iMyanmarHouse.com - Best Property Website for Myanmar
×


သင္ဟာ အျမဲလိုလိုေခါင္းကိုက္ျခင္း၊ဦးေနွာက္စြမ္းေဆာင္ရည္က်ဆင္းျခင္း(သတိေမ့ျခင္း၊အာရံုစိုက္မရျခင္း)၊နုန္းခ်ိျခင္းနဲ့ စိတ္ဓာတ္က်ျခင္းတို့ကုိ ခံစားရပါက သင့္ဦးေနွာက္ကိုေသြးစီးဆင္းမွဳအားနည္းေနတာေျကာင့္ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ စိတ္ဖိစီးမွဳေျကာင့္ေသာ္လည္းေကာင္း၊ေသြးေပါင္တက္ျခင္းေျကာင့္ေသာ္လည္းေကာင္း၊ဦးေနွာက္အတြင္းေသြးခဲေနျခင္းေျကာင့္ေသာ္လည္းေကာင္းျဖစ္တတ္ျပီး အခ်ိန္ျကာျကာေသြးလွည့္ပတ္မွဳမေကာင္းပါက ဦးေနွာက္တြင္းေအာက္စီဂ်င္ျပတ္လပ္မွဳျဖစ္ေပါ္ျပီး သင့္ဦးေနွာက္ဆဲလ္မ်ားေသေျကပ်က္စီးရာမွ ဦးေနွာက္အလုပ္မလုပ္ျခင္းထိ ျဖစ္ပြားနိုင္ပါတယ္။

ဦးေနွာက္ေသြးလွည့္ပတ္မွဳေကာင္းမြန္ေစဖို့ လြယ္ကူရိုးရွင္းတဲ့ နည္းလမ္းေကာင္းမ်ားကိုေဖာ္ျပေပးလိုက္ပါတယ္။

(၁)ကိုယ္လက္လွုပ္ရွားမွဳ ရွိပါေစ

လြယ္ကူျပီး တအားမပင္ပန္းတဲ့ ကိုယ္လက္လွဳပ္ရွားမွဳမ်ိဳးကိုဆိုလိုပါတယ္။တအားျပင္းထန္တဲ့ေလ့က်င့္ခန္းေတြကေတာ့ ေသြးလွည့္ပတ္မွုကိုေတာင္ထိခိုက္ေစပါတယ္။ေယဘူယ်အားျဖင့္ ေအရိုးဘစ္ေလ့က်င့္ခန္းမ်ားကိုေန့စဥ္ျပဳလုပ္ျခင္းျဖင့္ ဦးေနွာက္ေသြးလည္ပတ္မွဳကိုေကာင္းမြန္ေစပါတယ္။ကျခင္း၊စက္ဘီးစီးျခင္း၊ေရကူးျခင္းတို့ ျပဳလုပ္နို္င္ပါတယ္။ေလ့က်င့္ခန္းလုပ္ဖို့အခ်ိန္မရွိပါက တစ္ေန့လ်ွင္ မိနစ္၃၀ခန့္လမ္းေလ်ွာက္ေပးျခင္းျဖင့္ ေျခဖ၀ါးကိုေျမျကီးျဖင့္ထိေစျပီး ထိုဖိအားလိွဳင္းမ်ားမွတဆင့္ ဦးေနွာက္ကိုေအာက္ဆီဂ်င္ပို့ေပးေစပါတယ္။


(၂)အေျကာဆန့္ပါ

အေျကာဆန့္ျခင္းျဖင့္ေသြးလည္ပတ္မွဳေကာင္းေစတဲ့အျပင္ သင့္အရိုးအဆစ္ေတြေတာင့္တင္းျခင္းကို ေျပေလ်ာ့ေစပါတယ္။ဦးေနွာက္ေသြးလည္ပတ္မွုေကာင္းေစဖို့ ပံုပါအတိုင္း သင့္ေခါင္းကို နွလံုးေနရာ ထက္နိမ့္တဲ့ေနရာမွာထားျပီး အေျကာဆန့္ပါက ပိုထိေရာက္မွဳရွိေစပါတယ္။

(၃)တရားထိုင္ပါ

ေလ့လာခ်က္မ်ားအရ တရားထိုင္ျခင္းဟာ ဦးေနွာက္ေသြးစီးဆင္းမွဳအားေကာင္းေစပါတယ္။ တစ္ေန့ကို ၁၂မိနစ္ခန့္တရားထိုင္ပါက သင့္စိတ္ကိုျကည္လင္ေစတဲ့အျပင္ သင့္က်န္းမာေရးအတြက္လဲ မ်ားစြာ ေကာင္းက်ိဴးရွိေစပါတယ္။

(၄)ေရေအးကိုမေျကာက္ပါနဲ့

ေရေအးေအးေလးနဲ့ ထိေတြ့ျခင္းဟာ သင့္ဦးေနွာက္ေသြးလည္ပတ္မွဳကို ေကာင္းမြန္ေစတာအမွန္ပါ။ေလ့လာခ်က္မ်ားအရ သင့္လက္ သို့ ေျခေထာက္ကို ေရေအးထဲ မိနစ္အနည္းငယ္စိမ္ျခင္းဟာ သင့္နွလံုးခုန္နွဳန္းကိုေနွးေစျပီး သင့္ဦေနွာက္ကို ေသြးေကာင္းေကာင္းစီးဆင္းေစပါတယ္။


(၅)ေနပူဆာလွံဳပါ

ေနေရာင္ျခည္နဲ့ထိေတြ့ျခင္းျဖင့္ သဘာ၀အတိုင္း နိုက္ထရစ္ေအာက္ဆိုဒ္မ်ားကို ထြက္ေစျပီး ဦးေနာက္စြမ္းေဆာင္ရည္ကိုတိုးတက္ေစပါတယ္။ေသြးေပါင္ကိုလဲ က်ေစပါတယ္။ထို့ျပင္ ဗီတာမင္ဒီကိုပိုမိုရရွိေစတဲ့အတြက္ က်န္းမာေရးေကာင္းက်ိဴးမ်ားရေစမွာပါေနာ္

(၆)က်န္းမာေရးနဲ့ညီညြတ္ေသာ စားေသာက္မွုပံုစံကို လိုက္နာပါ

-အနက္ေရာင္ေခ်ာကလက္မ်ားမ်ားစားပါ
အနက္ေရာင္ေခ်ာကလက္မွာပါေသာ ဖေလဘိုုးႏိြဳက္ကသင့္ဦးေနွာက္မွတ္ဥာဏ္ကိုတိုးတက္ေစပါတယ္။ဦးေနွာက္ေသြးစီးအားကိုလဲေကာင္းေစပါတယ္။
-အေစ့အဆန္မ်ားစားပါ။အသီးအနွံမ်ားစားပါ။
အေစ့အဆန္မ်ား၊ေထာပတ္သီးနဲ့ဘလူးဘယ္ရီးသီးမ်ားစားျခင္းျဖင့္ ေသြးတြင္းအဆီမ်ားက်ေစျပီး နွလံုးေရာဂါနဲ့ေလျဖတ္ေရာဂါမ်ားကို ကာကြယ္ေပးပါတယ္။

(၇)ပီေက၀ါးပါ

ပီေက၀ါးျခင္းသည္ သင့္ဦးေနွာက္ေသြးစီးဆင္းမွုကို ၂၅ ရာနွဳန္းမွ ၄၀ရာနွဳန္းထိ တိုးတက္ေစတယ္လို့ ေလ့လာေတြ့ရွိထားပါတယ္။ဥိးေနွာက္တြင္းေအာက္ဆီဂ်င္ေကာင္းေကာင္းေရာက္ရွိေစျပီး စြမ္းေဆာင္ရည္ျမင့္တက္ေစပါတယ္။ထို့ျပင္ ပီေက၀ါးျခင္းေျကာင့္ အာရံုေျကာမ်ားနိုးျကားေစျပီး သင့္ကိုလန္းဆန္းေစပါတယ္။


(၈)ဗီတာမင္အားေဆးမ်ားမွီ၀ဲပါ

ဗီတာမင္ ဘီ ၁ ဘီ၆ ဘီ၁၂ပါ၀င္ေသာ အားေဆးမ်ားေသာက္သံုးပါ။
-အိုမီဂါ ၃ ဖက္တီးအက္ဆစ္ပါေသာအားေဆးမ်ားစားသံုးပါ။အိုမီဂါ၃ဟာ သင့္ဦးေနွာက္အာရံုေျကာစနစ္ကိုေကာင္းမြန္ေစတဲ့အျပင္ နွလံုးေသြးေျကာက်ဥ္းေရာဂါကိုပါကာကြယ္ေပးပါတယ္။

Credit: daily hot news

# Unicode Version ျဖင့္ ဖတ္ပါ #

သင်ဟာ အမြဲလိုလိုခေါင်းကိုက်ခြင်း၊ဦးနှောက်စွမ်းဆောင်ရည်ကျဆင်းခြင်း(သတိမေ့ခြင်း၊အာရုံစိုက်မရခြင်း)၊နုန်းချိခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတို့ကို ခံစားရပါက သင့်ဦးနှောက်ကိုသွေးစီးဆင်းမှုအားနည်းနေတာကြောင့် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ စိတ်ဖိစီးမှုကြောင့်သော်လည်းကောင်း၊သွေးပေါင်တက်ခြင်းကြောင့်သော်လည်းကောင်း၊ဦးနှောက်အတွင်းသွေးခဲနေခြင်းကြောင့်သော်လည်းကောင်းဖြစ်တတ်ပြီး အချိန်ကြာကြာသွေးလှည့်ပတ်မှုမကောင်းပါက ဦးနှောက်တွင်းအောက်စီဂျင်ပြတ်လပ်မှုဖြစ်ပေါ်ပြီး သင့်ဦးနှောက်ဆဲလ်များသေကြေပျက်စီးရာမှ ဦးနှောက်အလုပ်မလုပ်ခြင်းထိ ဖြစ်ပွားနိုင်ပါတယ်။

ဦးနှောက်သွေးလှည့်ပတ်မှုကောင်းမွန်စေဖို့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းကောင်းများကိုဖော်ပြပေးလိုက်ပါတယ်။

(၁)ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ

လွယ်ကူပြီး တအားမပင်ပန်းတဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုးကိုဆိုလိုပါတယ်။တအားပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကတော့ သွေးလှည့်ပတ်မှုကိုတောင်ထိခိုက်စေပါတယ်။ယေဘူယျအားဖြင့် အေရိုးဘစ်လေ့ကျင့်ခန်းများကိုနေ့စဉ်ပြုလုပ်ခြင်းဖြင့် ဦးနှောက်သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ကခြင်း၊စက်ဘီးစီးခြင်း၊ရေကူးခြင်းတို့ ပြုလုပ်နိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်ဖို့အချိန်မရှိပါက တစ်နေ့လျှင် မိနစ်၃၀ခန့်လမ်းလျှောက်ပေးခြင်းဖြင့် ခြေဖဝါးကိုမြေကြီးဖြင့်ထိစေပြီး ထိုဖိအားလှိုင်းများမှတဆင့် ဦးနှောက်ကိုအောက်ဆီဂျင်ပို့ပေးစေပါတယ်။

(၂)အကြောဆန့်ပါ

အကြောဆန့်ခြင်းဖြင့်သွေးလည်ပတ်မှုကောင်းစေတဲ့အပြင် သင့်အရိုးအဆစ်တွေတောင့်တင်းခြင်းကို ပြေလျော့စေပါတယ်။ဦးနှောက်သွေးလည်ပတ်မှုကောင်းစေဖို့ ပုံပါအတိုင်း သင့်ခေါင်းကို နှလုံးနေရာ ထက်နိမ့်တဲ့နေရာမှာထားပြီး အကြောဆန့်ပါက ပိုထိရောက်မှုရှိစေပါတယ်။

(၃)တရားထိုင်ပါ

လေ့လာချက်များအရ တရားထိုင်ခြင်းဟာ ဦးနှောက်သွေးစီးဆင်းမှုအားကောင်းစေပါတယ်။ တစ်နေ့ကို ၁၂မိနစ်ခန့်တရားထိုင်ပါက သင့်စိတ်ကိုကြည်လင်စေတဲ့အပြင် သင့်ကျန်းမာရေးအတွက်လဲ များစွာ ကောင်းကျိူးရှိစေပါတယ်။

(၄)ရေအေးကိုမကြောက်ပါနဲ့

ရေအေးအေးလေးနဲ့ ထိတွေ့ခြင်းဟာ သင့်ဦးနှောက်သွေးလည်ပတ်မှုကို ကောင်းမွန်စေတာအမှန်ပါ။လေ့လာချက်များအရ သင့်လက် သို့ ခြေထောက်ကို ရေအေးထဲ မိနစ်အနည်းငယ်စိမ်ခြင်းဟာ သင့်နှလုံးခုန်နှုန်းကိုနှေးစေပြီး သင့်ဦနှောက်ကို သွေးကောင်းကောင်းစီးဆင်းစေပါတယ်။

(၅)နေပူဆာလှုံပါ

နေရောင်ခြည်နဲ့ထိတွေ့ခြင်းဖြင့် သဘာဝအတိုင်း နိုက်ထရစ်အောက်ဆိုဒ်များကို ထွက်စေပြီး ဦးနောက်စွမ်းဆောင်ရည်ကိုတိုးတက်စေပါတယ်။သွေးပေါင်ကိုလဲ ကျစေပါတယ်။ထို့ပြင် ဗီတာမင်ဒီကိုပိုမိုရရှိစေတဲ့အတွက် ကျန်းမာရေးကောင်းကျိူးများရစေမှာပါနော်

(၆)ကျန်းမာရေးနဲ့ညီညွတ်သော စားသောက်မှုပုံစံကို လိုက်နာပါ

-အနက်ရောင်ချောကလက်များများစားပါ
အနက်ရောင်ချောကလက်မှာပါသော ဖလေဘိုးနွိုက်ကသင့်ဦးနှောက်မှတ်ဉာဏ်ကိုတိုးတက်စေပါတယ်။ဦးနှောက်သွေးစီးအားကိုလဲကောင်းစေပါတယ်။
-အစေ့အဆန်များစားပါ။အသီးအနှံများစားပါ။
အစေ့အဆန်များ၊ထောပတ်သီးနဲ့ဘလူးဘယ်ရီးသီးများစားခြင်းဖြင့် သွေးတွင်းအဆီများကျစေပြီး နှလုံးရောဂါနဲ့လေဖြတ်ရောဂါများကို ကာကွယ်ပေးပါတယ်။

(၇)ပီကေဝါးပါ

ပီကေဝါးခြင်းသည် သင့်ဦးနှောက်သွေးစီးဆင်းမှုကို ၂၅ ရာနှုန်းမှ ၄၀ရာနှုန်းထိ တိုးတက်စေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ဥိးနှောက်တွင်းအောက်ဆီဂျင်ကောင်းကောင်းရောက်ရှိစေပြီး စွမ်းဆောင်ရည်မြင့်တက်စေပါတယ်။ထို့ပြင် ပီကေဝါးခြင်းကြောင့် အာရုံကြောများနိုးကြားစေပြီး သင့်ကိုလန်းဆန်းစေပါတယ်။

(၈)ဗီတာမင်အားဆေးများမှီဝဲပါ

ဗီတာမင် ဘီ ၁ ဘီ၆ ဘီ၁၂ပါဝင်သော အားဆေးများသောက်သုံးပါ။
-အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါသောအားဆေးများစားသုံးပါ။အိုမီဂါ၃ဟာ သင့်ဦးနှောက်အာရုံကြောစနစ်ကိုကောင်းမွန်စေတဲ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါကိုပါကာကွယ်ပေးပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top