iMyanmarHouse.com - Best Property Website for Myanmar
×


ကြၽန္ေတာ္တို႔အားလံုးမွာ ေန႔စဥ္ေန႔တိုင္း ၾကံဳေတြ႕ေနရတဲ့ ျပႆနာေလးေတြ ရိွေနတတ္ၾကပါတယ္။ ႀကိဳးစားပမ္းစားေျဖရွင္းရတာေတြမဟုတ္ေပမဲ့လည္း တစ္ခါတေလမွာ ဒီအေသးအဖြဲျပႆနာေလးေတြကိုပဲ ေျဖရွင္းဖို႔ခက္ေနပါတယ္။ အခုေျပာျပေပးတာေတြကေတာ့ မ်ားေသာအားျဖင့္ႀကံဳလာရတတ္တဲ့ ျပႆနာတခ်ဳိ႕အတြက္ ေျဖရွင္းနည္းေတြပါ။ ဖတ္ၾကည့္လိုက္ပါဦး။

- ပူတဲ့အစားအေသာက္တစ္ခုခုကို စားမိေသာက္မိလိုက္လို႔ လွ်ာအပူေလာင္တဲ့အခါမ်ဳိးမွာ သၾကားနည္းနည္းေလာက္စားေပးလိုက္တာက ထိေရာက္တဲ့ သက္သာေစနည္းပါ။

- အဝတ္အစားေတြေပၚကို စြန္းေပသြားတဲ့ အစြန္းကြက္ေတြကို ဘာနဲ႔ဖ်က္ရမယ္မသိျဖစ္ေနရသူလား။ ေကာ္ဖီစြန္းရင္ မုန္႔ဖုတ္ဆိုဒါ၊ မိတ္ကပ္စြန္းရင္ မုတ္ဆိတ္ရိတ္ခရင္မ္၊ မွင္စြန္းရင္ ႏြားႏို႔၊ ဝိုင္နီစြန္းရင္ ဆား စတာေတြသံုးျပီး သန္႔စင္ႏိုင္ပါတယ္။

- ေခါင္းကိုက္တဲ့ေဝဒနာကို ျမန္ျမန္သက္သာေစတဲ့နည္းရိွပါတယ္။ သံပုရာသီးတစ္လံုးကိုယူ ထက္ဝက္ျခမ္းၿပီး နဖူးျပင္ကို ပြတ္ေပးပါ။

- လက္သည္းဆိုးေဆးသံုးမယ္ဆို ေရခဲေသတၱာထဲမွာ ၁၅ မိနစ္ေလာက္ထားၿပီးမွသံုးၾကည့္ပါ။ ပံုမွန္ထက္ ပိုျပီး ေတာက္ေျပာင္ေခ်ာေမြ႕လာေစပါတယ္။

- အန္ဖတ္ေတြကို သန္႔ရွင္းရတဲ့ကိစၥက မသတီစရာေကာင္းလွပါတယ္။ ဒီလိုမျဖစ္ရဖို႔အတြက္ သန္႔ရွင္းမယ့္အန္ဖတ္ေတြအေပၚကို ေကာ္ဖီမႈန္႔ျဖဴးထားလိုက္ပါ။ ေကာ္ဖီမႈန္႔က အနံ႔ဆိုးေတြနဲ႔ အရည္ေတြကို ေပ်ာက္သြားေစတာမို႔ သန္႔ရွင္းရတာကို ပိုလြယ္သြားေစပါလိမ့္မယ္။

- ဝက္ၿခံေပါက္သူေတြအတြက္လည္း ကုသစရာေဆးနည္းတစ္ခုရိွပါတယ္။ ဇာတိဖၸိဳလ္သီးအမႈန္႔ လက္ဘက္ရည္ဇြန္းတစ္ဇြန္းနဲ႔ ပ်ားရည္ စားပြဲတင္ဇြန္းတစ္ဇြန္းကိုေရာေမႊကာ ဝက္ၿခံေတြေပၚမွာ လိမ္းၿပီး နာရီဝက္ေလာက္လိမ္းထားလိုက္ပါ။ ေန႔စဥ္ျပဳလုပ္ေပးမယ္ဆို အခ်ိန္ခဏအတြင္းမွာပဲသက္သာလာပါလိမ့္မယ္။

- ညဘက္ေတြမွာ ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္ျဖစ္ေနရတယ္ဆိုရင္ တစ္မိနစ္ေလာက္ မ်က္ေတာင္ျမန္ျမန္ခတ္ၾကည့္လိုက္ပါ။ ပင္ပန္းႏြမ္းနယ္လာတဲ့မ်က္လံုးေတြေၾကာင့္ အလြယ္တကူအိပ္ေပ်ာ္ေစပါလိမ့္မယ္။

- ေနာက္ဆံုးအေနနဲ႔ သၾကားလံုးေတြ၊ ကိတ္မုန္႔ေတြ၊ အာလူးေၾကာ္ေတြ၊ အေရာင္ခြၽတ္ထားတဲ့ေပါင္မုန္႔၊ ေခ်ာကလက္၊ ေရခဲမုန္႔နဲ႔ အလြယ္စားတဲ့အစားအေသာက္မွန္သမွ်ကို မစားဘဲ ၂၁ ရက္ေလာက္ေနၾကည့္လိုက္ပါ။ အံ့ဩေလာက္ေအာင္ ေနလို႔ထိုင္လို႔ပိုေကာင္းလာတာကို ခံစားလာရပါလိမ့္မယ္။

Credit: Yoyarlay

# Unicode Version ျဖင့္ ဖတ္ပါ #

ကျွန်တော်တို့အားလုံးမှာ နေ့စဉ်နေ့တိုင်း ကြုံတွေ့နေရတဲ့ ပြဿနာလေးတွေ ရှိနေတတ်ကြပါတယ်။ ကြိုးစားပမ်းစားဖြေရှင်းရတာတွေမဟုတ်ပေမဲ့လည်း တစ်ခါတလေမှာ ဒီအသေးအဖွဲပြဿနာလေးတွေကိုပဲ ဖြေရှင်းဖို့ခက်နေပါတယ်။ အခုပြောပြပေးတာတွေကတော့ များသောအားဖြင့်ကြုံလာရတတ်တဲ့ ပြဿနာတချို့အတွက် ဖြေရှင်းနည်းတွေပါ။ ဖတ်ကြည့်လိုက်ပါဦး။

- ပူတဲ့အစားအသောက်တစ်ခုခုကို စားမိသောက်မိလိုက်လို့ လျှာအပူလောင်တဲ့အခါမျိုးမှာ သကြားနည်းနည်းလောက်စားပေးလိုက်တာက ထိရောက်တဲ့ သက်သာစေနည်းပါ။

- အဝတ်အစားတွေပေါ်ကို စွန်းပေသွားတဲ့ အစွန်းကွက်တွေကို ဘာနဲ့ဖျက်ရမယ်မသိဖြစ်နေရသူလား။ ကော်ဖီစွန်းရင် မုန့်ဖုတ်ဆိုဒါ၊ မိတ်ကပ်စွန်းရင် မုတ်ဆိတ်ရိတ်ခရင်မ်၊ မှင်စွန်းရင် နွားနို့၊ ဝိုင်နီစွန်းရင် ဆား စတာတွေသုံးပြီး သန့်စင်နိုင်ပါတယ်။

- ခေါင်းကိုက်တဲ့ဝေဒနာကို မြန်မြန်သက်သာစေတဲ့နည်းရှိပါတယ်။ သံပုရာသီးတစ်လုံးကိုယူ ထက်ဝက်ခြမ်းပြီး နဖူးပြင်ကို ပွတ်ပေးပါ။

- လက်သည်းဆိုးဆေးသုံးမယ်ဆို ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်လောက်ထားပြီးမှသုံးကြည့်ပါ။ ပုံမှန်ထက် ပိုပြီး တောက်ပြောင်ချောမွေ့လာစေပါတယ်။

- အန်ဖတ်တွေကို သန့်ရှင်းရတဲ့ကိစ္စက မသတီစရာကောင်းလှပါတယ်။ ဒီလိုမဖြစ်ရဖို့အတွက် သန့်ရှင်းမယ့်အန်ဖတ်တွေအပေါ်ကို ကော်ဖီမှုန့်ဖြူးထားလိုက်ပါ။ ကော်ဖီမှုန့်က အနံ့ဆိုးတွေနဲ့ အရည်တွေကို ပျောက်သွားစေတာမို့ သန့်ရှင်းရတာကို ပိုလွယ်သွားစေပါလိမ့်မယ်။

- ဝက်ခြံပေါက်သူတွေအတွက်လည်း ကုသစရာဆေးနည်းတစ်ခုရှိပါတယ်။ ဇာတိဖ္ပိုလ်သီးအမှုန့် လက်ဘက်ရည်ဇွန်းတစ်ဇွန်းနဲ့ ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်းကိုရောမွှေကာ ဝက်ခြံတွေပေါ်မှာ လိမ်းပြီး နာရီဝက်လောက်လိမ်းထားလိုက်ပါ။ နေ့စဉ်ပြုလုပ်ပေးမယ်ဆို အချိန်ခဏအတွင်းမှာပဲသက်သာလာပါလိမ့်မယ်။

- ညဘက်တွေမှာ တော်တော်နဲ့ အိပ်မပျော်ဖြစ်နေရတယ်ဆိုရင် တစ်မိနစ်လောက် မျက်တောင်မြန်မြန်ခတ်ကြည့်လိုက်ပါ။ ပင်ပန်းနွမ်းနယ်လာတဲ့မျက်လုံးတွေကြောင့် အလွယ်တကူအိပ်ပျော်စေပါလိမ့်မယ်။

- နောက်ဆုံးအနေနဲ့ သကြားလုံးတွေ၊ ကိတ်မုန့်တွေ၊ အာလူးကြော်တွေ၊ အရောင်ချွတ်ထားတဲ့ပေါင်မုန့်၊ ချောကလက်၊ ရေခဲမုန့်နဲ့ အလွယ်စားတဲ့အစားအသောက်မှန်သမျှကို မစားဘဲ ၂၁ ရက်လောက်နေကြည့်လိုက်ပါ။ အံ့ဩလောက်အောင် နေလို့ထိုင်လို့ပိုကောင်းလာတာကို ခံစားလာရပါလိမ့်မယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top