iMyanmarHouse.com - Best Property Website for Myanmar
×


ဟာသ သ႐ုပ္ေဆာင္ လူ႐ႊင္ေတာ္ဖိုးျဖဴတစ္ေယာက္က တစ္ေခတ္တစ္ခါက ပရိသတ္ေတြရင္ထဲကို သရဲေလးေကာင္ဆိုတဲ့ နာမည္နဲ႔ေနရာယူခဲ့တဲ့နာမည္ႀကီး ဟာသ လူ႐ႊင္ေတာ္တစ္ေယာက္ပဲ ျဖစ္ပါတယ္ ။ ဟာသသ႐ုပ္ေဆာင္ဖိုးျဖဴက သမီးျဖစ္သူကို ဆြစ္ဇာလန္ႏိုင္ငံကို ပို႔ေပးကာ Hotel Management နဲ႔ ပတ္သက္တဲ့ ဂုဏ္ထူးတန္းကို တက္ေရာက္ဖို႔ ေက်ာင္းထားေပးထားတယ္လို႔သိရပါတယ္ ။

ဖိုးျဖဴရဲ႕ သမီးေလးနာမည္ကေတာ့ ခိုင္ဇာသြယ္ျဖစ္ၿပီ ေဖေဖာ္ဝါရီ ၁၃ မွာ အသက္ ၂၃ ႏွစ္ျပည့္မွာျဖစ္ပါတယ္ ။ E Major နဲ႔ ေက်ာင္းၿပီးသြားၿပီျဖစ္လို႔ ဆြစ္ဇလန္မွာ Hotel Management နဲ႔ ပတ္သက္တဲ့ ဂုဏ္ထူးတန္းကို သြားတက္ေနတယ္လို႔ ဖိုးျဖဴက ေျပာျပခဲ့ပါတယ္ ။ ဆြစ္ဇာလန္မွာ တစ္ႏွစ္သြားတက္ရမွာ ျဖစ္ၿပီး ျမန္မာႏိုင္ငံကထြက္သြားတာ ၂ လရွိၿပီလို႔ဆိုပါတယ္ ။ သားသမီးကို လုပ္ေပးႏိုင္ဖို႔အတြက္ မိဘတစ္ယာက္ အေနနဲ႔ ပိုက္ဆံရွာရသလို ေရွ႕ေရးကိုေမွ်ာ္ၿပီးစုထားေဆာင္းထားတဲ့အတြက္ သမီးကို ဒီလိုေလးလုပ္ေပးႏိုင္တာပါလို႔ ေျပာျပခဲ့ပါတယ္ ။


“Generation တဆင့္ျမႇင့္တယ္ဆိုတာရွိတယ္။ အေဖအေမ လယ္သမားျဖစ္ေနပါေစ သားသမီး ၁၀ တန္းေအာင္ရမယ္။ အဲ့သား သမီး ၁၀တန္းေအာင္ၿပီးရင္ ဘြဲ႕ရရမယ္။ ငါလယ္သမား မင္းလည္း လယ္ပဲလုပ္ရမယ္ဆိုရင္ ဖင္ထဲ႐ြံ႕ဝင္ရင္းၿပီး သြားမွာပဲ။ က်ေနာ္က ျမန္မာစာနဲ႔ ဘြဲ႕ရတယ္။ ႏိုင္ငံျခားမေရာက္ဖူးဘူး။ သားသမီးကို ႏိုင္ငံျခားမွာ ထားႏိုင္တယ္။ အဲ့လို တဆင့္ျမႇင့္ေပးႏိုင္ရင္ အရမ္းေကာင္းတာေပါ့” လို႔ သ႐ုပ္ေဆာင္ ဖိုးျဖဴက ေျပာပါတယ္။

Credit: Burmese.asia

# Unicode Version ျဖင့္ ဖတ္ပါ #

ဟာသ သရုပ်ဆောင် လူရွှင်တော်ဖိုးဖြူတစ်ယောက်က တစ်ခေတ်တစ်ခါက ပရိသတ်တွေရင်ထဲကို သရဲလေးကောင်ဆိုတဲ့ နာမည်နဲ့နေရာယူခဲ့တဲ့နာမည်ကြီး ဟာသ လူရွှင်တော်တစ်ယောက်ပဲ ဖြစ်ပါတယ် ။ ဟာသသရုပ်ဆောင်ဖိုးဖြူက သမီးဖြစ်သူကို ဆွစ်ဇာလန်နိုင်ငံကို ပို့ပေးကာ Hotel Management နဲ့ ပတ်သက်တဲ့ ဂုဏ်ထူးတန်းကို တက်ရောက်ဖို့ ကျောင်းထားပေးထားတယ်လို့သိရပါတယ် ။

ဖိုးဖြူရဲ့ သမီးလေးနာမည်ကတော့ ခိုင်ဇာသွယ်ဖြစ်ပြီ ဖေဖော်ဝါရီ ၁၃ မှာ အသက် ၂၃ နှစ်ပြည့်မှာဖြစ်ပါတယ် ။ E Major နဲ့ ကျောင်းပြီးသွားပြီဖြစ်လို့ ဆွစ်ဇလန်မှာ Hotel Management နဲ့ ပတ်သက်တဲ့ ဂုဏ်ထူးတန်းကို သွားတက်နေတယ်လို့ ဖိုးဖြူက ပြောပြခဲ့ပါတယ် ။ ဆွစ်ဇာလန်မှာ တစ်နှစ်သွားတက်ရမှာ ဖြစ်ပြီး မြန်မာနိုင်ငံကထွက်သွားတာ ၂ လရှိပြီလို့ဆိုပါတယ် ။ သားသမီးကို လုပ်ပေးနိုင်ဖို့အတွက် မိဘတစ်ယာက် အနေနဲ့ ပိုက်ဆံရှာရသလို ရှေ့ရေးကိုမျှော်ပြီးစုထားဆောင်းထားတဲ့အတွက် သမီးကို ဒီလိုလေးလုပ်ပေးနိုင်တာပါလို့ ပြောပြခဲ့ပါတယ် ။

“Generation တဆင့်မြှင့်တယ်ဆိုတာရှိတယ်။ အဖေအမေ လယ်သမားဖြစ်နေပါစေ သားသမီး ၁၀ တန်းအောင်ရမယ်။ အဲ့သား သမီး ၁၀တန်းအောင်ပြီးရင် ဘွဲ့ရရမယ်။ ငါလယ်သမား မင်းလည်း လယ်ပဲလုပ်ရမယ်ဆိုရင် ဖင်ထဲရွံ့ဝင်ရင်းပြီး သွားမှာပဲ။ ကျနော်က မြန်မာစာနဲ့ ဘွဲ့ရတယ်။ နိုင်ငံခြားမရောက်ဖူးဘူး။ သားသမီးကို နိုင်ငံခြားမှာ ထားနိုင်တယ်။ အဲ့လို တဆင့်မြှင့်ပေးနိုင်ရင် အရမ်းကောင်းတာပေါ့” လို့ သရုပ်ဆောင် ဖိုးဖြူက ပြောပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top