iMyanmarHouse.com - Best Property Website for Myanmar
×


အသီးအႏွံေတြဟာ က်န္းမာေရးအတြက္ ေကာင္းမြန္တယ္ ဆိုတာကို လူတိုင္းသိၿပီး ျဖစ္မွာပါ။ ကိုယ္ခံစြမ္းအားကို တိုးျမင့္ေပးတာ အသားအေရကို လွပေစတာ စတဲ့ အက်ိဳးေတြကို အသီးအႏွံေတြကရပါတယ္။ ဒီတခါမွာေတာ့ ဘယ္အသီးအႏွံေတြက က်န္းမာေရးအတြက္ အေကာင္းမြန္ဆုံး ျဖစ္မလဲ ဆိုတာကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ပန္းသီး


နံပတ္ ၁ေနရာမွာ ရွိေနတာကေတာ့ ပန္းသီးပါ။ သာမန္ပန္းသီးတလုံးမွာ ကယ္လိုရီ ရွစ္ဆယ္ပါဝင္ၿပီး အမွ်င္ဓာတ္ ၃ ဂရမ္ပါဝင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ဗီတာမင္ B1,B2,B6, ဗီတာမင္ C နဲ႔ ဗီတာမင္ E တို႔ပါဝင္ပါတယ္။ သၾကားဓာတ္လည္း ႂကြယ္ဝစြာပါဝင္ၿပီး ကယ္လ္စီယမ္၊ ပိုတက္စီယမ္၊ မဂၢနီစီယမ္ စတဲ့ ဓာတ္ေတြလည္း ပါဝင္ပါေသးတယ္။

(၂) တ႐ုတ္ဆီးသီး


တ႐ုတ္ဆီးသီးက ဒုတိယေနရာမွာ ရွိေနတာ အံ့ၾသစရာပါ။ မက္မြန္သီးနဲ႔ ဆင္ဆင္တူတဲ့ တ႐ုတ္ဆီးသီးမွာ ကိုလက္စေရာ ၅၀ ပါဝင္ပါတယ္။ ဒါေတြအျပင္ အဓိကပါဝင္တဲ့ အရာကေတာ့ ဗီတာမင္ A ပါ။ တကယ္လို႔ သင္ဟာ တေန႔ကို တ႐ုတ္ဆီးသီး သုံးလုံးစားမယ္ဆိုရင္ တေန႔တာလိုအပ္တဲ့ ဗီတာမင္အားလုံးရဲ႕ ၃၅ ရာခိုင္ႏႈန္းကို ရရွိတယ္လို႔ ဆိုပါတယ္။

(၃) ငွက္ေပ်ာသီး


ငွက္ေပ်ာသီးကေတာ့ နံပါတ္ သုံးေနရာမွာ ရွိေနပါတယ္။ ငွက္ေပ်ာသီးမွာ ပိုတက္စီယမ္ႂကြယ္ဝစြာ ပါဝင္ၿပီး ပိုတက္စီယမ္က ႏွလုံးနဲ႔ ႂကြက္သားေကာင္းမြန္ဖို႔ အတြက္ လုပ္ေဆာင္ပါတယ္။ ဒါ့ေၾကာင့္ ေလ့က်င့္ခန္းမလုပ္မီ နဲ႔ လုပ္အၿပီးမွာ ငွက္ေပ်ာသီးကို စားသင့္ပါတယ္။ ဒါေတြတင္မကေသးပါဘူး။ ငွက္ေပ်ာသီးမွာ ဗီတာမင္ B3, B6, A နဲ႔ C တို႔လည္း ပါဝင္ပါေသးတယ္။

(၄) ဘလက္ဘယ္ရီ


ဘလူးဘယ္ရီလိုပဲ ဘလက္ဘယ္ရီဟာလည္း က်န္းမာေရးအတြက္ ေကာင္းမြန္ပါတယ္။ ကယ္လိုရီ ၇၀ သာ ပါဝင္တာ ေၾကာင့္ ဘလူးဘယ္ရီထက္ ကယ္လိုရီပါဝင္မႈနည္းတယ္လို႔ ဆိုႏိုင္ပါတယ္။ အမွ်င္ဓာတ္ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ ဗိုက္ျပည့္လြယ္လို႔ ကိုယ္အေလးခ်ိန္ ေလ်ာ့ေနသူေတြအတြက္ သင့္ေတာ္တဲ့ အသီးလည္း ျဖစ္ပါတယ္။

(၅) သရက္သီး


ရာသီစာျဖစ္တဲ့ သရက္သီးဟာ က်န္းမာေရးအတြက္ အရမ္းေကာင္းတဲ့ အသီးတခုပါ။ သာမန္သရက္သီးအမွည့္ တလုံးမွာ ၁၃၅ ကယ္လိုရီ ပါဝင္ၿပီး ခ်ိဳျမတဲ့ အရသာကို ေပးပါတယ္။ သရက္သီးဟာ သဘာဝအခ်ိဳျဖစ္တာေၾကာင့္ သၾကားဓာတ္ အနည္းငယ္သာ ပါဝင္လို႔ ဆီးခ်ိဳသမားေတြအတြက္ သင့္ေတာ္တဲ့ အသီးအႏွံထဲမွာ ပါဝင္ပါတယ္။ ဗီတာမင္ C လည္း ပါဝင္တာေၾကာင့္ သရက္သီးေပၚတဲ့ ရာသီမွာ သရက္သီးကို မျဖစ္မေန ေန႔တိုင္းနီးပါး စားၾကဖို႔ တိုက္တြန္းခ်င္ပါတယ္။

Credit: Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

အသီးအနှံတွေဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ် ဆိုတာကို လူတိုင်းသိပြီး ဖြစ်မှာပါ။ ကိုယ်ခံစွမ်းအားကို တိုးမြင့်ပေးတာ အသားအရေကို လှပစေတာ စတဲ့ အကျိုးတွေကို အသီးအနှံတွေကရပါတယ်။ ဒီတခါမှာတော့ ဘယ်အသီးအနှံတွေက ကျန်းမာရေးအတွက် အကောင်းမွန်ဆုံး ဖြစ်မလဲ ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

(၁) ပန်းသီး

နံပတ် ၁နေရာမှာ ရှိနေတာကတော့ ပန်းသီးပါ။ သာမန်ပန်းသီးတလုံးမှာ ကယ်လိုရီ ရှစ်ဆယ်ပါဝင်ပြီး အမျှင်ဓာတ် ၃ ဂရမ်ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဗီတာမင် B1,B2,B6, ဗီတာမင် C နဲ့ ဗီတာမင် E တို့ပါဝင်ပါတယ်။ သကြားဓာတ်လည်း ကြွယ်ဝစွာပါဝင်ပြီး ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ် စတဲ့ ဓာတ်တွေလည်း ပါဝင်ပါသေးတယ်။

(၂) တရုတ်ဆီးသီး

တရုတ်ဆီးသီးက ဒုတိယနေရာမှာ ရှိနေတာ အံ့သြစရာပါ။ မက်မွန်သီးနဲ့ ဆင်ဆင်တူတဲ့ တရုတ်ဆီးသီးမှာ ကိုလက်စရော ၅၀ ပါဝင်ပါတယ်။ ဒါတွေအပြင် အဓိကပါဝင်တဲ့ အရာကတော့ ဗီတာမင် A ပါ။ တကယ်လို့ သင်ဟာ တနေ့ကို တရုတ်ဆီးသီး သုံးလုံးစားမယ်ဆိုရင် တနေ့တာလိုအပ်တဲ့ ဗီတာမင်အားလုံးရဲ့ ၃၅ ရာခိုင်နှုန်းကို ရရှိတယ်လို့ ဆိုပါတယ်။

(၃) ငှက်ပျောသီး

ငှက်ပျောသီးကတော့ နံပါတ် သုံးနေရာမှာ ရှိနေပါတယ်။ ငှက်ပျောသီးမှာ ပိုတက်စီယမ်ကြွယ်ဝစွာ ပါဝင်ပြီး ပိုတက်စီယမ်က နှလုံးနဲ့ ကြွက်သားကောင်းမွန်ဖို့ အတွက် လုပ်ဆောင်ပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းမလုပ်မီ နဲ့ လုပ်အပြီးမှာ ငှက်ပျောသီးကို စားသင့်ပါတယ်။ ဒါတွေတင်မကသေးပါဘူး။ ငှက်ပျောသီးမှာ ဗီတာမင် B3, B6, A နဲ့ C တို့လည်း ပါဝင်ပါသေးတယ်။

(၄) ဘလက်ဘယ်ရီ

ဘလူးဘယ်ရီလိုပဲ ဘလက်ဘယ်ရီဟာလည်း ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ကယ်လိုရီ ၇၀ သာ ပါဝင်တာ ကြောင့် ဘလူးဘယ်ရီထက် ကယ်လိုရီပါဝင်မှုနည်းတယ်လို့ ဆိုနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ဗိုက်ပြည့်လွယ်လို့ ကိုယ်အလေးချိန် လျော့နေသူတွေအတွက် သင့်တော်တဲ့ အသီးလည်း ဖြစ်ပါတယ်။

(၅) သရက်သီး

ရာသီစာဖြစ်တဲ့ သရက်သီးဟာ ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့ အသီးတခုပါ။ သာမန်သရက်သီးအမှည့် တလုံးမှာ ၁၃၅ ကယ်လိုရီ ပါဝင်ပြီး ချိုမြတဲ့ အရသာကို ပေးပါတယ်။ သရက်သီးဟာ သဘာဝအချိုဖြစ်တာကြောင့် သကြားဓာတ် အနည်းငယ်သာ ပါဝင်လို့ ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ အသီးအနှံထဲမှာ ပါဝင်ပါတယ်။ ဗီတာမင် C လည်း ပါဝင်တာကြောင့် သရက်သီးပေါ်တဲ့ ရာသီမှာ သရက်သီးကို မဖြစ်မနေ နေ့တိုင်းနီးပါး စားကြဖို့ တိုက်တွန်းချင်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top