iMyanmarHouse.com - Best Property Website for Myanmar
×


ခ်င္း (ဂ်င္း) ရဲ႕ အာဟာရတန္ဖိုးနဲ႔ အသုံးဝင္ပုံအေၾကာင္းကို ေရွးယခင္ႏွစ္ေပါင္းမ်ားစြာတည္းက သိရွိခဲ့ၾကတာပါ။ ဒါေၾကာင့္လည္း ဟင္းခ်က္တဲ့အခါ မပါမျဖစ္ထည့္သုံးၾကသလို၊ ေနမေကာင္းတဲ့အခါ ဒါမွမဟုတ္ ႏွာေစေခ်ာင္း ဆိုးျဖစ္တဲ့အခါ ခ်င္းျပဳတ္ရည္ကို အိမ္တြင္းကုထုံးအျဖစ္ လက္စြဲသုံးလာၾကတာပါ။

ခ်င္းျပဳတ္ရည္မွာ လူ႔ခႏၶာကိုယ္မွာ တြယ္ညႇိေနတဲ့ ေရာဂါပိုးမႊား၊ မႈိေရာဂါေတြကို ေသေစႏိုင္သလို ေရာင္ရမ္းျခင္းနဲ႔ ရာသီတုပ္ေကြး ဗိုင္းရပ္စ္ေတြကိုပါ ေသေစႏိုင္စြမ္းရွိပါတယ္။ကမာၻေပၚမွာ ေန႔စဥ္ခ်က္ျပဳတ္စားေသာက္ေနၾကတဲ့ အစားအစာေတြထဲမွာ ခ်င္းရဲ႕က်န္းမာေရးအက်ိဳးေက်းဇူး ေတြကေတာ့ အံ့မခန္းပါပဲ။ ပူစပ္စပ္အရသာရွိၿပီး အရသာျပင္းရွရွျဖစ္ေပမယ့္လည္း ခ်င္းအျမစ္ဟာ အရသာရွိသလို အာဟာရျပည့္ဝပါတယ္။

အလြယ္တကူအသုံးျပဳႏိုင္ၿပီး ဘတ္တီးရီးယားနဲ႔ ဗိုင္းရပ္စ္ေတြေၾကာင့္ ျဖစ္တဲ့ေန မေကာင္းျဖစ္ျခင္းကို ေပ်ာက္ကင္း ေစႏိုင္သလို ဦးေႏွာက္မွတ္ႏိုင္စြမ္းရည္ကို ျမင့္တက္ေစပါတယ္။ခ်င္းမွာပါဝင္တဲ့ က်န္းမာေရးဓာတ္ေတြထဲက အဓိက,ကေတာ့ Antioxidants ၊ ေရာင္ရမ္းမႈကို သက္သာေစႏိုင္ျခင္းနဲ႔ အနာေရာဂါကုသႏိုင္တဲ့ ဓာတ္ေပါင္း ဂ်င္ဂ်ေရာ၊ ပရာေဒါလ္၊ ဇင္ဂ်႐ုန္း စတာေတြ ပါဝင္ေနလို႔ပါ။

ခ်င္းကို အစိမ္းျဖစ္ျဖစ္၊ အေျခာက္လွန္းတာျဖစ္ျဖစ္၊ အမႈန႔္ႀကိတ္ေသာက္တာအျပင္ ေဖ်ာ္ရည္အျဖစ္နဲ႔ ဘယ္လိုပဲစားသုံး ပါေစ ရရွိမယ့္အာဟာရဓာတ္အတူတူပါပဲ။ဗီတာမင္ စီ အေျမာက္အမ်ားပါဝင္တဲ့အျပင္ မဂၢနီစီယမ္နဲ႔ အျခားသတၱဳဓာတ္ေတြပါဝင္လို႔ ကိုယ္ခံစြမ္းအား ျမင့္ တက္ေစၿပီး အစာေၾကရင္ေခ်ာင္တဲ့အျပင္ ေရာင္ရမ္းနာက်င္ျခင္းကိုပါ သက္သာေစပါတယ္။

ေန႔စဥ္ ခ်င္းျပဳတ္ ရည္ေဖ်ာ္ေသာက္မယ္ဆိုရင္ ေက်ာက္ကပ္ေက်ာက္တည္ေရာဂါကို ကာကြယ္ႏိုင္သလို၊ အသက္႐ြယ္ႀကီး သူေတြ မွာျဖစ္တတ္တဲ့ ဒူးဆစ္နာက်င္ကိုက္ခဲျခင္းကိုပါ သက္သာေစပါတယ္။ ဒီ့ျပင္ အသည္းက အဆိပ္အေတာက္ ေတြကိုပါ သန႔္စင္ေစပါတယ္။

ခ်င္းျပဳတ္ရည္ေဖ်ာ္ဖို႔ လိုအပ္တဲ့ပစၥည္းေတြက —

ခ်င္း – အမႈန႔္လက္ဖက္ရည္ဇြန္း ၄ ပုံ ၁ ပုံ (သို႔) ပါးပါးလွီးထားတဲ့ ခ်င္းဖတ္ အနည္းငယ္

ဆႏြင္း – လက္ဖက္ရည္ဇြန္း ၄ ပုံ ၁ ပုံ

ေရ – ၁ ခြက္

ပ်ားရည္စစ္စစ္ – အနည္းငယ္ လိုအပ္ပါတယ္။

အရင္ဆုံး ေရေႏြးဆူေအာင္တည္ပါ။ ေရေႏြဆူလာၿပီဆိုရင္ ခ်င္းမႈန႔္နဲ႔ ဆႏြင္းမႈန႔္ ထည့္ပါ။ ၁၀ မိနစ္ေလာက္ထား ၿပီးမွ အခ်ိဳအရသာအတြက္ ပ်ားရည္ထည့္ၿပီး ေသာက္သုံးႏိုင္ပါတယ္။

Credit: Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

ချင်း (ဂျင်း) ရဲ့ အာဟာရတန်ဖိုးနဲ့ အသုံးဝင်ပုံအကြောင်းကို ရှေးယခင်နှစ်ပေါင်းများစွာတည်းက သိရှိခဲ့ကြတာပါ။ ဒါကြောင့်လည်း ဟင်းချက်တဲ့အခါ မပါမဖြစ်ထည့်သုံးကြသလို၊ နေမကောင်းတဲ့အခါ ဒါမှမဟုတ် နှာစေချောင်း ဆိုးဖြစ်တဲ့အခါ ချင်းပြုတ်ရည်ကို အိမ်တွင်းကုထုံးအဖြစ် လက်စွဲသုံးလာကြတာပါ။

ချင်းပြုတ်ရည်မှာ လူ့ခန္ဓာကိုယ်မှာ တွယ်ညှိနေတဲ့ ရောဂါပိုးမွှား၊ မှိုရောဂါတွေကို သေစေနိုင်သလို ရောင်ရမ်းခြင်းနဲ့ ရာသီတုပ်ကွေး ဗိုင်းရပ်စ်တွေကိုပါ သေစေနိုင်စွမ်းရှိပါတယ်။ကမ္ဘာပေါ်မှာ နေ့စဉ်ချက်ပြုတ်စားသောက်နေကြတဲ့ အစားအစာတွေထဲမှာ ချင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူး တွေကတော့ အံ့မခန်းပါပဲ။ ပူစပ်စပ်အရသာရှိပြီး အရသာပြင်းရှရှဖြစ်ပေမယ့်လည်း ချင်းအမြစ်ဟာ အရသာရှိသလို အာဟာရပြည့်ဝပါတယ်။

အလွယ်တကူအသုံးပြုနိုင်ပြီး ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်တဲ့နေ မကောင်းဖြစ်ခြင်းကို ပျောက်ကင်း စေနိုင်သလို ဦးနှောက်မှတ်နိုင်စွမ်းရည်ကို မြင့်တက်စေပါတယ်။ချင်းမှာပါဝင်တဲ့ ကျန်းမာရေးဓာတ်တွေထဲက အဓိက,ကတော့ Antioxidants ၊ ရောင်ရမ်းမှုကို သက်သာစေနိုင်ခြင်းနဲ့ အနာရောဂါကုသနိုင်တဲ့ ဓာတ်ပေါင်း ဂျင်ဂျရော၊ ပရာဒေါလ်၊ ဇင်ဂျရုန်း စတာတွေ ပါဝင်နေလို့ပါ။

ချင်းကို အစိမ်းဖြစ်ဖြစ်၊ အခြောက်လှန်းတာဖြစ်ဖြစ်၊ အမှုန့်ကြိတ်သောက်တာအပြင် ဖျော်ရည်အဖြစ်နဲ့ ဘယ်လိုပဲစားသုံး ပါစေ ရရှိမယ့်အာဟာရဓာတ်အတူတူပါပဲ။ဗီတာမင် စီ အမြောက်အများပါဝင်တဲ့အပြင် မဂ္ဂနီစီယမ်နဲ့ အခြားသတ္တုဓာတ်တွေပါဝင်လို့ ကိုယ်ခံစွမ်းအား မြင့် တက်စေပြီး အစာကြေရင်ချောင်တဲ့အပြင် ရောင်ရမ်းနာကျင်ခြင်းကိုပါ သက်သာစေပါတယ်။

နေ့စဉ် ချင်းပြုတ် ရည်ဖျော်သောက်မယ်ဆိုရင် ကျောက်ကပ်ကျောက်တည်ရောဂါကို ကာကွယ်နိုင်သလို၊ အသက်ရွယ်ကြီး သူတွေ မှာဖြစ်တတ်တဲ့ ဒူးဆစ်နာကျင်ကိုက်ခဲခြင်းကိုပါ သက်သာစေပါတယ်။ ဒီ့ပြင် အသည်းက အဆိပ်အတောက် တွေကိုပါ သန့်စင်စေပါတယ်။

ချင်းပြုတ်ရည်ဖျော်ဖို့ လိုအပ်တဲ့ပစ္စည်းတွေက —

ချင်း – အမှုန့်လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ (သို့) ပါးပါးလှီးထားတဲ့ ချင်းဖတ် အနည်းငယ်

ဆနွင်း – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ရေ – ၁ ခွက်

ပျားရည်စစ်စစ် – အနည်းငယ် လိုအပ်ပါတယ်။

အရင်ဆုံး ရေနွေးဆူအောင်တည်ပါ။ ရေနွေဆူလာပြီဆိုရင် ချင်းမှုန့်နဲ့ ဆနွင်းမှုန့် ထည့်ပါ။ ၁၀ မိနစ်လောက်ထား ပြီးမှ အချိုအရသာအတွက် ပျားရည်ထည့်ပြီး သောက်သုံးနိုင်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top