iMyanmarHouse.com - Best Property Website for Myanmar
×


ငယ္တုန္း႐ြယ္တုန္းမွာ ဘယ္လို အစားအစာမ်ိဳးကိုပဲ စားမိပါေစ၊ ခႏၶာကိုယ္က လက္ခံေနေသးေပမယ့္ အသက္ ၃၀ ေက်ာ္လာတဲ့ သက္လတ္ပိုင္းအ႐ြယ္ကို ေရာက္လာၿပီဆိုရင္ေတာ့ ခႏၶာကိုယ္ က်န္းမာေရးအတြက္ စားေသာက္ေနထိုင္မႈပုံစံကို ေျပာင္းလဲသင့္ပါတယ္။

အခုေဖာ္ျပေပးမယ့္ အစားအစာေတြကေတာ့ အသက္ ၃၀ ေက်ာ္လာတဲ့အခါ သတိထားေရွာင္ၾကဥ္သင့္တာေတြပဲ ျဖစ္ပါတယ္။

(၁) စည္သြပ္ဘူးေတြ

စည္သြပ္ဘူးအမ်ားစုမွာ ဆားဓာတ္နဲ႔ အရသာရွိေအာင္လို႔ ထပ္မံျဖည့္သြင္းထားတဲ့ ဓာတုပစၥည္းေတြမ်ားစြာ ပါဝင္တာေၾကာင့္ ခႏၶာကိုယ္ ေရဓာတ္ ခမ္းေျခာက္ေစၿပီး ေသြးေပါင္ခ်ိန္ကို ျမင့္တက္ေစႏိုင္ပါတယ္။

(၂) အနံ႔၊ အရသာ ထည့္သြင္းထားတဲ့ ဒိန္ခ်ဥ္ေတြ

ဒိန္ခ်ဥ္ဟာ က်န္းမာေရးအတြက္ သင့္ေတာ္တဲ့ အစားအစာ တမ်ိဳးဆိုေပမယ့္ အရသာပိုမိုေကာင္းမြန္ေအာင္လို႔ အနံ႔၊ အရသာ ထည့္သြင္းထားတဲ့ ဒိန္ခ်ဥ္ေတြမွာေတာ့ သၾကားဓာတ္ ၃၂ ဂရမ္ ခန႔္ပါဝင္တာေၾကာင့္ အသက္ ၃၀ ေနာက္ပိုင္းမွာ မစားသင့္ပါဘူး။ သၾကားဓာတ္ဟာ အဝလြန္ျခင္း၊ ေသြးေပါင္ခ်ိန္ျမင့္တက္ေစျခင္းနဲ႔ အေရးအေၾကာင္းေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။

(၃) ေပါက္ေပါက္ဆုပ္

ေပါက္ေပါက္ဆုပ္ဟာ ေျပာင္းဖူးကို အေျခခံၿပီး ျပဳလုပ္ထားတဲ့ အစားအစာတမ်ိဳး ျဖစ္တာေၾကာင့္ အမွ်င္ဓာတ္ႂကြယ္ဝၿပီး က်န္းမာေရးကို အေထာက္အကူ ျဖစ္ေစတာမွန္ေပမယ့္ ေပါက္ေပါက္ဆုပ္အမ်ားစုမွာ ဆားဓာတ္၊ ေထာပတ္နဲ႔ အရသာရွိတာေတြ ထပ္မံျဖည့္သြင္းထားတာေၾကာင့္ သတ္လတ္ပိုင္း အ႐ြယ္ေရာက္ရင္ စားသုံးဖို႔ မသင့္ေတာ္ပါဘူး။

(၄) ေဖ်ာ္ရည္ေတြေသာက္တဲ့အခါ ပိုက္နဲ႔ စုပ္ေသာက္တာ

ဘယ္ေဖ်ာ္ရည္ပဲျဖစ္ျဖစ္ ပိုက္နဲ႔ စုပ္ေသာက္တတ္တဲ့ အက်င့္ကို အသက္ ၃၀ ေက်ာ္လာၿပီဆိုရင္တာ့ ေဖ်ာက္သင့္ပါၿပီ။ ပိုက္နဲ႔ စုပ္ေသာက္ျခင္းဟာ ပါးတဝိုက္က ႂကြက္သားေတြကို ပိုမိုအသုံးျပဳရျခင္းေၾကာင့္ အေရးအေၾကာင္းေတြကို ပိုမိုျဖစ္ေပၚေစႏိုင္ပါတယ္။

(၅) ဂတ္စ္ပါဝင္တဲ့ အခ်ိဳရည္ေတြ

ဂတ္စ္ပါဝင္တဲ့ အခ်ိဳရည္အမ်ားစုဟာ သၾကားဓာတ္နဲ႔ ေသာက္ရတာ အရသာရွိေအာင္လို႔ ျဖည့္သြင္းထားတဲ့ ဓာတုပစၥည္းေတြ ပါဝင္တာေၾကာင့္ အသီးေဖ်ာ္ရည္ေတြေလာက္ေတာ့ က်န္းမာေရးကို အေထာက္အကူ မျဖစ္ေစပါဘူး။ ဒါေၾကာင့္မလို အသက္ ၃၀ ေက်ာ္လာၿပီဆိုရင္ေတာ့ ဂတ္စ္ပါဝင္တဲ့ အခ်ိဳရည္ေတြကို လြယ္လင့္တကူ ဝယ္ယူေသာက္သုံးျခင္းကေန ေရွာင္ၾကဥ္သင့္ပါတယ္။

Credit: Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

ငယ်တုန်းရွယ်တုန်းမှာ ဘယ်လို အစားအစာမျိုးကိုပဲ စားမိပါစေ၊ ခန္ဓာကိုယ်က လက်ခံနေသေးပေမယ့် အသက် ၃၀ ကျော်လာတဲ့ သက်လတ်ပိုင်းအရွယ်ကို ရောက်လာပြီဆိုရင်တော့ ခန္ဓာကိုယ် ကျန်းမာရေးအတွက် စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲသင့်ပါတယ်။

အခုဖော်ပြပေးမယ့် အစားအစာတွေကတော့ အသက် ၃၀ ကျော်လာတဲ့အခါ သတိထားရှောင်ကြဉ်သင့်တာတွေပဲ ဖြစ်ပါတယ်။

(၁) စည်သွပ်ဘူးတွေ

စည်သွပ်ဘူးအများစုမှာ ဆားဓာတ်နဲ့ အရသာရှိအောင်လို့ ထပ်မံဖြည့်သွင်းထားတဲ့ ဓာတုပစ္စည်းတွေများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ် ရေဓာတ် ခမ်းခြောက်စေပြီး သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်ပါတယ်။

(၂) အနံ့၊ အရသာ ထည့်သွင်းထားတဲ့ ဒိန်ချဉ်တွေ

ဒိန်ချဉ်ဟာ ကျန်းမာရေးအတွက် သင့်တော်တဲ့ အစားအစာ တမျိုးဆိုပေမယ့် အရသာပိုမိုကောင်းမွန်အောင်လို့ အနံ့၊ အရသာ ထည့်သွင်းထားတဲ့ ဒိန်ချဉ်တွေမှာတော့ သကြားဓာတ် ၃၂ ဂရမ် ခန့်ပါဝင်တာကြောင့် အသက် ၃၀ နောက်ပိုင်းမှာ မစားသင့်ပါဘူး။ သကြားဓာတ်ဟာ အဝလွန်ခြင်း၊ သွေးပေါင်ချိန်မြင့်တက်စေခြင်းနဲ့ အရေးအကြောင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၃) ပေါက်ပေါက်ဆုပ်

ပေါက်ပေါက်ဆုပ်ဟာ ပြောင်းဖူးကို အခြေခံပြီး ပြုလုပ်ထားတဲ့ အစားအစာတမျိုး ဖြစ်တာကြောင့် အမျှင်ဓာတ်ကြွယ်ဝပြီး ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတာမှန်ပေမယ့် ပေါက်ပေါက်ဆုပ်အများစုမှာ ဆားဓာတ်၊ ထောပတ်နဲ့ အရသာရှိတာတွေ ထပ်မံဖြည့်သွင်းထားတာကြောင့် သတ်လတ်ပိုင်း အရွယ်ရောက်ရင် စားသုံးဖို့ မသင့်တော်ပါဘူး။

(၄) ဖျော်ရည်တွေသောက်တဲ့အခါ ပိုက်နဲ့ စုပ်သောက်တာ

ဘယ်ဖျော်ရည်ပဲဖြစ်ဖြစ် ပိုက်နဲ့ စုပ်သောက်တတ်တဲ့ အကျင့်ကို အသက် ၃၀ ကျော်လာပြီဆိုရင်တာ့ ဖျောက်သင့်ပါပြီ။ ပိုက်နဲ့ စုပ်သောက်ခြင်းဟာ ပါးတဝိုက်က ကြွက်သားတွေကို ပိုမိုအသုံးပြုရခြင်းကြောင့် အရေးအကြောင်းတွေကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။

(၅) ဂတ်စ်ပါဝင်တဲ့ အချိုရည်တွေ

ဂတ်စ်ပါဝင်တဲ့ အချိုရည်အများစုဟာ သကြားဓာတ်နဲ့ သောက်ရတာ အရသာရှိအောင်လို့ ဖြည့်သွင်းထားတဲ့ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် အသီးဖျော်ရည်တွေလောက်တော့ ကျန်းမာရေးကို အထောက်အကူ မဖြစ်စေပါဘူး။ ဒါကြောင့်မလို အသက် ၃၀ ကျော်လာပြီဆိုရင်တော့ ဂတ်စ်ပါဝင်တဲ့ အချိုရည်တွေကို လွယ်လင့်တကူ ဝယ်ယူသောက်သုံးခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top