iMyanmarHouse.com - Best Property Website for Myanmar
×


တစ္ဦးကို တစ္ဦး ေပြ႕ဖက္ျခင္း၊ ႏွစ္သိမ့္ျခင္းႏွင့္ အားေပးျခင္းမ်ား သည္စိတ္အား ကိုျဖစ္ေစကာ အက်ဳိးဆက္အျဖစ္ စိတ္ဖိစီးမႈမ်ား၊ စိတ္အားငယ္မႈမ်ား ေလ်ာ႔နည္းၿပီး ကိုယ္ ခံစြမ္းအားပိုေကာင္းလာ၍ ကူးစက္ ေရာဂါမ်ားမွအစ နာတာရွည္ ေရာဂါ မ်ားျဖစ္ေသာ ႏွလံုးေရာဂါ၊ကင္ဆာ ေရာဂါမ်ားအထိ အကာအကြယ္ ေပးႏုိင္ေၾကာင္း ေလ့လာမႈ စစ္တမ္း တစ္ရပ္ အရ သိရသည္။

တစ္ေန႔ကို ဆယ္စကၠန္႔ေလာက္ ျဖစ္ေစ ေပြ႕ဖက္႐ံုျဖင္႔ ေသြးဖိအားကို က်ဆင္းေစၿပီး၊ထိုသို႔ ေပြ႕ဖက္ၿပီး ေနာက္တြင္ လူကို သက္ေသာင့္သက္သာၾကည္ျမခ်မ္း ေျမ့ေနေစေသာ ေအာက္စီတိုစင္ ေဟာ္မုန္းမ်ားဦး ေႏွာက္မွ ထြက္ရွိႏႈန္းမ်ား လာၿပီး လူကကိုယ္စိတ္ ေပါ့ပါးခ်မ္းျမေနမည္ ျဖစ္သည္။ တစ္ခ်ိန္တည္း မွာပင္လူ ကိုစိတ္ဖိစီး မႈျဖစ္ေစေသာ ေကာ္တီဇုန္းဓာတ္မ်ားကား ေသြးထဲတြင္ နည္းပါး သြားမည္ျဖစ္သည္။

တစ္ဦးနဲ႔တစ္ဦး ေပြ႕ဖက္ျခင္း ဟာလူရဲ႕ဇီ၀ဓာတု လုပ္ငန္းေတြ ပိုအားေကာင္းလာ ေအာင္အားေပးႏိုင္စြမ္းရွိတာကို ေလ့လာေတြ႕ရွိရပါ တယ္” ဟု ေလ့လာမႈ စစ္တမ္းကို ဦးေဆာင္ ျပဳလုပ္ခဲ့ေသာ ေဒါက္တာဂ်န္အက္ စတြန္ ကေျပာသည္။ ေလ့လာ မႈစစ္တမ္းကို Comprehensive Psychology ဂ်ာနယ္တြင္ထည့္သြင္း ေဖာ္ျပထားျခင္းျဖစ္သည္။

လူ၏ခႏၶာကိုယ္ အေရျပား တြင္ထိေတြ႕မႈကို အာ႐ံုခံေသာ ပါဆီနီယန္ ေကာ္ပါဆယ္လ္ ဟုေခၚသည့္ အလြန္ ေသးငယ္ေသာ ဥပံုသ႑ာန္ ေဖာင္းႂကြ အိတ္ေလး မ်ားပါ၀င္သည္။ ထိုအိတ္ေလး မ်ားသည္အာ႐ံုေၾကာ စနစ္မွတစ္ဆင့္ ဦးေႏွာက္ႏွင့္ခ်ိတ္ ဆက္ထားသည္။ ဦးေႏွာက္ အတြင္း ေအာက္စီတိုစင္ ေဟာ္မုန္း ထုတ္ေပးရာ ေနရာႏွင့္လည္း ေဗးဂတ္စ္နာ့ဗ္ ေၾကာမ်ားမွတစ္ဆင့္ ထိုေဖာင္းႂကြအိတ္ေလးမ်ားသည္ ဆက္သြယ္မႈ ရွိေနေၾကာင္း ေတြ႕ထားသည္။ ထိုေဖာင္းၾကြအိတ္ ေလးမ်ားသည္ ေက်ာ႐ိုး ဗဟိုအာ႐ံုေၾကာမမွ တစ္ဆင္႔လည္း ႏွလံုးႏွင့္ ဆက္သြယ္မႈရွိ ေနျပန္ေၾကာင္း ေတြ႕ရသည္။

သို႔ျဖစ္ရာ တစ္ဦးႏွင့္တစ္ဦး ေပြ႕ဖက္လိုက္သည့္အခါ အေရျပားရွိ ပါဆီနီယန္ ေကာ္ပါဆယ္လ္ ေဖာင္းႂကြအိတ္ေလးမ်ားက အထိအေတြ႕ကို အာ႐ံုခံမိၿပီး လႈပ္ရွား တက္ႂကြ လာကာ ဦးေႏွာက္အတြင္းရွိ ေအာက္စီတိုစင္ ေဟာ္မုန္းထုတ္ေပးရာ ေနရာကို လံႈ႔ေဆာ္မႈျပဳသည္။ ထိုအခါ လူကိုၾကည္ျမခ်မ္း ေျမ့ေနေစေသာ ေအာက္စီတိုစင္ ေဟာ္မုန္းမ်ား ပိုမို ထြက္လာၿပီး လူက သက္ေသာင့္သက္သာ ျဖစ္လာသလို၊ ႏွလံုးႏွင့္ လည္း ဆက္သြယ္မႈ ရွိသျဖင့္ ႏွလံုး ကိုလည္းအား ျဖစ္ေစမည္ျဖစ္သည္။

စိတ္ခ်မ္းေျမ့လာျခင္း အက်ဳိးဆက္ အျဖစ္ လူသည္ ကိုယ္ခံအားပို ေကာင္းလာကာ က်န္းမာေသာခႏၶာကိုယ္ကို ပိုင္ဆိုင္ လာမည္ျဖစ္သည္။

Credit: Myawady

# Unicode Version ျဖင့္ ဖတ္ပါ #

တစ်ဦးကို တစ်ဦး ပွေ့ဖက်ခြင်း၊ နှစ်သိမ့်ခြင်းနှင့် အားပေးခြင်းများ သည်စိတ်အား ကိုဖြစ်စေကာ အကျိုးဆက်အဖြစ် စိတ်ဖိစီးမှုများ၊ စိတ်အားငယ်မှုများ လျော့နည်းပြီး ကိုယ် ခံစွမ်းအားပိုကောင်းလာ၍ ကူးစက် ရောဂါများမှအစ နာတာရှည် ရောဂါ များဖြစ်သော နှလုံးရောဂါ၊ကင်ဆာ ရောဂါများအထိ အကာအကွယ် ပေးနိုင်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ် အရ သိရသည်။

တစ်နေ့ကို ဆယ်စက္ကန့်လောက် ဖြစ်စေ ပွေ့ဖက်ရုံဖြင့် သွေးဖိအားကို ကျဆင်းစေပြီး၊ထိုသို့ ပွေ့ဖက်ပြီး နောက်တွင် လူကို သက်သောင့်သက်သာကြည်မြချမ်း မြေ့နေစေသော အောက်စီတိုစင် ဟော်မုန်းများဦး နှောက်မှ ထွက်ရှိနှုန်းများ လာပြီး လူကကိုယ်စိတ် ပေါ့ပါးချမ်းမြနေမည် ဖြစ်သည်။ တစ်ချိန်တည်း မှာပင်လူ ကိုစိတ်ဖိစီး မှုဖြစ်စေသော ကော်တီဇုန်းဓာတ်များကား သွေးထဲတွင် နည်းပါး သွားမည်ဖြစ်သည်။

တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်ခြင်း ဟာလူရဲ့ဇီဝဓာတု လုပ်ငန်းတွေ ပိုအားကောင်းလာ အောင်အားပေးနိုင်စွမ်းရှိတာကို လေ့လာတွေ့ရှိရပါ တယ်” ဟု လေ့လာမှု စစ်တမ်းကို ဦးဆောင် ပြုလုပ်ခဲ့သော ဒေါက်တာဂျန်အက် စတွန် ကပြောသည်။ လေ့လာ မှုစစ်တမ်းကို Comprehensive Psychology ဂျာနယ်တွင်ထည့်သွင်း ဖော်ပြထားခြင်းဖြစ်သည်။

လူ၏ခန္ဓာကိုယ် အရေပြား တွင်ထိတွေ့မှုကို အာရုံခံသော ပါဆီနီယန် ကော်ပါဆယ်လ် ဟုခေါ်သည့် အလွန် သေးငယ်သော ဥပုံသဏ္ဍာန် ဖောင်းကြွ အိတ်လေး များပါဝင်သည်။ ထိုအိတ်လေး များသည်အာရုံကြော စနစ်မှတစ်ဆင့် ဦးနှောက်နှင့်ချိတ် ဆက်ထားသည်။ ဦးနှောက် အတွင်း အောက်စီတိုစင် ဟော်မုန်း ထုတ်ပေးရာ နေရာနှင့်လည်း ဗေးဂတ်စ်နာ့ဗ် ကြောများမှတစ်ဆင့် ထိုဖောင်းကြွအိတ်လေးများသည် ဆက်သွယ်မှု ရှိနေကြောင်း တွေ့ထားသည်။ ထိုဖောင်းကြွအိတ် လေးများသည် ကျောရိုး ဗဟိုအာရုံကြောမမှ တစ်ဆင့်လည်း နှလုံးနှင့် ဆက်သွယ်မှုရှိ နေပြန်ကြောင်း တွေ့ရသည်။

သို့ဖြစ်ရာ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်လိုက်သည့်အခါ အရေပြားရှိ ပါဆီနီယန် ကော်ပါဆယ်လ် ဖောင်းကြွအိတ်လေးများက အထိအတွေ့ကို အာရုံခံမိပြီး လှုပ်ရှား တက်ကြွ လာကာ ဦးနှောက်အတွင်းရှိ အောက်စီတိုစင် ဟော်မုန်းထုတ်ပေးရာ နေရာကို လှုံ့ဆော်မှုပြုသည်။ ထိုအခါ လူကိုကြည်မြချမ်း မြေ့နေစေသော အောက်စီတိုစင် ဟော်မုန်းများ ပိုမို ထွက်လာပြီး လူက သက်သောင့်သက်သာ ဖြစ်လာသလို၊ နှလုံးနှင့် လည်း ဆက်သွယ်မှု ရှိသဖြင့် နှလုံး ကိုလည်းအား ဖြစ်စေမည်ဖြစ်သည်။

စိတ်ချမ်းမြေ့လာခြင်း အကျိုးဆက် အဖြစ် လူသည် ကိုယ်ခံအားပို ကောင်းလာကာ ကျန်းမာသောခန္ဓာကိုယ်ကို ပိုင်ဆိုင် လာမည်ဖြစ်သည်။

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top