iMyanmarHouse.com - Best Property Website for Myanmar
×


“ပဲမ်ားခ်င္လို႔ေပါ့၊ လွခ်င္လို႔ေပါ့” ဆိုတာထက္ အျခားနက္နဲတဲ့ အေၾကာင္းအရင္းေတြ႐ွိေနေသးပါတယ္။

မိန္းကေလးတိုင္းအလွႀကိဳက္တတ္ၾကတယ္ဆိုတာ အရက္မူးၿပီးအိပ္ေနတဲ့သူကိုေတာင္ ေခါင္းေခါက္ေမးလို႔ရပါတယ္။ ဒါဟာ သဘာဝရဲ႕ လ႔ႈံေဆာ္မႈပါ။ မိတ္ကပ္ဆိုတာ မိန္းကေလးတစ္ေယာက္ရဲ႕ အလွကို ခြၽတ္ယြင္းခ်က္မ႐ွိေလရေအာင္ ျပဳျပင္ေပးပါတယ္။ ဒါေပမယ့္ မိတ္ကပ္လိမ္းတိုင္း “ပဲမ်ားလို႔ပဲ” လို႔ထင္ေနရင္ေတာ့ ပါးစပ္ကေလးပိတ္ၿပီး စာအဆံုးထိ ဆက္ဖတ္ၿပီးမွ ထပ္ေျပာပါ။

၁။စိတ္ကို လန္းဆန္းေစျခင္း။

မနက္ခင္း ေကာ္ဖီေသာက္မွ စိတ္လန္းဆန္းတဲ့ လူအခ်ိဳ႕႐ွိသလို အျပင္သြားခါနီး မိတ္ကပ္လိမ္းမွ စိတ္ၾကည္လင္တဲ့ မိန္းကေလး႐ွိတာ ဆန္းၾကယ္သြားလို႔လား။ လူတစ္ေယာက္ရဲ႕ စိတ္ဓာတ္ တက္ႂကြမႈက သူတို႔ရဲ႕ မ်က္ႏွာဟန္အေပၚမူတည္ပါတယ္။ ျဖဴဖပ္ျဖဴေရာ္ မ်က္ႏွာမသစ္ပဲ မွန္မွာၾကည့္တာထက္စာရင္ေတာ့ ဝင္းထိန္စိုျပည္ ႏႈတ္ခမ္းနီေလးနဲ႔ မွန္ထၾကည့္ရတာ စိတ္ကိုပိုၿပီးေက်နပ္စရာ အေၾကာင္းအရင္းတစ္ခုျဖစ္သြားပါတယ္။

၂။ပင္ပန္းမႈကို ကြယ္ဝွက္ေပးျခင္း။

အျပံဳးဆိုတာ မိန္းကေလး တစ္ေယာက္ရဲ႕အလွပါ။ အလုပ္ကပင္ပန္း၊ အိပ္ေရးကပ်က္ၿပီး ပင္ပန္းညႇဳိးႏြမ္းတဲ့ ႐ုပ္နဲ႔ ဘယ္သူက ျပံဳးႏိုင္ပါ့မလဲ။ အဲ့ဒီ့အခါမွာေတာ့ မိတ္ကပ္ကို စစ္ကူေခၚၾကရပါတယ္။ ဒါမွသာ အလုပ္ခြင္မွာ လွပတဲ့ အျပံဳးတစ္ခုနဲ႔ အားလံုးကို ေက်နပ္ေစမွာမဟုတ္လား။

၃။အႏုပညာရပ္တစ္ခုျဖစ္ျခင္း။

ပန္းခ်ီပညာ ပံုစံပဲ မိတ္ကပ္လိမ္းျခယ္ျခင္းက တန္ဖိုးထားအပ္တဲ့ အႏုပညာတစ္ရပ္ပါ။ မွန္ေ႐ွ႕ထိုင္ မိတ္ကပ္လိမ္းတာနဲ႔ ျပဴးတူးျပဲတဲ အျပစ္မတင္ပါနဲ႔။ မိတ္ကပ္ျခယ္တတ္တဲ့လူတိုင္း ပန္းခ်ီမဆြဲတတ္သလို ပန္းခ်ီဆြဲတတ္တဲ့လူတိုင္း မိတ္ကပ္မလိမ္းတတ္ပါဘူး။ မိတ္ကပ္တစ္ခုေၾကာင့္ သင့္႐ုပ္ႏုပ်ိဳႏိုင္သလို အိုမင္းသြားလို႔လည္းရပါတယ္။ စုတ္တံကိုင္တဲ့လူကို ခ်ီးက်ဴးတတ္ရင္ မိတ္ကပ္ brush ကိုင္တတ္တဲ့လူကိုလည္း ခ်ီးက်ဴးတတ္ပါေစ။

၄။စိတ္ညစ္ျခင္းကို ေျပေပ်ာက္ေစျခင္း။

လူတစ္ခ်ိဳ႕က စိတ္ညစ္တဲ့အခါ စားၾကတယ္။ အခ်ိဳ႕က အဝတ္အစားအသစ္ေတြ ဝယ္ဝတ္ၾကတယ္။ အခ်ိဳ႕ကေတာ့ မိတ္ကပ္လိမ္းၾကတယ္။ အဓိကအေၾကာင္းအရင္းကေတာ့ စိတ္ညစ္တဲ့အခါ ကိုယ္ႀကိဳက္တာ အာ႐ုံစူးစိုက္လိုက္ရင္ ရင္ထဲေအးသြားတယ္ဆိုတာမ်ိဳးပါ။

ပ်ိဳေမတို႔ေရ..မိတ္ကပ္လိမ္းလို႔ သင့္ကိုတစ္ေယာက္ေယာက္ကမ်ားေလွာင္တယ္ဆိုရင္ ျပန္ေျပာလိုက္ပါ။ “ဒါအႏုပညာကို ေစာ္ကားတာ”လို႔။

Credit: Christina (For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #

“ပဲများချင်လို့ပေါ့၊ လှချင်လို့ပေါ့” ဆိုတာထက် အခြားနက်နဲတဲ့ အကြောင်းအရင်းတွေရှိနေသေးပါတယ်။

မိန်းကလေးတိုင်းအလှကြိုက်တတ်ကြတယ်ဆိုတာ အရက်မူးပြီးအိပ်နေတဲ့သူကိုတောင် ခေါင်းခေါက်မေးလို့ရပါတယ်။ ဒါဟာ သဘာဝရဲ့ လ့ှုံဆော်မှုပါ။ မိတ်ကပ်ဆိုတာ မိန်းကလေးတစ်ယောက်ရဲ့ အလှကို ချွတ်ယွင်းချက်မရှိလေရအောင် ပြုပြင်ပေးပါတယ်။ ဒါပေမယ့် မိတ်ကပ်လိမ်းတိုင်း “ပဲများလို့ပဲ” လို့ထင်နေရင်တော့ ပါးစပ်ကလေးပိတ်ပြီး စာအဆုံးထိ ဆက်ဖတ်ပြီးမှ ထပ်ပြောပါ။

၁။စိတ်ကို လန်းဆန်းစေခြင်း။

မနက်ခင်း ကော်ဖီသောက်မှ စိတ်လန်းဆန်းတဲ့ လူအချို့ရှိသလို အပြင်သွားခါနီး မိတ်ကပ်လိမ်းမှ စိတ်ကြည်လင်တဲ့ မိန်းကလေးရှိတာ ဆန်းကြယ်သွားလို့လား။ လူတစ်ယောက်ရဲ့ စိတ်ဓာတ် တက်ကြွမှုက သူတို့ရဲ့ မျက်နှာဟန်အပေါ်မူတည်ပါတယ်။ ဖြူဖပ်ဖြူရော် မျက်နှာမသစ်ပဲ မှန်မှာကြည့်တာထက်စာရင်တော့ ဝင်းထိန်စိုပြည် နှုတ်ခမ်းနီလေးနဲ့ မှန်ထကြည့်ရတာ စိတ်ကိုပိုပြီးကျေနပ်စရာ အကြောင်းအရင်းတစ်ခုဖြစ်သွားပါတယ်။

၂။ပင်ပန်းမှုကို ကွယ်ဝှက်ပေးခြင်း။

အပြုံးဆိုတာ မိန်းကလေး တစ်ယောက်ရဲ့အလှပါ။ အလုပ်ကပင်ပန်း၊ အိပ်ရေးကပျက်ပြီး ပင်ပန်းညှိုးနွမ်းတဲ့ ရုပ်နဲ့ ဘယ်သူက ပြုံးနိုင်ပါ့မလဲ။ အဲ့ဒီ့အခါမှာတော့ မိတ်ကပ်ကို စစ်ကူခေါ်ကြရပါတယ်။ ဒါမှသာ အလုပ်ခွင်မှာ လှပတဲ့ အပြုံးတစ်ခုနဲ့ အားလုံးကို ကျေနပ်စေမှာမဟုတ်လား။

၃။အနုပညာရပ်တစ်ခုဖြစ်ခြင်း။

ပန်းချီပညာ ပုံစံပဲ မိတ်ကပ်လိမ်းခြယ်ခြင်းက တန်ဖိုးထားအပ်တဲ့ အနုပညာတစ်ရပ်ပါ။ မှန်ရှေ့ထိုင် မိတ်ကပ်လိမ်းတာနဲ့ ပြူးတူးပြဲတဲ အပြစ်မတင်ပါနဲ့။ မိတ်ကပ်ခြယ်တတ်တဲ့လူတိုင်း ပန်းချီမဆွဲတတ်သလို ပန်းချီဆွဲတတ်တဲ့လူတိုင်း မိတ်ကပ်မလိမ်းတတ်ပါဘူး။ မိတ်ကပ်တစ်ခုကြောင့် သင့်ရုပ်နုပျိုနိုင်သလို အိုမင်းသွားလို့လည်းရပါတယ်။ စုတ်တံကိုင်တဲ့လူကို ချီးကျူးတတ်ရင် မိတ်ကပ် brush ကိုင်တတ်တဲ့လူကိုလည်း ချီးကျူးတတ်ပါစေ။

၄။စိတ်ညစ်ခြင်းကို ပြေပျောက်စေခြင်း။

လူတစ်ချို့က စိတ်ညစ်တဲ့အခါ စားကြတယ်။ အချို့က အဝတ်အစားအသစ်တွေ ဝယ်ဝတ်ကြတယ်။ အချို့ကတော့ မိတ်ကပ်လိမ်းကြတယ်။ အဓိကအကြောင်းအရင်းကတော့ စိတ်ညစ်တဲ့အခါ ကိုယ်ကြိုက်တာ အာရုံစူးစိုက်လိုက်ရင် ရင်ထဲအေးသွားတယ်ဆိုတာမျိုးပါ။

ပျိုမေတို့ရေ..မိတ်ကပ်လိမ်းလို့ သင့်ကိုတစ်ယောက်ယောက်ကများလှောင်တယ်ဆိုရင် ပြန်ပြောလိုက်ပါ။ “ဒါအနုပညာကို စော်ကားတာ”လို့။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top