iMyanmarHouse.com - Best Property Website for Myanmar
×


ဇဏ္ခီတစ္ေယာက္ ၂၀၁၈ ခုႏွစ္အတြက္ အကယ္ဒမီရင္ခုန္သံကို ေျပာျပလာပါတယ္။ အဲ့ဒီေနာက္ သူပါဝင္ သ႐ုပ္ေဆာင္ ေနတဲ့ '' Now & Ever'' ႐ုပ္ရွင္ကားႀကီးကိုေတာ့ အရင္ကထြက္ရွိခဲ့တဲ့ ဇာတ္ကားေတြထက္ပိုေကာင္း ေအာင္ဖန္တီးေနတယ္လို႔ ဆိုပါတယ္။သ႐ုပ္ေဆာင္ ဇဏ္ခီက လက္ရွိ႐ိုက္ကူးေနတဲ့ '' Now & Ever '' ႐ုပ္ရွင္ဇာတ္ကားႀကီးအေၾကာင္းကို ေျပာျပလာပါတယ္။ အရင္က ထြက္ခဲ့ၿပီးတဲ့ ဇာတ္ကား ၂ ကားထက္ ေကာင္းေအာင္ ႐ိုက္ကူးေနတယ္လို႔လည္း Duwun Media ကေန ေျပာျပလာပါတယ္။

'' Now & Ever လည္း ႐ိုက္ကူးေရး စေနၿပီဆိုေတာ့ ဧၿပီလကုန္ေလာက္ ၿပီးမယ္ေပါ့ေနာ္။ ၿပီးခဲ့တဲ့ ၂ ကားထက္ လည္း ပိုေကာင္းေအာင္ ႀကိဳးစားေနၾကပါတယ္။ သ႐ုပ္ေဆာင္ေတြေရာ၊ ႐ိုက္ကူးေရးသမားေတြေရာ၊ အကုန္လုံး အစအဆုံး ႀကိဳးစားသြားမွာပါ'' လို႔ သူကဆိုပါတယ္။ဇဏ္ခီဟာ ႐ုပ္ရွင္ဇာတ္ကားမ႐ိုက္ခင္မွာ ကာ႐ိုက္တာအပိုင္းနဲ႔ ပတ္သက္ၿပီး အၿမဲတမ္းႀကိဳတင္ျပင္ဆင္ေလ့ရွိသူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီ့အတြက္ ၂၀၁၉ ခုႏွစ္မွာလည္း ႐ုပ္ရွင္ဇာတ္ကား ၂ ကားသာ ႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။


'' ၂၀၁၉ မွာေတာ့ ကြၽန္ေတာ္ထင္တယ္ ၂ ကားထက္ေတာ့ မပိုပါဘူး။ Now & Ever က ဧၿပီလကုန္ေလာက္မွ ၿပီးမွာဆိုေတာ့ ေနာက္တစ္ကား ကူးရင္ေတာင္မွ ၾကားမွာ ျပင္ဆင္ခ်ိန္ေတြနဲ႔ ဆိုရင္ ႏိုဝင္ဘာေလာက္မွ ကားအစ ျပန္႐ိုက္လို႔ရမွာေလ ၂ ကားထက္ေတာ့ မပိုဘူး'' ဆိုၿပီးေတာ့ ဇန္နဝါရီလ ၁၀ ရက္ေန႔က Cookie TV ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။ခီေမာင္ႏွံ ဖန္တီးထားတဲ့ ''ဥပါယ္တံမ်ဥ္'' ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ''မုျဒာရဲ႕ ေခၚသံ'' ႐ုပ္ရွင္ဇာတ္ကားႀကီးေတြဟာ ၂၀၁၈ ခုႏွစ္ရဲ႕ Star Award ဆုအတြက္ ဆန္ကာတင္စာရင္းထဲမွာပါဝင္ခဲ့ပါတယ္။ ဒီ့အတြက္ ဇဏ္ခီရဲ႕ ရင္ခုန္သံကိုလည္း အခုလိုေျပာျပလာပါတယ္။

'' ကြၽန္ေတာ္တို႔ ႀကိဳးစားတုန္းကေတာ့ ဘယ္အဆင့္ေရာက္မယ္ ဘာညာေတာ့ မတြက္ဘူး ဒါေပမယ့္ ႀကိဳးစားလိုက္တယ္။ ပရိသတ္က လက္ခံၿပီး ဒီအဆင့္ထိေရာက္လာတယ္ဆိုေတာ့ ပရိသတ္ကိုလည္း ေက်းဇူးအရမ္းတင္တယ္။ ဆက္ၿပီးေတာ့လည္း အားေပးဖို႔ ေတာင္းဆိုပါတယ္'' လို႔ ဆိုပါတယ္။ဇဏ္ခီဟာ အခုခ်ိန္မွာေတာ့ ေအာင္ျမင္တဲ့ မင္းသားတစ္ေယာက္ျဖစ္ေနပါၿပီ။ သူ႐ိုက္ကူးၿပီးခဲ့တဲ့ ဥပါယ္တံမ်ဥ္ ႐ုပ္ရွင္ ဇာတ္ကား ႀကီးက ပရိသတ္အႀကိဳက္နဲ႔ ထပ္တူက်ခဲ့လို႔ ေအာင္ျမင္မႈေတြ ရရွိခဲ့ပါတယ္။ အဲ့ဒီေနာက္ မုျဒာရဲ႕ ေခၚသံ ႐ုပ္ရွင္ ဇာတ္ကား ႀကီးမွာလည္း ပရိသတ္ အခိုင္အမာ ရရွိခဲ့ပါတယ္။

Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

ဇဏ်ခီတစ်ယောက် ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီရင်ခုန်သံကို ပြောပြလာပါတယ်။ အဲ့ဒီနောက် သူပါဝင် သရုပ်ဆောင် နေတဲ့ '' Now & Ever'' ရုပ်ရှင်ကားကြီးကိုတော့ အရင်ကထွက်ရှိခဲ့တဲ့ ဇာတ်ကားတွေထက်ပိုကောင်း အောင်ဖန်တီးနေတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ဇဏ်ခီက လက်ရှိရိုက်ကူးနေတဲ့ '' Now & Ever '' ရုပ်ရှင်ဇာတ်ကားကြီးအကြောင်းကို ပြောပြလာပါတယ်။ အရင်က ထွက်ခဲ့ပြီးတဲ့ ဇာတ်ကား ၂ ကားထက် ကောင်းအောင် ရိုက်ကူးနေတယ်လို့လည်း Duwun Media ကနေ ပြောပြလာပါတယ်။

'' Now & Ever လည်း ရိုက်ကူးရေး စနေပြီဆိုတော့ ဧပြီလကုန်လောက် ပြီးမယ်ပေါ့နော်။ ပြီးခဲ့တဲ့ ၂ ကားထက် လည်း ပိုကောင်းအောင် ကြိုးစားနေကြပါတယ်။ သရုပ်ဆောင်တွေရော၊ ရိုက်ကူးရေးသမားတွေရော၊ အကုန်လုံး အစအဆုံး ကြိုးစားသွားမှာပါ'' လို့ သူကဆိုပါတယ်။

ဇဏ်ခီဟာ ရုပ်ရှင်ဇာတ်ကားမရိုက်ခင်မှာ ကာရိုက်တာအပိုင်းနဲ့ ပတ်သက်ပြီး အမြဲတမ်းကြိုတင်ပြင်ဆင်လေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဒီ့အတွက် ၂၀၁၉ ခုနှစ်မှာလည်း ရုပ်ရှင်ဇာတ်ကား ၂ ကားသာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

'' ၂၀၁၉ မှာတော့ ကျွန်တော်ထင်တယ် ၂ ကားထက်တော့ မပိုပါဘူး။ Now & Ever က ဧပြီလကုန်လောက်မှ ပြီးမှာဆိုတော့ နောက်တစ်ကား ကူးရင်တောင်မှ ကြားမှာ ပြင်ဆင်ချိန်တွေနဲ့ ဆိုရင် နိုဝင်ဘာလောက်မှ ကားအစ ပြန်ရိုက်လို့ရမှာလေ ၂ ကားထက်တော့ မပိုဘူး'' ဆိုပြီးတော့ ဇန်နဝါရီလ ၁၀ ရက်နေ့က Cookie TV ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

ခီမောင်နှံ ဖန်တီးထားတဲ့ ''ဥပါယ်တံမျဉ်'' ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ''မုဒြာရဲ့ ခေါ်သံ'' ရုပ်ရှင်ဇာတ်ကားကြီးတွေဟာ ၂၀၁၈ ခုနှစ်ရဲ့ Star Award ဆုအတွက် ဆန်ကာတင်စာရင်းထဲမှာပါဝင်ခဲ့ပါတယ်။ ဒီ့အတွက် ဇဏ်ခီရဲ့ ရင်ခုန်သံကိုလည်း အခုလိုပြောပြလာပါတယ်။

'' ကျွန်တော်တို့ ကြိုးစားတုန်းကတော့ ဘယ်အဆင့်ရောက်မယ် ဘာညာတော့ မတွက်ဘူး ဒါပေမယ့် ကြိုးစားလိုက်တယ်။ ပရိသတ်က လက်ခံပြီး ဒီအဆင့်ထိရောက်လာတယ်ဆိုတော့ ပရိသတ်ကိုလည်း ကျေးဇူးအရမ်းတင်တယ်။ ဆက်ပြီးတော့လည်း အားပေးဖို့ တောင်းဆိုပါတယ်'' လို့ ဆိုပါတယ်။

ဇဏ်ခီဟာ အခုချိန်မှာတော့ အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်နေပါပြီ။ သူရိုက်ကူးပြီးခဲ့တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင် ဇာတ်ကား ကြီးက ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် မုဒြာရဲ့ ခေါ်သံ ရုပ်ရှင် ဇာတ်ကား ကြီးမှာလည်း ပရိသတ် အခိုင်အမာ ရရှိခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top