို့လည်း သိရပါတယ်။ချစ်ပရိသတ်တွေလည်း လူမဆန်တဲ့ တရားခံကို ဖမ်းမိပြီဆိုတဲ့ သတင်းလေးကို ဝေမျှပေးလိုက်ကြပါဦးနော်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top