iMyanmarHouse.com - Best Property Website for Myanmar
×


ၿပီးခဲ့တဲ့တစ္ပတ္ ေပၚျပဴလာ ဂ်ာနယ္အတြဲ ၁၉၊ အမွတ္ ၄၉၊ စာ မ်က္ႏွာ – ၂၂၊ ၂၈ ပါ ‘ခႏၶာကိုယ္ အေလးခ်ိန္ ေပါင္ ၃၂ဝ မွ ေပါင္ ၁၅ဝ အထိ ေျပာင္းလဲပစ္လိုက္ႏိုင္သူ ေဒါက္တာ လွဝင္းေအာင္၏ ကိုယ္ေတြ႕ဝိတ္ခ်နည္း’ နဲ႔ ပတ္သက္လို႔ ေဒါက္တာလွဝင္းေအာင္ရဲ႕ ဆန္ေဆးရည္ အသုံးျပဳနည္းကို မရွင္းလင္းၾကတဲ့ ပရိသတ္ေတြအတြက္ ေဒါက္တာလွဝင္းေအာင္ကို ထပ္မံ ေမးျမန္းျဖစ္ခဲ့ပါတယ္။

ဆန္ေဆးရည္ ကိုအသုံးျပဳတဲ့ေနရာမွာ ေကာက္ညႇင္း၊ ငခ်ိတ္ တို႔ကလြဲလို႔ ႀကိဳက္တဲ့ဘယ္လိုဆန္အမ်ိဳးအစားကိုမဆို အသုံး ျပဳႏိုင္ တယ္လို႔ ေဒါက္တာလွဝင္းေအာင္က ဆိုပါတယ္။

“ဆန္ဟာ ကစီဓာတ္မ်ားၿပီး လူကိုဝေစတယ္။ ဆန္မွာကပ္ေနတဲ့ ဖြဲႏုကက်ေတာ့ ေသြးထဲမွာရွိတဲ့ အဆီ ဓာတ္ေတြကို ေလ်ာ့ပါးေစ တယ္။

ဆန္ေဆးရည္ဟ ာ အစာ အိမ္နာတာရယ္၊ ဆီးလမ္းေၾကာင္း နဲ႔ပတ္သက္တာေတြ၊ ဆီးက်ဥ္တာေတြ၊ ဆီးေအာင့္တာေတြ၊ဆီးေက်ာက္တည္ တာေတြကို သက္သာေစတယ္။

အစာအိမ္အူလမ္းေၾကာင္းမွာ ကပ္ေနတဲ့ အက်ိအခြၽဲေတြ၊ အညစ္အေၾကးေတြ ကိုလည္း သန႔္စင္ေစတယ္။

ကိုရီးယားတို႔၊ ဂ်ပန္တို႔၊ တ႐ုတ္တို႔ကလာ တဲ့ အားေဆးေတြ၊ အလွကုန္ပစၥည္းေတြ၊ ေခါင္းေလွ်ာ္ ရည္ေတြ၊ပိန္ေဆးေတြအားလုံးမွာ လည္း ဖြဲႏုနဲ႔၊ ဂ်င္ဆင္းနဲ႔ ရွားေစာင္းလက္ပတ္ကို အေျခခံၿပီး ေဖာ္စပ္ထားတာ ေတြ႕ရွိရပါတယ္။

အဲဒါေၾကာင့္ ဆန္ေဆးရည္ကို ေသာက္ မယ္ဆိုရင္ တခ်ိဳ႕ဆန္ေတြ စိုက္ပ်ိဳးတဲ့ ေနရာမွာ ဓာတ္ေျမ ၾသဇာေတြ သုံး တာရယ္၊ အေမႊးနံ႔ေလးေတြ ထည့္ ထားတာရယ္ကို ေရာဂါရမွာေၾကာက္ ရင္ေတာ့ မိမိတို႔မိသားစုအိမ္မွာ ခ်က္ သေလာက္ မနက္လင္းရင္ ၁၅ မိနစ္ ေလာက္စိမ္ပါ။

စိမ္ၿပီးသြားရင္ အဲဒီ ေရကို သြန္ပစ္လိုက္ပါ။ ေရသြန္ၿပီးမွ ေရသန႔္ပဲျဖစ္ျဖစ္၊ ေရက်က္ေအးနဲ႔ပဲ ျဖစ္ျဖစ္ ဆန္ကို ၁ဝ မိနစ္ေလာက္ ျပန္ စိမ္ပါ။

စိမ္ၿပီးေတာ့မွ ေရစစ္နဲ႔ ျပန္စစ္ပါ။ စစ္ၿပီးေတာ့မွ ေရကိုဒီအတိုင္း ေသာက္ႏိုင္ရင္ေသာက္ပါ။ ေသာက္ဖို႔အဝင္ အထြက္ခက္မယ္ ဆိုရင္ေတာ့ ေရခဲ ေသတၱာထဲမွာထည့္ၿပီး ေသာက္ေပးပါ။

မနက္ ၆ နာရီကေန ည ၆ နာရီအတြင္းပဲ ေသာက္ေပးပါ” လို႔ ေဒါက္တာလွဝင္းေအာင္က ရွင္းျပပါတယ္။

မ်ိဳး႐ိုးဗီဇေၾကာင့္ပဲျဖစ္ျဖစ္၊ အစားအေသာက္ လြန္ကဲလို႔ပဲျဖစ္ ျဖစ္၊ အရက္ေသစာေသာက္စားလို႔ပဲ ျဖစ္ျဖစ္ ခႏၶာကိုယ္အေလးခ်ိန္ဟာ မိမိရွိရင္းစြဲထက္ တက္လာၿပီး ေရာဂါ ဘယမ်ားစြာ ဝင္လာတတ္ပါတယ္။

တစ္ႏွစ္ေက်ာ္အတြင္း ခႏၶာကိုယ္ အေလးခ်ိန္ ထက္ဝက္ ခန႔္ေလွ်ာ့ခ် ပစ္ႏိုင္ခဲ့တဲ့ ေဒါက္တာ လွဝင္းေအာင္ အေနနဲ႔ အခုလိုဝိတ္ခ်ႏိုင္ဖို႔အတြက္ ဆန္ေဆးရည္တစ္ခုတည္းတင္မ ကဘဲ အေန အထိုင္၊ အစားအေသာက္ ကိုလည္ ဆင္ျခင္ခဲ့ရပါတယ္။

သူအဓိ ကပိန္သြားရတဲ့ အေၾကာင္းအရင္းက ေတာ့ “အဓိက ကြၽန္ေတာ္ေျပာ ခ်င္ တာက ကိုယ္တစ္ေန႔ တစ္ေန႔ကို စား တဲ့ ကယ္လိုရီနဲ႔ ေလာင္ကြၽမ္းတာနဲ႔ မွ်၊ မမွ် အရင္ဆုံး သုံးသပ္လိုက္။

ဒီေန႔ ၁ဝ ကီလိုေလာ က္စားတယ္။ ကိုယ္ေလာင္ကြၽမ္းတာက ၅ ကီလိုဆို ၅ ကီလိုဝိတ္တက္မယ္။ကိုယ္ေလာင္ ကြၽမ္းတာက ၁ဝ ကီလို၊ ကိုယ္စား တာက ၁၅ ကီလိုဆို ၅ ကီလိုဝိတ္ တက္မယ္။ ကိုယ္ေလာင္ကြၽမ္းတာက ၅ ကီလို၊ ကိုယ္စားတာက ကီလို ၂ဝ ဆို ၁၅ ကီလိုတက္မယ္။ ကိုယ့္ကိုယ္ ကိုယ္ သုံးသပ္ရမွာေပါ့။

ကြၽန္ေတာ္ မနက္လင္းတာနဲ႔ ဝိပႆနာ တရား အားထုတ္တယ္။ ပရိတ္႐ြတ္တယ္။ ပရဟိ တေဆးကုစရာရွိရင္သြားကု တယ္။စာသင္စရာရွိရင္ စာသြားသင္ ေပးတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ အလုပ္ကို လာတယ္။ညေန ၆ နာရီ ဆိုတာနဲ႔ ေ႐ႊဂုံတိုင္ ခ်န္ပီယံ အားကစား ခန္းမက ေမာင္ဗမာ ဆရာခိုင္ဆီမွာGYM သြားေဆာ့တယ္။

ကြၽန္ ေတာ္ ပိန္ျခင္းသည္ ဆရာခိုင္ ရဲ႕ စိတ္ဓာတ္ခြန္အားရယ္၊ အစား အေသာက္ ထိန္းတာရယ္၊ ဆန္ ေဆးရည္ ေသာက္တာရယ္ေတြ ေၾကာင့္ပဲျဖစ္ပါတယ္” လို႔ ေဒါက္ တာ လွဝင္းေအာင္ က ေျပာ ပါတယ္။

ဆက္လက္ၿပီး ေဒါက္ တာ လွဝင္းေအာင္က ယ ခင္တစ္ပတ္ ေပၚျပဴ လာဂ်ာနယ္မွာ ပါရွိခဲ့တဲ့ သူ႔ရဲ႕ အင္တာဗ်ဴး ကေန ဆက္ သြယ္ေမး ျမန္းလာတဲ့ ပရိသတ္ ေတြ အား လုံးကိုလည္း ေက်းဇူးတင္ ေၾကာင္းေျပာ ၾကားခဲ့ပါတယ္။

Credit: popularmyanmar

# Unicode Version ျဖင့္ ဖတ္ပါ #

ပြီးခဲ့တဲ့တစ်ပတ် ပေါ်ပြူလာ ဂျာနယ်အတွဲ ၁၉၊ အမှတ် ၄၉၊ စာ မျက်နှာ – ၂၂၊ ၂၈ ပါ ‘ခန္ဓာကိုယ် အလေးချိန် ပေါင် ၃၂ဝ မှ ပေါင် ၁၅ဝ အထိ ပြောင်းလဲပစ်လိုက်နိုင်သူ ဒေါက်တာ လှဝင်းအောင်၏ ကိုယ်တွေ့ဝိတ်ချနည်း’ နဲ့ ပတ်သက်လို့ ဒေါက်တာလှဝင်းအောင်ရဲ့ ဆန်ဆေးရည် အသုံးပြုနည်းကို မရှင်းလင်းကြတဲ့ ပရိသတ်တွေအတွက် ဒေါက်တာလှဝင်းအောင်ကို ထပ်မံ မေးမြန်းဖြစ်ခဲ့ပါတယ်။

ဆန်ဆေးရည် ကိုအသုံးပြုတဲ့နေရာမှာ ကောက်ညှင်း၊ ငချိတ် တို့ကလွဲလို့ ကြိုက်တဲ့ဘယ်လိုဆန်အမျိုးအစားကိုမဆို အသုံး ပြုနိုင် တယ်လို့ ဒေါက်တာလှဝင်းအောင်က ဆိုပါတယ်။

“ဆန်ဟာ ကစီဓာတ်များပြီး လူကိုဝစေတယ်။ ဆန်မှာကပ်နေတဲ့ ဖွဲနုကကျတော့ သွေးထဲမှာရှိတဲ့ အဆီ ဓာတ်တွေကို လျော့ပါးစေ တယ်။

ဆန်ဆေးရည်ဟ ာ အစာ အိမ်နာတာရယ်၊ ဆီးလမ်းကြောင်း နဲ့ပတ်သက်တာတွေ၊ ဆီးကျဉ်တာတွေ၊ ဆီးအောင့်တာတွေ၊ဆီးကျောက်တည် တာတွေကို သက်သာစေတယ်။

အစာအိမ်အူလမ်းကြောင်းမှာ ကပ်နေတဲ့ အကျိအချွဲတွေ၊ အညစ်အကြေးတွေ ကိုလည်း သန့်စင်စေတယ်။

ကိုရီးယားတို့၊ ဂျပန်တို့၊ တရုတ်တို့ကလာ တဲ့ အားဆေးတွေ၊ အလှကုန်ပစ္စည်းတွေ၊ ခေါင်းလျှော် ရည်တွေ၊ပိန်ဆေးတွေအားလုံးမှာ လည်း ဖွဲနုနဲ့၊ ဂျင်ဆင်းနဲ့ ရှားစောင်းလက်ပတ်ကို အခြေခံပြီး ဖော်စပ်ထားတာ တွေ့ရှိရပါတယ်။

အဲဒါကြောင့် ဆန်ဆေးရည်ကို သောက် မယ်ဆိုရင် တချို့ဆန်တွေ စိုက်ပျိုးတဲ့ နေရာမှာ ဓာတ်မြေ သြဇာတွေ သုံး တာရယ်၊ အမွှေးနံ့လေးတွေ ထည့် ထားတာရယ်ကို ရောဂါရမှာကြောက် ရင်တော့ မိမိတို့မိသားစုအိမ်မှာ ချက် သလောက် မနက်လင်းရင် ၁၅ မိနစ် လောက်စိမ်ပါ။

စိမ်ပြီးသွားရင် အဲဒီ ရေကို သွန်ပစ်လိုက်ပါ။ ရေသွန်ပြီးမှ ရေသန့်ပဲဖြစ်ဖြစ်၊ ရေကျက်အေးနဲ့ပဲ ဖြစ်ဖြစ် ဆန်ကို ၁ဝ မိနစ်လောက် ပြန် စိမ်ပါ။

စိမ်ပြီးတော့မှ ရေစစ်နဲ့ ပြန်စစ်ပါ။ စစ်ပြီးတော့မှ ရေကိုဒီအတိုင်း သောက်နိုင်ရင်သောက်ပါ။ သောက်ဖို့အဝင် အထွက်ခက်မယ် ဆိုရင်တော့ ရေခဲ သေတ္တာထဲမှာထည့်ပြီး သောက်ပေးပါ။

မနက် ၆ နာရီကနေ ည ၆ နာရီအတွင်းပဲ သောက်ပေးပါ” လို့ ဒေါက်တာလှဝင်းအောင်က ရှင်းပြပါတယ်။

မျိုးရိုးဗီဇကြောင့်ပဲဖြစ်ဖြစ်၊ အစားအသောက် လွန်ကဲလို့ပဲဖြစ် ဖြစ်၊ အရက်သေစာသောက်စားလို့ပဲ ဖြစ်ဖြစ် ခန္ဓာကိုယ်အလေးချိန်ဟာ မိမိရှိရင်းစွဲထက် တက်လာပြီး ရောဂါ ဘယများစွာ ဝင်လာတတ်ပါတယ်။

တစ်နှစ်ကျော်အတွင်း ခန္ဓာကိုယ် အလေးချိန် ထက်ဝက် ခန့်လျှော့ချ ပစ်နိုင်ခဲ့တဲ့ ဒေါက်တာ လှဝင်းအောင် အနေနဲ့ အခုလိုဝိတ်ချနိုင်ဖို့အတွက် ဆန်ဆေးရည်တစ်ခုတည်းတင်မ ကဘဲ အနေ အထိုင်၊ အစားအသောက် ကိုလည် ဆင်ခြင်ခဲ့ရပါတယ်။

သူအဓိ ကပိန်သွားရတဲ့ အကြောင်းအရင်းက တော့ “အဓိက ကျွန်တော်ပြော ချင် တာက ကိုယ်တစ်နေ့ တစ်နေ့ကို စား တဲ့ ကယ်လိုရီနဲ့ လောင်ကျွမ်းတာနဲ့ မျှ၊ မမျှ အရင်ဆုံး သုံးသပ်လိုက်။

ဒီနေ့ ၁ဝ ကီလိုလော က်စားတယ်။ ကိုယ်လောင်ကျွမ်းတာက ၅ ကီလိုဆို ၅ ကီလိုဝိတ်တက်မယ်။ကိုယ်လောင် ကျွမ်းတာက ၁ဝ ကီလို၊ ကိုယ်စား တာက ၁၅ ကီလိုဆို ၅ ကီလိုဝိတ် တက်မယ်။ ကိုယ်လောင်ကျွမ်းတာက ၅ ကီလို၊ ကိုယ်စားတာက ကီလို ၂ဝ ဆို ၁၅ ကီလိုတက်မယ်။ ကိုယ့်ကိုယ် ကိုယ် သုံးသပ်ရမှာပေါ့။ 

ကျွန်တော် မနက်လင်းတာနဲ့ ဝိပဿနာ တရား အားထုတ်တယ်။ ပရိတ်ရွတ်တယ်။ ပရဟိ တဆေးကုစရာရှိရင်သွားကု တယ်။စာသင်စရာရှိရင် စာသွားသင် ပေးတယ်။ ပြီးတော့ ကျွန်တော့် အလုပ်ကို လာတယ်။ညနေ ၆ နာရီ ဆိုတာနဲ့ ရွှေဂုံတိုင် ချန်ပီယံ အားကစား ခန်းမက မောင်ဗမာ ဆရာခိုင်ဆီမှာGYM သွားဆော့တယ်။

ကျွန် တော် ပိန်ခြင်းသည် ဆရာခိုင် ရဲ့ စိတ်ဓာတ်ခွန်အားရယ်၊ အစား အသောက် ထိန်းတာရယ်၊ ဆန် ဆေးရည် သောက်တာရယ်တွေ ကြောင့်ပဲဖြစ်ပါတယ်” လို့ ဒေါက် တာ လှဝင်းအောင် က ပြော ပါတယ်။

ဆက်လက်ပြီး ဒေါက် တာ လှဝင်းအောင်က ယ ခင်တစ်ပတ် ပေါ်ပြူ လာဂျာနယ်မှာ ပါရှိခဲ့တဲ့ သူ့ရဲ့ အင်တာဗျူး ကနေ ဆက် သွယ်မေး မြန်းလာတဲ့ ပရိသတ် တွေ အား လုံးကိုလည်း ကျေးဇူးတင် ကြောင်းပြော ကြားခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top